Friday, November 30, 2012

လက်ပံတောင်းတောင်ကိစ္စ တရုတ်သံရုံးက ကြေညာချက်ထုတ်




မုံရွာ-လက်ပံတောင်း ကြေးနီစီမံကိန်းအား အဆင်ပြေစွာဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်  ရန်ကုန်ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက ယနေ့ နိုဝင်ဘာ(၃၀)ရက်နေ့၌ ကြေညာချက်ထုတ်ပြန် မေတ္တာရပ်ခံခဲ့သည်။

သံဃာတော်များကို စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့တရားဝင် တောင်းပန်မည်

  နိုဝင်ဘာ ၃၀

လက်ပန်တောင်းတောင် ကြေးနီးစီမံကိန်းကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေကြသည့် ရဟန်းသဃာတော်များနှင့် ဒေသခံပြည်သူလူထုကို အကြမ်းဖက် နှိမ်

ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်


ဘုရင့်နောင်တွင် တည်ဆောက် မည့် နှစ်ထပ် ခုံးကျော် တံတား (နှစ်မြွှာ တံတား) ကို ၂၀၁၃ ကုန်တွင် အပြီး တည်ဆောက် သွားမည်ဖြစ်ကြောင်း တာဝန် ယူတည်ဆောက်မည့် FMI ကုမ္ပဏီ အလုပ်အမှုဆောင် ဒါရိုက်တာဦးလင်းမြတ်က ပြောကြားသည်။
 ဘုရင့်နောင် နှစ်ထပ်ခုံးကျော် တံတား ၂၀၁၃ နှစ်ကုန် အပြီးဆောက်မည်

ဂရင်းမီးရထားနှင့် FMIစင်တာကို ဖြိုဖျက် ကာ ဟိုတယ်၊ကွန်ဒို အပါအ၀င် စီမံကိန်း သစ်များ ဆောင်ရွက်မည်


ရန်ကုန်မြို့လယ် ဗိုလ်ချုပ် အောင်ဆန်းလမ်းနှင့် ဆူးလေ ဘုရား လမ်းထောင့်ရှိ ဂရင်း မီးရထား Residences နှင့် FMI စင်တာ နေရာ များတွင် အဆောက်အအုံသစ်များ တည်ဆောက်သွားမည်ဖြစ်ကြောင်း FMI ဥက္ကဋ္ဌကပြောကြားသည်။ဂရင်းမီးရထားနှင့် FMI စင်တာကို ဖြိုဖျက်ကာ ယင်းမြေတွင် ဟိုတယ်၊ ကွန်ဒို အပါအ၀င် စီမံကိန်းသစ်များ ဆောင်ရွက်မည်

Cobra Gold စစ်ရေးလေ့ကျင့်မှု တွင် မြန်မာ့ တပ်မတော်မှ လေ့လာသူ သုံးဦး စေလွှတ် ခွင့်ရ


အမေရိကန် အပါအ၀င် နိုင်ငံပေါင်းစုံမှ တပ်သား အင်အား တစ်သောင်းကျော် ပါဝင်သော Cobra Gold စုပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ် တွင် မြန်မာနိုင်ငံမှ လာမည့်နှစ်မှစ၍ သုံးကြိမ်ဆက် လေ့လာသူသုံးဦးစေလွှတ်ရန် ကမ္ဘောဒီးယားနိုင်ငံ စီရမ်ရိတွင် အမေရိကန် တပ်မတော်နှင့် မြန်မာ့ တပ်မတော်မှ တာဝန်ရှိ သူများ သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း ၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်


ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ် ခဲ့၍ အင်္ဂလန်နှင့် ဝေလပြည် နယ်တို့တွင် လူနေအိမ်ပေါင်း ၈၀ဝ ကျော် ရေ နစ်မြုပ်နေပြီး ဆက် လက်၍လည်း မိုးရွာသွန်းဦးမည် ဖြစ်ကြောင်း သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ အရာရှိများက သတိ ပေးထားသည်။
 ဗြိတိန်နိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်း၍ လူနေ အိမ်ပေါင်း ၈၀ဝ နစ်မြုပ်

တရုတ်သို့ အရွယ်စုံ ဆိတ်များ တင်ပို့နေ ခြင်းကြောင့် ဆိတ်သားဈေးမြင့် တက်လာ


တရုတ်နိုင်ငံသို့ မြန်မာ့ဆိတ်များ အရွယ်စုံ တရားမ၀င် တင်ပို့နေမှုကြောင့် ပြည်တွင်း၌ ရှားပါးလာကြောင်း မွေးမြူရေး လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။

နိုင်ငံတော် တာဝန်ရှိသူများ၏ အိမ် လုပ်သားများအတွက် ထောက်ပံ့ကြေး ကျပ်သန်းပေါင်း ၃၅၀ ကျော်ခွင့်ပြု


ကာကွယ်ရေး ဦးစီး ချုပ်ဟောင်း ဗိုလ်ချုပ် မှူးကြီး သန်းရွှေ အပါအဝင် အငြိမ်းစား ပုဂ္ဂိုလ် ၆၉ ဦး၊ နိုင်ငံတော် တာဝန် ထမ်း ဆောင်ခဲ့ ဖူး သူများနှင့် အစိုးရသစ် ပြည်ထောင်စု အဆင့် တာဝန်ရှိသူ ၁၀၂ ဦးတို့၏အိမ်အကူ၊ ထမင်းချက်နှင့် ဥယျာဉ် လုပ်သားများ အတွက် ထောက်ပံ့ ငွေအဖြစ် ကျပ်  သန်းပေါင်း ၃၅၀ ကျော်ကို ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြု ထားကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့က ပြောကြားသည်။

ရန်ကုန်မြို့ ကွန်ဒိုတိုက်ခန်း တစ်ခန်း ရောင်းဈေး သိန်း ၄၅၀ဝ ကျော်ထိ ဈေးပေါက်


ရန်ကုန်မြို့ ကွန်ဒို တိုက်ခန်း အရောင်းမှာ တစ်ခန်းလျှင် သိန်း ၄၅၀ဝ အထိ ရောက်ရှိ နေပြီး
အငှား လုပ်ငန်းများလည်း ကောင်းမွန် လျက်ရှိသည်ဟု ရန်ကုန်မြို့အခြေ စိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင် များကပြောကြားသည်။

“ကျွန်တော့်ဆီမှာ ဈေးအကြီး ဆုံးအငှားဆိုရင်ရွှေဟင်္သာကွန်ဒိုပါ၊ တစ်လကို အမေရိကန် ဒေါ်လာ ၃၅၀ဝ ပေးရပြီး၊ တစ်နှစ် စာချုပ်ချုပ် ရပါတယ်။ အရောင်းမှာ ဈေး အနည်းဆုံး ကွန်ဒိုဆိုရင်မြန်မာ့ဂုဏ် ရောင်ကွန်ဒိုပါ၊ သိန်း ၅၅၀ ပေါက် ပါတယ်”ဟု Perfect World မှ ကိုနိုင်ကပြောသည်။

ကျိုက်ထိုမြို့နယ်တွင် စစ်တောင်းမြစ် ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး


မွန်ပြည်နယ်၊ သိမ်ဇရပ် စစ်တောင်း တံတားဟောင်း အနီးတွင် စစ်တောင်း မြစ်ရေ တိုက်စား မှုကြောင့် ကမ်းပါးများ တဖြည်းဖြည်း ပြိုကျ လျက်ရှိရာ လူနေအိမ်များ ပါပြိုကျ ပျက်စီးခဲ့၍ အိမ်ခြေ ၁၇၀ ကျော် အား ကယ်ဆယ် ထောက်ပံ့မှု ပြုလုပ် ပေးရန် လိုအပ်နေကြောင်း သိရ သည်။ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်တွင် စစ်တောင်းမြစ် ကမ်းပါး ပြိုကျမှုကြောင့် လူနေအိမ်များ ပြိုကျပျက်စီး

အမျိုးသမီး များအား ခွဲခြား ဆက်ဆံမှု ပပျောက်ရန် ဥပဒေတစ်ရပ် ဖော်ထုတ်မည်


အမျိုးသမီး များအား နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ ပြည်တွင်း ဥပဒေ တစ်ရပ် ယနေ့အချိန်ထိ မရှိသေးသောကြောင့်
ဥပဒေ အသစ်ပေါ်ထွန်း လာရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် လုပ်ငန်း စီမံချက် ပေါ်ထွက်လာရန် ဥပဒေ တစ်ရပ် ပေါ်ထွက် လာစေရန် ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောသည်။

ဖုန်းအင်တာနက်သုံးစွဲခ လျှော့ချမပေးပါက ဆန္ဒထုတ်ဖော်မည်


 မြန်မာ့ဆက်သွယ်ရေးမှ မိုဘိုင်းဖုန်းအင်တာနက်သုံးစွဲမှုနှုန်းထားကို volumeအလိုက် ကောက်ခံရာ၌ သုံးစွဲခများပြားခြင်းကြောင့် လာမည့် ဒီဇင်ဘာလ(၁၅)ရက်နေ့ နောက်ဆုံးထား၍ ဈေးနှုန်းလျှော့ချ ကောက်ခံပေးခြင်းမရှိပါက တရားဝင်ဆန္ဒပြတောင်းဆိုသွားရန် အစီအစဉ်ရှိသည်ဟု မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်မှ သိရသည်။

သိန်း(၅၀၀)ကျော်ဆုံးရှုံးခဲ့သည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ


တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ ကျင်းပသည့် (၈)ရက်တာကာလအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးဆုံးရုံးခဲ့သော မီးပုံးပျံတန်ဖိုးမှာ ကျပ်သိန်း (၅၀၀)ကျော်ရှိကြောင်း မီးပုံးပျံ ကျင်းပရေးကော်မတီဝင်များထံမှ သိရသည်။

မိုင်းငေါ့အနီး၌ လက်နက်ကြီးပစ်ခတ်မှုဖြစ်၊ ရွာသားများ မြို့သို့ တိမ်းရှောင်


 နိုဝင်ဘာ (၃၀)ရက် ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် မိုင်းငေါ့ကျေးရွာအနီး (S.S.A)လက်နက်ကိုင်တပ်များနှင့် အစိုးရ တပ်သားများအကြား လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ကျောက်မဲမြို့ရှိ စစ်ဘက်ဆိုင် ရာ အုပ်ချုပ်ရေးဌာနများက သိရသည်။


“တိုက်ပွဲကကြီးကြီးမားမားတော့မဟုတ်ဘူး၊ (S.S.A) တပ်ဘက်က အစိုးရတပ်တွေရှိတဲ့ဘက်ကို လက်နက်ကြီး နဲ့လှမ်းပစ်တာ၊ (၁၀)လုံးလောက်တော့ ရှိမယ်၊ လက်ခံရရှိတဲ့ သတင်းအရဆို အခုချိန်ထိတော့ အစိုးရဘက်က ဒဏ်ရာရတဲ့သူ မရှိသေးပါဘူး ဟု မြို့နယ်(စ.အ.ဖ) ရုံးမှ တာဝန်ကျတပ်ကြပ်တစ်ဦးကပြောသည်။

လက်ပံတောင်းအရေး ရန်ကုန်၊ ဆူးလေတွင်လည်း ဆန္ဒပြနေ

စံခလပူရီ (မဇ္ဈိမ) ။       ။ ရန်ကုန်မြို့ ဆူးလေ စေတီ၌ သောကြာနေ့ ညနေ ၄ နာရီတွင် ဆန္ဒပြပွဲတခု စတင်ပြုလုပ်
နေကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးသာအေး၊ ဝမ်ပေါင်နှင့် ဒေသခံများကို တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မုံရွာမြို့တွင် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းသောင်ပြင်၌ ဒေသခံလူထုအား နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အား မုံရွာမြို့ရှိ Win Unity ဟိုတယ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။

ပြည်သူတွေရဲ့ အမေးကို ဒေါ်စု ပြောပေးမယ် ဆို

နယူးဒေလီ (မဇ္ဈိမ)။   ။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ် သောင်ပြင်တွင် လူထုပရိသတ် သုံးထောင်ကျော်ကို နာရီဝက်ကြာ မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။

မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။

သံဃာရဲ့ ဒဏ်ရာ ဘာကြောင့်လောင်လဲ မသိဟု ဆေးရုံအုပ်ကြီးပြော

မုံရွာ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်မှောက်သံဃာများ ကြာသပတေးနေ့ နံနက်က ရရှိခဲ့သော ထိခိုက်ဒဏ်ရာများမှာ မီးလောင် ဒဏ်ရာများသာ ဖြစ်ပြီး ဆီနှင့် အက်ဆစ်များ မပါဝင်ကြောင်း မုံရွာ
ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းထွဋ် က ပြောသည်။

၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား

နယူးဒေလီ (မဇ္ဈိမ) ။        ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။

မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်း

မိုဘိုင်းဖုန်းများ၏ အင်တာနက်အသုံးပြုခအား Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံမည့် အစီအစဉ်အား ရွှေ့ဆိုင်းလိုက်ပြီး ယခုနှစ်ကုန်အထိ တစ်မိနစ်လျှင် ၂ ကျပ်၊ ၄ ကျပ်နှုန်းဖြင့်သာ ဆက်လက်ကောက်ခံသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက နိုဝင်ဘာလ ၃၀ ရက် ည ၇ နာရီခန့်တွင် ပြောကြားခဲ့သည်။

 မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုခကို တက္ကသိုလ်ကျောင်းသားများအတွက် ထပ်မံလျော့ပေးမည်

မိုဘိုင်းဖုန်းများဖြင့် အင်တာနက်အသုံးပြုခကို Volume Based Charging စနစ်ဖြင့် ပြောင်းလဲကောက်ခံရာတွင် ကျောင်းသားများအတွက် အထူးနှုန်းတစ်ရပ် စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ပြောကြားခဲ့သော မိန့်ခွန်းအပြည့်အစုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မုံရွာမြို့ အုန်းခြံရပ်ကွက်၊ ဇက်ဆိပ် သောင်ပြင်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်က ဒေသခံ ပြည်သူလူထုအား မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေပိုင်းကလည်း ဆားလင်းကြီးမြို့နယ်၊ကံကုန်းကျေးရွာတွင် မိန့်ခွန်းပြောကြားရာ၌ လက်ပံတောင်းတောင် အရေးနှင့်ပတ်သတ်၍ အနည်းငယ်သာ ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်က ပြောကြားခဲ့သော မိန့်ခွန်းတွင် လက်ပံတောင်းတောင် အရေးအား အဓိကထား ပြောကြားခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက်မှုကို လက်မခံကြောင်းပြသရန် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ မီးလောင်ဗုံး အသုံးပြုနှိမ်နင်းခံခဲ့ရသော သပိတ်စခန်းများကို ၈၈ မျိုးဆက် ကျောင်းသားများ သွားရောက်မည်

အကြမ်းဖက်မှုကို လက်မခံကြောင်း ပြသရန်နှင့် ထိခိုက်ဒဏ်ရာရရှိသူများကို အကူအညီပေးရန်အတွက် မီးလောင်ဗုံးအသုံးပြု နှိမ်နင်းခံခဲ့ရသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ သပိတ်စခန်းများကို ၈၈ မျိုးဆက်ကျောင်းသားများ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ယခုသွားရောက်မည့် ခရီးစဉ်သည် ရည်ရွယ်ချက်သုံးချက်ဖြင့် သွားခြင်းဖြစ်ပြီး အချက်အလက်များ စုဆောင်းခြင်း၊ ဒဏ်ရာရရှိသူများ၊ ဒေသခံများ၏အသံများကို စုဆောင်းခြင်းများပြုလုပ်ကာ သီးခြားလွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက် (အထက်ဗမာပြည်) တို့မှ သဘောထားကြေညာချက်အသီးသီး ထုတ်ပြန်

လက်ပံတောင်းတောင် သပိတ်စခန်းများ အကြမ်းဖက်နှိမ်နင်းမှုအား အထက်မြန်မာပြည် သံဃာတော်များနှင့် အထက်မြန်မာပြည် နိုင်ငံရေးအကျဉ်းသားများ ကွန်ယက်တို့မှ သဘောထားကြေညာချက်အသီးသီးကို နိုဝင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

လက်ပန်းတောင်းအရေး တရုတ်သံရုံးက ကြေညာချက်ထုတ်



2012-11-30
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္မဏီနဲ့ ဝမ်ပေါင် ကုမ္ပဏီတို့အကြား ပူးပေါင်းလုပ်ကိုင်နေတဲ့ မုံရွာ-လက်ပန်းတောင်း ကြေးနီစီမံကိန်းကို အဆင်ပြေစွာ ဆက်လက်အကောင်အထည်ဖော်ဖို့ ရန်ကုန်မှာရှိတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ကြေညာချက် ထုတ်ပြန်ပြီး ဒီကနေ့ မေတ္တာရပ်ခံလိုက်ပါတယ်။

လက်ပန်းတောင်းသပိတ်မှာ ဒဏ်ရာရ သူများကို နယ်ပယ်အသီသီး က ခေါင်းဆောင်များ တွေ့ဆုံအားပေး



2012-11-30
မြန်မာအစိုးရ ရဲတပ်ဖွဲ့တွေရဲ့ လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင် ဥာဏိဿရ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူတို့ သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့်ဆေးဝါးနဲ့ ပစ္စည်းတွေအတွက် အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီမိုကရက်တစ်ပါတီ(မြန်မာ) ရဲ့ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကျင်းပ



2012-11-30
ဝါရင့်နိုင်ငံရေးသမား ဦးသုဝေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံး ဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ ဒီကနေ့မနက် ကျင်းပခဲ့ပါတယ်။
Photo: RFA/Thiha Htun
ဒီမိုကရက်တစ်ပါတီ(မြန်မာ)ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ရန်ကုန်မြို့ ဝိုင်အမ်စီအေခန်းမမှာ နိုဝင်ဘာလ ၃ဝ ရက်နေ့က ကျင်းပစဉ်

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှု ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့ ဆန္ဒပြ



2012-11-30
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ရဟန်းရှင်လူတွေကို အကြမ်းဖက်ဖြိုခွဲမှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ထိုင်းနိုင်ငံရောက် စာသင်သား မြန်မာသံဃာတော် အပါး(၈ဝ)ခန့်က ဒီကနေ့မွန်းလွဲ(၁)နာရီကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ နာရီဝက်ကြာ စုရုံးဆန္ဒပြခဲ့ကြပါတယ်။
ယခု အကြမ်းဖက်မှုအတွက် သံဃာနှင့်ပြည်သူကို အမြန်ဆုံးပြန်လည်တောင်းပန်ပါ၊ လက်ပန်းတောင်းတောင် အကြမ်းဖက်မှုများ ချက်ခြင်းရပ်၊ လူအချင်းချင်း ညှဉ်းဆဲခြင်း ကင်းရှင်းကြပါစေ စတဲ့ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြတောင်းဆိုကြတာ ဖြစ်ပါတယ်၊ ဆန္ဒပြရတဲ့အကြောင်းရင်းနဲ့ ပတ်သက်လို့ အရှင်ဦးသြသရက သမ္မတဦးသိန်းစိန်ထံပေးပို့တဲ့ သံဃာတော်များရဲ့ကြေညာချက်ကို အခုလို ဖတ်ကြားပါတယ်။

လက်ပံတောင်းတောင်ကိစ္စ၌ အတတ်နိုင်ဆုံးကြိုးစားပေးမည့် ဒေါ်အောင်ဆန်းစုကြည်





 လက်ပံတောင်းစီမံကိန်းကြောင့်ပြောင်းရွှေ့ပြောင်းခံရသည့် ၀က်မှေးရွာ၊ ဆယ်တဲရွာ၊ ကံကုန်းရွာ၊ ဇီးတောရွာ တို့မှ ဒေသခံများ အပါအ၀င် မြေသိမ်းခံ ကျေးရွာများမှ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မုံရွာမြို့ ၀င်းယူနတီဟိုတယ်၌ နိုဝင်ဘာ(၃၀) ရက်နေ့ နေ့လည်ပိုင်းက တွေ့ဆုံအားပေးခဲ့သည်။
 

လက်ပံတောင်းတောင် အကြမ်းဖက်မှု မန္တလေးသံဃာများ ကန့်ကွက်ရှုံ့ချ



လက်ပံတောင်းတောင် အကြမ်းဖက်မှု ကန့်ကွက်ရှုံ့ချပွဲကို 
မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်ရှိ အိမ်တော်ရာ ဘုရားဝန်းအတွင်း
 ဂဠုန်နီ ဆရာတော်ဘုရား ဦးဆောင်ပြီး သံဃာ အပါး 
 တစ်ရာ့သုံးဆယ်ကျော် ခန့်ဖြင့် တနာရီခွဲခန့် ကျင်းပခဲ့သည်။

ရဲသုံးဦး လူသတ်မှုကျူးလွန်

ရန်ကုန်၊ နိုဝင်ဘာ၃၀။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အောင်ကြွေပြား စက်ရုံရှိ အလုပ်သမား တစ်ဦးအား ယမန်နေ့ ည ကိုးနာရီခန့်တွင် လှော်ကား ရဲစခန်းမှ ရဲသုံးဦးက ရိုက်နှက်သောကြောင့် သေဆုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သော ရှေ့နေတစ်ဦးဖြစ်သူ ကိုသူဇော်က မြန်မာ့ခေတ်သို့ ယနေ့ နံနက်တွင် ပြောကြားသည်။

မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ် မေတ္တာရပ်ခံ

မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ် မေတ္တာရပ်ခံ

မြန်မာနိုင်ငံ မုံရွာကြေးနီစီမံကိန်း ''အဆင်ပြေစွာ'' အကောင်အထည် ဖော်နိုင်ရန် တရုတ်နိုင်ငံက နိုဝင်ဘာလ ၃၀ ရက်က မေတ္တာရပ်ခံခဲ့သည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက နို

ဝင်ဘာလ ၃၀ ရက်တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မိုးထစ်ချုန်းရွာသွန်းမှုများဖြစ်ပေါ်


ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း၏ သက်ရောက်မှုကြောင့် မြန်မာနိုင်ငံဒေသအချို့တွင် မိုးထစ်ချုန်းရွာသွန်းမှုများ ဖြစ်ပေါ်နေကြောင်း သတင်းရရှိသည်။

 “မီးလောင်ဗုံးဆိုတာက ဓာတ်ဆီ၊ ဘင်ဇင်းနဲ့ မီးခိုးလိုပြစ်ခဲစေတဲ့ ဓာတ်ငွေ့တွေ ပါတယ်။ ထိတဲ့နေရာမှာ ကပ်သွားပြီး အပူချိန်မြင့်မားတဲ့ ကာလမှာ မီးလောင်လေ့ရှိပါတယ်။” ဓာတုဗေဒပညာရှင် ဒေါက်တာခင်မောင်ညိုနှင့် တွေ့ဆုံခြင်း



ha-30-11-2
အမည် - ဒေါက်တာခင်မောင်ညို
ပညာအရည်အချင်း -B.Sc (Chem:) မန္တလေး၊ M.Sc (ရန်ကုန်)၊ Ph.D (Chem:) (ဆဲလ်ဖို့ဒ်တက္ကသိုလ်၊ မန်ချက်စတာ)
ရန်ကုန်တက္ကသိုလ်တွင် ဓာတုဗေဒ ကထိကအဖြစ် ၂၆ နှစ် လုပ်ကိုင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် အငြိမ်းစားယူ။
သပိတ်စခန်းများအား နှိမ်နင်းခဲ့ခြင်းကြောင့် သပိတ်စခန်းများရှိ သံဃာတော်များနှင့် ဒေသခံများ ဒဏ်ရာပြင်းထန်စွာရရှိမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့မှ အသုံးပြုခဲ့သည့် ဗုံးများမှာ မျက်ရည်ယိုဗုံးနှင့် မီးခိုးဗုံးမဖြစ်နိုင်ဟု အငြင်းပွားနေမှုများ အပေါ် ဓာတုဗေဒ ဘာသာရပ်ဖြင့် ဒေါက်တာဘွဲ့ ရရှိထားသူ ဒေါက်တာ ခင်မောင်ညိုနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

 နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီ


နိုဝင်ဘာလ (၂၉)ရက် နံနက် (၃) နာရီခန့်က လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်းရှိ သပိတ်စခန်းများအား ရဲတပ်ဖွဲ့မှ အင်အားသုံး ဖြိုခွင်းမှုနှင့် ပတ်သက်၍ နိုင်ငံတကာမီဒီယာများ သတင်းဖေါ်ပြပုံ မတူညီကြောင်း တွေ့ရှိရပါသည်။
အေက်ဖ်ပီသတင်းတွင် မြန်မာလုံထိန်းရဲများက ဘုန်းကြီးများနှင့် ရွာသားများကို မီးသတ်ပိုက်ဖြင့် ပစ်ကာ လူစုခွဲသည်ဟု ဖော်ပြထားသည်။ သို့ရာတွင် အမည်ရင်းမဟုတ်ဘဲ အရှင်ရေ၀တဆိုသော အမည်ဖြင့် သံဃာတစ်ပါးက ပြောကြားမှုတွင် ရေဖြင့်ပက်သည်ဟု ပါဝင်သော်လည်း မီးလောင်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ဖေါ်ပြထားသည်။ Eleven Media Group ၀က်ဘ်ဆိုက်မှ ဓာတ်ပုံများအရ ဘုန်းတော်ကြီးများ မီးလောင်ဒဏ်ရာရနေသည်ကို တွေ့ရပြီး သပိတ်စခန်းမှာ မီးဖြင့်ဖျက်ဆီးခံရခြင်းဖြစ်ဖွယ်ရှိသည်ဟု ရေးသားထားသည်။

ပစ္စည်းတွေကိစ္စ သမ္မတ ဦးသိန်းစိန်ကို ကန်အထက်လွှတ်တော်အမတ် စာရေးမေးမြန်း



2012-11-29
မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ်လို့ ယူဆရတဲ့ နူကလီယား အနုမြူအစီအစဉ်မှာ သုံးစွဲနိုင်တဲ့ ပစ္စည်းတချို့ကို ဂျပန်နိုင်ငံရောက် မြောက်ကိုရီးယား သင်္ဘော တစ်စီးပေါ်ကနေ တွေ့ရှိတဲ့သတင်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန် ဆီးနိတ်အထက်လွှတ်တော်အမတ် တစ်ယောက် က သမ္မတ ဦးသိန်းစိန်ဆီကို စာရေးသားမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

Thursday, November 29, 2012

ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်


ကမ္ဘာလုံးဆိုင်ရာ UNAIDS သံတမန်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်မည်HIV, AIDS ရောဂါသည်များ အပေါ် ခွဲခြား ဆက်ဆံမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ
HIV, AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) က ဒေါ်အောင်ဆန်း စုကြည် အား တစ်ကမ္ဘာလုံး ဆိုင်ရာ UNAIDS သံတမန်အဖြစ် ရွေးချယ် လိုက်ကြောင်း နိုဝင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိ


မြန်မာနိုင်ငံတွင် အရပ်သားများ မိုင်းသုံးသည်ဟု လေ့လာတွေ့ရှိမြန်မာနိုင်ငံ တွင် မိုင်း အသုံးပြုခြင်းနှင့် မိုင်းထုတ်လုပ်ခြင်း များအား အရပ်သား ပြည်သူများပါ အသုံးပြု လျက်ရှိသည်ကို လေ့လာတွေ့ရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ မြေမြှုပ်မိုင်း အသုံးပြုမှု စောင့်ကြည့် လေ့လာရေး အစီရင်ခံ စာတွင် ဖော်ပြပါရှိသည်။

အမေရိကန် ဒီမိုကရေစီကို ပုံတူ ကူးချမရဟု သမ္မတဦးသိန်းစိန်ဆို


အမေရိကန်က ကျင့်သုံးနေ သော ဒီမိုကရေစီကို ပုံတူ ကူးချရန် မဖြစ်နိုင် သေးကြောင်း သမ္မတ ဦးသိန်းစိန်က အမေရိကန် သမ္မတ အိုဘားမား၏ ရန်ကုန် တက္ကသိုလ်တွင် ပြောကြား ခဲ့သော မိန့်ခွန်း အပေါ် ဝေဖန် သုံးသပ်ခဲ့သည်။
“ဘာပဲဖြစ်ဖြစ် သူက (အိုဘား မား) ဒီမိုကရေစီအရေးနဲ့ လူ့အခွင့် အရေးကို အသားပေးပြီး သူတို့ရဲ့ နိုင်ငံရဲ့ဖြစ်ပေါ်မှုတွေကို ကွက်ကွက် ကွင်းကွင်းနဲ့ ရှင်းပြသွားသော် လည်းကျွန်တော်တို့အပိုင်းကတော့ ငါတို့လည်းပုံတူ ကူးချမယ်လို့ ဒီလို လုပ်လို့ မရသေးပါဘူး”ဟု သမ္မတ ဦးသိန်းစိန်က ကမ္ဘောဒီးယားနိုင်ငံ၊ ဟိုတယ် ကမ္ဘောဒီးယားနားတွင် နိုဝင်ဘာလ ၂၁ ရက်နေ့က ပြည် တွင်းသတင်းသမားများနှင့်တွေ့ ဆုံစဉ် အထက်ပါအတိုင်းပြောကြား ခဲ့ခြင်း ဖြစ်သည်။

Truck ကားများ CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွား/ကူးသန်း ဝန်ကြီး ဌာနသို့ တင်ပြမည်


လုပ်ငန်းသုံး Truck ကားများ ကို CIF တန်ဖိုး ပြင်ဆင် သတ်မှတ်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီး ဌာနသို့ တင်ပြသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မော် တော်ယာဉ် တင်သွင်း ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဋ္ဌေးအောင်က နိုဝင်ဘာ ၂၅ ရက် UMFCCI တွင် ကျင်းပသည့် လုပ်ငန်းရှင် များနှင့် တွေ့ဆုံပွဲတွင် ပြောသည်။

SEA Game တွင် သုံးရန် အမေရိကန် ဒေါ်လာ ၁၅ ဒေါ်လာတန် Sim Card များချထားပေးမည်


လာမည့်နှစ်တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှ
အားကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များကို ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးသင့်ကြောင်း အဆိုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်အဖြစ် ပြေးဆွဲလျက်ရှိသော ခိုင်ခံ့မှုမရှိသည့် စစ်ကျန်ဘတ်စ်များ၊ ဘီအမ်နှင့် ဒိုင်နာယာဉ်များနေရာတွင် အဆင့်အတန်းမီသော ခရီးသည်တင် စီးတီးဘတ်စ်များ အစားထိုးပြေးဆွဲသင့်ကြောင်း အဆိုကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ပြုလုပ်သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၂) ပထမနေ့တွင် ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက တင်သွင်းခဲ့သည်။

 ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီး၏ အစိုးရဌာန ၁၀ ခုမှ ထပ်မံဖြည့်စွက်ခွင့်ပြုငွေ ကျပ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို တောင်းခံ

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက်  ရန်ကုန်တိုင်းဒေသကြီး၏ ဌာန ၁၁ ခုမှ အသုံးစရိတ်အား ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ၁၁၄ ဒသမ ၃၀၇ ဘီလီယံကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တောင်းခံခဲ့ကြောင်း နိုဝင်ဘာလ ၂၉ ရက်နေ့က ပြုလုပ်သော ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေး ပထမနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်၏ တင်ပြချက်များအရ သိရှိရသည်။

 ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးပြုလုပ်မည်ဖြစ်ပြီး ဘတ်ဂျက်ကိစ္စကို အဓိကထားဆွေးနွေးမည်


ပထအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ ၂၉ ရက်နေ့မှ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
'ဒီတစ်ခေါက်လုပ်တဲ့ အစည်းအဝေးက ပုံမှန်အစည်းအဝေးမဟုတ်ဘူး။ အရေးပေါ်အစည်းအဝေးဖြစ်ပါတယ်။ ဒီအစည်းအဝေးမှာ ပြည်ထောင်စုအစိုးရအဖွဲ့က တိုင်းဒေသကြီးကို သုံးစွဲဖို့ပေးတဲ့ ဘတ်ဂျက်အခြေအနေတွေကို တင်ပြတာတို့၊ ပြင်ဆင်တဲ့ကိစ္စတွေကို ဆွေးနွေးမယ်လို့သိရတယ်။ အခုနောက်ပိုင်းမှာ တိုင်းဒေသကြီးအနေနဲ့ ဘတ်ဂျတ်သုံးဖို့ဆိုရင် လွှတ်တော်မှာ အတည်ပြုမှ ရမှာဖြစ်ပါတယ်။

 လက်ပံတောင်းတောင် အရေး ပြေလည်မှု ရစေရန် ဒေါ်အောင်ဆန်းစုကြည် ကြားဝင် ဆောင်ရွက်ပေးလို

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ဒေသခံများနှင့် လုပ်ငန်းရှင်များအကြား ပြေလည်မှု ရစေရန် ကြားဝင် ဆောင်ရွက်ပေးလိုကြောင်း ဒေါ်အောင်ဆန်စုကြည်က နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်အချိန်တွင် မုံရွာခရိုင်၊ ဆားလင်းကြီး မြို့နယ်၊ ကံကုန်းကျေးရွာ၌ ပြည်သူလူထုနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ 

 မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာတွင် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က ပြောကြားခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း အပြည့် အစုံ


ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ  ကိုယ့်ရဲ့ အကျိုးကို အနောက်မှာ ထားပြီးတော့ လုပ်ရတယ်။ အဲဒီလို လုပ်မှသာ တိုးတက်နိုင်မှာ ဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသား အမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့ နိုင်ငံ၊ အပြစ်မဲ့တဲ့ နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့ နိုင်ငံဖြစ်အောင် ဘယ်လို လုပ်မလဲ၊ ဘယ်လို နေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လို ပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ ဆုံးဖြတ်ရလိမ့်မယ်။ 

နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော

နယူးဒေလီ (မဇ္ဈိမ) ။      ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလို
ကြောင်း ပြောဆိုသွားသည်။

ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်

နယူးဒေလီ (မဇ္ဈိမ) ။        ။ နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့
သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။

သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ
ဖော်ပြထားခြင်း မရှိပေ။

လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် လာပြီ

နယူးဒေလီ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထားရ

နယူးဒေလီ (မဇ္ဈိမ) ။     ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသော ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့မှ ပင်မ သပိတ်စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ
ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ 

ကချင် ဒုက္ခသည်စခန်းတွင် ဝက်သက်ရောဂါ အဖြစ်များနေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်-မြန်မာနယ်စပ် မှတ်တိုင် ၆ ရှိ ကချင်ဒုက္ခသည်စခန်းတွင် ၁၂ နှစ်အောက် ကလေးငယ်များ ဝက်သက်ရောဂါ ဖြစ်ပွားမှု ပြန့်နှံ့လာသဖြင့် ကာကွယ်ဆေးများ ထိုးပေးနေရသည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး တာဝန်ခံက ပြောသည်။

နိုဝင်ဘာ လဆန်းပိုင်းတွင် တဦးစ နှစ်ဦးစသာ ဖြစ်ပွားခဲ့သော်လည်း နောက်ပိုင်း ၄ဝ ကျော်ထိ ကူးစက် ပြန့်ပွားခဲ့သ
ဖြင့် KIO ကျန်းမာရေးဌာနမှ ပြီးခဲ့သည့် သီတင်းပတ်က သွားရောက်၍ ကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု အရပ်ဘက်အရာရှိ ဦးဒွဲပီဆားက ပြောသည်။ 

ကြေးနီစီမံကိန်းအနီးက သပိတ်စခန်းတွေကို အင်အားသုံး ဖြိုခွဲ



2012-11-29
မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒပြနေကြတဲ့ ဒေသခံတွေနဲ့ သံဃာတော်တွေရဲ့ သပိတ်စခန်းတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ကြာသပတေးနေ့ မနက် (၃) နာရီဝန်းကျင် အချိန်က ဝင်ရောက်စီးနင်း ဖြိုခွဲခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားတဲ့ Spitfire လေယာဉ်တွေကို စတင်ရှာဖွေ



2012-11-29
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံမှာ လျှို့ဝှက်မြှပ်နှံထားခဲ့တယ်လို့ ယုံကြည်ရတဲ့ Spitfire ဗြိတိသျှ တိုက်လေယာဉ်တွေကို ရှေ့လာမယ့် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ စတင်တူးဖေါ်ရှာဖွေဖို့ ပြင်ဆင်နေပြီလို့ ဗြိတိန် ရှာဖွေရေးအဖွဲ့ကခေါင်းဆောင် မစ္စတာ David Cundall က လန်ဒန်မြို့ စစ်သမိုင်းပြတိုက်မှာ မနေ့က ပြောကြားခဲ့ပါတယ်။

မန္တလေးသံဃာတွေ ထိုင်သပိတ်စတင်မည်



2012-11-29
မန္တလေးမြို့က သံဃာတော်တွေဟာ နိုဝင်ဘာလ ၂၉ ရက်နေ့ မနက်အစောပိုင်းက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို လုံထိန်းတပ်ဖွဲ့ဝင်တွေက အင်အားသုံးဖြိုခွဲခဲ့လို့ သံဃာတော်တွေ ဒဏ်ရာရရှိခဲ့ကြတာနဲ့ ပတ်သတ်ပြီး မန္တလေးဘုရားကြီးဝင်းအတွင်းမှာ သံဃာအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး သံဃာတော်ထိုင်သပိတ် စတင်ဖို့ဆုံးဖြတ်လိုက်ကြတယ်လို့ ဦးဆောင်သံဃာတော်တွေက ဆိုပါတယ်။
ဒီကနေ့ညနဲ့  မနက်ဖြန်ခါ သင့်တော်တဲ့အချိန်မှာ မန္တလေးသံဃာတော်တွေအနေနဲ့ ထိုင်သပိတ်လုပ်ကြမှာဖြစ်တယ်လို့ မန္တလေး၊ မဟာဂန္ဓာရုံကျောင်းတိုက် ဘဝအလင်းဆရာတော် ဦးသောဘိတက RFA ကို ပြောပြပါတယ်။

လက်ပန်းတောင်းမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော



2012-11-29
လက်ပန်းတောင်း အရေးကို ပြေလည်စွာ ဖြေရှင်းပေးမယ်လို့ ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနဲ့တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က လက်ပန်းတောင်း ဒေသခံပြည်သူများနဲ့ ဒီကနေ့ တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။

လက်ပန်းတောင်း သပိတ်ဖြိုခွဲမှုနဲ့ မီးလောင်ဗုံး



2012-11-29
နိုဝင်ဘာ ၂၉ ရက်နေ့ မနက်က လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဆန္ဒထုတ်ဖော်နေတဲ့ သပိတ်စခန်းတွေကို ဖြိုခွဲရာမှာ ဓာတုဗေဒဗုံးနဲ့မီးလောင်ဗုံးတွေ အသုံးပြုခဲ့ခြင်း မရှိခဲ့ဘဲ နိုင်ငံတကာမှာ အသုံးပြုနေတဲ့ အဓိကရုဏ်းတွေကို နှိမ်နှင်းရာမှာ အသုံးပြုတဲ့ သာမန် မျက်ရည်ယိုဗုံးကိုသာ အသုံးပြုခဲ့တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အတွင်းရေးမှုး ဗိုလ်မှုးကြီးယုလွင်ကို RFA ကသီးသန့် ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောကြားလိုက်ပါတယ်။

Wednesday, November 28, 2012

ထိုင်းက မီးဖိုချောင်၊ မြန်မာက ဥယျာဉ်ခြံဟု ထိုင်းကုန်သွယ်ဥက္ကဋ္ဌဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ ထိုင်းနိုင်ငံအား မီးဖိုချာင် အဖြစ် တင်စားပြီး မြန်မာနိုင်ငံအား ထိုမီးဖိုချောင်အတွက် သီးနှံထွက်ရာ ဥယျာဉ်ခြံတခုအဖြစ် တင်စားကာ ထိုင်း ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ အိုလာန် ချိုင်ပရာဝပ် Olarn Chaiprawat က ပြောဆိုလိုက်သည်။

သပိတ်များအား အကြမ်းဖက်မဖြိုခွဲရန် ဗကသ တိုက်တွန်း

နယူးဒေလီ (မဇ္ဈိမ) ။      ။ ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေကြသော သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက အာဏာပိုင်များအား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် နောက်ပြန်မဆုတ်ရန် ရှမ်းညီလာခံ တိုက်တွန်း

စံခလပူရီ (မဇ္ဈိမ) ။        ။ ပဋိပက္ခများ လုံးဝ အဆုံးသတ်၍ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ရရှိရန် အထူးလိုအပ်နေပြီး နောက်ပြန်မဆုတ်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ညီလာခံက ဗုဒ္ဓဟူးနေ့တွင် ကြေညာလိုက်သည်။

‘ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲ’ ခေါင်းစဉ်ဖြင့် ပြုလုပ်သော ထိုညီလာခံကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် နိုဝင်ဘာလ ၂၆ ရက်နေ့မှ စ၍ သုံးရက်တိုင် ကျင်းပခဲ့ခြင်း
ဖြစ်သည်။

သေချာသည့် အဖြေတခု ရမှ သံဃာတော်များ ပြန်ကြွမည်

မုံရွာ (မဇ္ဈိမ) ။      ။ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းအား ကန့်ကွက်နေသော သပိတ်စခန်းများ ဖျက်သိမ်းပေး ရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ကြေညာထားသော်လည်း တိကျသေချာသည့် အဖြေတခု မရမချင်း ဆက်လက် ဆန္ဒပြ သွားမည်ဖြစ်ကြောင်း ပင်မ သပိတ်စခန်းတွင် ဆန္ဒပြနေသော မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးတေဇ က မိန့်ကြားသည်။

နမ့်ဆမ် NLD ပါတီဝင်တဦးအား ဒေသခံ စစ်တပ် ဗိုလ်မှူးက ထိုးကြိတ်ခဲ့

စံခလပူရီ (မဇ္ဈိမ) ။      ။ ရှမ်းပြည်နယ် တောင်ပိုင်း၊ နမ့်ဆမ် မြို့နယ် နမ့်မော်ခေါက်ဆင့် ကျေးရွာမှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဦးဌေးမောင် အား ဒေသ အခြေစိုက် စစ်တပ်က လုံခြုံရေး နှောင့်ယှက်မှုဟု ဆိုကာ နိုဝင်ဘာလ ၂၆ ရက်နေ့ည ၉ နာရီခန့်တွင် တပ်စခန်းသို့ ခေါ်ဆောင်သွားပြီး ထိုးကြိတ်ခဲ့သည်ဟု ကာယကံရှင် က ပြောသည်။

လက်ပံတောင်းတောင်အရေး ဦးဆောင်သူများအား ပုဒ်မ-၅၀၅/ခ နှင့် စွဲချက်တင်


လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် ရန်ကုန်မြို့တွင် စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ(၆)ဦး ကို နိုဝင်ဘာ(၂၇)ရက်နေ့၌ ကျောက်တံတားရဲစခန်းမှ တရားစွဲဆိုမှုတစ်ခု ပြုလုပ်ခဲ့သည်။

 စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရ



ha-28-11-7
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် သိမ်ဇရပ်ကျေးရွာ ဆိပ်ကမ်းသာရပ်ကွက် ကမ်းပြိုမှုကို နိုဝင်ဘာလ ၂၆ ရက်နေ့က တွေ့ရစဉ်


စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကျိုက်ထိုမြို့နယ် သိမ်ဇရပ်ကျေးရွာ ကမ်းပြို၍ နေအိမ် ၆၀ ကျော် ပြောင်းရွှေ့ခဲ့ရကြောင်း သိရှိရသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒ ထုတ်ဖော်မှု အရပ်ဘက်အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင်ပြုလုပ်



281
နိုဝင်ဘာလ ၂၆ ရက်နေ့က ဆူးလေဘုရားအနီး ကြေးနီစီမံကိန်းရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး တောင်းဆိုဆန္ဒထုတ်ဖော်မှုကို အရပ်ဘက် အဖွဲ့အစည်းများ စုပေါင်း၍ ရန်ကုန်မြို့တွင် နိုဝင်ဘာလ ၂၆ ရက်နေ့ မွန်းလွဲ ၃း၃၀ နာရီမှ ညနေ ၅ နာရီ အချိန်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 လာမည့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်မည့် ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် ရန်ကုန်မြို့ရှိ အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုမည်



282
ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် တည်ဆောက်နေသည့် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ အဆင့်မြင့်အားကစားကွင်း စီမံကိန်းအား အောက်တိုဘာလအတွင်းက တွေ့ရစဉ်
လာမည့် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်) အတွက် ရန်ကုန်မြို့၌ ကစားနည်း ၁၁ မျိုး ယှဉ်ပြိုင်မည်ဖြစ်ပြီး အားကစားကွင်း ခုနစ်ကွင်းနှင့် ခန်းမနှစ်ခုတို့ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ဒေါပုံမြို့နယ်ရှိဟိုတယ်တွင် အတူနေအမျိုးသမီးအား သတ်သွားသူတရားခံအား ဖမ်းဆီးရမိ


ဒေါပုံမြို့နယ်ဟိုတယ်တွင် အတူနေအမျိုးသမီးအားသတ်သွားသူ တရားခံအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရသည်။
သတ်သွားသူတရားခံအား ရန်ကုန်တိုင်းဒေသကြီး၊ထန်းတပင်မြို့နယ်ရှိ ယောက်ဖတော်စပ်သူနေအိမ်၌ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

 သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံ ရန်ကုန်၌ ကျင်းပမည်၊ ညီလာခံတွင် အမေရိကန် လုပ်ငန်းရှင်များနှင့် တိုက်ရိုက်ဆွေးနွေး လုပ်ကိုင်နိုင်ရန် မြန်မာလုပ်ငန်းရှင်များ စတင်ပြင်ဆင်

သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မြန်မာ-အမေရိကန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုညီလာခံကို မြန်မာနိုင်ငံတွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် RUMFCCI မှ ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့ရှိ RUMFCCI အသင်းချုပ်ရုံးတွင် ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်နေသူများမှ အချက်သုံးချက်ပါသော တောင်းဆိုမှုအား တာဝန်ရှိသူများထံ ပေးပို့

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာအတွင်း ဆန္ဒဖော်ထုတ်လျက်ရှိသော အဖွဲ့အစည်းများမှ စီမံကိန်း ဧရိယာအတွင်း တာဝန်ယူထားသော ပြည်ထဲရေးဝန်ကြီးဌာန လုံခြုံရေး တာဝန်ရှိသူများထံသို အချက်သုံးချက် ပါသည့် တောင်းဆိုချက် ကို နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီ မိနစ် ၃၀ အချိန်က ပေးပို့ခဲ့ကြောင်း သိရသည်။

မှုခင်းရဲတပ်ဖွဲ့ (CID) ၏ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေ၍ ရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်မည်


ha-28-11-6
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အား စစ်ဆေးနေသည့် CID ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းရဲတပ်ဖွဲ့(CID) တွင် လုပ်ငန်းစဉ်ဖြစ်သည့် ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများရှိ ရဲတပ်ဖွဲ့ ဝင်သင်တန်းများသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။

လက်ပန်းတောင်း သပိတ်စခန်းတွေကို ဖယ်ရှားဖို့ အာဏာပိုင်တွေ အမိန့်ထုတ်

2012-11-28
မြန်မာ့စီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်နဲ့ တရုတ်ကုမ္ပဏီတွေ ပူးပေါင်းလုပ်ကိုင်နေတဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့ အနီးအနား ကျေးရွာလူထုတွေနဲ့ သံဃာတော်တွေ ဖွင့်လှစ်ထားတဲ့ သပိတ်စခန်းတွေကို ညတွင်းချင်း ဖယ်ရှားပေးရမယ်လို့ အာဏာပိုင်တွေက မနေ့ညက အမိန့်ပေးခဲ့ပါတယ်။ အဲဒီအမိန့်ကို နိုင်ငံပိုင်ရုပ်မြင်သံကြားကလည်း နိုဝင်ဘာ ၂၇ ရက်နေ့ ညသတင်း အစီအစဉ်တွေမှာ ထုတ်လွှင့်ကြေညာခဲ့ပါတယ်။

ကြေးနီတောင်စီမံကိန်း ရပ်ဆိုင်းရေး ပြည်မြို့မှာလည်း ဆန္ဒဖေါ်ထုတ်

2012-11-28
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ပေါ်မှာ ဒေသခံ (၃ဝ) ကျော်ဟာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
လက်ပန်းတောင်းတောင်ကြီး ပျောက်ကွယ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကို မလိုလားတဲ့တွက် အခုလို ဆန္ဒပြရတာလို့ ဒီပွဲကိုဦးဆောင်တဲ့ ဦးမြင့်စိုးက RFAကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားအဖွဲ့အစည်းတွေ နှီးနှောဖလှယ်ပွဲပြီးဆုံး

2012-11-28
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်မဆုတ်နိုင်အောင် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့မှာ ဒီကနေ့ ပြီးဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း (၃) ရက်ကြာ ဆွေးနွေးပွဲကနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
နောက်ပြန်မဆုတ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်နိုင်ဖို့အတွက် နေရာအလိုက် အဆင့်အလိုက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဒီကနေ့ အခမ်းအနားအပိတ်မှာ ထုတ်ပြန်တဲ့ ကြေညာချက်ကို ဖတ်ကြားသွားခဲ့ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ပြီးဆုံး

2012-11-28
၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး လူထုတွေ့ဆုံပွဲကို ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲက ကော့သောင်းမြို့ ဘောလုံးကွင်းတိုက်တန်းလမ်းထိပ်က မဉ္ဇူသကခန်းမရှေ့မှာ ကျင်းပခဲ့ပါတယ်။
ဒီကနေ့ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က တနင်္သာရီတိုင်းဟာ တိုင်းပြည်ရဲ့ဘဏ္ဍာကို အများဆုံးရှာပေးနေပြီး လမ်းပန်းဆက်သွယ်ရေးမကောင်းတဲ့ အခြေအနေကို  အခုလို ပြောကြားသွားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ် ကော့သောင်းမှာ အဆုံးသတ်

2012-11-27
၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဖော်ဆောင်ရေး တနင်္သာရီတိုင်းခရီးစဉ်ရဲ့ နောက်ဆုံးအစီအစဉ်အဖြစ် ကျောင်းသားခေါင်းဆောင်တွေဟာ မနေ့ည ၈ နာရီ က ကော့သောင်းမြို့ကို ရောက်ရှိလာခဲ့ကြပါတယ်။
Photo: RFA/Nay Myo Htun
၈၈မျိုးဆက်ကျာင်းသားများရဲ့ တနင်္သာရီတိုင်းခရီးစဉ်တွင် ဘုတ်ပြင်းမြို့က ဟောပြောပွဲကို တွေ့ရစဉ်

ဆင်းရဲမွဲတေမှု လျှော့ချရေးအတွက် စွမ်းအင်သုံးစွဲရန် လိုအပ်

2012-11-27
မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေ မှုလျှော့ချပြီး ဖွံ့ဖြိုးတိုးတက်နိုင်ရေး အတွက် စွမ်းအင်ပိုမိုသုံးစွဲဖို့ လိုအပ်နေကြောင်း၊ စွမ်းအင်ရင်းမြစ်တွေ အမြောက်အများရှိနေပေမဲ့ ထုတ်ယူသုံးစွဲနိုင်တဲ့ အခြေအနေ မရှိဘဲဖြစ်နေကြောင်း ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အခြေစိုက် ADB အာရှဖွံ့ဖြိုးရေးဘဏ် က ပြောပါတယ်။
RFA
မဟာမဲခေါင်ဒေသ ဖွံ့ဖြိုးရေးအတွက် ၆ နိုင်ငံ ၀န်ကြီးများနှင့် ADB အာရှ ဖွံ့ဖြိုးရေးဘဏ်၏ အာရှ ပစ္စဖိတ်နဲ့ အရှေ့တောင်အာရှဒေသဆိုင်ရာ အကြီးအကဲဖြစ်သူ မစ္စတာ Stephen Groff တို့ ဇွန်လ ၂၈ ရက်နေ့က တွေ့ဆုံဆွေးနွေးသည့် သတင်းကို ဖော်ပြထားသော ADB ၏ အင်တာနက် စာမျက်နှာတစိတ်တပိုင်းပုံ ဖြစ်ပါသည်။

Tuesday, November 27, 2012

ပြည်သူ့လွှတ်တော် ဥပဒေ အသစ်ပြဋ္ဌာန်း

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်ထောင်စု လွှတ်တော်သည် ဖွဲ့စည်းပုံအခြခံဥပဒေ ပုဒ်မ ၉၈ အရ ၂ဝ၁၂ ခုနှစ်၊ ပြည်သူ့ လွှတ်တော်ဆိုင်ရာ ဥပဒေကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြဋ္ဌာန်းလိုက်သည်။

ရန်ကုန် အလုံလမ်းနှင့် ကမ်းနားလမ်းဒေါင့် ယာဉ်တိုက်မှု ဖြစ်

ရန်ကုန် (မဇ္ဈိမ) ။       ။ နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၉ နာရီခန့်က ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ ကမ်းနားလမ်းနှင့် အလုံလမ်း မီးပွိုင့်လမ်းဆုံတွင် ကွန်တိန်နာ တင် ယာဉ်တစီး အလုံသစ်စက်ဝင်း လမ်းသွယ်မှ ကမ်းနားလမ်းသို့ ချိုးကွေ့စဉ် အဌားယာဉ်ငယ် တစီးနှင့် တိုက်မိခဲ့သည်။

မြန်မာကို Burma ဟု နောက်နောင် မခေါ်တော့ကြောင်း ကန် ကာကွယ်ရေးဝန်ကြီးဆို


usgensအမေရိကန် ကာကွယ်ရေးဝန်ကြီးက မြန်မာနိုင်ငံအား အင်္ဂလိပ်လို Burma ဟု နှုတ်ကျိုးနေ၍ ခေါ်ရခြင်းဖြစ်ပြီး နောက်နောင် မခေါ်တော့မည့်အကြောင်း ပြောဆိုလိုက်သည်။မြန်မာနိုင်ငံ၏ လက်ရှိ ပြုပြင်ပြောင်းလဲမှုများကို ကြိုဆိုထောက်ခံ လိုက်ပြီး အနာဂတ်တွင် မြန်မာနိုင်ငံနှင့် ပိုမိုရင်းနှီးစွာ ဆက်ဆံသွား မည်ဟုလည်း ကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ က ဆိုသည်။    

မိုးထိမိုးမိ ရွှေလုပ်သားများ တပ်ပြန်ခေါက်ခဲ့ရ

စံခလပူရီ (မဇ္ဈိမ) ။        ။ နေပြည်တော် ရောက်ရန် မိုင် ၃၀ ခန့်အလို ရေနီမြို့တွင် လေးရက်ကြာ ပိတ်မိနေသည့် လမ်းလျှောက်ချီတက် ဆန္ဒပြသည့် ရွှေလုပ်သားများ မန္တလေးတိုင်း ရမည်းသင်းမြို့သို့ အင်္ဂါနေ့တွင် တပ်ခေါက်
ပြန်သွားရပြီ ဖြစ်ကြောင်း ရွှေလုပ်သား ကိုယ်စားလှယ်များက ပြောသည်။

ရေနီမြို့အနီးတွင် လုံခြုံရေး အင်အား ၅၀၀ ကျော် ချထားသည့်အတွက် ရှေ့မတိုးသာဘဲ ပိတ်မိနေသည့် ရွှေလုပ်သား ၇၀ ကျော်အတွက် စားသောက် နေထိုင်ရေးအတွက် အခက်အခဲများ ကြုံတွေရခြင်း၊ ရေနီမြို့ခံများကလည်း မြို့မှ ထွက်ခွာပေးရန် မေတ္တာရပ်ခံနေခြင်းကြောင့် နောက်ဆုံးတွင် အစိုးရဘက်မှ တာဝန်ရှိသူများ၏ ညှိနှိုင်းမှုကို လက်ခံလိုက်ရခြင်း ဖြစ်သည်။

ရန်ကုန်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်ခေါ်၍ ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းထား

နယူးဒေလီ (မဇ္ဈိမ) ။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအချို့အား ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံနေရကြောင်း ဗကသ ကျောင်းသား ကိုသီဟဝင်းတင် က ပြောသည်။

Blacklist ကိစ္စ ဆက်သွယ်ရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ထုတ်ဖော် ပြောကြားချက်


(၁)၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့ ရဲ့ သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) မှာ "ပြည်ထောင်စုအစိုးရအနေနှင့် “နိုင်ငံရေးအရ နာမည်ပျက်စာရင်း ဟုခေါ်ဆိုသော ပုဂ္ဂိုလ်များစာရင်းကိုလည်း ပယ်ဖျက်ပေးထားပြီးဖြစ်သည့်အပြင် ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဖြေကြားပေးနိုင်ရန်လည်း သမ္မတရုံးတွင် ဆက်သွယ်ရေး တာဝန်ခံတစ်ဦးကို ခန့်ထားပြီး ဖြစ်ပါသည်။" ဆိုပြီး ဖော်ပြ ပါရှိပါတယ်။

ပုရစ်နှင့်ခူယားကြောင့် ငါးသိုင်းချောင်းမတ်ပဲခင်းဧကထောင်ကျော်ပျက်စီး


ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့အနီးရှိ ကျေးရွာများမှတောင်သူများ၏ မတ်ပဲခင်းများ ပိုးများဖျက်ဆီးခြင်းကြောင့် ဧက(၁)ထောင်ကျော် ပျက်စီးဆုံးရှုံးကာ စိုက်စရိတ် ခွဲဆပ်နိုင်ရန်ကြိုးပမ်း လျက် ရှိသည်ဟု ပဲစိုက်တောင်သူများထံက သိရှိရသည်။

တက်ရိပ်ပြနေသည့် ပုသိမ် အိမ်ခြံမြေဈေးကွက်


ဧရာဝတီတိုင်းဒေသကြီး မြို့တော် ပုသိမ်မြို့ပေါ်ရှိ လမ်းများမှာ ယခင်ထက်ပိုမို ကောင်းမွန်လာခြင်းနှင့်အတူ အိမ်၊ခြံ၊မြေ အ၀ယ်များ လာပြီး ဈေးနှုန်းထပ်မံမြင့်တက်လာနိုင်ဖွယ်ရှိသည် ဟု ပုသိမ်အိမ်ခြံမြေရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရှိရသည်။


ကမ္ဘောဒီးယား ACLEDA ဘဏ် ပြည်တွင်း ၌ ငွေချး လုပ်ငန်း လာရောက် လုပ်မည်

ကမ္ဘောဒီးယား ACLEDA ဘဏ် ပြည်တွင်း ၌ ငွေချး လုပ်ငန်း လာရောက် လုပ်မည်
ကမ္ဘောဒီးယား နိုင်ငံမှ ACLEDA ဘဏ်သည် အသေးစား ငွေစု ငွေချေး လုပ်ငန်း လုပ်ကိုင်ရန် လာမည့်နှစ်တွင် မြန်မာ၌ ရုံးခွဲများ လာရောက် ဖွင့်လှစ်မည်ဟု သိရသည်။

ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်


ရန်ကုန် တက္ကသိုလ် လှိုင်နယ်မြေ အတွင်းရှိ ဇွဲကပင်ဆောင် စာစစ် ဌာန၌ ယနေ့ နံနက် အစောပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
 ဇွဲကပင်ဆောင် စာစစ်ဌာနတွင် မီးလောင်

တစ်ပတ်အတွင်း တောင်းရမ်းစားသောက် သူ ၂၀ဝ ဝန်းကျင်ကို ဖယ်ရှားနိုင် ခဲ့ပြီဟု သိရ


တစ်ပတ် အတွင်း တောင်းရမ်း စားသောက်သူ ၂၀ဝ ဝန်းကျင်ကို ဖယ်ရှားနိုင် ခဲ့ပြီဟု သိရရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ရပ်ကွက် တွေမှာ တောင်း ရမ်း စားသောက်နေသူတွေ

နိုင်ငံခြားသား ဧည့်သည်များ အဝင် အထွက်ရှိတဲ့ သမိုင်းဝင် အဆောက်အအုံ ဝန်းကျင်တွေမှာ ပုံစံမျိုးစုံနဲ့ တောင်း ရမ်းစားသောက်နေသူတွေကို မြို့ တော်လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်း ရေးဌာန စည်ပင်သာယာရဲတပ်ဖွဲ့မှ ဖယ်ရှားရှင်းလင်းခဲ့ရာ တစ်ပတ်အ တွင်း တောင်းရမ်းစားသောက်သူ ပေါင်း ၂၀ဝ ဝန်းကျင်ခန့်ကို ဖယ်ရှား ရှင်းလင်းနိုင်ခဲ့ တယ်လို့ မြို့တော် စည် ပင်သတင်းများ အရ သိရှိရပါတယ်။

မုံရွာမြို့တွင်း သံဃာတော် အပါး ၃၀၀ ဆန္ဒထုတ်ဖော် လှည့်လည်


မုံရွာမြို့၊ဇောတိက ရာမကျောင်းတိုက်မှ သံဃာတော် အပါး ၂၀၀ ကျော်သည် လက်ပန်းတောင်းတောင်ကြေးနီ စီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒဖော် ထုတ်ရန် အတွက် နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲ ၂ နာရီခွဲအချိန်မှစတင်ကာ မုံရွာမြို့ကျောက္ကာလမ်းမကြီး အတိုင်း ချင်းတွင်းမြစ်ဆိပ်ကမ်း နန်ချွန် ဇက်ကူးတို့ဆိပ်သို့ခြေလျင်ကြွရောက်ခဲ့ကြောင်းသိရှိရသည်။

၂၀၁၃ ခုနှစ် ကုန်ပိုင်းတွင် လုံခြုံရေး တာဝန်ကို အာဖဂန် တပ်ဖွဲ့များ လွှဲပြောင်း ရယူမည်


အာဖဂန် အစိုးရတပ်ဖွဲ့ သည် နေတိုး ဦးဆောင်သည့် ညွန့် ပေါင်း တပ်ဖွဲ့များ ထံမှ
လုံခြုံရေး တာဝန် ကို သတ်မှတ် ကာလထက် တစ်နှစ် စောပြီး ၂၀၁၃ခုနှစ်ကုန်ပိုင်းတွင် အ ပြည့်အဝလွှဲပြောင်းယူတော့မည် ဖြစ် ကြောင်း အာဖဂန်ကာကွယ်ရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက အင်္ဂါ နေ့တွင် ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ်ကုန်ပိုင်းတွင် လုံခြုံရေး တာဝန်ကို အာဖဂန် တပ်ဖွဲ့များ လွှဲပြောင်း ရယူမည်


လက်ပန်းတောင်းတောင် စီမံကိန်း ခွင့်ပြု ခဲ့မှု မှားယွင်းဟု ရင်းနှီးမြှုပ်နှံမှု ဥက္ကဋ္ဌ ဝန်ခံ


ရဟန်းရှင်လူ ကျောင်းသား ပြည်သူများ၏ ဆန့်ကျင် ကန့်ကွက်ခြင်း ခံနေရသော လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းကို ခွင့်ပြုခဲ့ခြင်းသည် မှားယွင်းကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက နိုဝင်ဘာနောက်ဆုံးပတ်က ဝန်ခံ ပြောကြားသည်။ နိုဝင်ဘာ ၂၄နှင့် ၂၅ ရက်နေ့က နေပြည်တော်တွင်ပြုလုပ်သော မြေယာ ပိုင်ဆိုင် လုပ်ကိုင်ခွင့် အသုံးပြုခွင့် ဆိုင်ရာ အမျိုးသား အဆင့် ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ ရင်းနှီး မြုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌက အထက်ပါ အတိုင်း ဝန်ခံ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းရောက်မြန်မာများကို တရားမဝင် ခိုင်းစေလျှင် ထုတ်ကုန်ဈေးကွက် အထိ ကန့်ကွက်မည်


တရားမဝင် မြန်မာ အလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင် လျက်ရှိသော ထိုင်းနိုင်ငံတွင်
မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေ ပါက ထုတ်ကုန်ဈေးကွက် အထရားမဝင် မြန်မာအလုပ်သမား သန်းဂဏန်း အလုပ် လုပ်ကိုင်လျက် ရှိသော ထိုင်းနိုင်ငံတွင် မြန်မာ အလုပ်သမား များကို တရားဝင် အလုပ်သမား အဖြစ် မှတ်ပုံတင်ကာ မခိုင်းစေပါက ထုတ်ကုန်ဈေးကွက်အထိ  လိုက်ကန့်ကွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောကြားသည်။

 GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

Huawei C8950D ဟန်းဆက် ဈေးကွက်အတွင်း ရောက်ရှိ

Huawei C8950D ဟန်းဆက် ဈေးကွက်အတွင်း ရောက်ရှိ
မြန်မာနိုင်ငံတွင် လူသုံးများ၍ ဈေးနှုန်း သင့်တော်သော Huawei အမှတ် တံဆိပ်မှ C8950D model ဟန်းဆက် အသစ် တစ်မျိုး ဈေးကွက် အတွင်းသို့ ရောက်ရှိ လာကြောင်း သိရသည်။

လက်ပန်းတောင်းအရေး ဆန္ဒပြသူ ၆ ဦးကို ဖမ်းဆီးတရားစွဲ


2012-11-27
နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့လယ်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပစ်ရေးအတွက် တောင်းဆို ဆန္ဒပြသူတွေထဲက ဦးဆောင်သူ ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ တရားရုံးတင် စစ်ဆေးပြီး အင်းစိန်အကျဉ်းထောင်ကို ဒီကနေ့ ပို့လိုက်ပါတယ်။

ကြေးနီတောင်စီမံကိန်း ဖျက်သိမ်းပေးရေး သပိတ်ကော်မတီ ဖွဲ့စည်း


2012-11-27
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက် ပန်းတောင်း တောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အရှိန်အဟုန်မြင့်တဲ့ အနေနဲ့ ဒီကနေ့မှာ မုံရွာက သံဃာတော်တွေအပါအဝင် ဒေသခံလူထု (၅၀၀)ကျော်ဟာ လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်း လုံးဝဖျက်သိမ်းရေး အထွေထွေသပိတ်ကော်မတီကို ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးကို အာဆီယံ အတွင်းရေးမှူးချုပ် ဂုဏ်ယူ


2012-11-26
အာဆီယံ အထွေထွေ အတွင်းရေးမှူး ချုပ် သက်တမ်းအတွင်း ဂုဏ်အယူဆုံးကိစ္စ ဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ခဲ့တဲ့ အာဆီယံရဲ့ အခန်းကဏ္ဍပဲဖြစ်ကြောင်း မကြာမီမှာ ရာထူးက အနားယူတော့မယ့် ဒေါက်တာ ဆူရင် ပစ်ဆူဝမ် က ပြောလိုက်ပါတယ်။

Photo courtesy of ASEAN web site
အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်

ICG အဖွဲ့က သမ္မတဦးသိန်းစိန်ကို ငြိမ်းချမ်းရေးဆု ချီးမြှင့်


2012-11-26
International Crisis Group (ICG) ခေါ် နိုင်ငံတ ကာ ပဋိပက္ခလေ့လာရေးအဖွဲ့က သမ္မတ ဦးသိန်းစိန် ကို ၂၀၁၃ ခုနှစ် အတွက် ငြိမ်းချမ်းရေးဆု ချီးမြှင့်လိုက်ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဆီယမ်ရိ(ပ်)တွင်ကျင်းပသည့် အမေရိကန်-အာဆီယံ စီးပွားရေး ဖိုရမ်တွင် သမ္မတ ဦးသိန်းစိန် မိန့်ခွန်း ပြောကြားနေစဉ်။

ဒိန်းမတ် ကုန်သွယ်ဝန်ကြီး မြန်မာပြည် လာမည်

မဇ္ဈိမ သတင်းဌာန ။         ။ ဒိန်းမတ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး သည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာမည်ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို နံပတ် ၁ အတွေးအခေါ်ရှင် အဖြစ် ရွေးချယ်



2012-11-27
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် နိုင်ငံခြား ရေးရာ မူဝါဒဆိုင်ရာ Foreign Policy မဂ္ဂဇင်းကြီးက ၂၀၁၂ ခုနှစ်ရဲ့ ကမ္ဘာ့ အတွေးအခေါ်ရှင် ၁၀၀ စာရင်းမှာ နံပတ် ၁ ထိပ်ဆုံးနေရာအတွက် မြန်မာနိုင်ငံက သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ကို ရွေးချယ် ဖော်ပြလိုက်ပါတယ်။

ပထမဆုံးအကြိမ် တင်ချင်းဆက်အမွှာ ခွဲစိတ်မှုအောင်မြင်


မန္တလေးမြို့ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယောက်ျားလေး တင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုအား ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။ 

"မန္တလေးမှာလွန်ခဲ့တဲ့(၁၀)နှစ်က တင်ပဆုံအရိုးကွင်းဆက် ခွဲခဲ့တာရှိတယ်၊ မိုးမမအောင်နဲ့ မိုးပပအောင်တို့လေ။  ခုဟာက ယောက်ျားလေး တင်ချင်းဆက်ကတော့ မြန်မာပြည်မှာ ဒါပထမဆုံး ပါပဲ"  ဟု ဆေးရုံအုပ် ပါမောက္ခ   ဒေါက်တာဦးအောင်မြက ပြောသည်။

 မြန်မာနိုင်ငံ၌ အမွှာချင်းဆက် ခွဲစိတ်ကုသမှု(၇)ကြိမ်ပြုလုပ်ပြီးသော်လည်း၊ ယခုကဲ့သို့ တင်ချင်းဆက် အမွှာခွဲစိတ်ကုသမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။

မြန်မာပြည်တွင် JCB Credit ကတ် သုံးနိုင်တော့မည်


ဂျပန်နိုင်ငံမှ JCB Credit ကတ်များ မြန်မာနိုင်ငံတွင် သုံးစွဲနိုင်ရန်အတွက် ပုဂ္ဂလိက ဘဏ်များတစ်ခုနှင့်တစ်ခု ချိတ်ဆက်ရန် စီစဉ်ဆောင်ရွက် နေပြီဖြစ်ကြောင်း သိရသည်။


 Myanmar Payment Union နှင့် ဂျပန်နိုင်ငံမှ JCB International ကုမ္ပဏီ တို့အကြား ထိုကဲ့သို့ ဂျပန် နိုင်ငံမှ Credit ကတ်များ မြန်မာနိုင်ငံတွင် သုံးစွဲနိုင်ရန်   ရန်ကုန်မြို့ရှိ ဘဏ်များအသင်းတွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် (၁၇) ခုနှင့် JCB ကတ်များ အသုံးပြုခွင့်ရရန်အတွက်လည်းဖြစ်ကြောင်း သိရသည်။

ရွက်လွင့်ဘင်္ဂလီ(၄၆)ဦးအား ပင်လယ်သို့ ပြန်လည်ထွက်ခွာခွင့်ပြု


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှားနိုင်ငံသို့ ထွက်ခွါလာသည့် ဘင်္ဂလီ (၄၆)ဦး ပါ စက်လှေတစ်စီးအား နိုဝင်ဘာလ(၂၅)ရက်နေ့ က ကျောက်ဖြူမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အဆိုပါ စက်လှေတွင် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီ (၂၅)ဦး၊ မောင်တောမြို့နယ်မှ (၁၀)ဦးနှင့် ရသေ့တောင်မြို့နယ်မှ (၂)ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၉)ဦး၊ စုစုပေါင်း(၄၆)ဦး တို့ကို ခမရ(၅၄၃) တပ်ရင်းမှ ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

တန်ဆောင်တိုင်(၆)ရက်မြောက်နေ့၌ လူအများစုပါဝင်သည့် ခိုက်ရန်ဖြစ်ပွားမှုဖြစ်


 တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် (၆)ရက်မြောက်နေ့၌ မီးပုံးပျံပျက်ကျမီးလောင်မှုကြောင့် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရှိရသည်။


နိုဝင်ဘာ(၂၅)ရက်နေ့ည မီးပုံးပျံပြိုင်ပွဲတွင် ဖိုးလမင်းညမီးကျည်း မီးပုံးပျံလွှတ်တင်ခဲ့ရာ၌ ရာသီဥတု အခြေအနေကြောင့် အထက်သို့ ပျံမတက်နိုင်ပဲ ဆောင်းခမီးပုံးပျံလွှတ်တင်ရန် ယမ်းခွေချိန်သည့် စင်ပေါ်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။

သမ္မတ ဦးသိန်းစိန်ကို ICG ဆုပေးမည်

နယူးဒေလီ (မဇ္ဈိမ) ။       ။ နိုင်ငံတကာ ပဋိပက္ခအဖွဲ့ကြီး ICG က မြန်မာသမ္မတ ဦးသိန်းစိန်အား ၂ဝ၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva နှင့်အတူ ချီးမြှင့်မည်ဖြစ်သည်။

လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ

နယူးဒေလီ (မဇ္ဈိမ) ။       ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့တွင် ဆန္ဒပြရန်ရွှေးချယ်ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍ ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။

ဝန်ကြီး ကတိမတည်ဟု ဆိုကာ တိုင်းရင်းကျောင်းသားများ ဆက်လက်ဆန္ဒပြ

ချင်းမိုင်(မဇ္စျိမ)။   ။ စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်မှ ဆန္ဒပြ
ကျောင်းသားများအား အတင်းအကြပ် ပြန်မခေါ်ရန် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်ချုပ် သိန်းဌေး က ကတိပေးထားသော် လည်း မတည်ဟု ဆိုကာ တနင်္လာနေ့တွင် ဆန္ဒပြပွဲများ ပြန်လည်စတင်နေသည်ကြောင်း ကျောင်းသားများက ဆိုသည်။

၎င်းတို့၏ မူလ ကျောင်းဟောင်းဖြစ်သည့် မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်ကျောင်းတွင် ပြန်လည်ရောက်ရှိနေကြသော ဆန္ဒပြ ကျောင်းသားများအား မိဘများမှတဆင့် ပြန်ခေါ်ရန် ဝန်ကြီးက တနင်္ဂနွေနေ့တွင် အမိန့်ထုတ်ထားသည်ဟု ကြားသိရကြောင်း ကျောင်းသား ကိုသိန်းကိုကိုအောင် က ပြောသည်။ 

တရုတ်သံရုံးနှင့် ဦးပိုင်ရှေ့ဆန္ဒပြမည့်သူများ ခေါ်ယူမေးမြန်းခံရ

နယူးဒေလီ (မဇ္ဈိမ) ။       ။ တရုတ်သံရုံးနှင့် ဦးပိုင်လီမိတက်ရုံးရှေ့ လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြမည့်ကိစ္စနှင့် ပါတ်သက်၍ ဗကသ (ဗဟို လုပ်ငန်းကော်မတီ) သတင်းနှင့် ပြန်ကြားရေးရာ ကော်မတီတာဝန်ခံ ကိုသီဟဝင်းတင် အား တနင်္လာနေ့ နံနက်တွင် နယ်မြေခံ SB က လာရောက် ခေါ်ယူမေးမြန်းပြီးနောက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် ပြန်လွှတ်လိုက်ကြောင်း သိရသည်။

 မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၀ဲကလိ၊ ပင၊ ၀ဲဘိုးတောင်ရွာတို့ရှိ ချောင်းနှင့် ရော်ဘာခြံအတွင်းသို့ အာကာသယာဉ်ပို့ဆောင်သည့် ဒုံး၏ လောင်စာရည် (ဟီလီယန်တင့်) ဟုယူဆရသည့် ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအချို့ ကောင်းကင်မှ ကျရောက်ခဲ့



ha-26-11-7
ပငကျေးရွာ ရော်ဘာခြံမှတွေ့ရသော သတ္တုဟုယူဆရသည့် အစိတ်အပိုင်း


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၀ဲကလိ၊ ပင၊ ၀ဲဘိုးတောင်ရွာတို့ရှိ ကန်ချုံချောင်းနှင့် ရော်ဘာခြံအတွင်းသို့ အာကာသယာဉ်ပို့ဆောင်သည့် ဒုံး၏ လောင်စာရည် (ဟီလီယန်တင့်) ဟုယူဆရသည့် ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအချို့ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက်(၆)နာရီခန့်တွင် မိုးချိန်းသံကဲ့သို့ ဆက်တိုက်အသံမြည်ပြီး အရောင်တောက်ပစွာဖြင့် ကောင်းကင်မှ ကျရောက်ခဲ့ကြောင်း၊ ထိခိုက်မှုတစ်စုံတစ်ရာ မရှိကြောင်း သိရှိရပါသည်။

 ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားနှင့်ကား တိုက်မှု ဖြစ်ပွား


ha-26-11-6

ညောင်ဦးမြို့ တုရွင်းတောင်အနီး မီးရထားမိုင်တိုင်အမှတ် ၃၉၁/၁၃- ၁၄ ကြား နှင့် ညောင်ဦး-ကျောက်ပန်းတောင်းသွား ကားလမ်းတို့ဆုံရာ နေရာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့၊ ည ၇ နာရီအချိန်ခန့်က နေပြည်တော်-ပုဂံ ၁၀၇ အဆန်မီးရထားနှင့် လိုက်ထရပ်ကား အဖြူရောင်တစ်စီး တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

 ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံ ကျေးရွာအနီးတွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှုဖြစ်ပွား

ရန်ကုန်တိုင်း ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ သံပုရာခုံ ကျေးရွာအနီး မိုင်တိုင် ၃/၀ မိုင်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပေါက်မှု နိုဝင်ဘာလ၂၆ ရက်နေ့၊ နံနက် ၆ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ နိုဝင်ဘာလ၂၅ရက်နေ့တွင် အမျိုးသမီး ၃၀၀ခန့် ပါဝင်သည့် စီတန်းလှည့်လည်မှု ရန်ကုန်မြို့တွင် ပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ဖြစ်သည့် နိုဝင်ဘာလ ၂၅ရက်နေ့ နံနက်ပိုင်းက အမျိုးသမီး ၃၀၀ခန့် ပါဝင်သော စီတန်းလှည့်လည်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းမှ ဦးဆောင်၍  အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အရပ်ဘက်အဖွဲ့အစည်း ၂၀ကျော်၊ လူအင်အား ၃၀၀ခန့်တို့ဖြင့် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းမှ ကန်တော်ကြီးပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်ကြီးရှေ့အထိ စီတန်းလှည့်လည်သည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ပြီး ကန်တော်ခြံပန်းခြံထဲတွင် အဆိုပါလှုပ်ရှားသူများက အမျိုးသမီးအခွင့်အရေးဆိုင်ရာ အထိမ်းအမှတ်ပွဲတစ်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက် ဂိတ်များ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ကြောင်း သိရ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လူဝင်လူထွက် ဂိတ်များကို နိုဝင်ဘာလ ၂၄ ရက်နေ့က စတင်ပြီး ပြန်လည်ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းနှင့် တစ်ရက်ထက်တစ်ရက် ကူးသန်းသွားလာသူ များပြားနေပြီ ဖြစ်ကြောင်းလည်း သတင်းရရှိသည်။
''နယ်စပ်ဖြတ်ကျော် သွားလာခွင့်တွေကို နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စတင်ဖွင့်လှစ်ပါပြီ။ နေ့ချင်းပြန်ရော၊ ၇ ရက် ဗီဇာသမားတွေရော အားလုံးကို ပြန်လည်သွားလာခွင့် ပြုလိုက်တာ ဖြစ်ပါတယ်'' ဟု မောင်တောနယ်စပ် ကုန်သည်များအသင်း ဥက္ကဌက ပြောသည်။

 GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်

GSM ဖုန်းများတွင် အင်တာနက်စနစ်ကို 3G စနစ်သို့ တိုးမြှင့်ကာ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ငွေကျပ် ၁ သိန်းခွဲဖြင့် ရောင်းချမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် GSM ဖုန်းများတွင် အသုံးပြုနေသည့် အင်တာနက်စနစ်မှာ 2G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြုရာတွင် နှေးကွေးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုင်းနဲ့ပွဲမှာ အသေအကြေ ကန်မယ် ဆိုတဲ့ ကြည်လင်း


ထိုင်းနဲ့ပွဲမှာ အသေအကြေ ကန်မယ် ဆိုတဲ့ ကြည်လင်း"ထိုင်းကို အနိုင်ရဖို့ပဲ မျော်လင့်ထားတယ် မနိုင်နိုင်အောင် ကန် သွား မယ်'' လို့ နိုဝင်ဘာ ၂၅ရက်နေ့က ဗန်ကောက်မြို့ BANGKOK STADIUM ကွင်းမှာ လေ့ကျင်းရေး ကွင်းဆင်းနေတဲ့ မြန်မာလက်ရွေးစင် ဘောလုံးသမား ကြည်လင်း က ပြောကြား ခဲ့သည်။ မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် SUZUKI CUP 2012 ဘောလုံးပြိုင်ပွဲ အုပ်စုပွဲများကို ၀င်ရောက် ယှဉ်ပြိုင် လျက်ရှိရာ နိုဝင်ဘာ၂၄ရက်က ဗီယက်နမ်အသင်းနှင့်ကစားခဲ့ကြပြီး တစ်ဘက် တစ်ဂိုးစီနှင့် သရေကြခဲ့သည်။

ရန်ကုန် အရှေ့ပိုင်း မြို့နယ်များကို သောက် သုံးရေ ၄၅ သန်း တိုးမြှင့်ဖြန့်ဝေ ပေးမည်


မကြာခဏ သောက်သုံးရေ ပြတ်လတ်မှုများ ကြုံတွေ့ နေရသော ရန်ကုန် အရှေ့ပိုင်း ခရိုင် မြို့နယ် များသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက်နေ့ (ပြည်ထောင်စုနေ့) တွင် တစ်နေ့ ရေဂါလံ ၄၅သန်းကို တိုးမြှင့်၍ ဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြိုတော် စည်ပင် သာယာရေး ကော်မတီ ၊ (YCDC) အင်ဂျင်နီယာ ဌာန (ရေနှင့် သန့်ရှင်းမှု) ဌာန စီမံကိန်း တာဝန်ခံ စည်ပင် အရာရှိ တစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အမြန် လမ်းမကြီးပေါ် ရဲစခန်း အသစ် နှစ်ခု ထပ်မံ ဖွင့်မည်


ရန်ကုန်-နေပြည်တော်- မန္တလေး အမြန် လမ်းမကြီး ပေါ်တွင် လုံခြုံရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းဆောင်ရွက်ရန် အတွက်ရဲစခန်းအသစ်နှစ်ခုထပ်မံဖွင့်လှစ်ရန်စီစဉ်နေကြောင်းအမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီးက ပြောသည်။

ကုန်တင်ယာဉ် တန်ချိန် သတ်မှတ် ချက်နှင့် ကောက်ခံနှုန်းထားများ အသစ်ပြင်ဆင်မည်

ကုန်တင်ယာဉ် တန်ချိန် သတ်မှတ် ချက်နှင့် ကောက်ခံနှုန်းထားများ အသစ်ပြင်ဆင်မည်
၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့မှစကာ ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ ကုန်တင်ယာဉ် တန်ချိန် သတ်မှတ်ချက်နှင့် ကောက်ခံ နှုန်းထားများ အသစ်ပြင်ဆင် သတ်မှတ်မည် ဟု သိရသည်။

မြောက်ကိုရီးယားနှင့် ဆက်ဆံရေး လျော့ ကျအောင် မြန်မာကြိုးပမ်းလျက်ရှိဟု ဝါရှင်တန်ပြောကြား


မြန်မာနိုင်ငံသည် မြောက် ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး မာနိုင်ငံသည် မြောက်ကိုရီးယားနှင့် စစ်ရေး ဆက်ဆံမှု လျှော့ချနိုင်ရေး အတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြအတွက် အပေါင်း လက္ခဏာ ဆောင်သော လုပ်ဆောင်မှုများ လုပ်ကိုင် လာပြီမြန် AP ဖြစ်သည်ဟု အိမ်ဖြူတော်၏ သတင်း ထုတ်ပြန်မှု ကိုဖြစ်သည်ဟု အိမ်ဖြူတော်၏သတင်းထုတ်ပြန်မှုကို ဗဏဗဏ သတင်းဌာနက ကိုးကားသတင်းဌာနက ကိုးကား ဖော်ပြသည်ဖော်ပြသည်။

မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်


ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြန်မာ့ မီးရထားရုံး အဆောက်အအုံ ဟောင်းကို
ကိုလိုနီခေတ် မြန်မာ့မီးရထားရုံး အဆောက် အအုံကို ကြယ်ငါးပွင့်ဟိုတယ်အဖြစ် ပြောင်းမည်
မူလ လက်ရာ မပျက်စေဘဲ ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ် အဖြစ် ပြုပြင် တည်ဆောက် သွားမည်ဖြစ်ကြောင်း အဆိုပါ စီမံကိန်းကို လုပ်ဆောင်မည့် စင်ကာပူ အခြေစိုက် Yoma Strategic Holdings ကုမ္ပဏီမှ ပြန်ကြားရေး တာဝန်ခံ ဒေါ်ခင်သူသူက The Voice Weekly သို့ နိုဝင်ဘာလ ၂၀ ရက်နေ့က ပြောကြားသည်။

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား

ဈေး ပြန်အတက်တွင် ရွှေထည် ပြန်ရောင်းသူ များပြား
ရန်ကုန် ရွှေလက်လီ ဈေးကွက် တွင် ရွှေဈေး ကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆ ပြီး ရွှေကုန် ရွှေလက်လီ ဈေးကွက်တွင် ရွှေဈေးကျပ်နှစ်သောင်း နီးပါး မြင့်လာချိန်၌ ထုတ်ရောင်းလျှင် မြတ်မည်ဟု ယူဆပြီး ရွှေ ထည်များ ပြန်လည် ရောင်းချလိုသူ သိသိသာသာ များလျက် ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင် ဦးဇော်အောင်က ထည်များ ပြန်လည်ရောင်းချလိုသူ သိသိသာသာများလျက်ရှိကြောင်း တိတ်ချိန်ရွှေဆိုင်မှ လုပ်ငန်းရှင်ဦးဇော်အောင်က The Voice Weekly သို့ ပြောကြားသည်။ 

Monday, November 26, 2012

ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည်ရွှေ့ပြောင်းခြင်း မပြုသေးကြောင်း သိရှိရ

ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ် မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ခြင်း မပြုသေးကြောင်း တောင်းဆိုမှုတွင် ပါဝင်သော တိုင်းရင်းသား ကျောင်းသားတစ်ဦးက ဆက်သွယ်ပြောကြားခဲ့သည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ  စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးဇွန်မြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ ပြောင်းရွှေ့ခံရသည့် တိုင်းရင်းလူငယ်ကျောင်းသား ၅၀၀ ခန့်သည်  နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ခြေကျင်ခရီးနှင်၍  မူလကျောင်းရှိရာ မန္တလေးမြို့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်သို့  ပြန်လည်ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား မြန်မာကို လက်နက်ပို့တာ ဖမ်းမိခဲ့

မြောက်ကိုရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံဆီကို ဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သော်၎င်း၊ ယူရေနီယံ သန့်စင် ရာမှာ သော်၎င်း သုံးစွဲလို့ ရနိုင်တဲ့ ပစ္စည်းတွေကို တရုတ်ကနေ တဆင့် တင်ပို့ခဲ့တယ်လို့ ဂျပန်က အဆာဟိ ရှင်ဘွန်း သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။

ရွှေဧည့်သည်(၂)ဂိတ်ရှေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်

ရန်ကုန်၊နိုဝင်ဘာလ ၂၅။

ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကြီးရှိ ရွှေဧည့်သည်(၂) ဂိတ်ရှေ့၌
ခရီး သည်တင် ၅၂ ယာဉ်လိုင်းနှင့် ယာဉ်ငယ် တစ်စီး မျက်နှာချင်း ဆိုင်တိုက် မိရာတွင်
ခရီးသည် တင် ယာဉ်တိမ်းမှောက် သွားကြောင်း သိရသည်။

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရိစံဟိုတယ်တွင် အမျိုးသမီးတစ်ဦး အလောင်း တစ်လောင်းအား ယနေ့ နေ့လည်ပိုင်းတွင် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက်ခံရသည်ဟုယူဆရပြီး သီရိစံ ဟိုတယ်အား ရဲဝန်ထမ်းများကစစ်ဆေး



 နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့


နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ဖားကန့်မြို့နယ် ဟောင်ပါးဒေသမှ ချင်းတွင်းမြစ်ရိုးအတိုင်း သယ်ယူလာပြီး မန္တလေးမြို့သို့ သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိမှုတွင် ပစ္စည်းနှင့် အတူရှိနေသော ကိုယ်စားလှယ် ကိုမင်းနိုင်(၂၉ နှစ်) တောင်ပေါက်ရွာ မင်းကင်းမြို့နယ်အား တာဝန်ရှိသူများက မေးမြန်းစစ်ဆေးရာတွင် ပစ္စည်းပိုင်ရှင်မှာ အောင်နိုင်ဝင်း (တောင်ဘက်ကျေးရွာ၊ မင်းကင်းမြို့ နယ်) ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ဖားကန့်မြို့နယ် ဟောင်ပါးမှ ငွေဇင်ထွန်းစက်လှေဖြင့် သယ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စစ်လက်ကျန် ဗုံးများ ရန်ကုန်တွင် ရှိနေဆဲ

ရန်ကုန် (မဇ္ဈိမ) ။      ။ လူဦးရေ သန်း ၆ဝ ကျော် ရှိနေသည့် ရန်ကုန်မြို့တွင် စစ်လက်ကျန် ဗုံးများ ရှိနေဆဲ
ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များနှင့် အသက် ၆ဝ အထက် ရန်ကုန် ဒေသခံများက ဆိုသည်။

“ဒုတိယ ကမ္ဘာစစ်အပြီး စစ်လက်ကျန် ဗုံးတွေကို ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ရှိနေပါတယ်။ မကြာသေးခင်က စမ်းချောင်းမြို့နယ်အတွင်းမှာ ကလေးတယောက် မြေကြီးတူးရင်း စစ်ကျန်ဗုံးတလုံး တွေ့တဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်” ဟု ရန်ကုန် တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ကျောင်းဆရာတဦးက ပြောသည်။

အလုပ်သမား ဒုဝန်ကြီး ထိုင်းရောက် မြန်မာ အလုပ်သမား အဖွဲ့တွေနဲ့ ဆွေးနွေး



2012-11-25
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့ သံရုံးတာဝန်ရှိသူများဟာ ဒီကနေ့နေ့လည်က မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကေအိုင်အို ဗဟိုအစည်းအဝေး မပြီးသေးတဲ့အတွက် အစိုးရနဲ့ မတွေ့ဆုံနိုင်



2012-11-25
အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြီးခဲ့တဲ့လ အောက်တိုဘာ ၃ဝ ရက် တုန်းက တရုတ်နိုင်ငံ ရွှေလီမြို့တွေ့ ဆုံပွဲမှာ သဘောတူခဲ့ရာမှာ ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အရေးကြီးအစည်းအဝေး မပြီးပြတ်နိုင်သေးတာကြောင့်မို့  အခုလောလောဆယ် အခြေအနေမှာ အကြောင်းမပြန်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး လူထုလမ်းလျှောက်ပွဲ ကျင်းပ



2012-11-25
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုလမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မှာ ဒီမနက်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ နေရာတိုင်းမှာရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖြေရှင်းဆောင်ရွက်ပေးတာတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ပြုပြင်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီကနေ့လမ်းလျှောက်ပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက RFA ကို ပြောပါတယ်။

ကြေးနီစီမံကိန်း ဆန္ဒပြသူများကို ဒေါ်စု သွားရောက်တွေ့ဆုံမည်




လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေ တဲ့ ဒေသခံပြည်သူတွေကို ရှေ့ သီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံအားပေးမယ်လို့ သိရပါတယ်။

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ



2012-11-25
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။

Thursday, November 8, 2012

နိုဝင်ဘာ ၈ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၃

နိုဝင်ဘာ ၈ ရက်နေ့ထုတ် အင်တာနက်ဂျာနယ် အတွဲ ၁၃၊ အမှတ် ၄၃   ဖတ်ရန်

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ် အတွဲ(၈) အမှတ် (၄၃)ဖတ်၇န်

ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115

ယခုအပတ်ထုတ် The Hot News Weekly Journal Vol-3, No-115

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆

နိုဝင်ဘာလ (၈)ရက်နေ့ ထုတ် Venus News Weekly အတွဲ ၄ အမှတ် ၁၆

တောင်ကုတ်တွင် NLD ကျေးရွာ ရုံးများ ဆက်လက် ဖွင့်လှစ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ၏ ကျေးရွာ အုပ်စုရုံးများကို ဆက်လက် ဖွင့်လှစ်နေသည်ဟု သတင်းရရှိသည်။

ယမန်နေ့ နိုဝင်္ဘာလ ၆ ရက်နေ့က တောင်ကုတ်မြို့မှ ၄ မိုင်ခန့်အကွာတွင် ရှိသည့် မီးချောင်းထိုး ကျေးရွာတွင်လည်း ကျေးရွာရုံးကို ဖွင့်လှစ်ခဲ့သည်ဟု ဆိုသည်။

လုပ်အားခေါင်းပုံဖြတ်ခံရသည့် မြန်မာအလုပ်သမား ၂၀ ကျော်ကို ကယ်ထုတ်

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ပုစွန်စက်ရုံတခုမှာ နားရက်မရှိ၊ မနက် ၄ နာရီကနေ ည ၁၀ နာရီကျော်ထိ လုပ်အားခ ခေါင်းပုံဖြတ်ပြီး လှောင်ပိတ် ခိုင်းစေခံနေရတဲ့ မြန်မာအလုပ်သမား ၂၂ ဦးကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအဖွဲ့က   ဒီနေ့မနက် သွားရောက် ကယ်ထုတ် နိုင်ခဲ့ပါတယ်။