ဗိုလ်တထောင် ဆိပ်ကမ်း နယ်မြေကို ခရီး သွားလုပ်ငန်းများ ကြုံနေ ရသော အခက် အခဲများ ဖြေရှင်းရန်အတွက် ရေပေါ် ဟို တယ်ဇုန် အဖြစ် ဖော်ဆောင်မည် ဖြစ်ကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးဥာဏ်ထွန်းအောင်က ပြောကြား သည်။ ဟိုတယ်လိုအပ်ချက်ကို ဖြေရှင်းရန် အဆိုပါအစီအစဉ်မှာ ဟိုတယ်ဆောက် ခြင်းထက် ပို၍မြန်ဆန်နိုင်သည့်အတွက် အမြန်ဆုံး အကောင် အထည် ဖော်မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
Sunday, August 12, 2012
အရွယ် မရောက်သေး သူအား လိင်အလွဲ သုံးစားပြုရန် ကြံစည်သူကို အရေးယူ
မိခင်ဖြစ်သူ မြက်ရိတ် သွားခိုက် အိမ်တွင် ကျန်ရစ်ခဲ့သူ မိန်း ကလေးငယ် အား အိမ်နီးချင်းဖြစ်သူက လိင်အလွဲသုံးစားပြု ရန် ကြံစည်သဖြင့် မိခင်ဖြစ်သူက အမှုဖွင့် တိုင်ကြားခဲ့မှု ဇူလိုင် ၂၈ ရက်က နေပြည်တော် ပျဉ်းမနားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အင်္ကျီဆင်းဆယ်ရာမှ ရေနစ်သေဆုံး
လှည်းရေဆေးရာမှ သဲကျင်းရေအိုင် အတွင်းသို့ အင်္ကျီ ကျသွား သဖြင့် ဆယ်ယူရာ ရေနစ်သေဆုံးခဲ့ရသော ဖြစ်ရပ်တစ်ခု ဇူလိုင် ၂၉ရက်က နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကင်တားနားအကြံပြုချက် ပါတီတွေ လက်မခံ
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ဆူပူအကြမ်းဖက်မှု ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မြန် မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က လာရောက် စုံစမ်းစစ်ဆေးမှုတွေအပေါ် ပြည်တွင်း နိုင်ငံရေးပါတီတွေက သဘောမကျဘူးလို့ ပြောဆိုနေကြ ပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီးယားရဲ့ နိုင်ငံရေး လက်ထောက်နဲ့ ပြည်တွင်းနိုင်ငံရေးပါတီ ၂၄ ဖွဲ့တို့ မနေ့က တွေ့ဆုံချိန်မှာ အဲ့ဒီလို ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက တင်ပြပေးထားပါတယ်။
ပုသိမ်မြို့ ဂေါက်ကွင်းအနီး လမ်းမကြီးပေါ်တွင် ကျောင်းကြိုပို့ ကားတစ်စီး မတော်တဆမှုဖြစ်ပွား
![]() |
ဒဏ်ရာရသူ တဦးအား တွေ့ ရစဉ်၊ ဓါတ်ပုံ-ဧရာဒယ်လ်တာ သတင်းအုပ်စု (ပုသိမ်) |
၁၁.၈.၂၀၁၂ ညနေ (၄) နာရီဝန်းကျင်မှာ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့၊ ရကအ (၃) နယ်မြေရှိ ပုသိမ်-မုံရွာ-ရေဦးလမ်းကြီးပေါ်၊ ပုသိမ် ဂေါက်ကွင်းနံဘေး၊ ဧရာဝတီတိုင်း ဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေး အဖွဲ့ရုံးရှေ့မှာ ညနေ ကျောင်းဆင်းချိန် ကြိုပို့ကားတစ်စီး လမ်းလယ်ဓာတ်တိုင်ကို ၀င်တိုက်မိတဲ့ မတော်တဆမှု တစ်ခုဖြစ်ပွား ခဲ့ပါတယ်။
UN Agency များ နှင့် INGO များအပေါ် ဘူးသီးတောင်မြို့နယ် ပြည်သူများက သဘောထာကြေငြာချက် ထုတ်ပြန်
ဘူးသီးတောင်မြို့နယ် ပြည်သူများက ကုလသမဂ္ဂ (United Nations) နှင့် Agency များ နိုင်ငံတကာအစိုးရ မဟုတ်သော အဖွဲ့အစည်း (INGO) များအပေါ် ဇူလိုင်လ ၂၂ ရက်နေ့က သဘောထားကြေငြာချက်တစ်ခုကို ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
၁။ ရခိုင်ပြည်နယ်အတွင်း၂၀၁၂ခုနှစ်၊ဇွန်လ (၈)ရက်နေ့မှ စတင်၍ ဖြစ်ပေါ်လာခဲ့သော ဘင်္ဂလီတို့၏ အကြမ်းဖက်လှုပ်ရှားမှုများသည် ဘင်္ဂလီတို့၏နယ်ချဲ့ စစ်ပွဲသာဖြစ်သည်။
ဗလီတွင် ၀တ်ပြုပြီး ပြန်အထွက် မိုးကြိုးပစ်ခံရ၍ ၁၀ ဦးသေ၊ ၂၀ ဒဏ်ရာရ
မြန်မာ အိမ်နီချင်း ဘင်္ဂလာဒေခ်ျ့နိုင်ငံ၌ ဗလီဝတ်ပြုပြီး ပြန်အထွက်တွင် မိုးကြိုးပစ်ခံရ၍ လူ ၁၀ ဦးသေဆုံးကာ ၂၀ ဦး ဒဏ်ရာ ရရှိသွားကြောင်း ယနေ့ထုတ် The Daily Star သတင်းစာတွင် ဖေါ်ပြသည်။
မိုးကြိုးပစ်ခံရသူများသည် ယမန်နေ့ ည ၉ နာရီခွဲတွင် ဗလီဝတ်ပြု အပြီး အိမ်သို့ ပြန်ရန် ဗလီပြင်ပတွင် စုရုံးနေစဉ် မိုးကြိုးပစ်ခံရခြင်း ဖြစ်ကြောင်း သတင်းတွင် ဖေါ်ပြထားသည်။
သေဆုံးသွားသူများမှာ နိုင်ငံ မြောက်ပိုင်း စူနာဂန်ဂျီ ခရိုင် ဓမ္မပါချာ မြို့နယ် ညချာရာဝတ်တီပူရ် ကျေးရွာမှ ဖြစ်ကြသည်။
သေဆုံးသူများ၏ အလောင်းအား ယနေ့နံနက်က အနီးအနားရှိ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
(၄)နှစ်အရွယ်သမီးငယ်အား ယခုတိုင်မတွေ့ရှိသေးဟုအာဏာပိုင်များပြောကြား
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဆည်းဆာချိန်စားသောက်ဆိုင်မှ အသက်(၄)နှစ်သမီး ပျောက်ဆုံးမှုမှာ (၁ဝ)ရက်ကြာပြီဖြစ်သော်လည်း ယခုတိုင် မတွေ့ရှိသေး ကြောင်း သက်ဆိုင်ရာအရာရှိများက ပြောသည်။
ဆိုင်ပိုင်ရှင်၏သမီးဖြစ်သူ အသက်လေးနှစ်အရွယ်ရှိ မမေသူခိုင်သည် ဇူလိုင်လ ၃၁ ရက် နေ့ ည ၉ နာရီ အချိန်ခန့်က ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိပြည်သူတွေ အခက်အခဲ မေးမြန်း
2012-08-11
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ် ရဲဒီ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံကျေးရွာပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံပြီး၊ ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ်မီးနဲ့ အလုပ်အကိုင် ရရှိရေး စတဲ့ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။
အစ္စလာမ်မစ် ကာကွယ်ရေးတပ်ဦး ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်
2012-08-10
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိက္ခတွေအတွင်း ဘင်္ဂါလီ ရိုဟင်ဂျာတွေ အသတ်ခံရတဲ့အပေါ် အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီ ပြည်နယ် မခါဆာမြို့မှာ မနေ့က ဆန့်ကျင် ဆန္ဒပြကြရာက ဗုဒ္ဓဘာသာ ဘုရားကျောင်း ၂ ခုကို တိုက်ခိုက်ခဲ့ကြပါတယ်။
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ OIC အဖွဲ့ကိုဖိတ်ခေါ်
2012-08-10
ရခိုင်ပြည်နယ်ကို လာရောက်ကြည့်ရှုဖို့ ကမ္ဘာ့အကြီးဆုံး မူဆလင်အဖွဲ့ဖြစ်တဲ့ OIC အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကို မြန်မာနိုင်ငံက ဖိတ်ခေါ်ထားပါတယ်။
Photo: President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားကို HRW ကပြောကြား
2012-08-10
အကြမ်းဖက်မှုတွေ ပြီးဆုံးသွားပေမဲ့ ရခိုင်ပြည်နယ် အခြေအနေဟာ ပိုကောင်းမလာဘဲ တင်းမာမှု မြင့်မားနေပြီး အချိန်မရွေး အကြမ်းဖက်မှု ပေါ်ပေါက်လာနိုင်လို့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ အင်ဒိုနီးရှားကို ရောက်လာဖွယ်ရာရှိကြောင်း၊ အင်ဒိုနီးရှား အနေနဲ့လည်း ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံပေးဖို့ တာဝန်ရှိကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ ဒုတိယ ညွှန်ကြားရေးမှူး Phil Robertson က မနေ့က ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၂၀ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ HRW အာရှရေးရာ ဒုတိယအကြီးအကဲ မစ္စတာ Phil Robertson ရှင်းလင်းပြောကြားနေစဉ်။
Subscribe to:
Posts (Atom)