
၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တွေ နဲ့ မောင်တောမြို့ခံတွေ တောင်းဆိုဆန္ဒပြစဉ်
Photo: Min Thein Aung/ RFA
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်တွေကို နိုင်ငံသားစိစစ်ရာမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေကို စစ်တွေမြို့မှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ဒေသခံတွေက မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စတဲ့မြို့တွေက ဒေသခံတွေက မနေ့က စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောပါတယ်။