အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။
Monday, April 30, 2012
ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်း
ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား
စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO
ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။

ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ (ဓာတ်ပုံ - Jinghpaw Kasa Blog)
ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင်
မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့မှုများရပ်ရန် ဘန်ကီမွန်း တောင်းဆို
![]() |
ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန် |
သမ္မတကြီး၏ လက်ဆောင်အဖြစ် အကျဉ်းခံ မွန်ပြည်သစ်ပါတီဝင် နှစ်ဦးကို မိခင်ပါတီထံ ပြန်လွှဲ
ဧပြီ ၃၀ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)
မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်
ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။ ။ လွှတ်တော်ကိုယ်စားလှယ်များ
ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ
အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ လွှတ်တော် တက်မည်
ရန်ကုန်၊ ဧပြီ ၃၀
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်
ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ
ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD
ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။
ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ
ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က
သွားရောက် ဆန္ဒပြခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ ဆက်လက်ဆွေးနွေးမည်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ
ငြိမ်းချမ်းရေး ကိစ္စများအတွက် ဆက်လက်ဆွေးနွေးရာတွင်
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ
ဆက်လက်ဆွေးနွေးမည်ဟု ထုတ်ပြန်ကြောင်း သိရှိရသည်။
KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြား ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အတည်ပြုပြောကြား
KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု
ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉
ရက်နေ့က ပြောကြားခဲ့ ပါသည်။
ရန်ကုန်မြို့ လျှပ်စစ်မီးပျက်မှုအား ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်းယာဉ်တင်မီးစက်လေးလုံး ငှားရမ်းထား

ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုများအပေါ် ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်း ယာဉ်တင်မီးစက်ကြီးလေးလုံးအား ငှားရမ်းထားကြောင်း နေပြည်တော်တွင်ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌
ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန်ကျန်ရှိနေသေးသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား မေလ ၁ရက်နေ့တွင် ထပ်မံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း
ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန်ကျန်ရှိနေသေးသည့် ဂျီအက်စ်အမ်
မိုဘိုင်းဖုန်းများအား မေလ ၁ ရက်နေ့တွင် ထပ်မံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ
ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ
RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။
အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်
အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်

AFP
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံထိပ်သီးညီလာခံ ကျင်းပသည့်
အခမ်းအနား စင်မြင့်ထက်မှ ပြန်လည် ထွက်ခွာခဲ့ကြသည့် အာဆီယံ နိုင်ငံ
ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို တွေ့မြင်ရစဉ်။
AFP PHOTO / POOL / ENNY NURAHENI
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်
မြ၀တီတဖက်ကမ်း သောင်ရင်းကမ်းစပ်တွင် ညအချိန်၌ မြေထိုး၊ မြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံချဲ့ထွင်မှုများ ရှိခဲ့ကြောင်း သိရ

မြ၀တီမြို့အနီးသောင်ရင်း တစ်ဖက်ကမ်း တပ်မဟာနယ်မြေ ကမ်းစပ်တစ်ခုတွင် နှစ်နိုင်ငံသဘော တူညီချက်အရ ညအချိန်များ၌ မြေထိုးမြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံချဲ့ထွင်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။
အင်းလေးဒေသ ညောင်ရွှေမြို့နယ်ရှိ သာစည်ကန်၊ နဒီကန်များတိုးချဲ့

ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့၏ မြောက်ဘက် အ၀င်လမ်းဘေးတွင် တည်ရှိသော သာစည်ကန်၊ နဒီကန်များကို စက်ကြီးများဖြင့် တိုးချဲ့တူးဖော်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
တောင်ဆူဒန်ကို ဒေါ်လာသန်း ၈ ထောင် တရုတ်ချေးမည်
အသစ်ထူထောင်လိုက်တဲ့ တောင်ပိုင်းဆူဒန်နိုင်ငံမှာ အဓိကကျတဲ့ အခြေခံ
အဆောက်အုံတွေ တည်ဆောက် နိုင်ဖို့အတွက် တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ
သန်းပေါင်း ၈ ထောင် ထုတ်ချေးဖို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း
တောင်ပိုင်းဆူဒန် ပြန်ကြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။
NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို
လွှတ်တော်ထဲမှာ အတူလက် တွဲပြင်ဆင်သွားကြဖို့နဲ့ NLD
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် အမြန်
တက်နိုင်ဖို့အတွက် - ရွေးကောက်ခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့
တသီးပုဂ္ဂလ အမတ်တွေကနေ သဘောထား တင်ပြလွှာ တစောင်ကို
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို
မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ
မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ
မိုင်တိုင်အမှတ် ၆၁၆/၁၂ ၊ တံတားအမှတ် ၅၃၄ မှာ မိုင်းကွဲရာမှာ တွဲ ၈ တွဲ
တိမ်းမှောက် သွားပြီး ၂ ဦး
အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ
ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)
ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် သာမန်ပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Guido Westerwelle က ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်၌ တွေ့ဆုံခဲ့ရာတွင် သာမန်မြန်မာပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော
ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော
ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။
RFA
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။
AFP
မန္တလေး၊ နန်းရှေ့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား
(၂၉.၄.၂၀၁၂ ၊ ည)
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွာ။န ၄င်းရပ်ကွက်သည် တဲအိမ်များ၊ ပျင်တောင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ အခုချိန်ထိတော့မီးသတ်ကားတွေသွားနေတုန်းပဲ။လက်လုပ်လက်စားများစုနေထိုင်ရာရပ်ကွက်ပါ။ ည ၁၀ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)
(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

Subscribe to:
Posts (Atom)