Monday, October 29, 2012

နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး ဒုတိယ နေရာအတွက် ၁ ရက်သာကျန်

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မှာကျင်းပနေတဲ့ Miss Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုးရဲ့ ဖိုင်နယ်ပြိုင်ပွဲမှာနိုဝင်ဘာ၃ရက်နေ့ဖြစ်လို့ ရက်က နီးကပ်လာပြီဖြစ်ပါတယ်။

မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့မှ ယာဉ်တိုက်မှုနှင့် လူသေဆုံးမှု

လွန်ခဲ့သော အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းက .. ကျိုက္ခမီမြို့မှ မောင်းနှင်လာသော ယာဉ်မောင်း - မောင်အောင်မျိုးမင်း အသက် (၃၂)နှစ် ရန်ကုန်မြို့နေသူ မောင်းနှင် လာသော ယာဉ်အမှတ် - ၉ဃ/၉၂၇၁ မော်တော်ယာဉ်သည် မြို့လယ်တွင် မဆင်မခြင် အရှိန်ပြင်းစွာ မောင်းနှင်လာရာ သံဖြူဇရပ်မြို့ ၊ အောင်ဆန်းလမ်း နတ်စင်ရှေ့ဘက် လမ်းမပေါ်တွင် အရှိန်မထိန်းနိုင်ပဲ ယာဉ်ရှောင်တိမ်းရာမှ---

 ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင်အင်အား ၅၀၀၀၊နစကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ်ရင်း ၅၁ရင်းတို့ဖြင့် လုံခြုံရေးအင်အား ဖြန့်ကျက်ထားကြောင်း သိရ


ရခိုင်ပြည်နယ်၌ ရဲတပ်ဖွဲ့ဝင် အင်အား ၅၀၀၀၊န.စ.ကတပ်ဖွဲ့ဝင်အင်အား ၁၀၀၀နှင့် တပ်မတော်တပ် ရင်း ၅၁ရင်းတို့အား ဖြန့်ကျက်ထားပြီး ဆူပူအကြမ်းဖက်မှုများ ဖြိုခွဲနှိမ်နင်းရာတွင် အသုံးပြုသည့် မျက်ရည်ယိုဗုံးအပါအ၀င် အဓိကရုဏ်း နှိမ်နင်းရေး လက်နက်ကရိယာများ လုံလောက်စွာဖြန့်ဖြူးထားကြောင်း  အောက်တိုဘာလ ၂၈ရက်နေ့ ညနေပိုင်းက နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး(မှူးဇော်) ၏ Facebook  စာမျက်နှာတွင် ဖော်ပြထားသည်။      

မြောက်ဦးမြို့တွင် ဒုက္ခသည်များ တိုးလာ


မြောက်ဦးမြို့နယ် အဓိကရုဏ်းတွင် ဒုက္ခသည်အရေအတွက် တိုးပွားလာနေကြောင်း ၄င်းဒုက္ခသည်များကို မြောက်ဦးမြို့တွင်ရှိသော အလိုတော်ပြည့်ကျောင်းတိုက်၊ လက်ကောက်ဈေး ကျောင်းတိုက်၊ ရွှေဂူတောင်ကျောင်းတိုက်၊ အောင်ရတနာကျောင်းတိုက်တို့တွင် ထားကြောင်း သိရှိရသည်။

လူဆယ်ဦး ပွဲချင်းပြီး သေဆုံးသော ယာဉ်တိုက်မှု ဇလွန်တွင်ဖြစ်ပွား

ယဉ်တိုက်မှူ ဖြစ်ပွားနေသောနေရာ
ဧရာဝတီ တိုင်း၊ ဟင်္သာတ ခရိုင် ဇလွန်မြို့ရှိ ဇလွန် ပြည်တော်ပြန် ဘုရား ရှိရာသို့ ဘုရားဖူး သွားရောက်ပြီး ရန်ကုန်သို့ ပြန် လာသော Light Track ယာဉ် (အမှတ် ၈ဂ / ၆၃၆၂) နှင့် ရန်ကုန်မှ ငသိုင်းချောင်း သို့ ပြေးဆွဲ နေသော မိဘမေတ္တာ ခရီးသည် တင် ယာဉ်(ယာဉ်အမှတ် ၂ခ / ၂၈၁၀) တို့သည် ယနေ့ နံနက် ၁၁ နာရီ ခွဲခန့် အချိန်တွင် ဟင်္သာတ ခရိုင် ဇလွန် မြို့နယ် ကျုံခွန် ကျေးရွာ မိုင်တိုင် အမှတ် (၁၃ / ၄) အရောက် တွင် မျက်နှာ ချင်းဆိုင် တိုက်မိကာ နေရာတွင် ပင် လူဆယ့်နှစ် ဦး ပွဲချင်းပြီး သေဆုံး သွားကြောင်း ဒေသခံ လူ့အခွင့်အရေး ကာကွယ်မြှင့်တင် သူများ ကွန်ယက် အဖွဲ့ဝင် တစ်ဦး၏ ပြောကြားချက် အရသိရှိ ရသည်။ 

ရန်ကုန် ရခိုင်လူမျိုးများ ကွန်ယက် ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်း


ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူများ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။

သီလဝါ အထူး စီးပွားရေးဇုံ စတင်ကွင်းဆင်း

သီလ၀ါ အထူးစီးပွားရေးဇုန်ကို မြေဧက ၅၀၀၀ ကျော် ကျယ်ဝန်းပြီး ဟက်တာ ၂၄၀၀ ကျော်ရှိကာ မြေပြင်ကွင်းဆင်း လေ့လာမှုများ စတင်လုပ်ဆောင်နေပြီး ၂၀၁၃ ခုနှစ်တွင် စတင်၍ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌဦးစစ်အောင်က ပြောသည်။

ဗဟိုဘဏ် အပ်ငွေ-ချေးငွေ အတိုးနှုန်းကို စောင့်ကြည့် သတ်မှတ်မည်

ရန်ကုန် (မဇ္ဈိမ)။     ။ မူဝါဒများနှင့် ကိုက်ညီသော ဗဟိုဘဏ်အတိုးနှုန်းအား သတ်မှတ်ပြီး ဘဏ်များ၏ အပ်ငွေနှင့် ချေးငွေများအပေါ် အတိုးနှုန်းများကို စောင့်ကြည့် သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်မှာ ဒုက္ခသည်အရေအတွက် နှစ်သောင်းကျော်တိုးလာ

2012-10-28
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့လောက်အထိ ရခိုင်ပြည်နယ်က မြို့နယ် တစ်ချို့မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်ဖြစ်ရသူ အရေအတွက်ဟာ ၂၂၀၀၀ (နှစ်သောင်းနှစ်ထောင်) နဲ့ မီးလောင်ပျက်စီးခဲ့ရတဲ့ အိုးအိမ်အရေအတွက်ဟာ ၄၆၀၀ ကျော် ရှိမယ်လို့အစိုးရ ထုတ်ပြန်တဲ့ ကိန်းဂဏန်းကို မှီငြိမ်းပြီး ကုလသမဂ္ဂက ထုတ်ပြန်တာကို အေအက်ဖ်ပီသတင်းမှာ ဒီကနေ့ ဖေါ်ပြထားပါတယ်။

သမ္မတဆုံးဖြတ်ချက်ကို ကြိုဆိုဆန္ဒပြ


2012-10-28
အစ္စလမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC ရုံးဖွင့်ခွင့်မပြုဘူးလို့ သမ္မတကြီး ဦးသိန်းစိန်က ဆုံးဖြတ်ချက် ချလိုက်တာကို ကြိုဆိုထောက်ခံတဲ့အနေနဲ့ ရခိုင်ပြည်နယ် မာန်အောင်မြို့မှာ ဒီကနေ့ မနက်ပိုင်းက ရဟန်းသံဃာတချို့အပါအဝင် လူ ၁၅၀၀ ကျော်လောက် ငြိမ်ချမ်းစွာ စီတန်းလမ်း လျှောက်ဆန္ဒပြခဲ့ကြပါတယ်။

စမ်းချောင်းမြို့နယ် ကျွန်းလယ်သမ၀ါယမရုံးရှေ့တွင် ဆန္ဒပြ



2012-10-28
ကျွန်းလယ်သမဝါယမအသင်း ခေါင်းဆောင်ဟောင်းတွေရဲ့ ငွေကြေးအလွဲသုံးစားမှု၊ အသင်းသားတွေရဲ့ ဆန္ဒမပါဘဲ အသင်းပိုင် အဆောက်အဦးကို ဖျက်သိမ်းပြီး လူနေကန်ထရိုက်တိုက်တွေ တည်ဆောက်မှု စတာတွေကို မကြေနပ်တဲ့အတွက် ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းမှာရှိတဲ့ အဲဒီသမဝါယမ အသင်းရုံးရှေ့မှာ အသင်းသားတွေ ဒီကနေ့ မနက်ပိုင်းက သွားရောက် စုရုံးဆန္ဒပြခဲ့ကြပါတယ်။

Saturday, October 20, 2012

Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် မြန်မာ့တပ်မတော်အား ဖိတ်ခေါ်ရန် အမေရိကန် စီစဉ်


အမေရိကန် ပြည်ထောင်စုက မြန်မာ့တပ်မတော်အား လာမည့်နှစ် Cobra Gold 2013 ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ပူးပေါင်းပါဝင်ရေးအတွက် ဖိတ်ခေါ်ရန် စီစဉ်ထားသည်ဟု ဘန်ကောက်ပို့စ် သတင်းစာအရ သိရသည်။ Cobra Gold သည်အမေရိကန်စစ်တပ်၏ အရှေ့ပစိဖိတ် ဒေသအတွင်း အာရှနိုင်ငံ အများအပြားမှ စစ်တပ်များနှင့် ပူးတွဲလုပ်ဆောင်သည့် အကြီးဆုံး ပူးတွဲစစ်ဆင်ရေး လေ့ကျင်မှုဖြစ်သည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုသို့ မြန်မာနိုင်ငံအား လေ့လာသူအဖြစ်သာ ဖိတ်ခေါ်ထားသော်လည်း ၄င်းသည်နောက်ဆုံး ဆုံးဖြတ်ချက် မဟုတ်ဟု သိရ သည်။ “မြန်မာက လေ့လာသူစာရင်းထဲမှာပါ ။ဒါပေမယ့် ဒါဟာအပြီးသတ်ဆုံးဖြတ်ချက်မဟုတ်ပါဘူး”ဟု ထိုင်းကာကွယ်ရေး ၀န်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Thanathip Sawangsang ကယနေ့တွင် ထုတ်ဖော်ပြောခဲ့သည်။စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်မည့် နိုင်ငံများက မြန်မာအား ဖိတ်ခေါ်ခြင်းပြုရေး၊ မပြုရေး နှင့်ပါတ်သတ်၍ ယခုလနှောင်းပိုင်းတွေ့ဆုံဆွေးနွေး ပွဲတွင် ဆွေးနွေးကြမည်ဟု သိရသည်။

 လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး


လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ထိုးကျခဲ့ပြီး လမ်းဘေးလေထိုးကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုင်းရင်းသား ဒုက္ခသည်တွေကို ဂျပန် ဖေါင်ဒေးရှင်းကူမည်



2012-10-19
ဂျပန်နိုင်ငံ နီပွန်း ဖေါင်ဒေးရှင်း က မြန်မာနိုင်ငံ နယ်စပ်တလျှောက် တိုင်းရင်းသားဒေသတွေက ဒုက္ခသည်တွေ အတွက် အမေရိကန်ဒေါ်လာ (၃) သန်းနဲ့ညီမျှတဲ့ အရေးပေါ် အကူအညီတွေကို ပေးအပ်သွားမယ်လို့ သိရ ပါတယ်။

အမေရိကန်အစိုးရက ရခိုင်ပြည်အရေးအတွက် ထပ်မံကူညီ


2012-10-19
ရခိုင်ပြည်နယ်က လူမှုရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် နောက်ထပ် အမေရိကန်ဒေါ်လာ ၂ ဒဿမ ၇ သန်း ကူညီမယ်လို့ ရန်ကုန် အမေရိကန် သံရုံးက ဒီကနေ့ ပြောကြားပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က ၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုလိုက်သော Mr.Derek Mitchell
ရန်ကုန်မြို့ အမေရိကန် သံရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချယ်က အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။

OIC ရုံးဖွင့်လှစ်မှု တောင်ကုတ်မှာ ဆန္ဒပြ



2012-10-19
အစ္စလာမ်နိုင်ငံ (၅၇) နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံမှာ ယာယီဆက်ဆံရေးရုံး ဖွင့်လှစ်မယ့်ကိစ္စကို ကန့်ကွက်တဲ့အနေနဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့ပေါ်မှာ မနေ့ နေ့လည်ပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယနိုင်ငံ သွားရောက်မည်



2012-10-19
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံကို လာမယ့် နိုဝင်ဘာလမှာ သွားရောက်မှာ ဖြစ်ပါတယ်။
Photo courtesy of NLD
၂၀၁၂ ခုနှစ် မေလ ၂၉ ရက်က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းတို့ တွေ့ဆုံစဉ်။
မိခင်ဒေါ်ခင်ကြည် မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အိန္ဒိယနိုင်ငံကို နှစ် (၄၀) အတွင်း ပထမဆုံး အကြိမ်အဖြစ် သွားရောက်မှာ ဖြစ်ပါတယ်။