Tuesday, November 6, 2012

ဖိနပ်ပျံများနှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ရှုံးခဲ့သည့်ပွဲ


ကမ္ဘာ့မွေထိုင်းချန်ပီယံအီရန်နိုင်ငံသား မာစွပ်နှင့် မြန်မာမှ ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ပိုင်ရှင်ဖိုးကေ တို့ပွဲမှာ ပွဲကြီးသော်လည်းပွဲကောင်း တစ်ပွဲမဖြစ်ခဲ့ဟု ကြိုးဝိုင်းဒိုင်ချုပ်ဦးဒေါင်းနီက မှတ်ချက်ပြုသည်။

Samsung Galaxy နောက်ဆက်တွဲကြောင့် လူကြီးမင်းဖုန်းဆိုင်များ တစ်ပါတ် ခန့်ပိတ်


Samsung Galaxy mini ဖုန်း မဲဖောက်မည့် အစီအစဉ်ဖျက်သိမ်းခြင်း နောက်ဆက်တွဲအနေဖြင့် ရန်ကုန်မြို့ရှိ လူကြီးမင်းဖုန်း ဆိုင်(၆)ဆိုင်အား လက်တလောတွင် (၁)ပါတ်ခန့် ယာယီပိတ်ထားရန် ရည်ရွယ်ထားကြောင်း  လူကြီးမင်းမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

တာတာနာနို ကားများ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်


အိန္ဒိယနိုင်ငံ TATA Motor Group မှ ထုတ်လုပ်သည့် တာတာနာနိုကားများ မြန်မာနိုင်ငံ ဈေးကွက်တွင် တင်သွင်း ရောင်းချနိုင်ရန် မန္တလေးအခြေ
စိုက်ကုမ္ပဏီတစ်ခုမှ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာတာနာနို ကားများ ပြည်တွင်း ဈေးကွက်တွင် ရောင်းချနိုင်ရန် စီစဉ်
တာတာနာနို ကားများ မြန်မာနိုင်ငံ ဈေးကွက်တွင် တင်သွင်းရောင်း ချနိုင်ရန်အတွက် တာတာအုပ်စုမှ အရှေ့တောင်အာရှ တာဝန်ခံနှင့် မြန်မာနိုင် ငံ ဈေးကွက် တာဝန်ခံ အစရှိသူများနှင့် ဆွေးနွေးပြီးဖြစ်ကြောင်း အောင်ကောင်းကျော် ကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကျော်ဝေက ပြောသည်။ ကားများ တင်သွင်း ရောင်းချပါက ဆိပ်ကမ်းအရောက် CIF တန်ဖိုးနည်းပါက တစ်စီးလျှင် ကျပ် ၆၅ သိန်းခန့်နှင့် ရောင်းချနိုင်မည်ဖြစ်ပြီး CIF တန်ဖိုး တန်းတူအခွင့်အရေး မရပါက ကားတစ်စီးလျှင် ကျပ်သိန်း ၁၀၀ ခန့် ရှိသွားမည်ဖြစ်ကြောင်း ဦးကျော်ဝေက ဆက်လက် ပြောသည်။

မူဆယ်တွင် မှောင်ခိုပစ္စည်းတင် ကားနှစ်စီးဖမ်းမိ




မူဆယ်တွင် မှောင်ခိုပစ္စည်းတင်ကားနှစ်စီးဖမ်းမိ
စားသုံးသူ အကာကွယ်ပေးရေးနှင့် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ရွေ့လျား
အဖွဲ့က စတင်စစ်ဆေးသည့် အချိန်၌ တရားမ၀င်မှောင်ခို ပစ္စည်းများ တင်ဆောင်လာသည့် ကားနှစ်စီးကို နိုဝင်ဘာလ ၂ရက်နေ့တွင် ပထမဆုံး ဖမ်းမိခဲ့ကြောင်း သိရသည်။ မူဆယ်၁၀၅မိုင်နှင့် ၁မိုင်ခန့် သာဝေး သည့်၂၇၃မိုင် ၇ဖာလုံ၊ ၂၇၄မိုင်ကြား၌ ယာဉ်ကြီး၅၀နှင့် ယာဉ်ငယ်၁၅စီးတို့ကို စစ်ဆေးခဲ့ရာ ၂စီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်၊ လိုင်စင်ပြုလုပ်နိုင်ရန် မြို့နယ် အကောက်ခွန်ရုံးသို့ ပစ္စည်းပိုင်ရှင်နဲ့အတူ ရွေ့လျားအဖွဲ့က ပို့ဆောင်ပေးခဲ့ပြီး ပစ္စည်းအသေးစိတ်စာရင်းကို ထုတ်ပြန် ကြေငြာသွားမည်ဟု သိရသည်၊။ အဆိုပါရွေလျားအဖွဲ့ကို ညွန်ကြားရေးမှုး ဦးအောင်ကျော်စိုး ဦးစီးကာဂျာနယ် တိုက်၃တိုက်မှ သတင်းထောက်နှင့် ရုပ်သံမီဒီယာတို့ ပါဝင်ကြောင်း သိရသည်။

ရန်ကုန်၌ အထပ်အမြင့်ဆုံး အဆောက်အအုံ ၂၀၁၃ တွင်ဆောက်ရန်စီစဉ်


မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်မည့် အထပ်မြင့် အဆောက်အအုံကို လာမည့် နှစ်လယ်မတိုင်ခင်
စဆောက်တော့မည်ဖြစ်ကြောင်း The National Trading ကုမ္ပဏီလီမိတက်မှ သိရသည်။ ကုန်သည်လမ်း နှင့် ၃၆ လမ်းထောင့်တွင် တည်ဆောက်မည့် အဆိုပါ အဆောက်အအုံကို မြန်မာ၊ စင်ကာပူနှင့် ဂျပန် ကုမ္ပဏီတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ပြီး ဂျပန်နည်းပညာဖြင့် လ (၃၀) အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ ရင်းနှီးမြှပ်နှံမှု ဒေါ်လာသန်း ၁၀၀ အထက်ရှိမည့် အဆိုပါ အဆောက်အအုံ ၏အထပ်အမြင့်မှာ ရန်ကုန်ရှိ အမြင့်ဆုံး အဆောက်အဦး အထပ်ရေ ၂၁ ထပ် ထက်များစွာမြင့်မည်ဟု သိရသည်။ အထပ်အရေအတွက်ကိုမူ နောက်ပိုင်း တွင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း National Trading ကုမ္ပဏီမှသိရသည်။

အမေရိကန် ဗီဇာကတ် ကုမ္ပဏီ နှင့် မြန်မာ ပုဂ္ဂလိက ဘဏ်သုံးဘဏ်ဖြင့် ပူးပေါင်းဆောင်ရွက်


မြန်မာနိုင်ငံ၌ ဗီဇာကတ် အသုံးပြုနိုင်ရန် အတွက် အမေရိကန် ဗီဇာကတ် ကုမ္ပဏီ
က မြန်မာ ပုဂ္ဂလိက ဘဏ်များဖြစ်သော ကမ္ဘာဇဘဏ်၊ မြန်မာ့အရှေ့တိုင်းဘဏ်၊ သမ၀ါယမဘဏ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် ယနေ့တွင် သဘောတူ လက်မှတ်ရေးထိုး လိုက်ကြောင်းသိရသည်။ ပြည်ပမှ မည်သည့်နိုင်ငံသား မဆို ၄င်းပိုင် ငွေစာရင်း ဖွင့်ထားပြီး အသုံးပြုမည့် ဗီဇာကတ်ကို ယူဆောင် လာပါက ဗီဇာကတ် အသုံးပြုနိုင်သည့် စက်တွင် မြန်မာငွေဖြင့် လဲလှယ် အသုံးပြုနိုင်မည် ဖြစ်သလို၊ ဗီဇာကတ် လုပ်ထားသည့် မြန်မာနိုင်ငံသား တစ်ဦးမှာလည်း မြန်မာငွေသာ ထည့်ထားပြီး သွားရောက်မည့် နိုင်ငံ တို့တွင် ဒေသ သုံးငွေ (သို့မဟုတ်) ကန်ဒေါ်လာ အသုံးပြုနိုင်မည်ဖြစ်သည်။

ဟန်းဆက် ၅၀၀၀ တန် ကံစမ်းမဲအစီအစဉ် နောက်တစ်မျိုးပြင်


ဟန်းဆက်တစ်လုံး ကျပ်ငါးထောင်ဖြင့် ကံစမ်း ရောင်းချပေးခြင်းကို ရန်ကုန်တွင်
ပါရမီဆိုင်တစ်ဆိုင်သာ ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ဆိုင်များအား အစီအစဉ်သစ်တစ်ရပ် ပြုလုပ်ပြီးမှသာ ပြန်လည်ရောင်းချ ပေးတော့မည်ဖြစ် ကြောင်း လူကြီးမင်းဖုန်းဆိုင်မှ ဒါရိုက်တာ ကိုပြည့်စုံထွန်း က ယနေ့ နံနက် ၁၀ နာရီတွင် Park Royal ၌ ပြုလုပ်သည့် စာနယ်ဇင်း ရှင်းလင်းပွဲတွင် ပြောသည်။ " ဖုန်းရောင်းဖို့ ချမှတ်ထားတဲ့ အစီအစဉ် မှားယွင်းခဲ့တဲ့အတွက် လူတအားများပြီး ရန်ကုန်မှာ ဖုန်းမရောင်း ပေးနိုင်ခဲ့ပါဘူး။ နေပြည်တော်နဲ့ တောင်ကြီး သုံးဆိုင်ပဲ ပြုလုပ်နိုင်ခဲ့ပါတယ်။

ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။

စုံစမ်းရေးကော်မရှင် အစီရင်ခံစာတင်ချိန် ရွှေ့ဆိုင်း၊ ဟာဂျီနှစ်ဦးအား တာဝန်မှရပ်စဲလိုက်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းရရှိမှုများကို သမ္မတထံ အစီရင်ခံရန် နိုဝင်ဘာ ၁၆ ရက်နေ့ဟု သတ်မှတ်ထားခဲ့သော်လည်း ၂၀၁၃ ခုနှစ်၊ မတ်လ ၃၁ ရက်သို့ တိုးမြှင့်
ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း အဖွဲ့ဝင် တဦးဖြစ်သူ ဦးသူရ (ခေါ်) ဇာဂနာ က ပြောဆိုလိုက်သည်။

ရိုဟင်ဂျာဘက်က တစ်ဖက်သတ် မရပ်တည်ဟု ဒေါ်စုပြော



2012-11-05
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မိမိအနေနဲ့ ရိုဟင်ဂျာဘက်ကနေ တစ်ဖက်သတ် ရပ်တည်ပြောဆိုပေးမှာ မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုပါတယ်။

ခွင့်ပြုမိန့်မရဘဲ ဆန္ဒပြတဲ့ အလုပ်သမားတွေကို ရုံးတင်စစ်ဆေး



2012-11-05
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၄ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မြူးနှင့်ဇူး အထည်ချုပ်စက်ရုံက အလုပ်သမား ၁၀၀၀ ကျော် ခွင့်ပြုမိန့်မရဘဲ လမ်းလျှောက်ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တဲ့ အလုပ်သမား ၆ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ မရမ်းကုန်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်က တရားရုံးတွေက စတင်စစ်ဆေးခဲ့ပါတယ်။