Tuesday, August 14, 2012

မိုးထိမိုးမိတောင် ရွှေလုပ်သားများ၏ အသက်အိုးအိမ် ဘဝလုံခြုံမှုများကို ခြိမ်းခြောက်နေ

မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက်
                                             သတင်း ထုတ်ပြန် ကြေငြာချက်

                                      ၁၃၇၄ ခုနှစ်၊ ဒုတိယ ၀ါဆို လပြည့်ကျော် (၁၀) ရက်နေ့
                                             ( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၁၂) ရက် )
(၁၂.၈.၂၀၁၂)

မိုးထိမိုးမိဒေသ၊ ရမည်းသင်းမြို့နယ် ရွှေတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်
လျှက် ရှိသော မိုးထိမိုးမိတောင်ပေါ် တွင် နိုင်ငံတော်ကာကွယ်ရေးဝတ်စုံ
(ပျောက်ကျားဝတ်စုံ)များကို ဝတ်ဆင်ပြီး တုတ်(ရာဘာနံပါတ်တုတ်၊
ဝါးရင်းတုတ်)၊ ဓါး၊ လက်ထိပ်များတပ်ဆင်ထားသော အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စုကုမ္ပဏီလီမီတက်မှ ခေါ်ယူဖွဲ့စည်း
ထားသော လှုပ်ရှားတပ်ဖွဲ့ (အင်အား-၁၀၀-ခန့်) သည် ရွှေလုပ်ငန်းများ
ပြန်လည်လုပ်ကိုင်ရန်စောင့် ဆိုင်းနေသော ရွှေလုပ်သားများ၏
နေအိမ်တဲများအတွင်းသို့ အတင်းဝင်ရောက်ရှာဖွေသိမ်းဆည်းနေပါသည်။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး ရေးသားဖော်ပြ



2012-08-13
ဗြိတိသျှနိုင်ငံခြားရေး ၀န်ကြီး Willam Hague က မြန်မာနိုင်ငံ အတွင်းက ပြုပြင်ပြောင်းလဲရေး လုပ်ငန်းရဲ့ အသီးအပွင့်တွေကို မြင်နေရပေမယ့် နိုင်ငံအတွင်းမှာ လတ်တလော ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း သူ့ရဲ့ အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။
(Photo: AFP)
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလီယမ် ဟိဂ်။ (Photo: AFP)

ဆန္ဒပြ လမ်းဘေးဈေးသည် ၁၁ ဦး စတင်စစ်ဆေး



2012-08-13
ရန်ကုန်မြို့ အင်းစိန်ပန်းခြံအနီးမှာ ဆက်လက် ဈေးရောင်းချခွင့်ပေးဖို့ တောင်းဆို ဆန္ဒပြခဲ့ကြတဲ့ လမ်းဘေး ဈေးသည် (၁၁) ဦးကို တရားမ၀င် စုရုံးမှု ပုဒ်မ ၁၈ (က) နဲ့ တရားစွဲဆိုပြီး အင်းစိန်မြို့နယ် တရားရုံးမှာ ဒီကနေ့ စတင်စစ်ဆေးတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၆ ရက်က ရန်ကုန်မြို့ အင်းစိန် ပန်းခြံအနီးမှာ ဈေးရောင်းချခွင့် ပေးဖို့ လမ်းဘေးဈေးသည်များ တောင်းဆို ဆန္ဒဖော်ထုတ်နေကြစဉ်။

ရိုဟင်ဂျာဒုက္ခသည်တွေကို UAE နိုင်ငံက ကူညီမည်



2012-08-13
အာရပ်စော်ဘွားနိုင်ငံများ ပြည်ထောင်စု ခေါ် UAE နိုင်ငံရဲ့သမ္မတ Sheikh Al Nahyan က မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ပေးပို့မယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် သူက တခြား ကမ္ဘာ့နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံအတွင်းက ဖိနှိပ်ညှဉ်းပန်းခံနေရတဲ့ မူဆလင် ရိုဟင်ဂျာများ အရေးကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
မနေ့ကလည်း ဆော်ဒီအာရေးဗီးယားဘုရင် Abdullah ကလည်း မြန်မာနိုင်ငံက အဖိနှိပ်ခံ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို အမေရိကန် ဒေါ်လာသန်း ၅၀ အကူအညီပေးမယ်လို့ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အမြုတေ စာနယ်ဇင်းကောင်စီကို ဆိုင်းငံ့ထားမယ်လို့ ဝန်ကြီးဦးကျော်ဆန်း ပြောဆို



2012-08-13
သြဂုတ် ၉ ရက် နေ့စွဲနဲ့ အစိုးရက ဖွဲ့စည်းကြောင်း ကြေညာခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် ဆိုင်းငံ့ထားမယ်လို့ ပြန်ကြားရေး ၀န်ကြီးက ပြောကြားကြောင်း သိရပါတယ်။

မန္တလေး- ဘန်ကောက် ၄၉ဒေါ်လာဖြင့် အဲအေးရှား ပြေးဆွဲ

ထိုင်းအခြေစိုက် လေကြောင်း ကုမ္ပဏီ တစ်ခုဖြစ်သော အဲအေးရှားသည် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော် မန္တလေးမြို့ ဘန်ကောက်မြို့တို့ အကြား ခရီးစဉ်သစ် တစ်ခုဖြစ်သော မန္တလေး - ဘန်ကောက် လေကြောင်း ခရီးစဉ်ကို လက်မှတ်ခ ကန်ဒေါ်လာ ၄၉ ဖြင့် ၂၀၁၂ခုနှစ်၊ အောက်တိုဘာ ၄ ရက်မှ စတင် ပြေးဆွဲ ပေးသွားမည် ဖြစ်ကြောင်း ----

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

ဗဟိုဘဏ် က ငွေလွှဲခ နှုန်းထား ပြင်ဆင် သတ်မှတ်

မြန်မာ နိုင်ငံတော် ဗဟိုဘဏ်သည် ယခင်က ပြည်တွင်း ငွေလွှဲခ များကို တစ်ရာ ကျပ်လျှင် ၅ပြားမှ ပြား ၅၀ အတွင်း လွတ်လပ်စွာ သတ်မှတ်ရန် ပြည်တွင်း ဘဏ်များကို ညွှန်ကြား ထားခဲ့သော်လည်း ယခုအချိန်တွင် ပြည်တွင်း ဘဏ်လွှဲခနှုန်း တစ်ရာကျပ်လျှင် ၁၅ ပြားနှုန်း ပြင်ဆင် သတ်မှတ်ရန် ညွှန်ကြားခဲ့ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးမှုဘဏ်၏ အင်တာနက်လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြ ပါရှိသည်။

Apple ၏ အိုင်ဖုန်းဖိုက်နှင့် အိုင်ပက်မီနီ စက်တင်ဘာတွင် ပေါ်ထွက်ဖွယ်ရှိ

Apple ၏ အိုင်ဖုန်းဖိုက်နှင့် အိုင်ပက်မီနီ စက်တင်ဘာတွင် ပေါ်ထွက်ဖွယ်ရှိ








နာမည်ကျော် အမေရိကန် နည်းပညာ ကုမ္ပဏီ Apple သည် ၄င်း၏ စမတ်ဖုန်းသစ် iPhone 5 နှင့် iPad Mini တို့ကိုလာမည့် စက် တင်ဘာလ တွင် ဆန်ဖရန်စစ္စကို၌ ပြသသွားဖွယ် ရှိကြောင်း သိရသည်။

မိုဘိုင်းဖုန်းများ ဖိုးဂျီစနစ် အသုံးပြုနိုင်တော့မည်ဟုဆို

မိုဘိုင်းဖုန်းများ ဖိုးဂျီစနစ် အသုံးပြုနိုင်တော့မည်ဟုဆို









မြန်မာနိုင်ငံတွင် ၂၀၁၃ နှစ်ဆန်းပိုင်းမှ စတင်ကာ ဖိုးဂျီ (4G) စနစ်ကို သုံးစွဲ နိုင်တော့မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဌာနမှာ တာဝန်ရှိသူ တစ်ဦး ဖြစ်သော အင်ဂျင်နီယာချုပ်က 7Day News သို့ ပြောသည်။

iPayစက်များကို ၂၀၂ မ.ထ.သ ယာဉ် လိုင်းများတွင် ထပ်မံတပ်ဆင်သွားမည်


ဘတ်စ်ကား စီးရာတွင် iPay ကဒ်ဖြင့် အလွယ်တကူ ငွေပေးနိုင်သည့် iPay စက်များကို မ.ထ.သ ၂၀၂ ယာဉ်လိုင်းတွင် တပ်ဆင် သွားမည်ဖြစ်ကြောင်း ကစ္ဆပနဒီ ကုမ္ပဏီမှ project Manager ကို အောင်ကျော်က ပြောသည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်ကို ရိုဟင်ဂျာလိုလားသူ ၂၀၀ က လန်ဒန်တွင် ဆန္ဒပြ



လန်ဒန်သို့ ရောက်ရှိနေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာအား ရိုဟင်ဂျာ လိုလားသူ ၂၀၀ ခန့်မှ  တနင်္ဂနွေနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြသည်ဟု ဘင်္ဂလာဒေခ်ျ့ သတင်းစာများက ရေးသားဖေါ်ပြသည်။
Global Hunger အစည်းအဝေးသို့ တက်ရောက်နေသော ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ်။

သြဂတ်(စ်) ၁၃ စစ်တွေ ဆန္ဒပြဿနာနေ့ ဘင်္ဂလာဒေခ်ျ့နှင့် ထိုင်းနိုင်ငံတွင် ကျင်းပ



သြဂတ်စ်လ ၁၃ ရက်နေ့ ယနေ့တွင် ကျရောက်သော ၄၅နှစ်မြောက် ၁၃သြဂတ်(စ်) စစ်တွေ ဆန်ပြဿနာနေ့ အထိမ်းအမှတ် အခမ်းအနားကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇားမြို့တွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်ဟု သတင်း ရရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဒက္ခိဏသီရိမြို့နယ် ပြည်သူတွေနဲ့ တွေ့ဆုံ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တိုင်း ဒက္ခိဏသီရိမြို့နယ် ပြည်သူတွေနဲ့ တွေ့ဆုံ





နေရပ်ပြန်ဖို့ ကချင်ဒုက္ခသည်တွေ စိုးရိမ်

တရုတ်နိုင်ငံတွင်း ရောက်နေတဲ့ ကချင်ဒုက္ခသည်တွေကို မြန်မာနိုင်ငံထဲကို ပြန်နိုင်အောင် စီစဉ်ဖို့ တရုတ်အစိုးရက ကချင်လွတ်မြောက်ရေး အဖွဲ့ကို တိုက်တွန်း နေပါတယ်။ ဒါကြောင့် ကေအိုင်အိုက ရွှေ့ပြောင်း ပေးဖို့ စတင်ပြင်ဆင် နေပေမယ့် လို့ ဒုက္ခသည်တွေကတော့ ပြောင်းရွှေ့ကြဖို့ ဆန္ဒမရှိကြဘဲ ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သတ်လို့ကတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က ထိုင်းနိုင်ငံကနေ အခုလို သတင်းပေးပို့ထားပါတယ်။

ထိုင်းရောက် အလုပ်သမား စာရင်းကွာ

ထိုင်းနိုင်ငံမှာ တရားဝင် ၀င်ရောက် အလုပ်လုပ်နေကြတဲ့ အလုပ်သမား အရေအတွက်က တစ်လအတွင်းမှာ ရှစ်သိန်းလောက် လျော့သွားတဲ့ အကြောင်း ထိုင်းအလုပ်သမားဝန်ကြီးက နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းတွေက ဖော်ပြပါတယ်။ ဒါပေမယ့်လို့လည်း ဒါက တကယ်တမ်းမှာ အလုပ်သမားတွေ လျော့နည်း သွားတာမျိုး မဟုတ်ပဲ စာရင်းအင်းလွဲချော်တာ ဖြစ်နေတာမို့လို့  စနစ်တကျရှိအောင် ဒီ့ထက်ပိုပြီး ဆောင်ရွက် သင့်တယ်လို့ အလုပ်သမားရေး ဆောင်ရွက်နေသူတွေက ထောက်ပြနေကြပါတယ်။ ဒီအကြောင်းစုံကိုတော့ ဘန်ကောက် ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က စုံစမ်းထားပါတယ်ရှင်။

ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးသွားမည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း


မြန်မာနိုင်ငံသတင်းစာဆရာအသင်းအနေဖြင့်သတင်းထောက်ကျင့်ဝတ်များအားသိရှိနားလည် စေရန်အတွက် သင်တန်းများပို့ချသွားမည်ဖြစ်သလိုသတင်းထောက်များအား ဥပဒေလမ်းကြောင်းအရ အကာအကွယ်ပေးမှုများ
ပြုလုပ်သွားမည်ဖြစ်ကြောင်း အသင်း၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့များထံကသိရှိရသည်။

သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီမှ လူ(၃ဝဝဝ)ဝန်းကျင် ရေဘေးသင့်


မြဝတီမြို့တွင် ရက်ဆက်မိုးနှင့်အတူ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် အိမ်ခြေပေါင်း ၆ဝဝ ကျော်ရေနစ်မြုပ်၍   ဒေသခံများရေဘေးဒုက္ခရောက်ခဲ့ကြသည်။

ခရီးသည်တင်ယာဉ်တင်သွင်း၍ ရပ်တင်ချစနစ်အား အကောင်အထည်ဖော်သွားမည်


ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် ခရီးသည်တင်ယာဉ်များတင်သွင်း၍ ရပ်တင်ချ စနစ်အား (၃)လတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးဌာနက သိရှိရသည်။

ALP ပထမဆုံး ဆက်ဆံရေးရုံး သြဂုတ်လ အတွင်း ဖွင့်မည်

စံခလပူရီ (မဇ္ဈိမ)။   ။ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ၏ ပထမဆုံး ဆက်ဆံရေး ရုံးအား ကျောက်တော်မြို့
၌ ဖွင့်လှစ်နိုင်ရေးမှာ ပြည်နယ်တွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကြန့်ကြာမှုများ ရှိသော်လည်း သြဂုတ်လ
အတွင်း ဖွင့်လှစ်သွားရန် ရှိကြောင်း ALP အထွေထွေ အတွင်းရေးမှူး ခိုင်သုခ က ပြောသည်။

ရေထွက်ကုန်အတွက် စင်္ကာပူလုပ်ငန်းရှင် ၄၀ လာရောက်ဆွေးနွေးမည်

ရန်ကုန် (မဇ္ဈိမ)။   ။ ရေထွက်ကုန်များ မှာယူနိုင်ငံရေးအတွက် စင်္ကာပူနိုင်ငံ Agri-Food and Veterinary Authority (AVA) မှ စီးပွားရေးလုပ်ငန်းရှင် ၄၀ သည် အောက်တိုဘာလတွင် မြန်မာနိုင်ငံသို့ လာရောက်ဆွေးနွေးမည်
ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ  တာဝန်ရှိသူ တဦးက ပြောသည်။

ဗိုလ်ချုပ် ရုပ်ရှင်ကား အဓိက သရုပ်ဆောင်များကို စခန်းသွင်း လေ့ကျင့်မည်

ရန်ကုန် (မဇ္ဈိမ)။   ။  ၂၀၁၃ ခုနှစ်တွင်  ရိုက်ကူးတော့မည့် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ကား၏ အဓိက သရုပ်ဆောင် လေးဦးကို သြဂုတ် ၂၀ ရက်မှ စပြီး စခန်းသွင်း လေ့ကျင့်တော့မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင်
ဖြစ်မြောက်ရေး ပြန်ကြားရေးတာဝန်ခံ ကိုဇော်သက်ထွေး က ပြောသည်။

တရားသူကြီးများကို အရေးယူရန် အခွင့်အလမ်းနည်းဟု အစီရင်ခံစာဆို

ရန်ကုန် (မဇ္ဈိမ)။  ။ တရားသူကြီးများကို အကာအကွယ်ပေးမှု လွန်စွာ များပြားနေသဖြင့် ၎င်းတို့ကို အရေးယူရန် အခွင့်အလမ်း မရှိသလောက် နည်းနေကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီက လွှတ်တော်တွင် တင်ပြအစီရင်ခံခဲ့သည်။


မော်တော်ယာဉ် နည်းပညာ တက္ကသိုလ်၊ ကောလိပ်များ ဖွင့်ရန်ရှိ

ရန်ကုန် (မဇ္ဈိမ) ။       ။ သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၊ ရထားပို့ဆောင် ရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်း၍ ဒေါ်လာ
သန်းပေါင်း ၄၅၀ ကျော် ရင်းနှီးရမည့် မော်တော်ယာဉ် ထုတ်လုပ်၊ ပြင်ဆင်ခြင်း နည်းပညာ ဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အစီအစဉ် တခုကို အကောင်အထည်ဖေါ်ရန် ဆောင်ရွက်နေကြောင်း ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်မည့် မြန်မာ-ဂျပန် ဖက်စပ်ကုမ္ပဏီတခုက ပြောသည်။

မိုဘိုင်း SIM ကတ်များအတွက် မြန်မာ့ဆက်သွယ်ရေး တင်ဒါခေါ်ယူ

ရန်ကုန် (မဇ္ဈိမ) ။    ။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လုပ်ငန်းသုံးပစ္စည်းများ ၀ယ်ယူရန်အတွက် တင်ဒါခေါ်ယူ
ရာတွင် GSM SIM ကတ်  ငါးသိန်းကျော်နှင့် WCDMA SIM ကတ် နှစ်သန်းခွဲကျော် ၀ယ်ယူမည်ဟု
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း တာဝန်ရှိသူ တဦးက ပြောသည်။ 

ကျောင်းကုန်းမြို့နယ် စပါးဧက ၁၆,၀၀၀ အတွက် ပျိုးခင်းများ ရေးကြီးနစ်မြုပ်

ရန်ကုန် (မဇ္ဈိမ)။   ။ ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ လယ်သမား ၂,၂၀၀ ၏ လယ်မြေဧက ၁၆,၀၀၀ တွင် စိုက်ပျိုးမည့် စပါးပျိုးခင်းများ မြစ်ရေကြီး၍ နစ်မြုပ်လျက်ရှိပြီး ပျက်စီးနိုင်ဖွယ်ရှိသည်ဟု ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ဦးစီးမှူး ဦးခင်ဋ္ဌေး က ပြောသည်။

နဂျီးကုန်းရွာအနီး ရေနစ်မြုပ်နေသော စပါးပျိုးခင်းများ (ဓာတ်ပုံ - မဇ္ဈိမ)နဂျီးကုန်းရွာအနီး ရေနစ်မြုပ်နေသော စပါးပျိုးခင်းများ (ဓာတ်ပုံ - မဇ္ဈိမ)

နိုင်ငံရေးဆွေးနွေးရန်ဆန္ဒ အစိုးရတွင် မရှိဟု KNU ပြော

စံခလပူရီ (မဇ္ဈိမ)။   ။ အစိုးရတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စစ်မှန်သည့် နိုင်ငံရေး ဆွေးနွေးရန် ဆန္ဒမရှိဘဲ စီးပွားရေး ဖွံ့ဖြိုးရေးကိစ္စများကိုသာ အသားပေး ဆွေးနွေးနေကြောင်း ကရင်မျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ စောတာမလာဘော ကသြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၂ ကြိမ်မြောက် ကရင်အာဇာနည်နေ့
တွင် ပြောကြားလိုက်သည်။ 

 မန္တလေးမြို့၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွား

မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုလင်းခွံအိတ်ခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန် အတွက် စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ် ပစ္စည်းများကို တစ်သီးတစ်ခြားစီ ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။

 ဆုထူးပန်ရုပ်ရှင်ရုံကို အဆင့်မြင့် ရုပ်ရှင်ရုံ၊ ပုဂ္ဂလိကဘဏ်၊ ရှော့ပင်းမောလ်နှင့် လူနေအိမ်ခန်းများ ပါဝင်သော ၁၂ ထပ် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ်မည်


ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်း ရုပ်ရှင်ရုံတန်းရှိ ဆုထူးပန်ရုပ်ရှင်ရုံအား ဖျက်သိမ်းနေပြီး ယင်းနေရာတွင် အဆင့်မြင့်ရုပ်ရှင်ရုံ နှစ်ခု၊ ပုဂ္ဂလိကဘဏ်နှစ်ခု၊ ရှော့ပင်းမောလ်နှင့် လူနေအိမ်ခန်း၊ ရုံးခန်းများ ပါဝင်သော ၁၂ ထပ် အဆောက်အအုံအဖြစ် ပြန်လည်ဆောက်လုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 အစ္စရေးနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Asian Science Camp ၌ မြန်မာလူငယ်များ ပထမဆုံးအကြိမ် ပါဝင်ခွင့်ရရှိ

အာရှဒေသမှ သိပ္ပံပညာကို ချစ်မြတ်နိုးပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ ပါဝင်ဆင်နွှဲခွင့်ရှိသည့် Asian Science Camp 2012 ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှ ၃၁ ရက်နေ့ အထိ အစ္စရေးနိုင်ငံ ဟီဗရူးတက္ကသိုလ် အက်ဒ်မွန်ဂျေဆာ ဖရာနယ်မြေ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပ



2012-08-13
မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး



2012-08-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

တွံတေးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌကို NLD တရားစွဲ



2012-08-13
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်းဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။

နေရာအစားပြန်ပေးဖို့ တောင်းဆိုဆန္ဒပြ



2012-08-13
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း အစိုးရမြေပေါ် ကျူးကျော်နေထိုင်သူတွေကို လျော်ကြေး တစ်သိန်းပေးပြီး အပြီးအပိုင် ဖယ်ရှားခိုင်းတဲ့အတွက် အဲဒီမှာနေထိုင်နေသူ (၁၅၀) လောက်က နေရာအစားပြန်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းက တူညီဝတ်စုံဝတ်ပြီး စက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့မှာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

ဘင်္ဂါလီရိုဟင်ဂျာအတွက် ဒေါ်လာ သန်း ၅ဝ ကူညီဖို့ ဆော်ဒီဘုရင် အမိန့်ထုတ်ပြန်



2012-08-13
မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ဆော်ဒီအာရေးဗီးယား အစိုးရ သတင်းဌာနက ရိုဟင်ဂျာ မူဆလင်တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေ၊ အဓမ္မ ပြောင်းရွှေ့ခံရမှုတွေ၊ အဓမ္မ ပြုကျင့်ခံရမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံနေရတယ်လို့ ပြောဆိုကြောင်း သိရပါတယ်။