Tuesday, August 28, 2012

ကင်ဆာ ရောဂါထက် ကြောက်စရာ ကောင်းသော ရောဂါ


ကင်ဆာ ရောဂါထက် အဆ ပေါင်းများစွာ ကြောက်စရာကောင်း လှသောရောဂါ မှာ အယ်လ်ဇိုင်းမား မှတ်ဥာဏ်ယိုယွင်းသည့်ရောဂါဖြစ်သည်။ မိမိကိုယ်ကိုပင်မိမိ မမှတ်မိသော သတိမေ့လွန်းရောဂါဖြစ်သည်။ မိမိက နံနက်စာ စားပြီးပြီလားဆိုသည် ကို မမှတ်မိတော့၍ မနည်းပြန်စဉ်းစား ရသော ရောဂါဆန်းတစ်မျိုးဖြစ်သည် ဟုဆိုသည်။ကျန်းမာရေးသုတေသီတို့ က ယင်းရောဂါကို ကြိုတင်ကာကွယ် နည်းမှာ မိမိ၏ ဦးနှောက်ကို အလုပ် ပေးရမည်။ စာများများ ဖတ်ရှု လေ့လာပြီး ဦးနှောက်လေ့ကျင့်ခန်း များ၊ ကစားနည်းများ ပြုလုပ်ပေးရမည် ဟုညွှန်ကြားထားသည်။
ကေတီအောင်သိန်း (ရန်ကုန်တက္ကသိုလ်) Ref : Sin Chew 

ခုံရုံးအငြင်းပွားမှု ပြည်သူ့မျက်နှာ ကြည့်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးက မှားယွင်းစွာ ဆုံးဖြတ်ခဲ့သည်ဟူသော အဆိုတင်သွင်းမှုကို လွှတ်တော်ကိုယ်စားလှယ်များ ဆွေးနွေးကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့မျက်နှာကို ကြည့်ပြီး ညှိနှိုင်း ဆောင်ရွက်သွားကြရန် တိုက်တွန်းဆွေးနွေးသွားကြောင်း သိရသည်။

အထည်ချုပ် လုပ်ငန်းများ အကျပ်အတည်း ကြုံ


ကျွမ်းကျင် အလုပ်သမား ရှားပါးမှု၊ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အလုပ်သမားဝန်ကြီးဌာန၏ မူဝါဒ တချို့ကြောင့် အထည်ချုပ် လုပ်ငန်းရှင်များ အကျပ်အတည်းနှင့် ကြုံတွေ့နေရကြောင်း သိရသည်။

ရွှေရန်ကုန် ကူးတို့ဆိပ်လုပ်ငန်း အခက်ကြုံနေရခြင်း



NLD လွှတ်တော် ခေါ်ယူရေး ထောက်ခံဆန္ဒပြခဲ့တဲ့ ၁၄ ကြိမ်မြောက် နှစ်ပတ်လည်နေ့



မောင်တောတွင် ရခိုင်အိမ်များ ရောင်းမည်



ရခိုင်ပြည်နယ် မောင်တောမြို့တွင် ရခိုင်အိမ် အများအပြားကို ရောင်းရန် စာကပ်ထားသည်ဟု သတင်း ရရှိသည်။
“ ဟုတ်တယ်။ အခုတစ်လော ရခိုင်အမျိုးသားပိုင် အိမ်တစ်ချို့ “အိမ်ရောင်းမည်” ဆိုပြီး စာကပ် ထားတာကို တွေ့ရပါတယ်။ စိတ်မကောင်း စရာပါ။ အဓိကတော့ မောင်တောမှာ ရခိုင်တွေ နေနိုင်မယ့် အနေအထား မရှိဆိုတာကို ပြသနေတာ ဖြစ်ပါတယ်” ဟု မောင်တောမြို့ လူကြီး တစ်ဦးက ပြောသည်။

ဦးနေမျိုးဝေ အမှုတွင် လိုက်ပါသူ ရှေ့နေ တစ်ဦး လိုင်စင် သိမ်းခံရ


ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ရွှေနံသာ လယ်သမားများ အရေး ဆောင်ရွက်သူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေး ပါတီဥက္ကဌ ဦးနေမျိုးဝေ ကို ဇေကမ္ဘာ ကုမ္ပဏီက ပုဒ်မ ၅၀၀ ဖြင့် တရားစွဲဆိုထားသောအမှုအတွက် ဦးနေမျိုးဝေဘက်မှ လိုက်ပါ ဆောင်ရွက်သော ရှေ့နေ တစ်ဦးဖြစ်သူ ဦးမျိုးမင်းသိန်း(ခ)ဦးပါစီပြည်ဟိန်းသည် အထက်တန်းရှေ့နေလိုင်စင် ရုပ်သိမ်းခံရကြောင်း ကာယကံရှင်က ပြောကြားသည်။

ADSL အင်တာနက်လိုင်းများ အမြန်နှုန်း နှစ်ဆ အခမဲ့တိုးမြှင့်ပေးထား


ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့ များတွင် လက်ရှိ ADSL အသုံးပြု နေသော user များကို ငွေကြေးတိုးမြှင့် ကောက်ခံခြင်း မရှိဘဲ အမြန်နှုန်း နှစ်ဆ အခမဲ့ တိုးမြှင့် ပေးထား သည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်း သန်းက အမျိုးသားလွှတ်တော် အ စည်းအဝေး တွင် ဖြေကြားခဲ့ သည်။

တိုင်းအဆင့်ခေါင်းဆောင်များအားရှုံ့ချသည့် ပုသိမ် NLD သတင်းစာရှင်းလင်းပွဲ


တိုင်းအဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်များကို ရှုံ့ချသည့်  သတင်းစာ ရှင်းလင်းပွဲတစ်ရပ်အား သြဂုတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းတွင် ပုသိမ်မြို့နယ် NLD ပါတီရုံးတွင် ကျင်းပခဲ့ကာ ဖွဲ့စည်းထားပြီး ဖြစ်သည့်တိုင်းညီလာခံကော်မရှင် ဖျက်သိမ်းပေးရေးအပါအ၀င် အချက်(၆)ချက်ကို  ပုသိမ်မြို့နယ် NLD ပါတီဝင်များက တောင်းဆိုလိုက်သည်။

ပုသိမ်ရေဘေး ဆန်ဝေပြဿနာမှ လူ(၅)ဦး ဖမ်းဆီးခံရ


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှ ရေဘေးသင့်သူများအား အလှုရှင်များက လှုဒါန်းသော ဆန်များဝေရာ၌ ရက်ကွက်များတွင်   ပြနာများ  ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံက သတင်းရရှိသည်။

(၆)လအတွင်း အကောင်အထည်ဖော်မည့် ထန်းတပင်ဆင်းရဲသားမြို့တော်စီမံကိန်း


ကျူးကျော်နေထိုင်သူများအတွက် ထန်းတပင်မြို့နယ်တွင် ဆင်းရဲသားမြို့တော်စီမံကိန်းတစ်ခုအကောင်အထည်   ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လှိုင်သာယာမြို့နယ်၊ အမျိုးသားဒီမိုကစေီအင်အားစုပါတီ(NDF)က သိရှိရသည်။

မောင်တောပြူးမချောင်း ကမ်းပြိုမှုကြောင့် လယ်မြေဧကရာချီ ဆုံးရှုံး


ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း နယ်စပ်နတ်မြစ်လက်တက် ပြူးမချောင်းမြစ်ကမ်းပါးမှာ မိုးရာသီတွင်   နှစ်စဉ်နှစ်တိုင်းချောင်း ကမ်းပါးပြိုကျမှုများပြားလာခြင်း ကြောင့် ချောင်းတစ်ဖက်တစ်ချက်ရှိလယ်ယာစိုက်ပျိုးမြေဧက များ လျော့နည်းပျောက်ဆုံးမှုများရှိလာကြောင်းဒေသခံတောင်သူများထံက သိရသည်။

ဘုရားကြီးအလယ်တိုက်တွင်ပြုလုပ်သည့် ပထမဆုံးအကြိမ် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆုတောင်းပွဲ


မန္တလေးမြို့ မဟာမြတ်မုနိ ဒက္ခိဏာရာမဘုရားကြီး အလယ်တိုက်တွင် ပထမဦးဆုံးအကြိမ်ကျင်းပခဲ့သည့် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲအား  သြဂုတ်လ (၂၅)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ကျင်းပခဲ့သည်။

ခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များ အနိုင်ရရှိ


၂၀၁၂ခုနှစ် သြဂုတ်လ(၂၇)ရက်နေ့ နေပြည်တော်၌ ကျင်းပသည့် ပြည်ထောင်စုအစည်းအဝေးတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းကြောင်း ကြေညာချက်ထုတ်ပြန်ပေးရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူသုံးချိုးနှစ်ချိုးရှိခဲ့သောကြောင့် အနိုင်ရရှိခဲ့ကြောင်း  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

မူလသံယုတ် ကျောင်းတိုက် ရှေးဟောင်း အဆောက်အဦအဖြစ်မှ ပယ်ဖျက်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း ရှေးဟောင်း အဆောက်အဦအဖြစ် သတ်မှတ်ထားခဲ့သော သင်္ကန်းကျွန်းမြို့နယ်၊ ကျိုက္ကဆံ ဘုရားအနီးရှိ မူလသံယုတ် ဘုန်းတော်ကြီး ကျောင်းအား စာရင်းမှပြန်လည် ပယ်ဖျက်လိုက်ကြောင်း ရန်ကုန် စည်ပင်သာယာမှ တာဝန်ရှိသူတဦးက ပြောသည်။

ဆီးဂိမ်းတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများ မြန်မာမပြိုင်

ရန်ကုန် (မဇ္ဈိမ) ။     ။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂ဝ၁၃ ခုနှစ် ဆီးဂိမ်း SEA Games အားကစား ပြိုင်ပွဲတွင် ရွှေတံဆိပ် မရနိုင်သည့် အားကစားနည်းများကို ချန်လှပ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ ၂၃ ရက်နေ့တွင်
ပြုလုပ်ခဲ့သည့် အကောင်းဆုံး အားကစားသမားဆု ချီးမြှင့်သည့် အခမ်းအနားတွင်  မြန်မာ အားကစားဝန်ကြီး ဦးတင့်ဆန်း က ပြောသည်။

အကောင်းဆုံး အားကစားသမားဆုများ ဝင်းထိုက်နှင့် မအောင်ငှိမ်း တို့ ရရှိ

ရန်ကုန် (မဇ္ဈိမ) ။      ။ ၂ဝ၁၁ ခုနှစ်အတွက် အကောင်းဆုံး အားကစားသမား အမျိုးသားဆုကို လှေလှော် အားကစားနည်းမှ ဝင်းထိုက်နှင့် အမျိုးသမီးဆုအတွက် မြှားပစ် အားကစားနည်းမှ မအောင်ငှိမ်း တို့က ဆွတ်ခူးရရှိသွား ကြသည်။

ဖားကန့်တွင် KIO နှင့် အစိုးရတပ်များအကြား တိုက်ပွဲပြင်းထန်နေ

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြန်မာအစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်များအကြား တိုက်ပွဲများ ပြင်းထန်လာနေ၍ မြို့ပေါ်သို့ စစ်ပြေး ဒုက္ခသည် အများအပြား ထွက်ပြေးလာနေကြသည်။

ခြေစမ်းပွဲ မနိုင်သေးသော်လည်း အမျိုးသမီးအသင်းအပေါ် နည်းပြ အကောင်းမြင်

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်လူငယ် အကယ်ဒမီ (အမျိုးသား)အသင်းနှင့် ကစားခဲ့သည့် ခြေစမ်းပွဲ သုံးပွဲလုံး နိုင်ပွဲ မရှိခဲ့သော်လည်း မြန်မာ့ လက်ရွေးစင် အမျိုးသမီး ဘောလုံး အသင်း၏ ခြေစွမ်းကို ကျေနပ်လျက်ရှိကြောင်း နည်းပြ မာကုဒါ က ဆိုသည်။

UWSA ဖမ်း SSA-S တပ်ဖွဲ့ဝင်များ ပြန်မလွတ်သေး

စံခလပူရီ (မဇ္ဈိမ) ။      ။ ဝ' ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဖမ်းဆီးခြင်းကို ခံထားရသည့် ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSA-S) တပ်ဖွဲ့ဝင်များ တလခန့် ကြာပြီ ဖြစ်သော်လည်း ပြန်လည် လွတ်မြောက်လာ
ခြင်း မရှိသေးကြောင်း SSA-S က ပြောသည်။

 တရုတ်နိုင်ငံ၌ ကျန်ရှိနေသော ကချင်ဒုက္ခသည် လေးထောင်ကျော်အား ယခုလအတွင်း အပြီးပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထား

လက်ရှိ တရုတ်ပြည်မှ ပြောင်းရွှေ့လာသည့် ကချင်ဒုက္ခသည်ဦးရေ နှစ်ထောင်ကျော်ရှိနေပြီး ကျန်ရှိသော ဒုက္ခသည်လေးထောင်ကျော် အား ယခုလအတွင်းအပြီး ပြောင်းရွှေ့ရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ဆူပူအကြမ်းဖက်မှုတွင် ပါဝင်သည့် UNHCR ၀န်ထမ်းနှစ်ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ၀န်ထမ်းတစ်ဦးအား မောင်တောမြို့နယ်တရားရုံးမှ ထောင်ဒဏ်အမိန့်ချမှတ်


ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် UNHCR ၀န်ထမ်း နှစ်ဦးနှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ၀န်ထမ်းတစ်ဦးတို့အား မောင်တော မြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ကြောင်း တရားခွင်မှ သိရသည်။ 

၈၈ မျိုးဆက်ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကွန်ရက်၏ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အစီရင်ခံစာထုတ်ပြန်


၈၈ မျိုးဆက် ကျောင်းသားများ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး ကွန်ရက်၏ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အစီရင်ခံစာကို သြဂုတ်လ ၂၇ ရက်နေ့က ၈၈မျိုးဆက် ကျောင်းသားများ အဖွဲ့ရုံး၌ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေးအဆို ပြည်ထောင်စုလွှတ်တော်၌ အတည်ဖြစ်


နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက်ထုတ်ပြန်ပေးရေး အဆိုကို ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးခဲ့ကြပြီး လျို့ဝှက်ဆန္ဒမဲပေးမှုဖြင့် ဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးအနက် ၄၄၇ ဦးက ထောက်ခံခဲသဖြင့် အဆိုအတည်ဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

 ယာမဟာ ကုမ္ပဏီမှ ဆိုင်ကယ်များ ရောင်းချရန် မြန်မာပြည်တွင် အရောင်းစင်တာ ဖွင့်မည်


278-1ဂျပန်နိုင်ငံမှ ယာမဟာ မော်တော်ကုမဏီ (Yamaha Motor Co.) သည် မြန်မာနိုင်ငံတွင် မော်တော်ဆိုင်ကယ်များ ရောင်းချရန် အရောင်းကုမ္ပဏီ တစ်ခုလာရောက် ဖွင့်လှစ်မည်ဟု ကြေညာလိုက်ကြောင်း Yomiuri Shimbun သတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်အရေး သမ္မတ ကို ထောက်ခံတဲ့လှုပ်ရှားမှု မန်း အာဏာပိုင်များခွင့်ပြု



2012-08-26
ရခိုင်အရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ ရပ်တည်ချက်အပေါ် ထောက်ခံတဲ့အနေနဲ့ ဆန္ဒဖော်ထုတ်ပွဲတွေကို မန္တလေးမြို့က မြို့နယ်အားလုံးနဲ့ အမရပူရမြို့တွေမှာ တရက်တည်း တပြိုင်တည်း ကျင်းပဖို့ အာဏာပိုင်တွေက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီး ၉ ဦး ပြောင်းလဲခန့်အပ်



2012-08-27
ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၃၂ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ ပြည်ထောင်စု ဝန်ကြီး ၉ ဦးကို ဌာနတွေ ပြောင်းလဲ ခန့်အပ်လိုက်တယ်လို့ နိုင်ငံတော် သမ္မတရုံးက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်ဆွေးနွေးပွဲ ပြန်လည်စတင်မည်



2012-08-26
ထိုင်း-မြန်မာ နယ်စပ်ပြဿနာ ဆွေးနွေးပွဲကို ပြန်လည်စတင်ဖို့ မြန်မာ အစိုးရဘက်က သဘောတူလိုက်ပြီလို့ ထိုင်းတာဝန်ရှိသူတွေက ထုတ်ဖော် ပြောဆိုပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ ရောက်မည်



2012-08-26
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာဟာ လာမယ့် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံကို ရောက်ရှိနေမှာ ဖြစ်ကြောင်း Pheu Thai ပါတီ လွှတ်တော်အမတ် တစ်ဦးက မနေ့က ထုတ်ဖော် ပြောဆိုပါတယ်။
Photo: Wikipedia
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာ

မြစ်ကြီးနားတက္ကသိုလ်မှာ အဓမ္မ လုပ်အားပေးခိုင်းစေ



2012-08-26
ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်က ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေဟာ သောကြာနေ့တိုင်း အဓမ္မ လုပ်အားပေး ခိုင်းစေခံနေရတယ်လို့ သိရပါတယ်။