၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် အခြေခံပညာ မူလတန်းကျောင်းသားများ အနေဖြင့်
အခမဲ့ ပညာရေး သင်ယူခွင့်ရမည်ဟု နိုင်ငံတော်အစိုးရက ကြေညာထားသော်လည်း
ရန်ကုန်မြို့တွင်းရှိ ကျောင်းတချို့တွင် ငွေကြေးကို အလှူငွေအဖြစ် ပြောင်းလဲ
ကောက်ခံမှုများ ရှိနေသေးကြောင်း စုံစမ်းသိရှိရသည်။
Wednesday, May 30, 2012
မြန်မာဆန်နီ အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂
ရှိ အထည်ချုပ် စက်ရုံတခုမှ စက်ရုံအလုပ်သမားများသည် လုပ်ခလစာ
တိုးမြှင့်ရရှိရေးအတွက် ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆန္ဒပြနေကြောင်း သိရသည်။
အလုပ်သမား အခွင့် အရေး ဆောင်ရွက်မည် ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရောက်ရှိနေသည့်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ
အလုပ်သမားများကို ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်
ကြိုးစားဆောင်ရွက်ပေးသွားမည်ဟု ယနေ့ နံနက်ပိုင်းတွင်ပြော ဆိုလိုက်သည်။
တိုင်းရင်းသားဒေသခံများ လိုလားချက် အစိုးရ တွေ့ဆုံဆွေးနွေး
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင်များနှင့် အစိုးရ အကြား
အပစ်အခတ်ရပ်စဲထားပြီးနောက် တိုင်းရင်းသားများ တောင်းဆိုလိုသည့် ဆန္ဒသဘောထား
အမြင်များသိရှိရန် ကချင်ပြည်နယ် မြစ်ကြီးမြို့တွင် အစိုးရက ဒေသခံ
ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
လျှပ်စစ်တာဝါတိုင်များ ဖျက်ဆီးသူကို KIO စုံစမ်းနေ
ရန်ကုန်နှင့် မန္တလေးမြို့ကြီးများသို့ လျှပ်စစ်မီးဓာတ်အားကြိုးများ
သွယ်တန်းထားသော ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲ က
တာဝါတိုင်များကို ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO) က စုံစမ်းနေကြောင်း သိရသည်။
“လူထုအကျိုးပြုပစ္စည်းတွေကို KIA က သီးသန့်လိုက်ပြီးဖျက်ဆီးတာမျိုးတော့ မရှိဘူး။ အခု တာဝါတိုင်တွေပျက်စီးတယ်ဆိုတာ ကြား သိရတယ်။ ဒါကို ဘယ်အဖွဲ့ကနေ လုပ်သလဲ၊ ကျနော်တို့ ရှေ့တန်းက အဖွဲ့တွေကပဲ လုပ်သလားဆိုတာ မပြောနိုင်သေးဘူး။ ကျနော်တို့လည်း စုံစမ်းနေတုန်းပဲ”ဟု ကချင်ပြည် လွတ်လပ်ရေး တပ်မတော်(KIA) ၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် က ဧရာဝတီသို့ ပြောသည်။

အလုံမြို့နယ် လျှပ်စစ်မီးအရေး သုံးရက်ဆက်တိုက် ဆန္ဒပြမည်
ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်း၊ အလုံမြို့နယ်တွင် လျှပ်စစ်မီးရရှိရေး
ဆန္ဒပြမှုတရပ် မေလ ၂၉ ရက်နေ့ ည ၇ နာရီတွင် ဖြစ်ပွားခဲ့ပြီး လျှပ်စစ်မီး
အပြည့်အ၀ မရမချင်း သုံးရက်ဆက်တိုက် ဆက်လက်ပြုလုပ်သွား
ကြမည်ဟု သိရသည်။

ကြမည်ဟု သိရသည်။

နှစ်ကုန်ပိုင်းတွင် ထားဝယ်ချောင်အမှိုက်မီးရှို့စက်မှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် ရည်ရွယ်
ရန်ကုန်တိုင်းဒေသကြီးမှထွက်ရှိသော
စွန့်ပစ်အမှိုက်များအတွက် မီးရှို့စက်တည်ဆောက်ကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်
သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက သိရသည်။
ဓာတ်ဆီ၊ ဒီဇယ်နှင့် အောက်တိန်းဆီအခွန်များအား လျော့ချခဲ့သော်လည်း CNGအား တိုးမြှင့်ကောက်ခံမည်
လာမည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှစတင်၍ စက်သုံးဆီအခွန်နှုန်းထားများအား ၁၀%သာ ကောက်ခံ သွားတော့မည် ဖြစ်ကြောင်း ပြည်တွင်းအခွန်ဦးစီးဌာနမှထုတ်ပြန်ချက်များအရ သိရှိရသည်။
စက်သုံးဆီနှုန်းထားများအား ယခုကဲ့သို့လျော့ချကောက်ခံသွားမှုသည် ၂၀၁၂ ခုနှစ် ဧပြီလ(၁)ရက်နေ့မှ စတင်အကျုံးဝင်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ်ဘဏ္ဍာရေးနှစ်မှ စတင်ကာကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ဇနီး အခြားယောကျာ်း နောက်လိုက်၍ ပိုးသတ်ဆေးသောက် သေဆုံး
ရန်ကုန်တိုင်း ဒေသကြီး ရွှေ ပြည်သာမြို့နယ် အတွင်း၌ မိမိကိုယ် ကို ပိုးသတ်ဆေး သောက်၍ သေဆုံးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတ၏ ကိုယ်ရေးအရာရှိကိုယ်တိုင် မဲစာရင်းထဲမပါ
မေလ ၂၉ ၊ ၂၀၁၂ -ကျော်သူရမျိုး (YPI)
ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူးကြီး ကိုကိုကျော် နှင့်ဇနီးတို့ မဲစာရင်းတွင်မပါရှိသဖြင့် မဲမပေးခဲ့ရကြောင်း မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ တွေ့ဆုံရာတွင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် တွင် လူသတ်မှုဒိမ်းကျင့်မှုဖြစ်စဉ်ဖြစ်ပွား
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင်ကျေးရွာနေ ဦးလှတင်+ဒေါ်မမြတို့၏
သမီး မသီတာထွေးသည် ၂၈.၅.၂၀၁၂ ညနေ ၅ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်တွင်
ကျောက်နီမော်ကျေးရွာမှ သပြေချောင်ကျေးရွာသို့အပြန် ပျောက်ဆုံး နေသဖြင့်
မိဘများမှ ည ၈ နာရီ ၀န်းကျင်ခန့်တွင် ကျောက်နီမော် ရဲစခန်းသို့
သွားရောက်တိုင်ကြားသော်လဲ ရဲစခန်းမှ လုံးဝလိုက်လံရှာဖွေပေးခြင်း၊
စုံစမ်းပေးခြင်း မရှိခဲ့ပေ။
ဒေါ်အောင်ဆန်းစုကြည် ဘန်ကောက်မြို့ ရောက်ရှိ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၄ နှစ်တာ ကာလအတွင်း
ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို မနေ့ည (၁၀)
နာရီက ထိုင်းလေကြောင်းလိုင်းနဲ့ ရောက်ရှိလာပါတယ်။
လိမ္မော်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သုဝဏ္ဍဘူမိလေဆိပ်က ထွက်လာချိန်မှာ စုဝေးရောက်ရှိနေတဲ့မြန်မာတွေက သံပြိုင်ကြွေးကြော်ပြီး နှုတ်ဆက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ပါတီတွေ အမြတ်မထုတ်ဖို့ ကော်မရှင် သတိပေး
မြန်မာနိုင်ငံထဲ လတ်တလော ဖြစ်နေတဲ့ ဆန္ဒပြမှုတွေမှာ နိုင်ငံရေးပါတီတွေ မပတ်သက်ကြ ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဒီကနေ့ နိုင်ငံရေးပါတီတချို့ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။ အထူးသဖြင့် လှိုင်သာယာမှာ ဖြစ်နေတဲ့ အလုပ်သမားတွေရဲ့ ပြဿနာမှာ နိုင်ငံရေးပါတီ တချို့က ၀င်ရောက် စွက်ဖက်မှုတွေ ရှိနေတယ်လို့ အလုပ်သမား ၀န်ကြီးဌာနကို တိုင်ကြားလာတာတွေ ရှိတဲ့အတွက် အခုလို ခေါ်ယူ တွေ့ဆုံရတာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်၊
ဒေါ်အောင်ဆန်းစုကြည် နေရူး အထိမ်းအမှတ် မိန့်ခွန်းပြောမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်မှာ မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့ အထူး အရေးပါတဲ့
အခန်းကဏ္ဍကနေ ပါဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်း
အိန္ဒိယ၀န်ကြီးချုပ်က ပြောခဲ့ပါတယ်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ
စီးပွါးရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည်
မဇ္ဈိမသတင်းဌာန ။ ။ မြန်မာနိုင်ငံသို့ လာရောက်လိုကြသော
စီးပွါးရေးသမားများ လွယ်ကူ ချောမွေ့စေရေး အတွက် ကန့်သတ်ချက်များ ရှိသော
ဆိုက်ရောက်ဗီဇာ စနစ်ကို သောကြာနေ့တွင် စတင်တော့မည်ဟု လူဝင်မှု ကြီးကြပ်ရေး
ဌာနမှ အရာရှိများက ပြောသည်။
မူလက ထိုဆိုက်ရောက်ဗီဇာ အစီအစဉ်၌ သာမန် ကမ္ဘာလှည့် ခရီးသွားများပါ အကျုံးဝင်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသော် လည်း အကျုံးမဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အေပီသတင်းဌာန သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။
ရက်ပေါင်း ၇၀ ခွင့်ပြုမည့် ဆိုက်ရောက်ဗီဇာကြေးမှာ ဒေါ်လာ ၅၀ ခန့် ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အမေရိကန် စသည့် ၂၇ နိုင်ငံမှ စီးပွါးရေးသမားများ အကျုံးဝင်လိမ့်မည်ဟု ဦးမောင်မောင်သန်းက ပြောသည်။

ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပြင်ဖို့ ငြိမ်းကော်မတီအား လူထုပြော
ရန်ကုန် (မဇ္ဈိမ) ။ ။ အဓိက လိုလားချက်ဖြစ်သော ငြိမ်းချမ်းရေးအတွက် အခြေခံဥပဒေပါ အချက်အချို့အား
ပြင်ဆင်ပေးရန် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီအား ကချင်ပြည်သူလူထုမှ တင်ပြဆွေးနွေးကြကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်ဦးဆောင်သည့် တိုင်းရင်းသား ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး
ဖော်ဆောင်မှု ကော်မတီသည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းသို့ သွားရောက်ခဲ့ပြီး ပြည်သူများ၏ အခက်အခဲများ၊ အစိုးရအဖွဲ့၏ အခက်အခဲများကို လေ့လာခဲ့ခြင်းဖြစ်သည်။
“လူထုကတော့ အဓိက ငြိမ်းချမ်းရေးအကြောင်း ပြောကြတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး
constitution ထဲက အချက်တွေ ပြင်သင့်တဲ့ကိစ္စတွေ ဆွေးနွေးဖြစ်ကြတယ်။ အစိုးရအဖွဲ့အနေနဲ့လည်း သူ့ဒေသက လူထုအတွက် လုပ်ကိုင်
ပေးချင်ပေမယ့် သူတို့အတွက် ခက်ခဲနေတဲ့ အခြေအနေတချို့ကိုလည်း တင်ပြကြတယ်” ဟု ကော်မတီအတွင်းရေးမှူး
ဒေါ်ဒွဲဘူ က ဆွေးနွေးခဲ့သည်များကို ပြန်လည် ပြောပြသည်။

သို့သော် ဆွေးနွေးချက် အသေးစိတ်ကိုမူ မသိရှိရပေ။
ဦးသိန်းဇော် ဦးဆောင်သည့် ကော်မတီတွင် အဖွဲ့ဝင် ၇ ဦး ရှိသော်လည်း မေလ ၂၅ ရက်နေ့တွင် ကချင်ပြည်နယ်သို့
ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဒေါ်ဒွဲဘူနှင့် ကော်မတီဝင်တဦးတို့သာ သွားရောက်ခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် သီးသန့် တွေ့ဆုံခဲ့သည်။
မေလ ၂၆ ရက်နေ့တွင် ပြည်နယ်လွှတ်တော်အဖွဲ့များ၊ ဘာသာရေးခေါင်းဆောင်များ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။
“၂၉ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီးကို သွားမယ်။ အဲဒီမှာလည်း အရင် ခရီးစဉ်တွေလိုပဲ အစိုးရအဖွဲ့ရယ် လွှတ်တော်အဖွဲ့ရယ် မြို့မိမြို့ဖတွေရယ် တွေ့ကြမှာပေါ့” ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ဒေါ်ဒွဲဘူ က မဇ္ဈိမကို ပြောသည်။
အဆိုပါ ကော်မတီသည် မန္တလေးတိုင်းမှ ချင်းပြည်နယ် ဟားခါးမြို့သို့ ဆက်လက် သွားရောက် လေ့လာမည်ဖြစ်ပြီး ထိုမှတဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမှာ ဖြစ်ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်မှ ဖွဲ့စည်းထားသည့် ဦးစိုင်းပေါင်းနပ် ဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ သည်လည်း ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ လေ့လာရေးခရီး သွားရောက်နေပြီး ကယားပြည်နယ်၊ လွိုင်ကော်မြို့မှ တဆင့် နေပြည်တော်တွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ဖွဲ့စည်းထားသည့် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးပေါင်းကော်မတီသည် မေလ ၂၂ ရက်မှ စတင်၍ ပြည်နယ်နှင့် တိုင်းများသို့ လေ့လာရေး ခရီးများ စတင် ထွက်ခွာလာခဲ့ကြခြင်း ဖြစ်သည်။

ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဆက်လက်ဆန္ဒပြ
ဇာထိုးပန်းထိုးစက်ရုံ အလုပ်သမ ၁၀၀၀ ကျော် ဆက်လက်ဆန္ဒပြ
2012-05-29
ရန်ကုန်တိုင်း လှိုင်သာယာစစ်မှုဇုန်က တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံက အလုပ်သမ ၁၀၀၀ ကျော်ဟာ ဒုတိယမြောက်နေ့အဖြစ် ဒီကနေ့ ဆက်လက် ဆန္ဒပြခဲ့ကြပါတယ်။
RFA
ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား
ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား
2012-05-29
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီး ဆန္ဒပြတောင်းဆိုမှုတွေနဲ့ အလုပ်သမားအခွင့်အရေး တောင်းဆိုမှုတွေကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ရာမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ၀ိုင်းဝန်း ကူညီပါဝင်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပန်ကြားလိုက်ပါတယ်။
RFA
ပါဖောမန့်ပြသူ အနုပညာရှင်များ တရားစွဲခံရ
မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပါဖောမန့်စ် (Performance) ပြခဲ့သည့် အနုပညာရှင် ၇ ဦးအား ယနေ့ တရားစွဲကာ ၃၁ ရက်နေ့တွင် ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
မေ ၂၄ ရက်နေ့က မြန်မာအနုပညာရှင် ၇ ဦးနှင့် နိုင်ငံခြား အနုပညာရှင် ၅ ဦးတို့ ပူးပေါင်း၍ “ခံစားချက် ကိုယ်စီ” အမည်ရှိ ပါဖောမန့်ကို မန္တလေးကျုံး မြောက်ဘက်ထောင့်တွင် ပြသခဲ့သဖြင့် မြန်မာ ၇ ဦးအား အထူးနှင့် အထွေထွေ ဥပဒေ ပုဒ်မ ၁၁၊ ၁၉၆၄ ခုနှစ် စာကြည့်တိုက်၊ ပြတိုက်နှင့် ပြပွဲများ ကြီးကြပ်အုပ်ချုပ်ရေး ဥပဒေ ပုဒ်မ ၁၁ တို့ဖြင့် မန္တလေး အမှတ် ၂ ရဲစခန်းက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

နှစ်နိုင်ငံအနုပညာဖလှယ်ရေး
အတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပါဖောမန့် ပြသနေသည့် မြန်မာ
အနုပညာရှင် မိုးစက် (ဓာတ်ပုံ - မိုးစက်၏ facebook မှ)
အစာငတ်ခံ ဆန္ဒပြနေသော သံရည်ကျို စက်ရုံလုပ်သားများကို အကူအညီပေးနေသည့် အဖွဲ့အစည်းများက မေတ္တာရပ်ခံခဲ့သဖြင့် အစာငတ်ခံဆန္ဒပြမှုကို ၈၄ နာရီအကြာတွင် ယာယီဆိုင်းငံ့ခဲ့ကြောင်း သိရ

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော
![]() |
မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ် |
ရိုဟင်ဂျာဆိုသည်မှာ မြန်မာတိုင်းရင်းသားမဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များ အားမှတ်ပုံတင်ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက်တစ်ဦး၏မေးမြန်းချက်အား ပြန်လည်ဖြေကြားလိုက်သည်။
ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြီးအကဲ အဖမ်းခံရ
မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ယာယီဥက္ကဋ္ဌကို ခရိုင်ရဲစခန်းက တရားမ၀င်သွင်းကုန်ဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့
ပါတီအဖွဲ့ဝင်တွေက ပြောပါတယ်။
ယာယီဥက္ကဋ္ဌ ဦးဌေးဝင်းဟာ ပါတီစည်းရုံးရေးထွက်ရာမှာ တရားမ၀င် လိုင်စင်မဲ့ကားကို အသုံးပြုတယ်ဆိုပြီး ဂန့်ဂေါခရိုင်ရဲစခန်း တာဝန်ရှိသူတွေက သူ့ကို ပုဒ်မ ၅ (၁) နဲ့ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့ ညနေ ၅ နာရီလောက်က နေအိမ်မှာ လာဖမ်းသွားတာလို့ ပါတီဖြစ်မြောက်ရေးအတွင်းရေးမှူး ဦးမြတ်လင်းဦးက ပြောပါတယ်။

ဆန္ဒပြအလုပ်သမားများကို စက်ရုံလုံခြုံရေးက ကြမ်းတမ်းစွာတုံ့ပြန်
မေ ၂၉၊ ၂၀၁၂ (YPI)
လှိုင်သာယာ စက်မှုဇုန် (၁) ရှိ တော်ဝင်မြန်မာ ဇာထိုးပန်းထိုးစက်ရုံ ရှေ့တွင် ဆန္ဒပြနေသော အလုပ်သမားများထဲမှ အမျိုးသမီးသုံးဦးကို ယနေ့နံနက်ပိုင်းက စက်ရုံလုံခြုံရေးများက တွန်းထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်သည်ဟု ဆန္ဒပြသူများကပြောသည်။

ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ ဆရာဝန်အမျိုးသမီး ကွယ်လွန်
မေလ(၂၇)ရက်နေ့က ဓာတ်ဆီလောင်းပြီး မီးရှို့ခံရသူ အမျိုးသမီးသည် ယနေ့
မေလ(၂၉)ရက်နေ့မွန်းလွဲ(၃)နာရီ(၅၅)မိနစ်ခန့်က ကွယ်လွန်သွားပြီဖြစ်ကြောင်း
Popular Myanmar News Journal - facebook အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါသည်။
ကျောက်ဝိုင်း ဆန္ဓထုတ်ဖော်မှုကြောင့် လူဝင်ခွင့်အား ယာယီရပ်ဆိုင်း၍ ပြန်လည်သုံးသပ်နေ
လူဝင်ခွင့်ကောက်ခံမှုအပေါ်
ကျေနပ်မှုမရှိသောကြောင့် မန်းကျောက်မျက်ဈေးဝင်းအတွင်းတွင် ယနေ့နံနက်က
လူဦးရေ တစ်ရာ့ငါးဆယ်နီးပါးပါဝင်သော ဆန္ဒထုတ်ဖေါ်မှုတစ်ရ ပ်ဖြစ်ပွားခဲ့သည်။
‘’သဘောမတူဘူးဆိုတဲ့သူက
လူနည်းစုပါ ၊ ကျနော်တို့ကလဲ သဘောထား ကောက်ခံပြီးမှ ဒီကိစ္စကို လုပ်တာပါ ၊
ပြီးတော့လဲပြီးသွားမှာပါပဲ ဘာမှမဖြစ်ပါဘူး ၊ သူတို့ဖက်ကလဲ
သူတို့သဘောထားထုတ်ပြတာပဲလေ’’ဟု မန္တလေး ကျောက်မျက်ဈေးအုပ်ချုပ်ရေးရုံးမှ
တာဝန်ရှိသူတစ်ဦးက ပြန်လည်ဖြေကြားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး
ဒေါ်အောင်ဆန်းစုကြည်နှင့် အိန္ဒိယ ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး
2012-05-29
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းနဲ့ ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်မှာ ဒီကနေ့ ၄၅ မိနစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
RFA
မြောက်ဥက္ကလာပ သုဓမ္မာလမ်းမကြီးအားတိုးချဲ့နေချိန် ယာဉ်ကြောပိတ်ဆို့မှုဆိုးရွားလာ
မြောက်ဥက္ကလာပမြို့နယ်
သုဓမ္မာလမ်းမကြီးအား (၆)လမ်းသွား ကွန်ကရစ်လမ်းမကြီးအဖြစ်
ဖောက်လုပ်နေချိန်တွင်
ယာဉ်/လမ်းစည်းကမ်းလိုက်နာမှုမရှိခြင်းကြောင့်ယာဉ်ကြောပိတ်ဆို့မှုများ
မကြာခဏဖြစ်ပေါ်လျက်ရှိရာမှ ပိုမိုဆိုးရွားလာကြောင်း သိရှိရသည်။
KNUနှင့် ငြိမ်းချမ်းရေးပထမခြေလှမ်းအနေဖြင့် IDP (၃၀)ကျော်အား ယာယီမှတ်ပုံတင်ကဒ်ထုတ်ပေး
ပဲခူးတိုင်းဒေသကြီး
ကျောက်ကြီးမြို့ရှိ ကေအင်န်ယူ(KNU)ဆက်ဆံရေးရုံးတွင်
ငြိမ်းချမ်းရေးဖော်ဆောင် ရေးအတွက် ပထမဦး ဆုံးခြေလှမ်းအနေဖြင့်
ကရင်လူမျိုးများအား ဌာနေမဲ့နေသူများ(IDP)အား ယာယီ မှတ်ပုံတင်ကဒ်
ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။
ငြိမ်းချမ်းရေးဖော်ဆောင်ရန် နော်ဝေး ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ကန်ဒေါ်လာ(၅)သန်း ထောက်ပံ့ ၀င့်သင်ဇာကျော် (မြစ်မခ)
နော်ဝေးနိုင်ငံ
ဒုတိယနိုင်ငံခြားရေးဝန်ကြီးက
အမေရိကန်ဒေါ်လာ(၅)သန်းအား မြန်မာနိုင်ငံငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွက်
ထောက်ပံ့ပေးမည်ဖြစ်ကြောင်း မေလ(၂၈)ရက်နေ့တွင် ပြုလုပ်သော ဌာနေမဲ့များအား
မှတ်ပုံတင်ကဒ်ချပေးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။
RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည်
RNDP ပါတီ ပထမအကြိမ် ညီလာခံ ကျင်းပမည်
2012-05-29
RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ပထမအကြိမ် ညီလာခံကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မနက်ဖြန်က စတင်ပြီး ဇွန်လ (၁) ရက်နေ့အထိ (၃) ရက်ကြာ ကျင်းပသွားမယ်လို့ သိရပါတယ်။
(Photo Courtesy of RNDP)
Subscribe to:
Posts (Atom)