Showing posts with label ဇ္ဈိမသတင်းဌာန. Show all posts
Showing posts with label ဇ္ဈိမသတင်းဌာန. Show all posts

Wednesday, May 30, 2012

စီးပွါးရေး ဆိုက်ရောက်ဗီဇာစနစ် သောကြာနေ့တွင် စတင်မည်

မဇ္ဈိမသတင်းဌာန ။         ။ မြန်မာနိုင်ငံသို့ လာရောက်လိုကြသော စီးပွါးရေးသမားများ လွယ်ကူ ချောမွေ့စေရေး အတွက် ကန့်သတ်ချက်များ ရှိသော ဆိုက်ရောက်ဗီဇာ စနစ်ကို သောကြာနေ့တွင် စတင်တော့မည်ဟု လူဝင်မှု ကြီးကြပ်ရေး ဌာနမှ အရာရှိများက ပြောသည်။

မူလက ထိုဆိုက်ရောက်ဗီဇာ အစီအစဉ်၌ သာမန် ကမ္ဘာလှည့် ခရီးသွားများပါ အကျုံးဝင်လိမ့်မည်ဟု ထင်မြင်ခဲ့ကြသော် လည်း အကျုံးမဝင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက အေပီသတင်းဌာန သို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

ရက်ပေါင်း ၇၀ ခွင့်ပြုမည့် ဆိုက်ရောက်ဗီဇာကြေးမှာ ဒေါ်လာ ၅၀ ခန့် ဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ သြစတြေးလျ၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ အမေရိကန် စသည့် ၂၇ နိုင်ငံမှ စီးပွါးရေးသမားများ အကျုံးဝင်လိမ့်မည်ဟု ဦးမောင်မောင်သန်းက ပြောသည်။
airport