ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ်
စီးပွားရေးပိတ်ဆို့ အရေးယူမှုကို ခေတ္တရုပ်သိမ်း လိုက်ကြောင်း ကြာသပတေးနေ့
ဝါရှင်တန်ဒီစီမြို့ နိုင်ငံခြားရေးဝန်ကြီှးဌာနတွင် ပြုလုပ်သော
သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က
ထုတ်ပြန်ကြေညာလိုက်သည်။
Friday, May 18, 2012
နိုင်ငံတော်သမ္မတကြီး စင်္ကာပူတွင် အရေးပေါ် ဆေးကုသမှု ခံယူနေဆိုသော သတင်း သမ္မတရုံး ငြင်းဆို
ရန်ကုန် မေ ၁၇
နှလုံးခုန် ထိန်းညှိစက် ထည့်သွင်း ထားရသော အသက် ၆၇ နှစ် အရွယ်ရှိ
နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် ရုတ်တရက် မူးလဲသဖြင့် စင်္ကာပူနိုင်ငံသို့
ပို့ဆောင်၍ ဆေးကုသမှု ခံယူနေရသည် ဆိုသော သတင်းများမှာ မှန်ကန်မှု
မရှိကြောင်း နိုင်ငံတော် သမ္မတရုံး တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးက ပြောကြားသည်။
ရန်ကုန် မြို့သို့ ရောက်ရှိနေသော နိုင်ငံ သမ္မတ ကြီး ၏ ကျန်းမာရေး နှင့်
ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများမှာ ကောလဟာ လ များသာဖြစ်၍ ခရီးသွားနေသည့်
အချက်များမှ လွဲ၍ ကျန်အချက်များမှာ လုံးဝ မှန်ကန်မှု မရှိကြောင်း၊
မိတ်ဆွေများ ၏ စိုးရိမ် ပူပန်မှုအတွက် ကျေးဇူး အထူးတင် ရှိပါသည် ဟု ၄င်း၏
facebook စာမျက်နှာ တွင်ရေးသားဖော်ပြထားသည်ကို တွေ့ရှိရသည်။
သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေ
![]() |
ယနေ့ ညနေ သုဝဏ္ဏမြို့နယ်မှာ တိုက်ခန်း မီးလောင်နေစဉ် (ဓါတ်ပုံ-ကိုမင်း) |
ရန်ကုန်တိုင်း သုဝဏ္ဏမြီု့ နယ် သံသုမာလမ်းမကြီးပေါ် စုပေါင်းနှင့် ရေနံသာကြား ပန်းခြံဘက်ခြမ်းရှိ တိုက်ခန်းအပေါ်ဆုံးထပ် တွင် ယနေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့် မှာ မီးလောင်နေသည်ကို တွေ.ခဲ့ရပါသည်။
မီးသတ်ကားများလာရောက် ငြိမ်းသတ်နေပါသည်။
ကား auction showroom နှင့် ပညာနန်းတော် ကျူရှင် ဘေးတိုက်ဖြစ်ပါသည်။
Myanmar News Now
လွှတ်တော်ကိုယ်စားလှယ်က စိုက် ပျိုးမြေကို ငါးကန်တူးသည့်ကိစ္စမှန်ကန်ကြောင်း လွှတ်တော်သို့ တင်ပြပြီ
![]() |
လယ်မြေများသိမ်းပိုက်လုပ်ကိုင်နေသည့် ငါးကန်တခုအားတွေ့ ရစဉ် (ဓါတ်ပုံ-Google Images) |
နှစ်ပေါင်း(၁၅၀)နီးပါးရှိ ရေတွင်းတူးဖော်ဆယ်ယူရာမှ ကျည်တောင့်(၉၇၁)နှင့်လူရိုးစုတစ်စုတွေ့
![]() |
ရှေးခေတ်ကျည်(၉၇၁) တောင့်နှင့်လူရိုးစုတစ်စုတွေ့ရှိခဲ့သည့် နှစ်ပေါင်း ၁၅၀ နီးပါးရှိရေတွင်းအားတွေ့ရစဉ် |
ဂရိတွင် မဲအများဆုံးရသည့် သုံးပါတီစလုံးက အစိုးရမဖွဲ့နိုင်သောကြောင့် ရွေးကောက်ပွဲ ပြန်လုပ်ရမည့် အခြေအနေ ရောက်လာ

ဂရိကြားဖြတ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်သစ် ပါနာဂျီအိုတီပီခရမ်မီနို(၀ဲ)ကို ဂရိသမ္မတ ကာရိုလော့စ်ပါပိုလီယာ့စ်က ကြိုဆိုနေစဉ်
တောင်ဆူဒန်တွင် လူဦးရေ၏ ထက်ဝက်ကျော် စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း ကုလသတိပေး
ဆူဒန်နှင့် ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေမှုကြောင့် တောင်ဆူဒန်လူဦးရေ၏
ထက်ဝက်ကျော်သည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂက
သတိပေးခဲ့သည်။
ဆူဒန်နှင့် တောင်ဆူဒန်နယ်စပ်တွင် ပဋိပက္ခများ ဖြစ်ပွားနေမှုကြောင့် ရေနံ ထုတ်လုပ်မှုကိုထိခိုက်ခဲ့ပြီး တောင်ဆူဒန်၏ စီးပွားရေးကို အထိနာစေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ဆူဒန်နှင့် တောင်ဆူဒန်နယ်စပ်တွင် ပဋိပက္ခများ ဖြစ်ပွားနေမှုကြောင့် ရေနံ ထုတ်လုပ်မှုကိုထိခိုက်ခဲ့ပြီး တောင်ဆူဒန်၏ စီးပွားရေးကို အထိနာစေကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့သည်။
မိမိတို့ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှု ပိတ်ပင်ထားခြင်းကို ဗီယက်နမ်ကန့်ကွက်
တောင်တရုတ်ပင်လယ်ရှိ မိမိတို့ ပိုင်နက်တွင် တရုတ်က ငါးဖမ်းမှုပိတ် ပင်ထားမှုအား ဗီယက်နမ်က ကန့်ကွက် ထားကြောင်း သိရသည်။
အမေရိကန်ရေတပ်မှ တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတစ်စီး ဖိလစ်ပိုင်ဆိပ်ကမ်းသို့ ဆိုက်ကပ်

အမေရိကန်ရေတပ်မှ တိုက်ခိုက် ရေးရေငုပ်သင်္ဘောတစ်စီးသည် အငြင်းပွားရေပိုင်နက် Scarborough shoal အနီးရှိ ဖိလစ်ပိုင်ဆိပ်ကမ်းတစ်ခုသို့ ဆိုက်ကပ်ခဲ့ကြောင်း မနီလာရေတပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့သည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမိုင်တိုင် ၂၅၈ အနီးတွင် ခရီးသည်တင်ယာဉ်နှင့် ၀ါးလုံးများ တင်ဆောင်လာသော ယာဉ်တစ်စီးတိုက်မိရာမှ လူငါးဦးသေဆုံး

ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ခရီးသည်တင်ယာဉ်အား တွေ့ရစဉ်
မန္တလေးမြို့တွင် လျှပ်စစ်မီးကို အလှည့်ကျစနစ်ဖြင့် ဖြန့်ဖြူးပေးသော်လည်း မေလ ဒုတိယပတ်မှစ၍ မကြာခဏ ပြတ်တောက်မှု ကြုံတွေ့နေရ

အောင်မြေသာစံမြို့နယ်၊ မဟာဇေယျာဘုံ ရပ်ကွက်အတွင်း လျှပ်စစ်မီးမီတာခွန် လာရောက်ကောက်ခံသည့်
ယာဉ်အားမေလ ၁၅ရက်နေ့က တွေ့ရစဉ်
ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်ကားများ ပြန်ပြခွင့် အစည်းအရုံးတောင်းဆို
ချင်းမိုင် (မဇ္ဈိမ) ။ ။ ၂၀၀၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း
ရိုက်ကူးခဲ့သော်လည်း ပြသခွင့် ပိတ်ပင်ခံခဲ့ရသည့် ရုပ်ရှင်၊ ဗီဒီယို ၄၁
ကားကို ပြန်လည် ပြသခွင့်ပြုရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ
ပြန်ကြားရေး ဝန်ကြီးထံ ခွင့်ပြုချက်
တောင်းခံထားသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
တောင်းခံထားသည်ဟု အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မဇ္ဈိမကို ပြောသည်။
အစိုးရ ငြိမ်းအဖွဲ့သစ် SSA-S နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးမည်
ချင်းမိုင်(မဇ္ဈိမ) ။ ။ အစိုးရ ပြည်ထောင်စုအဆင့်
ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည် တပ်မတော်
တောင်ပိုင်း SSA-S တို့ လာမည့် မေလ ၁၉ ရက် စနေနေ့တွင် ရှမ်းပြည်နယ်
ကျိုင်းတုံမြို့၌ တွေ့ဆုံ
ဆွေးနွေးမည်ဟု သိရသည်။
ဆွေးနွေးမည်ဟု သိရသည်။
မြောက်ကိုးရီးယားမှ စစ်လက်နက်များ ထပ်မံမဝယ်ယူတော့ဟု သမ္မတပြော
ချင်းမိုင် (မဇ္ဈိမ) ။ ။ လွန်ခဲ့သည့်အနှစ် ၂ဝ အတွင်း
မြောက်ကိုရီးယားထံမှ သာမန်စစ်လက်နက်ပစ္စည်းများကိုသာ ဝယ်ယူခဲ့ပြီးဆက်လက်
ဝယ်ယူတော့မည်မဟုတ်ဟု မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ခဲ့သော
တောင်ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။
တောင်ကိုရီးယားသမ္မတ မစ္စတာ အီမြောင်ဘတ်ကို မြန်မာသမ္မတ ဦးသိန်းစိန်က ကတိပေးပြောကြားသည်ဟု ဝါရှင်တန်ပို့စ် သတင်းစာ၏ အွန်လိုင်း စာမျက်နှာတွင် ရေးသားထားသည်။
ကနီမြို့နယ် ဒေသခံများ သောက်သုံးရေ ပြတ်လပ်မှုကြုံနေရ
ချင်းမိုင်(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း မုံရွာခရိုင်
ကနီမြို့နယ်အတွင်း သောက်သုံးရေကန်များ ရေခန်းခြောက်လာ သဖြင့် ဒေသခံတို့
ယခုလဆန်းပိုင်းမှစ၍ သောက်သုံးရေ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ဟု ကနီမြို့ခံ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD တာဝန်ခံ ကိုသိန်းထွေးက ပြောသည်။ကနီမြို့နယ်
မုံရွာ-ကလေးဝ ကားလမ်းရှိ မိုင်တိုင် ၂ဝ မှ ၃၅ အကြားနေထိုင်နေရသည့် ဒေသခံ
တောင်သူ အိမ်ခြေ ၅ဝဝ ကျော် ပုံမှန် အသုံးပြုနေသာ သောက်သုံးရေကန်မှ
ရေခန်းခြောက်ခဲ့သဖြင့် နှစ်မိုင်ခန့်အကွာရှိ အဝိစိတွင်းရှိရာသို့
သွားရောက်ကာ ခပ်ယူသောက်သုံး နေကြရသည်ဟု ဆိုသည်။
ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် အတွင်းရှိ ရှားခဲအင်း လေလံကိစ္စနှင့် ပတ်သက်၍ ဒေသခံများမှ ဆန္ဒဖော်ထုတ်မှု ဖြစ်ပွားခဲ့

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့နယ် ရှားခဲကျေးရွာတွင် မေလ ၁၄ ရက်နေ့က ဒေသခံများ က ရှားခဲအင်းကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ခဲ့မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
ဓည၀တီနှင့် ဝေသာလီ အပါအ၀င် အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် နေရာငါးခုကို ဇုန်နယ်မြေ အဖြစ် သတ်မှတ်

ဓည၀တီမြို့ဟောင်းရှိ မဟာမြတ်မုနိပြတိုက်
စာနယ်ဇင်းကောင်စီဖွဲ့ရေး ဂျာနယ်လစ်အဖွဲ့များ သဘောမတူသေး
ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးလုပ်ဆောင်နေသော မြန်မာစာနယ်ဇင်းကောင်စီ
(Press Council) ဖွဲ့စည်းရေးအတွက် လွတ်လပ်သော စာနယ်ဇင်းအဖွဲ့များ
ပူးပေါင်းပါဝင်ရေးတွင် စာနယ်ဇင်းကောင်စီ လုပ်ငန်းများနှင့် ပတ်သက်ပြီး
လက်မခံနိုင်စရာအချက်များ ရှိနေသည့်အတွက် မြန်မာစာနယ်ဇင်းအဖွဲ့များက
ပြန်ကြားရေးဝန်ကြီးဌာနထံ တင်ပြဆွေးနွေးသွားရန်ရှိကြောင်း သတင်းရရှိသည်။
တားမြစ်ထားသော နေရာများတွင် ကျောက်စုပ်ယူနေမှု များကြောင့် ယခင်နှစ်များကဲ့သို့ ကမ်းပြိုမှု အန္တရာယ်များ ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေ

ရေလယ်သောင် ကျေးရွာအနီး ဧရာဝတီမြစ်တွင်း ကျောက်စုပ်နေသော စက်လှေများအား မေလ ၁၁ ရက်နေ့က တွေ့ရစဉ်
တိုင်းအလုပ်သမားရုံးရှေ့၌ အထည်ချုပ်စက်ရုံသုံးရုံမှ အလုပ်သမားများ လာရောက် တောင်းဆိုမှု တစ်ပြိုင်နက် ဖြစ်ပွား အလုပ်ခွင် ပြန်မ၀င်ရောက်သည့် လုပ်သားများအား ထုတ်ပယ်သွားမည်ဖြစ်ကြောင်း စက်ရုံများမှ ကြေညာ

မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားရုံးရှေ့တွင် စုဝေးတောင်းဆိုနေသော အထည်ချုပ်စက်ရုံ အလုပ်သမားများကို မေလ ၁၆ ရက်နေ့က တွေ့ရစဉ်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စွမ်းအင်နှင့် သယံဇာတ တူးဖော်ရေးတွင်သာ များလာ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင်
အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကျော် သိသာစွာ တိုးတက်မှု ရှိခဲ့သော်လည်း သဘာဝ
အရင်းအမြစ်များ အပေါ် အခြေခံသည့် ရင်းနှီးမြှုပ်နှံမှုများသာ ရာခိုင်နှုန်း
အများဆုံးဖြစ်ကြောင်း သိရှိရသည်။
ပါရမီ ၂၃၂ ဂိတ်ရုံးအတွင်း လူသတ်မှုဖြစ်ပွားခဲ့၍ ၂၃၂ ပါရမီယာဉ်လိုင်းအား ဖျက်သိမ်း
ယုဇနဥယျာဉ်မြို့တော်မှ မော်တင်သို့ ပြေးဆွဲလျက်ရှိသည့် ၂၃၂ ပါရမီ
ယာဉ်လိုင်းအား မေလ ၁၆ ရက်နေ့မှစတင်၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း ပါရမီ
သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ရဲတပ်ဖွဲ့ ရမ်းကားမှု ပတ္တမြားမြို့သစ် ဒေသခံများ မကျေနပ်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ် အနီးတွင် ရဲတပ်ရင်း ၈ က
ရဲတပ်သား ၇၀ ခန့်သည် ရပ်ကွက်တွင်း သို့ ၀င်ရောက် ရမ်းကားမှုကြောင့်
လူငယ်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရသည်။
ပြုပြင်ပြောင်းလဲမှုတွေကြားက ဥပဒေမဲ့ မြေသိမ်းမှုများ
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဘက် တိမ်းညွှတ်နေမှုအပေါ် နိုင်ငံတကာ
အစိုးရတွေက အောတိုက်ချီးမွမ်းနေကြချိန်မှာ ပြည်တွင်းမှာလည်း မြေယာအဓမ္မ
သိမ်းပိုက်မှုတွေ တစထက်တစ ပိုများလာနေတယ်လို့ သိရပါတယ်။ အကြောင်းကတော့
အစိုးရအေဂျင်စီတွေနဲ့ ပြည်တွင်းလုပ်ငန်းရှင်ကြီးတွေဟာ
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံကြိုဆိုဖို့ သူတို့ကိုယ်သူတို့
ပြင်ဆင်နေရာချနေကြလို့ပါတဲ့။
၂၀၁၁ ခုနှစ်အတွက် ပခုက္ကူဦးအုံးဖေ တည်ထောင်သော ပခုက္ကူစာပေဆု ပညာရည်ချွန်ဆုများ ပေးအပ်

တစ်သက်တာစာပေဆုရ ဦးမောင်မောင်ခင်(တက္ကသိုလ်မောင်မောင်ခင်)ကို ဆုချီးမြှင့်စဉ်
အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှု အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ပြောကြား
အမေရိကန်ပြည်ထောင်စု၏ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှု
အများစုကို ဆိုင်းငံ့ရန် အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မေလ ၁၄
ရက်နေ့က ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတွင် ဖော်ပြချက်အရ သိရသည်။
အမေရိကန် အထက်လွှတ်တော် အမတ်ဂျွန်မက်ကိန်းက ဥရောပသမဂ္ဂကဲ့သို့
အမေရိကန်ပြည်ထောင်စုအနေဖြင့် လက်နက်ရောင်းဝယ်မှုမှအပ အရေးယူ
ပိတ်ဆို့မှုများကို ဆိုင်းငံ့ထားရန် တိုက်တွန်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
မြန်မာ အလုပ်သမားများ ဘဏ်မှတဆင့် အိမ်ကို ငွေလွှဲနိုင်တော့မည်
အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင်
အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank-AGD) သည်
ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက ဘဏ်တခုဖြစ်သော K-Bank (Kasikorn Bank)နှင့်
ပူးပေါင်း၍ ငွေလွှဲမှု လုပ်ငန်းများကို ဇွန် လ ဆန်းပိုင်းတွင် စတင်
ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့ ၀ါရှင်တန်ဒီစီတွင် တွေ့ဆုံဆွေးနွေးမည်
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်တို့သည် အမေရိကန်ပြည်ထောင်စု
ဝါရှင်တန်ဒီစီတွင် မေလ ၁၇ ရက်နေ့တွင် တွေ့ဆုံဆွေး နွေးမည်ဖြစ်ကြောင်း
အေအက်ဖ်ပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။
'အသက်ထင်ရှားရှိနေသေးတဲ့ အချိန်မှာတော့ အနုပညာအလုပ်ကို ဖက်တွယ်ပြီး လုပ်ဖြစ်နေမှာပါပဲ' ဗိုလ်ကလေးတင့်အောင်နှင့် တွေ့ဆုံခြင်း

အသက် ၂၇ နှစ်ဝန်းကျင်ခန့်မှ စတင်ပြီး ဂီတလောကအတွင်းသို့ ရောက်ရှိလာကာ အနုပညာသက်တမ်း နှစ်ခြောက်ဆယ်ကျော်ခန့်ကို ဖြတ်သန်းလာခဲ့သူ ဂီတစာဆို ဗိုလ်ကလေးတင့်အောင်သည် ကိုယ်တိုင်တီးခတ်သူ၊ သီချင်းရေးသားသူ၊ ပြဇာတ် ဇာတ်ညွှန်းရေးသားသူ၊ ပြဇာတ် ဇာတ်လမ်းရေးသားသူ၊ ပြဇာတ် ဒါရိုက်တာတစ်ဦးအဖြစ် အနုပညာ
တပ်နှင့် ကြံ့ခိုင်ရေးပါတီ မြေသိမ်းမှု သမ္မတဆီ တိုင်ပြီ
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ (ကက)
ရုံးနှင့် ကြံ့ခိုင်ရေး ပါတီတို့က အဓမ္မသိမ်းယူ ထားသော ဒေသခံလယ်သမားများ၏
လယ်ဧက ၂၀၀ ကျော် ပြန်ရရှိရေး ဖြေရှင်းပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
NLD လယ်သမားအရေး ဆောင်ရွက်သူများက သမ္မတ ဦးသိန်းစိန်ထံ ယမန်နေ့က စာပို့
တိုင်ကြားလိုက်ပြီဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်
တောင်ကြီးမြို့နယ်အတွင်းရှိ တပ်မြေအဖြစ် သိမ်းရန် ကျောက်တိုင်
စိုက်ထူထားသော ပင်ငိုကျေးရွာ တောင်ယာဧက ၆၁၀ မှ နေရာတနေရာ (ဓာတ်ပုံ -
ဧရာဝတီ)
ရွှေတောင်ပေါ်မှာ ကျတဲ့မျက်ရည်
၁။ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသ
ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင်
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု
ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ်
ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ်
သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။
ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းကို 16-9-2011 ရက်နေ့တွင်
အမှတ်(၂)သတ္တုတွင်းလုပ်ငန်းနှင့် အမျိုးသားကြီးပွားတိုးတက်ရေးအုပ်စု
ကုမဏီလီမိတက်တို့ အကျိုးတူပူးပေါင်းဆောင်ရွက်ရ် သဘောတူစာချုပ်
ချုပ်ဆိုခဲ့ပါသ်။ ထိုစာချုပ်အရ လုပ်ကွက်ဧရိယာ (6105) ဧကကို (၅နှစ်
သက်တမ်းလျှင် (5.577)တန် နိုင်ငံတော်သို့ ပေးဆောင်ရမည် ဖြစ်ပါသည်။
သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့
နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့
နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက
တင်ပြပေးထားပါတယ်။
နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အတွင်း အမေရိကန်-မြန်မာဆက်ဆံရေး ထူးခြားမှုတွေ့နိုင်
နှစ်ပေါင်းနှစ်ဆယ်ကျော်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးတဦးရဲ့
ပထမဆုံး တရားဝင် အမေရိကန် ပြည်ထောင်စု ခရီးစဉ်ကို ကြည့်မယ်ဆိုရင် အမေရိကန်
မြန်မာဆက်ဆံရေး သိသိသာသာ တိုးတက် ကောင်းမွန်လာတဲ့ လက္ခဏာဖြစ်တယ်လို့
လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ
ဒီကနေ့ဆိုရင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ၀ါရှင်တန်ဒီစီမှာ
တွေ့ဆုံပြီး ပူးတွဲသတင်းစာ ရှင်းလင်းပွဲလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီ
ခရီးစဉ်အပေါ် မေးမြန်းသုံးသပ်ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
သီရိမင်္ဂလာဈေးတွင် ကျူးကျော်ဈေးသည်များကြောင့် လျောက်လမ်း အ၀င်အထွက်ခက်ခဲနေ

သီရိမင်္ဂလာဈေးအတွင်းရှိ
လျှောက်လမ်းများတွင် ဆိုင်ခန်းများနှင့်ဈေးသည်များက
ကျူးကျော်ခင်းကျင်းရောင်း ချမှုများအား အရေးယူအားနည်းသဖြင့် ဈေးအတွင်း
အ၀င်အထွက်ပြုလုပ်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရှိရသည်။
ဟံသာဝတီကားပွဲစားတန်း ပြောင်းရွေ့ရမည့်အချိန်နှင့် နေရာအား သတ်မှတ်ပေးစေလို
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ
မြို့ပြစီမံကိန်းအဖြစ် အကောင်အထည်ဖော်ဆောက်လုပ်မည့် ဟံသာဝတီ
ကားပွဲစားတန်းအား ပြောင်းရွှေ့ခိုင်းထားသော်လည်း ပြောင်းရွေ့ရန်
အချိန်နှင့်နေရာအား သတ်မှတ် ပေးထားခြင်းမရှိသေးသဖြင့်
သတ်မှတ်ပေးစေလိုကြောင်း ကားရောင်းဝယ်ရေးအကျိုးဆောင်များက ဆိုသည်။
ဇူလိုင်လတွင် MPU စနစ်သုံး၍ ဘဏ်အချင်းချင်းချိတ်ဆက်ငွေထုတ်ယူနိုင်

ပြည်တွင်းဘဏ်အချင်းချင်း
ချိတ်ဆက်ပေးထားသော ကွန်ရက်တစ်ခုဖြစ်သည့် MPU စနစ်အား လာမည့် ဇူလိုင်တွင်
စတင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်က သတင်းရရှိသည်။
သမ္မတအနေဖြင့် ရှိပြီးသား ပြည်ပရင်းနှီးမြှပ်နှံသူများကိုလည်း ဂရုပြုစေလို
နိုင်ငံတော်သမ္မတကြီးအနေဖြင့်
ယခုအချိန်တွင် ပြည်ပမှရင်းနှီးမြှပ်နှံမှုများကို
ဝမ်းသာစွာကြိုဆိုနေသကဲ့သို့ ပြည်တွင်း၌ ရှိပြီးသား
ပြည်ပရင်းနှီးမြှပ်နှံမှုများကိုလည်း ဂရုစိုက်သင့်ကြောင်း
ငါးလေလံစီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများအားတွေ့ဆုံရန်ဖိတ်ကြား

နေပြည်တော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က
ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့သော
နိုင်ငံရေးပါတီများအား ကြားဖြတ်ရွေးကောက်ပွဲကိစ္စရပ်များနှင့် စပ်လင်း၍
တွေ့ဆုံညှိနိုင်း ဆွေးနွေးရန် ဖိတ်ကြားထားကြောင်း သိရသည်။
လစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား အလုပ်ပြန်ဆင်းခွင့်မပြု
လစာတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား အလုပ်ပြန်ဆင်းခွင့်မပြု
2012-05-17
Grand Royal အရက်ချက်စက်ရုံက လုပ်ခလစာ တိုးပေးဖို့ တောင်းဆိုနေတဲ့ အလုပ်သမားတွေကို အလုပ်ရှင်က အပြည့်အ၀ လိုက်လျောခြင်းမရှိသလို၊ အလုပ်ပြန်ဆင်းတာကိုလည်း လက်မခံဘူးလို့ သိရပါတယ်။
Subscribe to:
Posts (Atom)