Monday, November 26, 2012

ပြည်ထောင်စု တိုင်းရင်းသားဖွံ့ဖြိုးရေး တက္ကသိုလ် မန္တလေးသို့ ပြန်လည်ရွှေ့ပြောင်းခြင်း မပြုသေးကြောင်း သိရှိရ

ပြည်ထောင်စုတိုင်းရင်းသား ဖွံ့ဖြိုးရေးတက္ကသိုလ် မန္တလေးသို့ ပြန်လည်ပြောင်းရွှေ့ခြင်း မပြုသေးကြောင်း တောင်းဆိုမှုတွင် ပါဝင်သော တိုင်းရင်းသား ကျောင်းသားတစ်ဦးက ဆက်သွယ်ပြောကြားခဲ့သည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်အတွင်းရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်မှ  စစ်ကိုင်းတိုင်းဒေသကြီး၊ ငါးဇွန်မြို့နယ် ရွာသစ်ကြီးကျေးရွာရှိ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး တက္ကသိုလ်သို့ ပြောင်းရွှေ့ခံရသည့် တိုင်းရင်းလူငယ်ကျောင်းသား ၅၀၀ ခန့်သည်  နိုဝင်ဘာလ ၂၂ ရက်နေ့ ညနေ ၆ နာရီ အချိန်ခန့်က ခြေကျင်ခရီးနှင်၍  မူလကျောင်းရှိရာ မန္တလေးမြို့ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေး ဒီဂရီကောလိပ်သို့  ပြန်လည်ထွက်ခွာလာခဲ့ပြီး နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၁ နာရီ အချိန်ခန့်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယား မြန်မာကို လက်နက်ပို့တာ ဖမ်းမိခဲ့

မြောက်ကိုရီးယား နိုင်ငံကနေ မြန်မာ နိုင်ငံဆီကို ဒုံးကျည်တွေ ထုတ်လုပ်ရာမှာ သော်၎င်း၊ ယူရေနီယံ သန့်စင် ရာမှာ သော်၎င်း သုံးစွဲလို့ ရနိုင်တဲ့ ပစ္စည်းတွေကို တရုတ်ကနေ တဆင့် တင်ပို့ခဲ့တယ်လို့ ဂျပန်က အဆာဟိ ရှင်ဘွန်း သတင်းစာကြီးမှာ ဖော်ပြလိုက်ပါတယ်။

ရွှေဧည့်သည်(၂)ဂိတ်ရှေ့တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်

ရန်ကုန်၊နိုဝင်ဘာလ ၂၅။

ရန်ကုန်မြို့၊ သာကေတ မြို့နယ်၊ ဧရာဝဏ် လမ်းမ ကြီးရှိ ရွှေဧည့်သည်(၂) ဂိတ်ရှေ့၌
ခရီး သည်တင် ၅၂ ယာဉ်လိုင်းနှင့် ယာဉ်ငယ် တစ်စီး မျက်နှာချင်း ဆိုင်တိုက် မိရာတွင်
ခရီးသည် တင် ယာဉ်တိမ်းမှောက် သွားကြောင်း သိရသည်။

ဟိုတယ်ခန်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံး

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်၊ ဆိပ်ကမ်းသာလမ်းနှင့် န၀ဒေးလမ်းထောင့်ရှိ သီရိစံဟိုတယ်တွင် အမျိုးသမီးတစ်ဦး အလောင်း တစ်လောင်းအား ယနေ့ နေ့လည်ပိုင်းတွင် တွေ့ရှိရကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးမှာ အသက်ခံရသည်ဟုယူဆရပြီး သီရိစံ ဟိုတယ်အား ရဲဝန်ထမ်းများကစစ်ဆေး



 နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့


နိုဝင်ဘာလ ၂၁ ရက် ညပိုင်းက မုံရွာမြို့တွင် ဖားကန့်မြို့နယ် ဟောင်ပါးဒေသမှ ချင်းတွင်းမြစ်ရိုးအတိုင်း သယ်ယူလာပြီး မန္တလေးမြို့သို့ သယ်ဆောင်လာသော ကျောက်စိမ်းအရိုင်းတုံး ပိဿာခြောက်ထောင်ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖမ်းဆီးရမိမှုတွင် ပစ္စည်းနှင့် အတူရှိနေသော ကိုယ်စားလှယ် ကိုမင်းနိုင်(၂၉ နှစ်) တောင်ပေါက်ရွာ မင်းကင်းမြို့နယ်အား တာဝန်ရှိသူများက မေးမြန်းစစ်ဆေးရာတွင် ပစ္စည်းပိုင်ရှင်မှာ အောင်နိုင်ဝင်း (တောင်ဘက်ကျေးရွာ၊ မင်းကင်းမြို့ နယ်) ဖြစ်ပြီး နိုဝင်ဘာလ ၁၇ ရက် နေ့တွင် ဖားကန့်မြို့နယ် ဟောင်ပါးမှ ငွေဇင်ထွန်းစက်လှေဖြင့် သယ်ယူခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာများ တပ်ဆင်ပြီး ပြစ်မှုကျူးလွန်သူများကို အမြန်ဆုံးဖော်ထုတ်နိုင်ရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လမ်းများတွင် လုံခြုံရေးကင်မရာ တပ်ဆင်သွားရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများနှင့် ပြည်ပနိုင်ငံအချို့မှ ကုမ္ပဏီများနှင့် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စစ်လက်ကျန် ဗုံးများ ရန်ကုန်တွင် ရှိနေဆဲ

ရန်ကုန် (မဇ္ဈိမ) ။      ။ လူဦးရေ သန်း ၆ဝ ကျော် ရှိနေသည့် ရန်ကုန်မြို့တွင် စစ်လက်ကျန် ဗုံးများ ရှိနေဆဲ
ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များနှင့် အသက် ၆ဝ အထက် ရန်ကုန် ဒေသခံများက ဆိုသည်။

“ဒုတိယ ကမ္ဘာစစ်အပြီး စစ်လက်ကျန် ဗုံးတွေကို ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ ရှိနေပါတယ်။ မကြာသေးခင်က စမ်းချောင်းမြို့နယ်အတွင်းမှာ ကလေးတယောက် မြေကြီးတူးရင်း စစ်ကျန်ဗုံးတလုံး တွေ့တဲ့ သတင်းတပုဒ် ဖတ်လိုက်ရတယ်” ဟု ရန်ကုန် တက္ကသိုလ်၊ ဘူမိဗေဒဌာနမှ ကျောင်းဆရာတဦးက ပြောသည်။

အလုပ်သမား ဒုဝန်ကြီး ထိုင်းရောက် မြန်မာ အလုပ်သမား အဖွဲ့တွေနဲ့ ဆွေးနွေး



2012-11-25
ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်း၊ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းနဲ့ သံရုံးတာဝန်ရှိသူများဟာ ဒီကနေ့နေ့လည်က မြန်မာသံရုံးမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ကေအိုင်အို ဗဟိုအစည်းအဝေး မပြီးသေးတဲ့အတွက် အစိုးရနဲ့ မတွေ့ဆုံနိုင်



2012-11-25
အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးနိုင်ဖို့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က ပြီးခဲ့တဲ့လ အောက်တိုဘာ ၃ဝ ရက် တုန်းက တရုတ်နိုင်ငံ ရွှေလီမြို့တွေ့ ဆုံပွဲမှာ သဘောတူခဲ့ရာမှာ ကေအိုင်အို ဗဟိုကော်မတီအဖွဲ့အတွင်း အရေးကြီးအစည်းအဝေး မပြီးပြတ်နိုင်သေးတာကြောင့်မို့  အခုလောလောဆယ် အခြေအနေမှာ အကြောင်းမပြန်နိုင်သေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး လူထုလမ်းလျှောက်ပွဲ ကျင်းပ



2012-11-25
ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လူထုလမ်းလျှောက်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မှာ ဒီမနက်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုဟာ နေရာတိုင်းမှာရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖြေရှင်းဆောင်ရွက်ပေးတာတွေမှာ အားနည်းချက်တွေရှိနေတဲ့အတွက် ပြုပြင်နိုင်အောင် ရည်ရွယ်ဆောင်ရွက်တာ ဖြစ်တယ်လို့ ဒီကနေ့လမ်းလျှောက်ပွဲကို ဦးဆောင်စီစဉ်သူတစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက RFA ကို ပြောပါတယ်။

ကြေးနီစီမံကိန်း ဆန္ဒပြသူများကို ဒေါ်စု သွားရောက်တွေ့ဆုံမည်




လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ရပ်တန့်ရေး တောင်းဆိုနေ တဲ့ ဒေသခံပြည်သူတွေကို ရှေ့ သီတင်းပတ်ထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံအားပေးမယ်လို့ သိရပါတယ်။

စစ်တောင်းမြစ် ကမ်းပါးပြိုကျမှုကြောင့် အိမ်ခြေ ၁၇ဝ ကျော် ရေထဲမျှောပါ



2012-11-25
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် သိမ်ဇရပ် တိုက်နယ်မှာရှိတဲ့ ဆိပ်ကမ်းသာရပ်ကွက်နဲ့ ရွာမရပ်ကွက်တို့မှာ အခုလ (၁၇) ရက်ကနေ့  စတင်ပြီး စစ်တောင်းမြစ် ကမ်းပါးပြိုကျမှု နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေတဲ့အတွက် ဒီနေ့အထိ အိမ်ခြေ (၁၇ဝ)ကျော်ဟာ မြစ်ရေနဲ့ မျှောပါသွားတယ်လို့ သိရပါတယ်။