Monday, March 20, 2017

နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက် သတ်မှတ်တာကို စက်မှုဇုန် အလုပ်သမားတွေ ကန့်ကွက်

နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက် သတ်မှတ်တာကို စက်မှုဇုန် အလုပ်သမားတွေ မတ်လ ၁၈ ရက်နေ့က ဆန္ဒပြနေစဉ်

ရွှေတူးဖော်တဲ့ ဒေသခံ တစ်ဦး သေနတ်ကျည် ထိမှန် သေဆုံး

သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို မတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်
သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူရဲ့ရုပ်အလောင်းကို မတ်လ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: ကိုစိုးထွန်း











ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ အောင်ခလိန်ကျေးရွာက ရွှေထွက်ရှိတဲ့နေရာမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့ တပ်မတော်သားတစ်ဦးရဲ့သေနတ်ကျည် ထိမှန်ပြီး ဒေသခံတစ်ဦး မနေ့က သေဆုံးသွားတဲ့အတွက် ရွှေကျင်မြို့မ ရဲစခန်းမှာ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်။
သေဆုံးသွားသူရဲ့ အစ်ကိုဖြစ်သူက ပုဒ်မ ၃၀၂ နဲ့ လာရောက်အမှုဖွင့်ထားပြီး တပ်မတော်ရဲ့စည်းကမ်း၊ လုပ်ထုံး လုပ်နည်းတွေနဲ့ အညီဆောင်ရွက်သွား ရမှာ ဖြစ်တယ်လို့ ရွှေကျင်မြို့နယ် ရဲစခန်းမှူး ဦးသန်းထွန်း က ပြောပါတယ်။

TNLA က ဒေသခံ ၉ဝ ကျော်ကို ဖမ်းဆီးမှု အရပ်ဘက်အဖွဲ့တွေ ကန့်ကွက်

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်
Photo: Kan Thar/RFA








တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA က ရှမ်းပြည်နယ် မန်တုံနဲ့ နမ္မတူမြို့နယ်တွေက ရှမ်းတိုင်းရင်း သားဒေသခံ အယောက် ၉၀ ကျော်ကို ဖမ်းဆီခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရှမ်းလူထု အဖွဲ့အစည်းတွေက ကန့်ကွက်ကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
တအာင်း/ပလောင် တိုင်းရင်းသားတွေနဲ့ ရှမ်းတိုင်းရင်းသားတွေကြားက သဘောထား တင်းမာမှုတွေ ကို လျှော့ချပေးနိုင်အောင် လုပ်ဆောင်ကြဖို့ ဒီလိုထုတ်ပြန် ရတာဖြစ်တယ်လို့ ကြေညာချက်ထုတ်ရာမှာ ပါဝင်တဲ့ ကော်တိုင်းအဖွဲ့ဝင် စိုင်းလျှမ်းခမ်းက ပြောပါတယ်။

တောင်သူတွေရဲ့ သပိတ်စခန်း ကို ပြန်လည်ရုပ်သိမ်း

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာက တောင်သူတွေ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ မတ်လ ၁၇ ရက်နေ့က သပိတ်စခန်းဖွင့်ထားစဉ်
ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာက တောင်သူတွေ အသိမ်းခံထားရတဲ့ မြေတွေပေါ်မှာ မတ်လ ၁၇ ရက်နေ့က သပိတ်စခန်းဖွင့်ထားစဉ်
Photo: Zaw Htun (facebook)










ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် အနောက်လက္ခုပ္ပင်ကျေးရွာမှာ သိမ်းဆည်းခံရတဲ့မြေတွေမှာ Delicious Food ကုမ္ပဏီက ၀င်ရောက်ပြီး ကြံစိုက်နေတာတွေကို ရပ်တန့်ပေးမယ်လို့ ကတိပေးတာ ကြောင့် မြေသိမ်းခံတောင်သူ ၂၀ နီးပါးရဲ့ သပိတ်စခန်းကို ရုပ်သိမ်းလိုက်ပါတယ်။
ခရိုင်အုပ်ချုပ်မှူးက သပိတ်စခန်းဖွင့်ထားတဲ့ တောင်သူတွေနဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို မနေ့ညနေက ခေါ်တွေ့ပြီး အဲဒီမြေတွေကို စားကျက်မြေအဖြစ် သတ်မှတ်ထားတာကြောင့် ဘယ်သူမှ ၀င်ရောက် မကျုးကျော်ဖို့ ပြောခဲ့တယ်လို့ တောင်သူ ဦးမျိုးနိုင် က ပြောပါတယ်။

စိတ်ကြွဆေးပြား သယ်ဆောင်မှုနဲ့ မြန်မာ ၆ ဦး ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းခံရ

ယခင်က ဖမ်းဆီး ရမိထားသည့် စိတ်ကြွဆေးပြားများ။
တနင်္ဂနွေနေ့ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Chittagong ကို သယ်ဆောင်လာတဲ့ ယာဘ စိတ်ကြွဆေးပြားပေါင်း ၆၀၀,၀၀၀ ကို RAB ဘင်္ဂလားဒေ့ရှ် ရာဇ၀တ်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့က သိမ်းဆီးရမိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ခြောက်ဦးအပါအ၀င် စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးထားကြောင်း RAB အရာရှိတဦးက ဆင်ဟွာ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ဖရဲသီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသော ခန့်မှန်းတန်ဖိုး ငွေကျပ်သန်း ၃၅၀ ခန့်ရှိ ကျောက်စိမ်းရိုင်း နှစ်တုံး သိမ်းဆည်းရမိ


မန္တလေး မတ် ၁၉

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ်(၁၉၅/၅)မိုင်အနီး အနောက်ဘက် ၂ မိုင်ခန့် အကွာ တောတွင်းတစ်နေရာတွင်မတ် ၁၈ ရက်က မသင်္ကာဖွယ်ရာမစ်ဆူဘီရှီဖူဆို ၁၂ ဘီးယာဉ် တစ်စီး ရပ်တန့်ထားသည်ကို စစ်ဆေးခဲ့ရာယာဉ်ပေါ်တွင် ဖရဲသီးများနှင့်ဖုံးအုပ်ကာ တင်ဆောင်ထားသည့် ခန့်မှန်း တန်ဖိုး ငွေကျပ်သန်း ၃၅၀ခန့်ရှိ ကျောက်စိမ်းရိုင်းတုံး နှစ်တုံးဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

ဘီးခွန်ကောက်ခံသည့် စနစ်ကို ပြည်နယ်တစ်ခုလုံး အတိုင်းအတာဖြင့် ဖျက်သိမ်းမည်

လွိုင်ကော် မတ် ၁၉

ကယားပြည်နယ်၌ ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ဒါခေါ်ယူကာ လုပ်ကိုင်ခွင့်ပြုထားသော ဘီးခွန် ကောက်ခံသည့် စနစ်ကို ပြည်နယ်တစ်ခုလုံး အတိုင်း အတာဖြင့် ဖျက်သိမ်းသွားမည်ဖြစ် ကြောင်း က ယားပြည် နယ် လွိုင်ကော်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ တာဝန် ရှိ သူ တစ်ဦး ကပြောသည်။

ယင်းဒေသအတွင်းရှိ ဘီးခွန်ကောက်ခံသော ဂိတ်များကို ဧပြီ ၁ ရက်မှ စတင်ကာ ဖျက်သိမ်းသွားမည်ဖြစ်ပြီး ယင်းနောက်တွင် မော်တော်ယာဉ်များ အတွက် ဘီးခွန်များကို ယာဉ်လိုင်စင်သက် တမ်းတိုးချိန်တွင် တစ်ခါ တည်းပေးဆောင်စေရန် စီစဉ်ထားကြောင်း၊လက်ရှိဘီးခွန် ကောက်ခံရာတွင် ဂိတ် တစ်ဂိတ်ကိုဖြတ်သန်း သည့် မော်တော် ဆိုင်ကယ်တစ်စီးကို ငွေ ကျပ် ၂ဝဝ၊ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃ဝဝ မှ ၁ဝဝဝ အထိ သတ်မှတ် ကောက် ခံကြောင်း သိရသည်။

Monday, March 13, 2017

သီပေါမြို့နယ် ဘော်ကြိုနှင့် ကျင်သီကျေးရွာကြား မိုင်တိုင် (၁၂၃)တွင် ရီမုတ်မိုင်းတစ်လုံးတွေ့ရှိ


သီပေါ မတ် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ဘော်ကြိုကျေးရွာနှင့် ကျင်သီကျေးရွာကြား မန္တလေး-လားရှိုး-မူဆယ်သွား ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၂၃) အေသုံးလုံးကွေ့ ကျင်သီချောင်းတံတားအနီး ကားလမ်းမကြီး၏တောင်ဘက် ၁၅ ပေခန့်တွင် မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီက လျှပ်စစ်ဝန်ထမ်းတစ်ဦးက ဓာတ်တိုင်ပေါ်တက်၍ လျှပ်စစ်မီးပြင်ရာမှ ဓာတ်တိုင်အနီး ချုံပုတ်အတွင်း၌ အမြင့်ခုနစ်လက်မ၊ ဗြက်လေးလက်မ၊ အလျား ၁ဝ လက်မရှိ ဒေသန္တရမိုင်း (ရီမုတ်မိုင်း)တစ်လုံး တွေ့ရှိခဲ့သည်။

အဆိုပါ တွေ့ရှိရသည့် မိုင်းကို နယ်မြေခံတပ်ရင်းနှင့် မြို့နယ်တာဝန်ရှိသူ များ သွားရောက်စစ်ဆေး၍ Water Bottle နည်းဖြင့် အသက်မဲ့အောင် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

စိုင်း(သီပေါ)
The Mirror Daily
https://www.facebook.com/TheMirrorDaily/

ဆီဆိုင်မြို့ မှာ ပွဲပြန် ဆိုင်ကယ်နှင့် ထော်လာဂျီတိုက်မိ တစ်ဦး သေဆုံး


(12-3-2017)

မတ်လ (၁၂)ရက်နေ့ ည ၈း၃၀ နာရီခန့်လောက်က ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ တောင်ဖက် နီလာရိုးမစက်သုံးဆီ အရောင်းဆိုင် တောင်ဖက် မီတာ ၂၀၀ခန့် အကွာမှာ ပုံးလောင်းဒဲဉ်သီးလာဗွေ ပွဲ မှ ပြန်လာသော ဆီဆိုင်မြို့ အောင်ချမ်းသာရပ်ကွက်မှ ကိုကိုဝင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ပုံးလောင်းပွဲသို့လာသော ထော်လာဂျီတို့ တိုက်မိပြီး ကိုကိုဝင်းမှာ နေရာတွင် ပွဲချင်ပီး သေဆုံးသွားခဲ့ပါတယ်။

ရွှေစက်တော် အထက်စက်တော်ရာတွင် ဘုရားဖူးယာဉ် တိမ်းမှောက်၍ တစ်ဦးသေဆုံး

မန်းရွှေစက်တော်ဘုရားပွဲတော် အထက်စက်တော်ရာအတက်လမ်း သုံးထပ်ဆောင် ဗိမ္မာန်အနီးတွင် မတ်လ (၁၂)ရက် နံနက် (၁၀)နာရီအချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတယ်။ ကားတွေကလည်း ပြည့်ကြပ်နေအောင် တင်ကြတယ်။ အခုဖြစ်တာက အထက်စက်တော်ရာကို အတက်မှာ ဖြစ်သွားတာ။ အတက်မှာ မတက်နိုင်ဘဲ တုံးလုံးလဲသွားတာ” ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဘုရားဖူးယာဉ်မှာ တောင်တွင်းကြီးမှ ထွက်လာသည့် လိုက်ထရပ် ဘုရားဖူးယာဉ်ဖြစ်ပြီး ဘုရားဖူး ခရီးသည်(၃၀)ခန့် တင်ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် တောင်တွင်းကြီးမြို့မှ ကိုကြည်နိုင်ဆိုသူမှာ နေရာတွင် သေဆုံးသွားပြီး ကျား(၃)ဦး၊ မ(၃)ဦး ဒဏ်ရာ ရသွားကြောင်း မင်းဘူး/ စကုမြို့နယ် ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်ထံမှ သိရသည်။

ဒဏ်ရာရသူများအား ဆေးကုသမှုခံယူရန် မင်းဘူးဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

သတင်း - ဖီးနစ်
Tachileik News Agency
http://www.tachileik.net/2017/03/sst.htmlမန်းရွှေစက်တော်ဘုရားပွဲတော် အထက်စက်တော်ရာအတက်လမ်း သုံးထပ်ဆောင် ဗိမ္မာန်အနီးတွင် မတ်လ (၁၂)ရက် နံနက် (၁၀)နာရီအချိန်ခန့်က ဘုရားဖူးယာဉ် တိမ်းမှောက်ကာ တစ်ဦးသေဆုံးပြီး (၆)ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

“တပေါင်းလပြည့်နေ့ဆိုတော့ ဘုရားဖူး တော်တော်များတယ်။ ကားတွေကလည်း ပြည့်ကြပ်နေအောင် တင်ကြတယ်။ အခုဖြစ်တာက အထက်စက်တော်ရာကို အတက်မှာ ဖြစ်သွားတာ။ အတက်မှာ မတက်နိုင်ဘဲ တုံးလုံးလဲသွားတာ” ဟု မင်းဘူး/စကုမြို့နယ်ကြက်ခြေနီသူနာပြုတပ်ရင်း ဒုတိယတပ်ရင်းမှူးတင်ညွှန့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တိုက်ပွဲတွေကြောင့် လောက်ကိုင် မြို့နယ်မှာ အလုပ်သမား ၇၀ ကျော် ပိတ်မိနေ

လောက်ကိုင်တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ စစ်ပြေး ဒုက္ခသည်တွေကို မတ်လ ၆ ရက်နေ့က တွေ့ရစဉ်
ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်မှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ အလုပ်သမား ဦးရေ ၃ ထောင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ပိတ်မိနေသူ ၇၀ ကျော် ရှိနေသေးတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ရန်လုံကျိုင်းနဲ့ မန်တုံ ကျေးရွာတွေဘက်မှာ ပိတ်မိနေတဲ့သူတွေရှိပေမယ့် လုံခြုံရေးစိုးရိမ်ရ တာကြောင့် သွားမခေါ်နိုင်တဲ့အခြေအနေ ဖြစ်နေတယ်လို့ လောက်ကိုင်ခရိုင် ကြက်ခြေနီဦးစီးမှူး တတိယတန်း ဦးစောရွှေမြင့်က ပြောပါတယ်။

တစ်နှစ်အတွင်း ရတနာအခွန် ၁၂ ဘီလျံကျော်ရရှိကြောင်း ကချင်ပြည် နယ်ဝန်ကြီးချုပ် ပြော

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို တွေ့ရစဉ်ကချင်ပြည်နယ်မှာ တစ်နှစ်အတွင်း ငွေကျပ် ၆၅ ဘီလျံကျော် တန်ဖိုးရှိတဲ့ ကျောက်စိမ်းတန်ချိန် ၂ သောင်းကျော် ထုတ်ယူနိုင်ခဲ့ပြီး ရတနာအခွန်အဖြစ် စုစုပေါင်း ကျပ် ၁၂ ဘီလျံကျော် ကောက်ခံရရှိခဲ့ကြောင်း ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင် က ပြောပါတယ်။
အစိုးရသစ်ရဲ့ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်တွေကို မနေ့ညက မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား ကနေ ပြည်သူလူထုထံ အစီရင်ခံတင်ပြတဲ့အထဲမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာအမျိုးသမီး များနေ့ ချီတက်တောင်းဆိုပွဲ အလုပ်သမ တစ်ထောင်ခန့် ပါဝင်

    စက်ရုံအလုပ်သမ တစ်ထောင်ခန့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
    စက်ရုံအလုပ်သမ တစ်ထောင်ခန့် မတ်လ ၁၂ ရက်နေ့က ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုနေစဉ်
    Photo: Khine Zar
စက်ရုံ အလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ခွင့်ရက် ၁၂၀ ခံစားခွင့်ရရှိဖို့နဲ့ လုပ်ငန်းခွင်မှာ တန်းတူအခွင့်အရေးရရှိဖို့ စက်ရုံအလုပ်သမ တစ်ထောင်ခန့်က ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
လက်ရှိဥပဒေမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး အလုပ်သမားတွေ ခွင့်ရက် ၉၀ ကျော်သာ ရရှိတာကြောင့် မိခင်တွေ နို့ချိုတိုက်ကျွေးတဲ့ကာလ ပိုမိုရရှိဖို့ ရည်ရွယ်ပြီး တောင်းဆိုတာလို့ ဆန္ဒပြပွဲစီစဉ်သူ မခိုင်ဇာအောင် က ပြောပါတယ်။

စနစ်တကျရေဆိုးမစွန့်ပစ်သလို စွန့်ပစ်မှုနည်းလမ်းမမှန်တဲ့ အရက်ချက်စက်ရုံ ၇၀ နီးပါးရှိ

မန္တလေးစက်မှုဇုန်က ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေစဉ်
မန္တလေးစက်မှုဇုန်က ရေဆိုးတွေကို ဒုဋ္ဌဝတီမြစ်ထဲ စွန့်ပစ်နေစဉ်
Photo: Hset Paing Toe/RFA







တစ်နိုင်ငံလုံးမှာရှိတဲ့ အရက်ချက်စက်ရုံ ၇၃ ရုံထဲမှာ စက်ရုံအများစုက ရေဆိုးစနစ်တကျစွန့်ပစ်မှု မရှိသလို စွန့်ပစ်မှုနည်းလမ်းမမှန်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
ရေဆိုးစွန့်ပစ်မှုတွေကို လေ့လာနေတဲ့ မြန်မာအစိမ်းရောင်ပုံရိပ်များအဖွဲ့ရဲ့ တင်ပြချက်အရ လေးရုံသာ စနစ်တကျ လုပ်နေပြီး ကျန်တဲ့စက်ရုံတွေက နည်းလမ်းမှန်ကန်မှုမရှိဖြစ်နေတယ်လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
"အခုဒီလေးရုံပဲရှိသေးတယ်လို့သိရတယ်။ ဒါပေမယ့် ဘီယာစက်ရုံတွေလည်းရှိသေးတယ်လို့ပြောတယ် အဲ့ဒါ တွေက မသွားရသေးဘူး။ တချို့စက်ရုံတွေက လုပ်တယ် ဒါပေမယ့် နည်းလမ်းမမှန်ဘူးပေါ့ တချို့က ရေကို PH လျှော့ချဖို့ ထုံးတွေရောတာတို့ ကန်တွေနဲ့ လုပ်တာတို့ ဒလက်တွေနဲ့လုပ်တာတို့ နည်းစဉ် မမှန်ဘူးပေါ့ "

တရားမဝင်သစ်ထုတ်တဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော် ဖမ်းဆီး

ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တွေ့ရစဉ်
ဖမ်းဆီးရမိထားတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တွေ့ရစဉ်
Photo: တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး/ 













ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ်မှာ တရားမ၀င်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား ၁၁ ဦး နဲ့ သစ်တင်ယာဉ်ယန္တရားမျိုးစုံ ၉၉ စီးကို တပ်မတော်က မနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။
ဖမ်းဆီးရမိတဲ့ တရုတ်နိုင်ငံသား ၁၁ ဦးကို တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးထားကြောင်း ဗန်းမော်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အေးသွင် က ပြောပါတယ်။

ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦး

 ဆွေညီနောင်စတိုးမှာ အနှိပ်စက်ခံ ဆိုင်အကူမိန်းခလေးနှစ်ဦးဖြစ်သူထက်ထက်
ဇော် ၁၂နှစ် တောင်တွင်းကြီး မေသဇင် ၁၀နှစ်
ကျိုက်လတ် နေသူတို့အား မျက်နှာ နဖူး ဖူး
ရောင် ခန္ဓာကိုယ် ဒုတ်နဲ့ရိုက်ပြီး သံချောင်းမီး
ဖုတ် ထိုးဒါဏ်ရာများဖြင့် တွေ့ရှိခဲ့၍ ဆိုင်ရှင်
မဖြူဖြူထွန်း(ခ)မငယ် အသက် ၄၀ အဘ
ဦးဒါဝတ် အမိ ဒေါ်ဖာထမာ တိုက်အမှတ်
ဋ္ဌ-A/8 အဆောင် ၄ မုံရွာလမ်း နေသူအား မင်္ဂလာဒုံမြိ့မ ရဲစခန်းတွင်
ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်
ခဲ့ပါသည် ဒုရဲအုပ်ဟန်ကိုဦးမှ တရာလိုပြုလုပ်
ခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည် မေးလည်း ဒီလိုပဲဖြေမယ်ဆိုတဲ့ ရဲဝံ့သောသက်သေများ


 ဒီသက်သေတွေကို ဖော်ထုတ်လိုက်သူက စပီကာဂျာနယ်။
နာမည်မရှိသေးတဲ့ဂျာနယ်ဆိုတော့ လူတွေက ဒွိဟဖြစ်ကြတယ်။
အကြောင်းအရာကို သေချာဖတ်ရင် သက်သေတွေလုံးဝမလိမ်ဘူးဆိုတာ ထင်ရှားတယ်။
ဒီသတင်းတက်တက်လာခြင်းမှာ ညီမဖြစ်သူကဒါ ငါ့အကိုပါဟယ်ဆိုပြီး
ဖေ့ဘုတ်တင်လိုက်တော့ လူတွေကေ၀၀ါးသွားတယ်။
တခါ နာမည်ကြိးဖေ့ဘုတ် ဆယ်လီ ပန်ဆယ်လိုကပါ
အမှုအသွားလာကို မလေ့လာပဲ စပီကာဂျာနယ်ကိုပါးပါးလေးထုသလို
အသက်နဲ့ရင်းပြီးပြောလာတဲ့သက်သေတွေကို အလကားဖြစ်အောင်
ပြုလုပ်ပြီး အမှုကို လူတွေအလေးမထားအောင်လုပ်ပြစ်ခဲ့တယ်။

၈လောင်းပြိုင်အမှုနှင့် CID၏ မူမမှန်လုပ်ရပ်များတဲ့..။

ကားမီးလောင်မှုဖြစ်သည့်နေ့----၂၁.၁.၂၀၁၇
ကားသမားအောင်ခန့် က သူမမောင်းဘူးဟု လိမ်ပြောပြီးမှ
မောင်းပါတယ်ဟုပြန်ဝန်ခံသောနေ့----၂၅.၁.၂၀၁၇
CID မှ အမြန်လမ်းရဲစခန်းကိုကြေးနန်းပို့ပြီး
အမှုကို လွှဲပြောင်းယူသွားသောနေ့-- ၂၆.၁.၂၀၁၇
+++

အမျိုးသမီးငယ်ကို သုံးနှစ်ခန့် ပိတ်လှောင်ပေါင်းသင်းပြီး လက်ထပ်ရန် ငြင်းဆန်သော အမျိုးသားကို လိမ်လည်မှုဖြင့် ပြောင်းလဲအမှုဖွင့်

အမျိုးသမီးငယ်တစ်ဦး ကို ခိုးပြေးပြီးနောက် သုံးနှစ်ခန့် (၂ နှစ်နှင့် ရှစ်လ) သော့ခတ်ပိတ် လှောင်ပေါင်းသင်းကာ လက်ထပ် ရန် ငြင်းဆိုခဲ့သော အမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၄၁၇ (လိမ် လည်မှု)ဖြင့် အမှုပြောင်းလဲဖွင့်လှစ်ကာ အာမခံပေးခဲ့ကြောင်းသတင်းရရှိသည်။


ပြစ်မှုကျူးလွန်သူဟု စွပ်စွဲခံ ထားရသော အောင်ထွန်းဟိန်း(ခ) ရှို့တီကို ဖေဖော်ဝါရီ ၂၀ ရက်တွင် ဗဟန်းရဲစခန်း၌ ၁၀ ရက် (သို့မ ဟုတ်) ၁၀ ရက်ထက်ပို၍ ချုပ် နှောင်ထားမှုအတွက် ပုဒ်မ ၃၄၄၊ မိန်းမခိုးယူမှု(သို့မဟုတ်) သွေး ဆောင်ခေါ်ယူမှု(သို့မဟုတ်)သွေး ဆောင်မှုပုဒ်မ ၃၆၆ ဖြင့် ဖမ်းဆီး အမှုဖွင့်စစ်ဆေးပြီးနောက် မတ်လ ၁၀ ရက်တွင် အာမခံပေးကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ရဲအရာတစ်ဦးက ပြောသည်။

Friday, March 10, 2017

မွတ်ဆလင်တွေကို ဥပဒေနဲ့အညီ နိုင်ငံသားစိစစ်ဖို့ စစ်တွေမှာ ဆန္ဒပြမယ်

၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တွေ နဲ့ မောင်တောမြို့ခံတွေ တောင်းဆိုဆန္ဒပြစဉ်
၁၉၈၂ နိုင်ငံသားဥပဒေနဲ့အညီ စိစစ်ပေးဖို့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က စစ်တွေ နဲ့ မောင်တောမြို့ခံတွေ တောင်းဆိုဆန္ဒပြစဉ်
Photo: Min Thein Aung/ RFA












ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသက မွတ်ဆလင်တွေကို နိုင်ငံသားစိစစ်ရာမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ တောင်းဆိုဆန္ဒပြပွဲတွေကို စစ်တွေမြို့မှာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားဖို့ ဒေသခံတွေက မနေ့က ဆုံးဖြတ်လိုက်ကြပါတယ်။
ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စတဲ့မြို့တွေက ဒေသခံတွေက မနေ့က စစ်တွေမြို့ စစ်ကဲတော်မင်းကျောင်းတိုက်မှာ အစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဘူးသီးတောင်မြို့ခံ ဦးအဖြူမောင်က ပြောပါတယ်။

ရိုဟင်ဂျာတွေ ရခိုင်ပြည်နယ် ပြန်နေကြပြီ


ရခိုင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတွေကို တွေ့ရစဉ်
ရခိုင်ပြည်နယ်က မွတ်စလင်အမျိုးသမီးတွေကို တွေ့ရစဉ်
Photo: Min Thein Aung/RFA








ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာမွတ်စလင်တွေဟာ သူတို့ကို ဘင်္ဂလားဒေ့ရှ်အစိုးရက လူသူကင်းမဲ့ပြီး ရေလွှမ်းမိုးလေ့ရှိတဲ့ ကျွန်းတကျွန်းကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့အတွက် ရခိုင်ပြည်နယ်ကို အခုပြန်လည်သွားရောက်နေကြပြီလို့ မနေ့ကရတဲ့ သတင်းတွေမှာေ ဖ်ါပြထားပါတယ်။

တရုတ်က၀င်လာတဲ့ ကြက်သားတွေကို ဖမ်းဆီး

တရုတ်နိုင်ငံကနေ တရားမဝင်တင်ဆောင်လာတဲ့ ကြက်ဥနဲ့ အေးခဲကြက်သားတွေကို ဝိုင်းမော်မြို့နယ်အတွင်းမှာ ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ဖမ်းမိထားစဉ်
တရုတ်နိုင်ငံကနေ တရားမဝင်တင်ဆောင်လာတဲ့ ကြက်ဥနဲ့ အေးခဲကြက်သားတွေကို ဝိုင်းမော်မြို့နယ်အတွင်းမှာ ၂၀၁၇ ခုနှစ် မတ်လ ၉ ရက်နေ့က ဖမ်းမိထားစဉ်
Photo : Aung Zay Ya Facebook









တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တရားမဝင်တင်သွင်းလာပြီး ကာလတန်ဖိုးကျပ်သိန်း ၆၀ ကျော်ရှိတဲ့ ကြက်ဥ နဲ့ အေးခဲကြက်သားတွေကို ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအနီးမှာ ပြည်နယ်အစိုးရအဖွဲ့က ဒီကနေ့ ဖမ်းဆီးလိုက်ပါတယ်။
တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးဖြစ်ပွားနေတဲ့ အခြေအနေကနေ မြန်မာနိုင်ငံဘက် ကူးစက်ပြန့်ပွားမှု မရှိစေဖို့ အတွက် ကြက်ငှက် တိရိစ္ဆာန်ထွက်ကုန်နဲ့ တားမြစ်ပစ္စည်းတွေကို ဖမ်းဆီးနေတာဖြစ်တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာအခွန်၊ စီမံကိန်းနဲ့ စီးပွားရေး ဝန်ကြီး ဦးဝေလင်း က ပြောပါတယ်။

Good Morning ပေါင်မုန့်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ



ရန်ကုန်တိုင်းဒေသကြီး၊လှိုင်သာယာစက်မှုဇုန် (၄) မှာရှိတဲ့ Good Morning အမှတ်တံဆိပ် ပေါင်မုန့်နဲ့ ကိတ်မုန့်ထုတ်လုပ်တဲ့ Myanmar Mayson Industry Co.ltd က စက်ရုံလုပ်သား ၂၀၀ နီးပါးကို မနေ့က အလုပ်ရှင်က အလုပ်ရပ်နားတဲ့အပေါ် မကျေနပ်တာကြောင့် အလုပ်သမား ၄၀၀ ခန့်က ဒီနေ့ စက်ရုံရှေ့မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
ကုန်ပစ္စည်းထုတ်လုပ်ဖို့အတွက် Auto Machine တွေအသုံးပြုတော့မှာ ဖြစ်တာကြောင့် အလုပ်သမားတွေကို အလုပ်ရပ်နားတာ ဖြစ်တယ်လို့သိရကြောင်း ဆန္ဒပြရာမှာပါဝင်တဲ့ Myanmar Mayson အခြေခံအလုပ်သမား အဖွဲ့အစည်း ဥက္ကဌ ကိုဇော်လင်းခိုင်က ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်ပြောခွင့်ရနဲ့ ဗွီအိုအေ အင်တာဗျူး

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် TNLA တပ်များ (TNLA News & Information Department)
မြန်မာတပ်မတော်နဲ့ လက်ရှိတိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ MNDAA ကိုးကန့်တပ်အပါအ၀င် TNLA၊ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်နက်ကိုင်လမ်းစဉ် စွန့်လွှတ်ကြောင်း ကြေညာပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာရေး အစိုးရနဲ့ တပ်မတော်က စိတ်ရှည်သည်းခံပြီး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ရုံးက သဘောထားကြေညာချက်ထုတ်ပြန်ထားပါတယ်။

လက်ရှိတိုက်ပွဲတွေနဲ့ပတ်သက်လို့ မတ်လ (၆)ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ တပ်မတော်ရဲ့ ကြေညာချက်အပေါ်မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ တုံ့ပြန်ချက်သိရအောင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့ ပြောခွင့်ရသူလည်းဖြစ် TNLA တအာင်းပလောင်တပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

လောက်ကိုင်နယ်စပ်တိုက်ပွဲပြင်းထန်


လောက်ကိုင် ဒေသတ၀ိုက် နေရာ သုံးနေရာမှာ ဒီကနေ့ မြန်မာ့ တပ်မတော်နဲ့ မြန်မာပြည် မြောက်ပိုင်း မဟာမိတ် အဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ရန်လုံကျိုက် နယ်စပ်ဂိတ်၊ နယ်စပ်မိုင်တိုင် အမှတ် ၁၂၇ နဲ့ ရင်ကျင့်ထန်ကြား တလျှောက်နဲ့ လောက်ရှန်းထန် ဒေသတို့မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ဒီကနေ့ တိုက်ပွဲတွေ အခြေအနေကိုတော့ မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့ဝင် ရခိုင်လက်နက်ကိုင်တပ် AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဒေါက်တာ ညိုထွန်းအောင်ကို မသိင်္ဂီထိုက် ဆက်သွယ်မေးမြန်းတဲ့အချိန်မှာ သူက အခုလိုဖြေပါတယ်။

“ဖြေ။ ။ဒီကနေ့တိုက်ပွဲကတော့ အရင်ရင်ထက်စာရင်နည်းနည်းလေးများတယ်ခင်ဗျ ။ ဒီနေ့မနက်ကတော့ နေရာ ၄ နေရာ -၅ နေရာလောက်မှာ ဖြစ်တယ်ခင်ဗျ ။ ဒီမနက် ၈ နာရီလောက်မှာတော့ လောက်ကိုင် ရန်လုံကျိုက် နားရယ်၊ နေ့ခင်းဘက်မှာတော့ မိုင်တိုင် ၁၂၅- ၁၂၇ကြား ၊ လောက်ရှန်းထန်ရယ် နောက် ၁ နေရာ ၂ နေရာလောက်မှာ နည်းနည်းလေး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တွေဖြစ်တယ်ခင်ဗျ။

Thursday, March 9, 2017

လောက်ကိုင် စစ်ပြေး ဒုက္ခသည်တွေ လားရှိုး ကို ရောက်လာနေ

တပ်မတော် က ဘက်က ဆက်မနေဖို့သတိပေး နေတာတွေကြောင့် နောက်ထပ် လည်း ရာချီပြီး ထွက်ပြေး လာနေကြ
ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင် တဝိုက် ကတိုက်ပွဲတွေကြောင့် မြေပြန့်ကနေ အဲဒီမှာ အလုပ်သွားလုပ်သူတွေ ထွက်ပြေး လာကြတာမှာ လူဦးရေ ၁ထောင်ကျော်ခန့် ရှိခဲ့ပြီ ဖြစ်ပါတယ်။

တပ်မတော် က ဘက်က ဆက်မနေဖို့သတိပေး နေတာတွေကြောင့် နောက်ထပ် လည်း ရာချီပြီး ထွက်ပြေး လာနေကြပါတယ်။

စစ်ဘေးလွတ်ရာပြေးလာတဲ့ သူတွေကို လားရှိုးမြို့ မန်ဆူ ဘုန်းတော်ကြီး ကျောင်း ကနေ ခရီးတထောက် နားစေပြီး အကူအညီ ပေးနေပါတယ်။

လောက်ကိုင် ဒေသမှာ တိုက်ပွဲဖြစ်တဲ့ ၂ရက် အတွင်း လားရှိုးကိုထွက်ပြေးလာတဲ့ မြေပြန့် ကနေ အလုပ်သွားလုပ်သူ ၁ထောင်ကျော်ဟာ လားရှိုးကတဆင့် နေရပ်ရင်းကိုပြန်လာနေပါတယ်။

ကျိုင်းတုံမြို့လယ်တွင် ဆရာမတစ်ဦးအား ဓားပြခြိမ်းခြောက်၍ ငွေတောင်းမှုဖြစ်ပွား


ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့လယ်ရှိ တက္ကသိုလ်ဓာတ်ပုံဆိုင်ရှေ့ တွင် မတ်လ(၈)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်က နည်းပညာတက္ကသိုလ်မှ ဆရာမတစ်ဦးအား လူတစ်ဦးမှ ဓားဖြင့် ခြိမ်းခြောက်ကာ ငွေတောင်းယူသွားမှု ဖြစ်ပွားကြောင်း အဆိုပါ လုယက်ခံရသူထံမှ သိရသည်။

"ဒီနေ့ တက္ကသိုလ်ဓာတ်ပုံတိုက်မှာ ဓာတ်ပုံယူပြီး ဆိုင်က ထွက်လာပြီးတော့ ကားပေါ်ပြန်တက်ဖို့  ကားတံခါး ဖွင့်တဲ့ အချိန်မှာ လူတစ်ယောက်က ရှေ့ ကို ရောက်လာပြီးတော့ သူ့ လက်မှာကိုင်ထားတဲ့ ဓားအိမ်ထဲက ဓားကိုထုတ်ပြပြီး ပိုက်ဆံတစ်ထောင်ပေးဖို့  တောင်းတယ်။ ပိုက်ဆံအိတ်ထဲက ပိုက်ဆံ ထုတ်ပြီးတော့ သူ့ ကို ပေးလိုက်တဲ့ အချိန်မှာ သူက ပိုက်ဆံအိတ်ထဲက ပိုက်ဆံတွေ မြင်သွားတော့ ပါသမျှ ပိုက်ဆံ အကုန်ပေးဖို့  ဓားနဲ့ထိုးတော့မယ့် ပုံစံလုပ်ပြပြီးတော့ တောင်းတယ်။ ကြောက်ကြောက်နဲ့ပါတာ အကုန် ပေးလိုက်တယ်"ဟု ကျိုင်းတုံ နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်ကြည်ကြည်ခိုင်က ပြောသည်။

တပ်မတော်နဲ့ RCSS စစ်ရေးတင်းမာ

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အုံမုမန်လွယ်ပန်ခါးကျေးရွာမှာ လှုပ်ရှားသွားလာနေတဲ့ RCSS တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် အုံမုမန်လွယ်ပန်ခါးကျေးရွာမှာ လှုပ်ရှားသွားလာနေတဲ့ RCSS တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/ RFA







ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်မှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည် တပ်မတော်တောင်ပိုင်း တပ်ဖွဲ့တွေကို အစိုးရတပ်မတော်က မတ်လ ၇ ရက်နေ့ မနေ့ညနေပိုင်းက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့လို့ စစ်ရေးတင်းမာမှုတွေ ရှိနေတယ်လို့ RCSS အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဒုဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချူပ် လက်အောက်ခံ အမှတ် ၅၀၂ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၂၄၃ ခြေလျင် တပ်ရင်းက လှုပ်ရှားစစ်ကြောင်းတွေက သီပေါမြို့နယ်ထဲက RCSS တပ်ဖွဲ့တွေ အခြေချထားတဲ့ တပ်စခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ RCSS/SSA ဒုတိယ ဗိုလ်မှူးကြီး စိုင်းမိဏ်း က ပြောပါတယ်။

လောက်ကိုင်မြို့ကနေ ထွက်ပြေးသူ ၂ သောင်းကျော်ရှိ


လောက်ကိုင်မြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို လားရှိုးမြို့ အောင်မင်္ဂလာ မန်ဆူကျောင်းတိုက်မှာ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
လောက်ကိုင်မြို့နယ်က တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို လားရှိုးမြို့ အောင်မင်္ဂလာ မန်ဆူကျောင်းတိုက်မှာ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်








Photo: Kan Thar/ RFA
ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့နယ်အတွင်း တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် သူ နှစ်သောင်းကျော်အထိရှိနေပြီး လားရှိုးမြို့ကို ထွက်ပြေးလာသူ ၁၆၀၀ ၀န်းကျင်ရှိနေပါတယ်။
စစ်ဘေး ဒုက္ခသည်တွေကို တရုတ်အစိုးရက တရုတ်-မြန်မာနယ်စပ်အနီး အမှတ် ၁၂၅ နေရာမှာ ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးထားတယ်လို့ တရုတ်နိုင်ငံအတွင်းမှာ သတင်းသုံးတဲ့ ဆရာတော် ဦးကေသရ က မိန့်ပါတယ်။

ဘားအံမြို့ ပြည်​တွင်းအခွန်​များ ဦးစီးဌာန ဒုဦးစီးထံမှ WY​ဆေးပြားများ ဖမ်းရမိ


ကရင်​ပြည်​နယ်​၊ ဘားအံမြို့တွင်​ မတ်​လ(၅)ရက်​​နေ့က ပြည်​တွင်း အခွန်​များဦးစီးဌာနရုံး ဒုဦးစီးမှူးတစ်​ဦးထံမှ WY စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ပြီး စစ်​ဆေး​ပေါ်​ပေါက်​ချက်​အရ ကွင်းဆက်​များကိုပါ WY​ဆေးပြားနှင့်အတူ ဖေါ်ထုတ် ဖမ်းဆီးရမိခဲ့​ကြောင်း သတင်းရရှိသည်​။

ဖြစ်​စဉ်​မှာ မတ်​လ(၅)ရက်​​နေ့ နံနက်​(၁၀)နာရီ အချိန်​ခန့်​တွင်​ ဘားအံမြို့မရဲစခန်းမှ နယ်​ထိန်း​ခေါင်း​ဆောင်​ဒုရဲအုပ်​​အောင်​မျိုး​ကျော်​ ဦးစီးနယ်​ထိန်းတပ်​ဖွဲ့ဝင်​များ၊ ဘားအံခရိုင်​မှုခင်းနှိမ်​နင်း​ရေးအဖွဲ့မှ ဒုရဲအုပ်​ပုလဲမြ ဦးစီးသည့် တပ်​ဖွဲ့ဝင်​များ၊ ပြည်​နယ်​မှုခင်းအကူဌာနစုမှ ဒုရဲအုပ်​​အောင်​​ကျော်​သူဦးစီးတပ်​ဖွဲ့ဝင်​များ ပါဝင်​​သော ပူး​ပေါင်းအဖွဲ့မှ မူးယစ်​​ဆေးဝါးသတင်းအရ သက်​​သေဦးမြင့်သန်း၊ ဦးတင်​ထွန်း​အောင်​တို့နှင့်အတူ ဘားအံမြို့၊ အမှတ်​(၄)ရပ်​ကွက်​၊ သီရိလမ်းရှိ ပြည်​တွင်းအခွန်​ဦးစီးဌာနရုံးမှ ထွန်း​ဇော်​၊ ၄၂နှစ်​၊(ဘ)ဦးလှညွန့်​၏ အိပ်​ခန်း​ဆောင်​အား ဝရမ်းဖြင့် ၀င်​​ရောက်​ ရှာ​ဖွေရာမှ ထွန်း​ဇော်​နှင့်အတူ ​ကျော်​​ကျော်​ထိန်​လင်း ၊၃၇နှစ်​၊ (ဘ)ဦး​မောင်​မြင့်​လေး၊​ ရွှေဘို​ကျောင်းလမ်း၊ အမှတ်​(၃)ရပ်​ကွက်​၊ ဘားအံမြို့​နေသူတို့အားWY​ဆေးပြား(၁၆)ပြားနှင့် ​ဆေးရှူရာတွင်​ အသုံးပြုသည့် စပ်​ဆက်​ပစ္စည်းများ ရှာ​ဖွေ​တွေ့ရှိ၍ သက်​​သေများ​ရှေ့တွင် ဒုရဲအုပ်​​အောင်​မျိုး​ကျော်​မှ ရှာ​ဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်​။

ရိုဟင်ဂျာအရေး အင်ဒိုနီးရှားအကူအညီ ၀န်ကြီးချုပ် Hasina တောင်းခံ


ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံက ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နေရပ်ရင်းပြန်ပို့ရာမှာ အင်ဒိုနီးရှား နိုင်ငံက အကူအညီပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ပန်ကြားလိုက်ပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်အရေးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် ပြဿနာကြီးတခု ဖြစ်နေရတဲ့အတွက် ဖြေရှင်းဖို့ လိုအပ်နေကြောင်း ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်က အင်ဒိုနီးရှားသမ္မတ Joko Widodo နဲ့ အိန္ဒိယသမုဒ္ဒရာနိုင်ငံများအသင်း IORA ညီလာခံ ကျင်းပနေတဲ့ ဂျကာတာ မြို့တော်မှာ သီးခြားတွေ့ဆုံရာမှာ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြပါတယ်။

တာချီလိတ်၌ အမျိုးသားနှစ်ဦး အအေးမိသေဆုံး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာလော့ရပ်ကွက်နှင့် မိုင်းကိုးကျေးရွာ အုပ်စုတို့၌ အမျိုးသားနှစ်ဦး အအေးမိသေဆုံးသည့်ဖြစ်စဉ် မတ် ၇ ရက်က နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မတ် ၇ ရက် နံနက်ပိုင်းက တာချီလိတ်မြို့ တာလော့ရပ်ကွက်၊ ထိုင်း-မြန်မာအမှတ်(၁)ချစ်ကြည်ရေးတံတားလမ်းဘေး ကုက္ကိုပင်အောက်၌ အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့က သွားရောက် စစ်ဆေးရာ မောင်ဇော် (၃၅ နှစ်)သည် အရက်သေစာ သောက်စားထားပြီး အမှတ်(၁)တံတားလမ်းမဘေး ကုက္ကိုပင်အောက်တွင် လမ်းဘေး၌ အိပ်နေရာမှ ပြင်ပဒဏ်ရာ မရှိဘဲ ခန္ဓာကိုယ်တောင့်တင်းကာ အအေးမိသေဆုံးခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်တွင် လက်နက်စမ်းသပ်ခြင်းနဲ့ စစ်မြူစစ်ကစားနေခြင်းတွေကို ရပ်တန့်ဖို့ တရုတ်တိုက်တွန်း


ခုလို လုပ်ဆောင်ခြင်းကပဲ ကိုရီးယားကျွန်းဆွယ်ရဲ့ နိုင်ငံရေးတင်းမာမှုတွေကို လျော့နည်းစေပြီး နှစ်ဖက်စလုံးက စေ့စပ်ဆွေးနွေးရေးစားပွဲဝိုင်းဆီ ပြန်ရောက်လာကြမှာဖြစ်တယ်လို့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

မဟာသင်္ကြန်နှစ်သစ်ကူး ရုံးပိတ်ရက် ၅ရက်သာ သတ်မှတ်ရန် သုံးသပ်နေ


၂၀၁၇ခုနှစ်ထုတ် ပြက္ခဒိန်တွင်မူ ဧပြီလ ၁၂ရက်မှ ၂၁ရက်ထိ စုစုပေါင်း ၁၀ရက်ကို နှစ်သစ်ကူးရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသည်။
နေပြည်တော်(မတ်လ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ လာမည့် မဟာသင်္ကြန် နှစ်သစ်ကူးရုံးပိတ်ရက်အား သင်္ကြန်အကြိုနေ့မှစပြီး နှစ်ဆန်းတစ်ရက်နေ့အထိ ၅ရက်သာ သတ်မှတ်မည်ဆိုပါက ထိခိုက်နစ်နာမှုနှင့် အဆင်ပြေမှု ရှိ၊ မရှိ အကြောင်ပြန်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ပြည်ထောင်စုဝန်ကြီးဌာနအားလုံးထံ မတ်လ ၈ရက် ရက်စွဲဖြင့် အကြောင်းကြားစာ ပေးပို့လိုက်သည်။

Wednesday, March 8, 2017

တရားရုံးတွေကို လွှတ်တော်က မထီမဲ့မြင်ပြုတယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် စွပ်စွဲ

နေပြည်တော်(မတ်လ ၇ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်သူ့လွှတ်တော်တွင် ယနေ့ဆွေးနွေးသည့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှုအပေါ် ပြန်လည်တည့်မတ်ရေး အဆိုသည် လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ဆန့်ကျင်၊ တရားရုံးများ၏ ဂုဏ်သိက္ခာကို ထိခိုက်၊ တရားရုံးများကို မထီမဲ့မြင်ပြုရာရောက်သည်ဟု ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီးဖြစ်သူ ဦးစိုးညွှန့်က စွပ်စွဲပြောဆိုလိုက်သည်။
ဝေါ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးတင်ထွေး တင်သွင်းသည့် “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့် အဆို” အား မတ်လ (၇)ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်အမတ် (၂၅)ဦးက ဆွေးနွေးပြီးနောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွှန့်က အောက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒုံးကျည်ပစ်လွှတ်မှုက ဂျပန်ရှိ အမေရိကန်စစ်စခန်းများကို ပစ်ရန် လေ့ကျင့်ခြင်းဖြစ်ဟု မြောက်ကိုရီးယားပြော

ပြုံယမ်း၊ မတ် ၇ ။           ။ တစ်ကမ္ဘာ့လုံး ပြစ်တင်ရှုတ်ချမှုတွေ တင်းကြမ်းပြည့်နေတဲ့ကြား မြောက်ကိုရီးယားနိုင်ငံက ၎င်းရဲ့ ဒုံးကျည်ပစ်လွှတ်မှုဟာ ဂျပန်မှာ ရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ရန် လေ့ကျင့်နေခြင်းဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
မတ် ၆ ရက်က မြောက်ကိုရီးယားနိုင်ငံဟာ ဒုံးကျည်လေးစင်းပစ်လွှတ်ခဲ့ရာမှာ သုံးစင်းက ဂျပန်ရဲ့ အထူးစီးပွားရေးဇုန်ပိုင်နက်ရေပြင်အတွင်း ကျရောက်ခဲ့တာဖြစ်ပြီး အမေရိကန် သမ္မတဒေါ်နယ်ထရမ့်ကိုလည်း စိန်ခေါ်လိုက်တာပဲဖြစ်ပါတယ်။

မြန်မာနယ်စပ်က ပစ်ခတ်မှုများ ချက်ချင်းရပ်ဖို့ တရုတ်တိုက်တွန်း


၂၀၁၅ ခုနှစ်က စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် တရုတ်စကားပြောကိုးကန့်ဒေသ၌ ယခုတစ်ကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခြင်း ဖြစ်သည်။ ယင်းတိုက်ပွဲများကြောင့် သေဆုံးသူများစွာရှိကာ   ထောင်ပေါင်းများစွာက တရုတ်ဖက်ခြမ်းသို့ ထွက်ပြေးကြရသည်။

မင်္ဂလာဈေး အမြန်ပြန်လည် တည်ဆောက်ပေးဖို့ ဈေး သူ ဈေးသားတွေ တောင်းဆို

မင်္ဂလာဈေးသူဈေးသားတွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၇ ရက်နေ့က ဆန္ဒပြစဉ်
မင်္ဂလာဈေးသူဈေးသားတွေ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ မတ်လ ၇ ရက်နေ့က ဆန္ဒပြစဉ်
Photo: Aung Thain Kha/RFA








ပြီးခဲ့တဲ့နှစ်က မီးလောင်ကျွမ်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်က မင်္ဂလာဈေးကို အမြန်ဆုံး ပြန်လည်တည်ဆောက်ပေးဖို့ ဈေးသူ၊ ဈေးသား ၇၀ ကျော်က ဒီကနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
အစိုးရက နေရာပြန်ပေးထားတဲ့ မင်္ဂလာမွန်ဈေးမှာ ဈေးအရောင်းပါးတဲ့အတွက် လစဉ် အရှုံးပေါ်နေတာကြောင့် မူလနေရာမှာပဲ ပြန်လည်ရောင်းချလိုတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ ဦးမြင့်သိန်း က ပြောပါတယ်။

လောက်ကိုင်မှာတိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ ဒေသခံတွေနဲ့ အလုပ်သမားတွေ ထွက်ပြေး တိမ်းရှောင်

လောက်ကိုင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်မယ့်သူတွေကို မတ်လ ၇ ရက်နေ့ကတွေ့ရစဉ်
လောက်ကိုင်မြို့နယ်ကနေ ထွက်ပြေးတိမ်းရှောင်မယ့်သူတွေကို မတ်လ ၇ ရက်နေ့ကတွေ့ရစဉ်
Photo: Kan Thar/RFA









ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့နယ်အတွင်း အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ကြား ဒီနေ့ညနေအထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံတွေ နဲ့ ဒေသအသီးသီးကနေ လာရောက်လုပ်ကိုင် ကြသူတွေဟာ နေရပ်စွန့်ခွါထွက်ပြေးနေရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အမျိုးသမီးလုပ်ငန်းရှင် ၉ ဦး စကားဝိုင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၆ ရက်နေ့က နေပြည်တော် Kempinski Hotelမှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ တွေ့ရစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ်လ ၆ ရက်နေ့က နေပြည်တော် Kempinski Hotelမှာ ကျင်းပတဲ့ မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက်သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ တွေ့ရစဉ်
Photo: Myanmar State Counsellor Office/ Facebook









မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းနိုင်ခဲ့ပြီး စီးပွားရေး ဘက်မှာ အမျိုးသမီးတွေ အစကတည်းက ပါဝင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။

ဒီနေ့ နေပြည်တော် Kempinski Hotel မှာ ကျင်းပတဲ့ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ အမျိုးသမီးလှုပ်ရှားမှု ရက် သတ္တပတ် အခမ်းအနားနဲ့ အမျိုးသမီးလုပ်ငန်းရှင်တွေနဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာဖြစ် ပါတယ်။
တရားဥပဒေစိုးမိုးရေးမရှိဘဲနဲ့ အမျိုးသမီးတွေ တန်းတူညီတူအခွင့်အရေး ရဖို့ ဘယ်လိုဥပဒေတွေ ပြဌာန်းထားပါစေ လူ့အသိုင်းအ၀ိုင်းမှာ အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ကြောင်း ပြောခဲ့ပါတယ်။

နာဂဒေသက ကျေးရွာ နှစ်ရွာ အတွက် ကျန်းမာရေးဝန်ထမ်းတွေ ချပေးမည်

စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါဖြစ်ပွားနေတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေစဉ်
စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါဖြစ်ပွားနေတာကြာင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေစဉ်
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်









စစ်ကိုင်တိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်မှာ ချောင်းဆိုးရောဂါကြောင့် လူသေဆုံးတဲ့အထိဖြစ်နေတဲ့ ကျေးရွာ ၂ ရွာအတွက် ကျန်းမာရေးဝန်ထမ်းတွေ ချထားပေးတော့မယ် လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် က ပြောပါတယ်။

လောက်ကိုင်မြို့တွင်း တိုက်ခိုက်မှု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး သတင်းထုတ်ပြန်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်မှာတင်ထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လောက်ကိုင်မြို့ဝန်းကျင် တိုက်ခိုက်မှုပြ မြေပုံ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘုတ်မှာတင်ထားတဲ့ MNDAA ကိုးကန့်တပ်ဖွဲ့ရဲ့ လောက်ကိုင်မြို့ဝန်းကျင် တိုက်ခိုက်မှုပြ မြေပုံ
ဓါတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဖေ့စ်ဘွတ်
















ကိုးကန့်၊ တအာင်းနဲ့ ရခိုင်တပ်ဖွဲ့တွေဘက်က လက်နက်ကိုင်လမ်းစဉ်စွန့်ကြောင်း ကြေညာချက်ထုတ်ပြန်မယ်ဆိုရင် NCA မှာ လက်မှတ်ရေးထိုးဖို့ မလိုဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး နိုင်ငံရေးဆွေးနွေး ပွဲတွေမှာ တိုက်ရိုက်ဆွေးနွေးခွင့်ပြုမယ်လို့ ကမ်းလှမ်းခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။