Monday, February 4, 2013

စစ်ရှိန်လျော့ရန်နှင့် ထပ်မံတွေ့ဆုံရန် နှစ်ဖက်သဘောတူ

ချင်းမိုင်(မဇ္ဈိမ)။    ။ ယခုလအတွင်း KIOနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့
ရွှေလီမြို့ Jing Cheng ဟိုတယ်တွင် ဆက်လက် တွေ့ဆုံ ဆွေးနွေးရေး သဘောတူညီခဲ့သည်ဟု KIO မှ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ်က ပြောသည်။

နှစ်ဖက် ဖောက်မြင်နိုင်သော မျက်နှာပြင်သုံး စမတ်ဖုန်း ထိုင်ဝမ်တွင် တီထွင် အောင်မြင်


ထိုင်ဝမ်မှ Polytron အမည်ရ နည်းပညာကုန်ပစ္စည်း ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခုက ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ဟိုဘက်၊ဒီဘက် နှစ်ဖက်စလုံး ထိုးဖောက်မြင်နိုင် တဲ့ မျက်နှာပြင် ဖြစ်ပါတယ်။ မှန်သားပြင် ဖြစ်ပြီး LED မျက်နှာပြင်ထဲက အတိုင်းပ ရုပ်ပုံတွေကို ကြည်ကြည်လင်လင် ပြတ်ပြတ် သားသား မြင်တွေ့ ရ မှာ ဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံမြောက်ပိုင်း Taoyuan မြို့ မှာ ပြသခဲ့ပြီး ယင်းကဲ့သို့ အမျိုးအစား စမတ်ဖုန်း ထုတ်လုပ်မှုကို စတင်ကြိုးပမ်းနေပြီလို့ ဖြစ်ပါတယ်။ Prototype အနေနဲ့ ပြသသွားတဲ့ ယင်းမှန်သားပြင် စမတ်ဖုန်းတောင် UI စုံစုံလင်လင် ပါရှိ တာ မြင်တွေ့ခဲ့ရပြီး မဝေးတော့တဲ့ အနာဂတ်မှာ transparent smartphone များ ရေပန်းစားလာတော့မယ်လို့ ခန့်မှန်းထားကြ ကြောင်း သိရပါတယ်။
530700 205527586256665 2004187134 n

လှိုင်သာယာမြို့တွင် မီးလောင်ကျွမ်းမှု


လှိုင်သာယာမြို့နယ် အမှတ် ( ၅ ) ရပ်ကွက်ရှိ မြရိပ်ညို ၅လမ်းမှစတင် လောင်ကျွမ်းခဲ့သည့်
လှိုင်သာယာမြို.မီးလောင်မှုသတင်း
မီးသည်၊့မြရိပ်ညို ၆လမ်း ၊ ၈ လမ်းနှင့် ၉ လမ်း တို့ရှိ လူနေအိမ်များကို ကူးစက် လောင်ကျွမ်းခဲ့ပြီး လူနေအိမ် ၄၀ ကျော် လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း လှိုင်သာယာ မြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျ မီးသတ် အရာရှိတစ်ဦးက ပြောကြားသည်။ အဆိုပါလူနေ ၄၀ ကျော် လောင်ကျွမ်းခဲ့သည် မီးသည် ယနေ့ညနေ ၇နာရီ ခန့်တွင် စတင်လောင်ကျွမ်းခဲ့ ခြင်းဖြစ်ပြီး ၈နာရီ အချိန်တွင် မီးငြိမ်းကာ တစ်နာရီကြာ လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။ “ဘာကြောင့် မီးလောင်တယ် ဆိုတာမသိရသေးဘူး “ ဟု ၄င်းကဆိုသည်။ အဆိုပါ ရပ်ကွက်တွင် လှိုင်သာယာ စက်မှုဇုံ အလုပ်သမားများ နေထိုင်သည့် အဆောင်များရှိပြီး ၊ လှိုင်သာယာ စက်မှုဇုန် ၂ အနီးနား မှာရှိကြောင်း ယင်းရပ်ကွက်အတွင်း နေထိုင်သူများက ဆိုသည်။

ဆီတင်သင်္ဘော ပေါက်ကွဲမှု အနည်းဆုံး တစ်ဦးသေ

ရန်ကုန်မြို့ လှိုင်မြစ်အတွင်း ဆီတင်သင်္ဘော ပေါက်ကွဲ မီးလောင်မှုကြောင့် အနည်းဆုံး လူတစ်ဦးသေဆုံးပြီး နှစ်ဦး
ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ကယ်ဆယ်ရေးများက ပြောကြားသည်။

လှိုင်သာယာ ကျူးကျော်မြေတွင် နေထိုင်သူများ ဥပဒေအရ အရေးယူပါက ခံယူမည်

ကျူးကျော်နေထိုင်မှုများအား တရားဥပဒေအရ အရေးယူပါက အရေးယူခံမည်ဟု လှိုင်သာယာ ၅ထိပ် ရပ်ကွက် ပီမိုးနင်းလမ်းရှိ ကျူးကျော်နေထိုင်အချို့က  မဇ္ဈိမ သို့ပြောသည်။

တမူးတွင် ဖမ်းမိသည့် လက်နက်များသည် မဏိပူရ သူပုန်အဖွဲ့မှ ဖြစ်ဖွယ်ရှိ

နယူးဒေလီ (မဇ္ဈိမ)။       ။ တမူးမြို့စန္ဒာကူး ၃ရပ်ကွက် အတွင်းရှိ အိမ်တအိမ်မှ လက်နက်နှင့် မူးယစ်ဆေးဝါး အမြောက်အများ တနင်္ဂနွေနေ့က ဖမ်းဆီးရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်တာနက် စာမျက်နှာတွင်
ဖော်ပြထားသည်။ 

နေပြည်တော်တဝိုက် ဘုန်းတော်ကြီးကျောင်း တစ်ချို့ကို ဖျက်သိမ်းဖို့ ညွှန်ကြားထား



2013-02-03
နေပြည်တော် ဒက္ခိဏသီရိ၊ ဇဗ္မူသီရိ နဲ့ ဥတ္တရသီရိမြို့နယ် အတွင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်း ၃၀ ကျော် ကို ဖေဖေါ်ဝါရီလ ၅ ရက်နေ့ နောက်ဆုံးထားဖျက်သိမ်းပေးဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေက နှုတ်မိန့်နဲ့ ညွှန်ကြားထားပြီး ငါးရက်အတွင်း မဖျက်သိမ်းတဲ့ ဘုန်းတော်ကြီး ကျောင်းတွေကို သစ်တောဥပဒေ၊ လယ်ယာမြေ ဥပဒေတွေနဲ့ တရားစွဲသွားမယ်လို့ သိရပါတယ်။

တောင်သူလယ်သမားအရေး အဖွဲ့အစည်းတွေနဲ့ သမ္မတတွေ့ဆုံမည်



2013-02-03
နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာ တောင်သူလယ်သမား၊ အလုပ်သမားအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတာကြောင့် ဒီကနေ့ ဖေဖေါ်ဝါရီလ ၃ ရက်နေ့မှာ ကြိုတင်တွေ့ဆုံဆွေးနွေးတဲ့ပွဲကို ရန်ကုန်မြို့ ကမာရွတ်မြို့နယ် ရွှေလီလမ်းက မြန်မာငြိမ်းချမ်းရေး စင်တာမှာ ကျင်းပခဲ့ပါတယ်။

မြန်မာ့အကြွေး ဒေါ်လာ ၆ ဘီလျံခန့် ကို ပြင်သစ်အခြေစိုက် Paris Club လျော်ပစ်



2013-02-04
ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက်(Paris Club)အပေါ် မြန်မာနိုင်ငံက တင်ရှိနေ တဲ့ကြွေးမြီ အမေရိကန်ဒေါ်လာ ၁ဝ ဘီလျံကျော်ထဲကနေ ၆ ဘီလျံနီးပါးကို Paris Club က လျော်ပစ်လိုက်ကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် က မနေ့က နေပြည်တော် စက်မှုဝန်ကြီးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းမီဒီယာများ နဲ့ သက်ဆိုင်ရာ ဝန်ကြီးများတွေ့ဆုံပွဲမှာ ပြောကြားခဲ့ ပါတယ်။

ဆန်ဈေး ၅% ခန့် တက်


နယ်မြို့များမှ ဆန်တင်ပို့မှုနည်းနေခြင်းကြောင့် ရန်ကုန်ဆန်ဈေးကွက်တွင် ဆန်ဈေး ၅ ရာခိုင်နှုန်း ဝန်းကျင်ခန့် ဈေးတက်လာကြောင်း   မော်တင်၊ ဆန်စပါးကုန်စည်ဒိုင်ရှိ ဆန်ကုန်သည်များထံမှ သိရသည်။

ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံး အဆင့် ၉ သက်ရောက်နေ


မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဆင့် ခရမ်းလွန်ရောင်ခြည် အဆင့်ကိုးသို့ ရောက်ရှိနေပြီး သဘာဝ တောတောင် ရေမြေများ ရှိနေခြင်း တို့ကြောင့် ခံသာလျှက်ရှိကြောင်း၊ ယခုအဆင့်ထက် ကျော်လွန်နိုင်မည် မဟုတ်ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။