Tuesday, July 31, 2012
သမ္မတ ဦးသိန်းစိန်၏စကားကို ထောက်ခံကြိုဆိုကြောင်း အမေရိကန်အခြေစိုက် ရခိုင်အမျိုးသားရေးအသင်း အစည်းအဝေး တစ်ရပ်ကျင်းပ
တာကာသိန်း ၄၀ ဖိုး ယာဘားဆေးပြား ပန်းဝါမြို့ တွင် ဖမ်းဆီး
ထွန်းထွန်း
ဘင်္ဂဘားဒေ့ခ်ျ နိုင်ငံ ရာမူးခေါ် ပန်းဝါမြို့တွင် တာကာ သိန်း၄၀ တန်ဖိုးရှိ ယာဘား ဆေးပြားများကို ဘင်္ဂလာရဲ အဖွဲ့က ဖမ်းဆီးလိုက်သည်။
ဇူလိုင်လ ၂၈ရက်နေ့ ညနေ ၁၀ နာရီခန့်တွင် ယာဘားဆေးပြား အရေအတွက် ၈၀၀၀ ကို နယ်စပ်မြို့ တက်ကနက်မှနေ ပန်းဝါမြို့သို့ ကားဖြင့် သယ်ဆောင် လာစဉ် ဘင်္ဂလာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့သည်ဟု ယနေ့ထုတ် ကော့စ်ဘဇား သတင်းစာတွင် ဖေါ်ပြသည်။
အလွဲသုံးစားမှုဖြင့် မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲ
ရန်ကုန် (မဇ္ဈိမ)။ ။ လောင်စာဆီ အလွဲသုံးစားမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှ မီးရထားဝန်ထမ်း ၄၄ ဦးကို တာဝန်မှ ရပ်စဲလိုက်သည်ဟု မိုးညှင်းမြို့နယ်မှ အမည်မဖေါ်လိုသူ မီးရထားဝန်ထမ်းများက မဇ္ဈိမကို ပြောသည်။
လျှပ်တစ်ပြက် ဂျာနယ်အမှု သြဂုတ် ၃ ရက်နေ့တွင် ထပ်မံကြားနာမည်
ရန်ကုန် (မဇ္ဈိမ) ။ ။ လျှပ်တစ်ပြက်ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် အား ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားစွဲဆိုထားသည့်အမှုကို သြဂုတ် ၃ ရက်နေ့တွင် ပဉ္စမကြိမ်မြောက် ကြားနာရန် ပုစွန်တောင်မြို့နယ် တရားရုံး၌ရုံးချိန်း ထပ်မံခေါ်ယူထားသည်။
အိမ်ခြံမြေ ဝန်ဆောင်မှု တိုးတက်ရန် နိုင်ငံတကာနှင့် ချိတ်ဆက်မည်
ရန်ကုန် (မဇ္ဈိမ) ။ ။ အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် နိုင်ငံတကာ အိမ်ခြံမြေအသင်းများနှင့် ချိတ်ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းမှ တာဝန်ရှိသူ တဦးက မဇ္ဈိမကို ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ပထမအဆင့်အဖြစ် အာဆီယံ အဝန်းအဝိုင်းကို ဦးတည်ထားပြီး ထိုမှတဆင့် အခြား
နိုင်ငံတကာ အသိုင်းအဝိုင်းသို့တိုင် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင်သွားမည်ဟု အသင်း ဥက္ကဋ္ဌ ဦးခင်မောင်သန်း က ဆိုသည်။
“ကျနော်တို့ဆီက အိမ်ခြံမြေဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ နိုင်ငံတကာနဲ့ပါ ချိတ်ဆက် ဆောင်ရွက်သွားမယ်။ အဲလိုချိတ်ဆက်ရာမှာ နိုင်ငံတကာမှာရှိနေတဲ့ အိမ်ခြံမြေဆိုင်ရာ အသင်းတွေနဲ့ တိုက်ရိုက် ချိတ်ဆက်သွားမှာပါ” ဟု ပြောသည်။
ထိုသို့ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ပြည်တွင်း အိမ်ခြံမြေ အကျိုးဆောင်များ ကို သင်တန်းပို့ချကာ အိမ်ခြံမြေဆိုင်ရာ ဒီပလိုမာဘွဲ့ ပေးအပ်နိုင်ရန်အထိ လုပ်ဆောင်သွားရန် အစီအစဉ်ရှိသည်ဟု ၎င်းက ဆက်လက် ပြောဆိုသည်။
“ဒီပလိုမာဘွဲ့အတွက်က နိုင်ငံတကာမှာရှိတဲ့ အိမ်ခြံမြေဆိုင်ရာ ကျောင်းတွေနဲ့ ဆက်သွယ်ပြီး ဆောင်ရွက်သွားမှာပါ။ အိမ်ခြံမြေ အကျိုးဆောင်တွေရဲ့ အရည်အသွေး ပိုမို ပြည့်ဝပြီး ဝန်ဆောင်မှုကောင်းတွေ ပေးနိုင်ဖို့အတွက်ပါ” ဟု ဦးခင်မောင်သန်း က ပြောသည်။
အသင်းအနေဖြင့် အိမ်ခြံမြေအကျိုးဆောင်ဆိုင်ရာ အတတ်ပညာပိုင်း ဖွံ့ဖြိုး တိုးတက်စေရန်နှင့် အကျိုးဆောင်များ လုပ်ငန်းလုပ်ကိုင်ရာတွင် ရောင်းသူ၊ ဝယ်သူ၊ အကျိုးဆောင်တို့ သုံးဦး သုံးဖလှယ် အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ် ထားသည်ဟု ၎င်းက ဆိုသည်။
“အိမ်ခြံမြေ ရောင်း၊ ဝယ်၊ ငှား အကျိုးဆောင်ပေးတဲ့ ရပ်ကွက် ပွဲစားတွေကိုပါ အသင်းကို ဝင်ခိုင်းပြီး အိမ်ခြံမြေ ဝန်ဆောင်မှု သင်တန်းတွေ လုပ်ပေးသွားမယ်။ အိမ်ခြံမြေ လုပ်ငန်းဆိုင်ရာ ထောက်ခံချက် လက်မှတ်တွေလည်း ထုတ်ပေးသွားဖို့ စီစဉ်ထားပါတယ်” ဟု အသင်း ဥက္ကဋ္ဌ က ဆိုသည်။
မြန်မာနိုင်ငံ၌ လက်ရှိလုပ်ဆောင်နေသည့် အိမ်ခြံမြေ အကျိုးဆောင်များသည် လုပ်ငန်းခွင် အတွေ့အကြုံများဖြင့်သာ မုဆိုးစိုင်သင် လုပ်ဆောင်နေခြင်းသာဖြစ်ပြီး မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများအရ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာသည့်အခါ မိမိတို့ အကျိုးဆောင်များဘက်မှ စနစ်တကျ ဝန်ဆောင်မှုများ ပေးသွားနိုင်ရန် လိုအပ်ကြောင်း ဦးခင်မောင်သန်း က ပြောကြားသွားသည်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်ပြည်ကို ချယ်ရီပွင့်ချိန် သွားမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီးအဖြစ် ၂ဝ၁၃ ခုနှစ်တွင် လာရောက်ရန်ရှိသည်ဟု မြန်မာ့ တိုင်းရင်းသားများ လူမှုရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေး သံကိုယ်စားလှယ် အဖွဲ့ဝင်တဦးက ထုတ်ဖော် ပြောဆိုလိုက်ကြောင်း အေပီ သတင်းတရပ်တွင်
ဖော်ပြပါရှိသည်။
ဖော်ပြပါရှိသည်။
ဦးအောင်သိန်းလင်းကို အမတ်အဖြစ်မှ ရုတ်သိမ်းရေး နှိုးဆော်မှုများ ရှိနေ
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပ မဲဆန္ဒရှင်များက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းပေးရေး စုပေါင်းလက်မှတ်ရေးထိုးကာ ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် နှိုးဆော်မှုများ ရှိနေသည်။
ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရန် နှိုးဆော်မှုများ ရှိနေသည်။
သမ္မတနှင့် တိုင်းရင်းသား ပါတီများတွေ့ဆုံမည့် အစီအစဉ် ရွှေ့ဆိုင်း

သမ္မတ အနေဖြင့် ဒီမိုကရေစီ မိတ်ဆွေပါတီ ၁၀ ပါတီနှင့် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ဆုံပြီးနောက် ကျန် တိုင်းရင်းသား ၁၄ ပါတီနှင့် တွေ့ဆုံရန် စီစဉ်ထားမှုအား ရက်ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်ကြောင်း ကရင်ပြည်သူ့ပါတီ KPP ဥက္ကဋ္ဌ ဦးထွန်းအောင်မြင့် က ပြောသည်။
သောင်တင်နေသည့် မြန်မာလုပ်သားများ မြဝတီ ပြန်မည်
စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံ၊ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၏ ယာယီစခန်း၌
သောင်တင်နေသည့် အလုပ်သမား ၃၅ ဦးအား ၎င်းတို့၏ ဆန္ဒအရ မြန်မာနိုင်ငံ၊ မြဝတီမြို့သို့ ပြန်လည် ခေါ်ဆောင်မည်
ဖြစ်ကြောင်း မြဝတီရှိ အေးဂျင့် ဦးအောင်နိုင်စိုး က မဇ္ဈိမကို ပြောသည်။
“အလုပ်သမားတွေက ပြန်လာချင်နေကြတယ်။ သူတို့တွေကို ဒုက္ခမရောက်စေချင်ဘူး။ အပွင့်လင်းဆုံး ပြောရရင် သူတို့ အဲဒီမှာ ကြာကြာနေရင် တရားဝင် အလုပ်သမား အဖြစ်ကနေ နီးစပ်ရာ အလုပ်တွေကို ဖြစ်သလို လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုကြမယ့် တရားမဝင် အလုပ်သမားတွေ ဖြစ်ကုန်မှာ စိုးရိမ်တယ်” ဟု ပြောသည်။
အဆိုပါ အလုပ်သမားများသည် ဇူလိုင်လ ၂ဝ ရက်နေ့ မဲဆောက်မှ တဆင့် ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား နားလည်မှု စာချွှန်လွှာ MOU ဖြင့် ဝင်ရောက်ခဲ့ကြသည့် အလုပ်သမား ၅၀ ထဲမှ ဖြစ်သည်။
ထိုင်းနိုင်ငံ KOSIT ဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပွဲစား ဒေါ်မေကျော့ရှင်း တို့ အကြား၌ ဘတ်ငွေ ၉၀၀,၀၀၀ ဖြင့် အပြီးစီး
ဆောင်ရွက်ရန် သဘောတူ ထားသည့် အပေါ် ထိုင်းပွဲစား အမျိုးသမီး တဦးမှ ဘတ်ငွေ ၄၀၀,၀၀၀ ကြိုတင် ထုတ်ယူကာ လိမ်လည် သွားခဲ့သည်။
အလုပ်သမားများအား မဲ့ဆောက်သို့ လာခေါ်စဉ်က ထိုအခြေအနေအား ဒေါ်မေကျော့ရှင်း က ပွင့်ပွင့်လင်းလင်း မပြောကြားဘဲ ထိန်ချန်ထားခဲ့သည်ဟု ဦးအောင်နိုင်စိုးက ဆိုသည်။
အလုပ်သမားများအား ခေါ်ယူသွားခဲ့ပြီး KOSIT ကုမ္ပဏီမှ လက်မခံဟု အကြောင်း ပြန်ခဲ့ပြီး ကုန်ကျစရိတ်များကိုလည်း ထုတ်ပေးရန် ငြင်းဆိုခဲ့သည်။
“ကုမ္ပဏီက အလုပ်ရှင် အလုပ်သမား သဘောတူ စာချုပ်ကို စည်းမျဉ်း စည်းကမ်းကို အတိအကျ ချိုးဖောက်တာပေါ့ဗျာ။ ဒါကိုလည်း သက်ဆိုင်ရာ အစိုးရတွေက တဆင့် ဖြေရှင်းကြပါလိမ့်မယ်။ ဒီလို ကုမ္ပဏီမျိုးလည်း ကျနော်တို့ နိုင်ငံကနေ အလုပ်သမား မခေါ်သင့်တော့ဘူးလို့ ပြောချင်တယ်” ဟု ဦးအောင်နိုင်စိုး က ပြောသည်။
ဒေါ်မေကျော့ရှင်းက ၎င်း၏မိတ်ဆွေ ထိုင်း ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း တဦး၏ ဆွေမျိုးများပိုင် ဆောက်လုပ်ရေး ကုမ္ပဏီတခု၌ အလုပ်လုပ်ကိုင်လိုသည့် အလုပ်သမား ၁၅ ဦးအား သွင်းပေးခဲ့ပြီး ၎င်းအလုပ်ရှင် ဆီမှ ဘတ်ငွေ
၃၂ဝ, ဝဝဝ ထုတ်ယူသွားသည်။
ကျန်အလုပ်သမား ၃၅ ဦးမှာ ဖန်ငခရိုင် အခြေစိုက် ပညာရေးနှင့် လူ့အခွင့်အရေး ဖောင်ဒေးရှင်းသို့ အကူအညီ
တောင်းခံ၍ ယာယီ စခန်း၌ပင် ယခုတိုင် ရှိနေဆဲ ဖြစ်သည်။
အလုပ်လုပ်မည့် အလုပ်သမား ၁၅ ဦးမှာလည်း အခြား အလုပ်သမား ၃၅ ဦးတို့နှင့်အတူ မြဝတီသို့ ပြန်လိုသော်လည်း အလုပ်ရှင်က ဘတ်ငွေ ၁၅ဝ,ဝဝဝ ပေးလျှင် အလုပ်သမား များကို သွားခွင့် ပြုနိုင်မည်ဟု ဆိုသည်။ ထိုကြောင့် ထိုငွေ အား ထုတ်ပေးရန် ဦးအောင်နိုင်စိုး အား ဒေါ်မေကျော့ရှင်းက တောင်းခံထားသည်။
ယခု အဖြစ်အပျက်များကို မြဝတီရှိ မြန်မာ ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ အဖွဲ့ခေါင်းဆောင်၊ အလုပ်သမား ဝန်ကြီးဌာန အဖွဲ့ခေါင်းဆောင်၊ ရဲ သတင်းတပ်ဖွဲ့ရုံးမှ တာဝန်ရှိ ပုဂ္ဂိုလ်များထံသို့ တင်ပြထားကြောင်း ဦးအောင်နိုင်စိုး က ပြောသည်။
လုပ်ငန်းခွင်ဝင် အလုပ်သမား ၁၅ ဦးနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ညွှန်ကြားချက် မပေးသေးသော်လည်း ၃၅ ဦးထဲမှ လူစု ထပ်မကွဲစေရန်နှင့် ပြန်လည် ခေါ်ဆိုနိုင်ကြောင်း မြန်မာအစိုးရ သက်ဆိုင်ရာများမှ ညွှန်ကြားချက် ပေးထားပြီး
ဖြစ်သည်ဟု ဦးအောင်နိုင်စိုး က ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိ

ထားဝယ်-မြိတ် လမ်းပေါ်ရှိ ပေါက်တိုင်းတံတားအနီးတွင် ရေကျော်နေစဉ်
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်နှင့် ကျေးရွာများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိပြီး သွားရေးလာရေး ခက်ခဲမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့၍ ကလေးတစ်ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာရရှိပြီး ယာဉ်ခြောက်စီးပျက်စီး

အရှိန်လွန်ကာ လူနေရပ်ကွက်အတွင်း ၀င်ရောက်ခဲ့သော ယာဉ်ကို တွေ့ရစဉ်
ခရီးသည်တင်ယာဉ်တစ်စီး အရှိန်လွန်ကာ လူနေရပ်ကွက် အတွင်း ၀င်ရောက်သွားခဲ့သဖြင့် ကလေးတစ်ဦး သေဆုံးပြီးနှစ်ဦးဒဏ် ရာရရှိကာ ယာဉ်ခြောက်စီး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သိရှိရပါသည်။
အိပ်နေသည့် အမျိုးသမီးအား ဓားဖြင့်ထောက်၍ ပစ္စည်းများ ယူဆောင်သွားသူကို ဖုန်းငွေဖြည့်ကတ်မှ တစ်ဆင့် ခြေရာခံဖမ်းဆီး၊ ကျူးလွန်သူမှာ လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ခံစား ရရှိထားသူဖြစ်ကြောင်း သိရ
အိပ်နေသည့် အမျိုးသမီးအား မျက်နှာကို ပ၀ါစည်းပြီး ဓားဖြင့် ထောက်၍ငွေ၊ ရွှေထည်ပစ္စည်းနှင့် ဖုန်းငွေဖြည့်ကတ်များယူဆောင်သွား သူကို အဆိုပါဖုန်းငွေဖြည့်ကဒ်မှ တစ်ဆင့် ခြေရာခံကာ ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေတိဂုံစေတီတော်ရှိ နှစ်ပေါင်း ၂၃၄ နှစ် သက်တမ်းရှိသော စဉ့်ကူးမင်းခေါင်းလောင်း၏ အစိတ်အပိုင်းအချို့  ယိုယွင်းလာသဖြင့် ခေါင်းလောင်း ထိုးခွင့်မပြုတော့

ရွှေတိဂုံစေတီတော်ရှိ စဥ့်ကူးမင်းခေါင်းလောင်းတွင် ခေါင်းလောင်းထိုးနေသူအချို့ အား ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ်
ပထမဆုံး ရေဒီယိုအစီအစဉ် သင်တန်းဖွင့်လှစ်မည်
မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂနှင့် Creative Media House (CMH) နှင့် ပိုလန်နိုင်ငံရှိ Association Education for Peace အဖွဲ့အစည်းတို့ပူးပေါင်း၍ ပထမဆုံး ရေဒီယိုအစီအစဉ် သင်တန်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် သင်တန်းပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ ရှင်းလင်း၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များက အခြားပြင်ပမှ သွေးထိုးလှုံ့ဆော်မှုနှင့် အားထုတ်မှုရှိသည်ကို သက်သေပြနေကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

တက်ရောက်လာသော ပြည်ထောင်စုဝန်ကြီးများနှင့် သံရုံးအသီးသီးမှာ တာဝန်ရှိသူများ
ရခိုင်ပြည်နယ် အခြေအနေနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အိုင်အင်န်ဂျီအိုများအား ပြည်ထောင်စုအစိုးရက ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ဇူလိုင်လ ၃၀ ရက်နေ့က ရှင်းလင်းခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကွင်တားနား ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့
ယမန်နေ့ ညပိုင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသော မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေး ကွင်တားနားသည် ယနေ့နံနက်ပိုင်းက အင်းစိန်ထောင်သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂-၁၃ ငါးဖမ်းရာသီတွင် ငါးဖမ်းဧရိယာနှင့် ကာလသတ်မှတ်ခြင်းကို မူအားဖြင့် သဘောတူခဲ့
![]()
၂၀၁၂-၂၀၁၃ ငါးဖမ်းရာသီတွင် ငါးမဖမ်းရဧရိယာနှင့် ကာလသတ်မှတ်သွားရန် မူအားဖြင့် သဘောတူညီခဲ့ကြောင်းကို ဇူလိုင်လ ၂၉ ရက်နေ့က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သော ၂၀၁၂-၂၀၁၃ ငါးဖမ်းရာသီတွင် ငါးမဖမ်းရ ဧရိယာနှင့် ကာလသတ်မှတ်သွားရန် သင့် မသင့် အလုပ်ရုံဆွေးနွေးပွဲမှ သဘောတူညီချက်များအရ သိရသည်။
|
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်မှ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်သစ်တစ်ခု တိုးမြှင့်သင်ကြားမည်
မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ်တွင် ၂၀၁၂-၂၀၁၃ ပညာသင်နှစ်အတွက် ဘာသာရပ်အသစ်တစ်ခုအား တိုးမြှင့်သင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ပါမောက္ခချုပ် ဦးချာလီသန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာလက်လီ ဘဏ်လုပ်ငန်း တိုးတက်စေရေးအတွက် ဗြိတိန်အခြေစိုက် Lafferty Group မှ ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်
မြန်မာလက်လီဘဏ်လုပ်ငန်း တိုးတက်စေရေးအတွက် ဗြိတိန်အခြေစိုက် Lafferty Group မှ ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်နေကြောင်း မြန်မာနိုဘယ်(လ်)ကောလိပ်မှ သိရှိရပါသည်။
စိုင်းနော်ခမ်း လက်ထောက် လွှဲပေးဖို့ တရုတ်တောင်းဆို
တရုတ်နိုင်ငံသား (၁၃) ဦး မဲခေါင်မြစ်တွင်း သတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်တယ်လို့ သံသယရှိသူ စိုင်းနော်ခမ်း ဦးဆောင်တဲ့ လက်နက်ကိုင်အဖွဲ့က လက်ထောက်တဦးကို လွှဲပြောင်းပေးဖို့ တရုတ် အာဏာပိုင်တွေက တောင်းခံ ခဲ့ပေမဲ့ မြန်မာနိုင်ငံက လက်မခံခဲ့ဘူးလို့ နီးစပ်သူ အသိုင်း အ၀ိုင်းက ပြောပါတယ်။ စိုင်းနော်ခမ်းကို လာအိုနိုင်ငံက
အိန္ဒိယရထားမီးလောင်မှု လူ ၅၀ လောက်သေ

ကင်တားနား နိုင်ငံရေး အကျဉ်းသားတွေနဲ့တွေ့
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနားဟာ သူ့ရဲ့ခရီးစဉ် အစအဖြစ် တနင်္လာနေ့မှာပဲ နိုင်ငံရေး အကျဉ်းသား တချို့နဲ့ တွေ့ဆုံ ပါတယ်။ ရန်ကုန်၊ အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ တွေ့ဆုံရာမှာတော့ ကျန်းမာရေး ဆိုးရွားနေသူတွေလည်း ပါဝင်ခဲ့တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ ကပြောပြပေးမှာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ်မှာ အကြွေးကတ်စနစ် စတင် သုံးစွဲနိုင်မယ်လို့ မျှော်လင့်
2012-07-29
လာမယ့် ၂၀၁၃ ခုနှစ်ကျရင် မြန်မာနိုင်ငံက ဘဏ်တွေမှာ နိုင်ငံတကာ အကြွေးကတ်တွ စတင် သုံးစွဲနိုင်တော့မယ်လို့ မျှော်လင့်ရကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြု
2012-07-29
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် မဲဆန္ဒနယ်မြေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ရဟန်းအမအဖြစ် ကုသိုလ်ဒါနပြုတဲ့ ရဟန်းခံပွဲကို မနေ့က ပုဂံမြို့မှာ ကျင်းပခဲ့ပါတယ်။
ရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား NLD မဟာအောင်မြေ မဲဆန္ဒနယ်မြေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင် တက်ရောက်ခဲ့ပါတယ်။
ကုလ အထူး ကိုယ်စားလှယ် ရန်ကုန်မြို့ရောက်ရှိ
မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာခဲ့ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomas Ojea Quintana ရန်ကုန်မြို့သို့ ရောက်ရှိစဉ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိလို့ ဝန်ကြီး ဦးခင်ရီပြောကြား
မြန်မာနိုင်ငံက တိုင်းရင်းသား (၁၃၅) မျိုးထဲမှာ ရိုဟင်ဂျာဟာ ဘယ်တုန်းကမှ မပါဝင်ခဲ့ဘူးသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုး ဆိုတာလည်း မရှိဘူးလို့ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ၀န်ကြီးဌာန အဆောက်အဦးဟောင်းတွင် ကျင်းပသည့် ရခိုင်ဒေသ အရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
Subscribe to:
Posts (Atom)