Tuesday, July 31, 2012

မိခင်နှင့် ဖခင်ဖြစ်သူအတွက် ရည်စူးပြီး ဒေါ်အောင်ဆန်းစုကြည် ရဟန်းခံရှင်ပြုအလှူ ကျင်းပ







အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဟန်းအမ ခံယူပွဲကို ပုဂံမြို့ သရပါတံခါးအနီးမှာ ရှိတဲ့ ၀ါးတောကျောင်းတိုက်မှာ ဇူလိုင်လ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ရဟန်းခံပွဲ ဖြစ်မြောက်ရေး အတွက် ဒေါ်အောင်ဆန်းစုကြည်က ငွေကျပ် ၁၀ သိန်း မတည်ကာ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြမန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက စုပေါင်းပြီး လှူဒါန်းကြတာ ဖြစ်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ အတွင်းက ပုဂံကို သွားရောက်ခဲ့စဉ်အတွင်း ၀ါးတောကျောင်းထိုင်ဆရာတော်ကို ၀င်ရောက်ဖူးမြော်ရင်း ကျောင်းမှာရှိတဲ့ ကိုရင်ငယ်လေးပါးကို ပစ္စည်းလေးပါး ဒါယိကာမအဖြစ် ခံယူခဲ့တဲ့အတွက် အကြီးဆုံးကိုရင်မှာ အခုအခါ ဦးပဉ္စင်းဝတ်နိုင်တဲ့ အသက်အရွယ်ရောက်ပြီ ဖြစ်တဲ့အတွက် ဆရာတော်က လှမ်းအကြောင်းကြားလို့ အခုလို ရဟန်းခံပွဲကို ကျင်းပရတာ ဖြစ်တယ်လို့ သိရပါတယ်။ မိခင်နဲ့ ဖခင်ဖြစ်သူအတွက် ရည်စူးပြီး ပြုလုပ်တဲ့ ဒီရဟန်းခံပွဲကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ခဲ့ပေမဲ့ တန့်ကြည့်တောင်ဆရာတော်က ဥပဇ္ဈာယ်ဆရာတော်အဖြစ် ရဟန်းခံပွဲကို ဦးစီးပြီး ဧည့်သံဃာတော် ၄၅ ပါးနဲ့အတူ အဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။