Sunday, June 24, 2012

သရက်ပင်ချောင်းလယ်သမားများ ၈၈ မျိုးဆက်နှင့်တွေ့ဆုံ

သရက်ပင်ချောင်းလယ်သမားများ ၈၈ မျိုးဆက်နှင့်တွေ့ဆုံ

ဒဂုံဆိပ်ကမ်းမြို့နယ်၊ သရက်ပင်ချောင်းကျေးရွာရှိ ကွင်းအမှတ် (၁၁၂၆-ခ)ရှိ လယ်မြေများကို ပင်လယ်ကိုးသွယ် ကုမ္မဏီက သိမ်းယူပြီး ကျန်ရှိသည့် လယ်ယာမြေများအား ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအေးနိုင်ဆိုသူက သိမ်းယူမှုအပေါ် ၂၀၁၂ခုနှစ် ဇွန်လ ၂၂ ရက်နေ့ နေ့လည် ၁း၀၀ အချိန်တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင် ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ရှေ့နေ ကိုဖိုးဖြူတို့နှင့်အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်များ စုစုပေါင်း အယောက်၅၀ ခန့်သည် ထိုကွင်းအမှတ် (၁၁၂၆-ခ) နေရာကို သွားရောက်ပြီး လယ်ယာမြေသိမ်းယူခံခဲ့ရသည့် လယ်သမား ၆၀ ခန့်နှင့် သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါသည်။

 ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများ ဖြစ်နေကြောင်း သိရ

w7381
ရန်ကုန်မြို့တွင်းရှိ လမ်းများအနက် ၇၀ ရာခိုင်နှုန်းမှာ ပျက်စီးနေသော လမ်းများဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရှိရသည်။

 အစိုးရသစ် လက်ထက်တွင် ၀န်ကြီးဌာနအချို့နှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့တို့မှ ပြည်တွင်း မီဒီယာများအား တတိယအကြိမ် တရားစွဲ၊ လျှပ်တစ်ပြက် သတင်းဂျာနယ် အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၅ (ခ)(ဂ) တို့ဖြင့် တရားစွဲ

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အရပ်သားအစိုးရ အဖွဲ့မှ နိုင်ငံတော်သမ္မတ၏ ပထမဆုံး မိန့်ခွန်းတွင် စတုတ္ထမဏ္ဍိုင်နှင့် ပတ်သက်ပြီး အလေးပေး ပြောကြားခဲ့သော်လည်း တစ်နှစ်ကျော်သာ ရှိသေးသော အစိုးရသက်တမ်း အတွင်း၌ ပြည်တွင်း မီဒီယာများကို ၀န်ကြီးဌာနအချို့နှင့် အစိုးရအဖွဲ့များက တရား စွဲဆိုမှုများရှိခဲ့ရာ တတိယအကြိမ် အဖြစ် လျှပ်တစ်ပြက် သတင်းဂျာနယ် အယ်ဒီတာချုပ်အား ပုဒ်မ ၅၀၅ (ခ)(ဂ)တို့ဖြင့် တရားစွဲဆိုလိုက်ကြောင်း သတင်းရရှိပါသည်။

 ဒီမိုကရေစီ လူ့ဘောင်သစ်တွင် လွတ်လပ်ပြီး အားကောင်းသည့် စာပေစာနယ်ဇင်း ရှိသင့်ကြောင်းနှင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် နိုင်ငံတကာ စံချိန်နှင့်တိုင်းတာပါက နောက်ဆုံးနားတွင်ပဲ ရှိနေသေးကြောင်း ပြည်သူ့လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်ပြောကြား


7382
နိုင်ငံသစ်ချီတက်နေသည့် ဒီမိုကရေစီ လူ့ဘောင်သစ်တွင် လွတ်လပ်ပြီး အားကောင်းသည့် စာပေစာနယ်ဇင်း ရှိသင့်သည်ဟု ခံယူကြောင်းနှင့် မြန်မာနိုင်ငံ၏ သတင်းလွတ်လပ်ခွင့်သည် နိုင်ငံတကာစံချိန်နှင့် တိုင်းတာပါက နောက်ဆုံးနားတွင်ပဲ ရှိနေသေးသည်ကို ၀န်ခံကြရမည်ဖြစ်ကြောင်းကို ဇွန်လ ၂၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်မှုကော်မတီနှင့် မီဒီယာများ ၏တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားခဲ့သည်။

 နှစ်ပေါင်း ၃၀၀ ကျော် သက်တမ်းရှိ ဗြိတိသျှပါလီမန် Westminster ခန်းမတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြား

7381
နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိ ဗြိတိသျှပါလီမန် Westminsterခန်းမတွင် ဒုတိယကမ္ဘာစစ် နောက်ပိုင်း ငါးဦးမြောက် ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ဇွန်လ ၂၁ ရက်နေ့က မိန့်ခွန်း ပြောကြားခဲ့သည်။

ဇွန်လ ၂၃ရက်နေ့ ည ၈နာရီခွဲအချိန်က သင်္ကန်းကျွန်းမြို့နယ်၊ ပြည်ထောင်စုလမ်းတံတားအနီးတွင် ကွန်တင်နာတင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား


ဇွန်လ ၂၃ရက်နေ့ ည ၈ နာရီခွဲအချိန်က သင်္ကန်းကျွန်းမြို့နယ်၊ ပြည်ထောင်စု လမ်းမကြီးပေါ် ပြည်ထောင်စုတံတားအနီးတွင် ကွန်တင်နာတင် ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်ကိစ္စ နိုင်ငံရေးပါတီတွေနဲ့ သတင်းသမားတွေ သတိပေးခံရ

ရခိုင်ပြည်နယ်ထဲက အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေကို တရားစွဲတာတွေနဲ့ နိုင်ငံရေးပါတီတွေ ၀င်ရောက် ပတ်သက်ခြင်းမပြုဖို့ တားမြစ်ချက်တွေဟာ ဒီမိုကရေစီနိုင်ငံ တခုဆီကို ဦးတည်နေတဲ့ မြန်မာနိုင်ငံအတွက်  မသင့်တော်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့  မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောလိုက်ပါတယ်။ ရခိုင်ပြည်နယ် အခြေအနေတွေမှာ နိုင်ငံရေးပါတီတွေ ၀င်မပတ်သက်ဖို့  ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က

ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို

ဘင်္ဂါလီ လှေစီးဒုက္ခသည်တွေ ပစ်ခတ်ခံရတဲ့သတင်း ပြည်နယ် ဥပဒေချုပ် ငြင်းဆို
2012-06-23
ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ကို လှေတွေနဲ့ ထွက်ပြေးခဲ့ကြတဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေကို ရဟတ် ယာဉ်နဲ့ လိုက်လံပစ်ခတ် ခဲ့တယ်ဆိုတဲ့ သတင်းတွေ မကြာခင် ရက် ပိုင်းက ပေါ်ထွက်ခဲ့ပါတယ်။
AFP

ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ

ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံ အလုပ်သမားများ ဆက်လက် ဆန္ဒပြ
2012-06-23
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန်က ဖာမိုဆို (Famoso) အထည်ချုပ်စက်ရုံမှာ အလုပ်သမားတွေရဲ့ အခြေခံ လုပ်ခလစာ တိုးပေးဖို့တောင်းဆိုချက်ကို အလုပ်ရှင်က မလိုက်လျောသေးတဲ့အတွက် ဆက်လက် ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ဝါဝါဝင်းကုမ္ပဏီ လျော်ကြေး မတန်တဆ လျှော့ပေး

ဝါဝါဝင်းကုမ္ပဏီ လျော်ကြေး မတန်တဆ လျှော့ပေး
2012-06-23
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ကျွန်းကြီးနဲ့ အပြင် ပဒန်ရွာတွေမှာ ဝါဝါဝင်းကုမ္ပဏီက လယ်ဧက ၄ ရာကျော် သိမ်းထားတဲ့ကိစ္စနဲ့ ပတ်သက်လို့ လျော်ကြေးကို ပေါက်ဈေးအတိုင်း မပေးတဲ့အတွက် လယ်သမားတွေသဘောမတူဘဲ သက်ဆိုင်ရာကို တိုင်ကြားထားတယ်လို့ သတင်းရရှိပါတယ်။
AFP

မောင်တောအခြေအနေ ပုံမှန်မရောက်သေး

မောင်တောအခြေအနေ ပုံမှန်မရောက်သေး
2012-06-23
ရခိုင်ပြည်နယ် မောင်တောမြို့မှာ ဖွင့်လှစ်ထားတဲ့ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေတဲ့ အမျိုးသားတချို့ကို သက်ဆိုင်ရာက နေရပ်ပြန်ခိုင်းနေပေမဲ့ အမျိုးသမီးနဲ့ ကလေးတွေက ကျန်ရှိနေသေးပြီး အခြေအနေ ပုံမှန်ဖြစ်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ပုဂ္ဂလိက ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။
RFA

ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ဆိုင်ခန်းများအား တပ်စည်ပင်က ဖြိုချရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး  ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနှင့် ပြည်ထောင်စုရိပ်သာလမ်းထောင့်ရှိ ဆိုင်သုံးဆိုင်မှာ တပ်မြေပေါ်တွင် ဆောက်လုပ်ထားခြင်းကြောင့် တပ်စည်ပင်သာယာရေးအဖွဲ့က ဖြိုချရှင်းလင်းမှုများ ပြုလုပ်ခဲ့ သည်။
 

အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ မြေနီကုန်းအရေးအခင်း(၂၄)နှစ်ပြည့်အခမ်းအနားကျင်းပ

မြေနီကုန်းအရေးအခင်း(၂၄)နှစ်ပြည့်အခမ်းအနားအား မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်အတွင်းရှိ တောင်ခွင်း မင်းကြီးကျောင်းတိုက်တွင် ဇွန်လ(၂၂)ရက်နေ့က အထက်ဗမာပြည်ကျောင်းသားသမဂ္ဂမှ ကြီးမှူးကျင်းပခဲ့သည်။

ဇူလိုင်လ(၁)ရက်နေ့တွင် CDMA မိုဘိုင်းဖုန်းများအတွက် ကြိုတင်ငွေပေးချေစနစ်စတင်

ဖုန်းဘေလ်စနစ်ဖြင့်ပေးဆောင်နေရသော CDMA  မိုဘိုင်းဖုန်းများအား ဇူလိုင်လ(၁)ရက်နေ့မှ စတင်ကာ ကြိုတင်ငွေပေးချေ (Prepaid) စနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်သည်။
 
 
ထို့အတူ ယခင် CDMA ဖုန်းဘေလ်များပေးဆောင်နေရသည့် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသ ကြီးအတွင်းရှိ   မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငွေလက်ခံ ကောင်တာရုံးများကိုလည်း ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
 

ဦးသိန်းညွှန့်အပါအ၀င် ဥပဒေပညာရှင်(၂)ဦး လိုက်ပါဆောင်ရွက်မည့် လျှပ်တပြက်ဂျာနယ်အမှု

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တရားစွဲဆိုထားသော လျှပ်တပြက်ဂျာနယ်အမှုအား အမျိုးသားဒီမိုကရေစီ ပါတီသစ်က ဦးသိန်းညွှန့်နှင့် ဦးဝင်းရွှေတို့မှ အမှုလိုက်ပါဆောင်ရွက်ပေးမည်ဖြစ်သည်။
 

အင်းစိန်မြို့ နယ်တွင် စောင်ရေပွား၍ ထီလိမ်လည်ရောင်းချသူများအား တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်၊ အောင်ဇေယျအိမ်ရာအတွင်း မြန်မာအောင်ဘာလေထီလက်မှတ် များအားစောင်ရေ ပွားအောင် လိမ်လည်ရောင်းချလျှက်ရှိသော အဖွဲ့တစ်ဖွဲ့ အား  မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ(၂၂)ရက်နေ့တွင် ၀င်ရောက် ရှာဖွေဖမ်းဆီးခဲ့ကြောင်း အင်းစိန်ရဲစခန်းက သတင်းရရှိသည်။
 

ခရီးသည်တင်ယာဉ်လိုင်းများအား ပိုမိုစည်းကမ်းထိန်းသိမ်းမှုရှိစေလို

မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များတွင် ယာဉ်တိုက်မှုမကြာခဏဖြစ်ပွားနေခြင်းကြောင့် မော်တော်ယာဉ်လိုင်းများအား စည်းကမ်းထိန်းသိမ်းမှုအပိုင်းတွင် ပိုမိုတင်းကြပ်စေလိုကြောင်း ရန်ကုန်မြို့နေ ခရီးသွားများထံက သိရသည်။
 

မတရားသင်းပုဒ်မ ဝန်ကြီးနှုတ်မိန့်ဖြင့် ကချင်ပြည်နယ်မှာ ပယ်ဖျက်လိုက်

ဖနိဒါ | သောကြာနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်

 ချင်းမိုင် (မဇ္ဈိမ) ။       ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦးအောင်မင်း၏ နှုတ်မိန့် ညွန်ကြားချက်အရ ကချင်ပြည်နယ်တွင် မတရားသင်းဥပဒေပုဒ်မ ၁၇(၁)အား ပယ်ဖျက်လိုက်
ကြောင်း ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်း က ပြောသည်။

ဘင်္ဂါလီ ၈၂ ဦးအား လဝက ပုဒ်မဖြင့် ရေးမြို့ တရားရုံးမှ ထောင်ဒဏ်ချ

ကွန်းချမ်း | သောကြာနေ့၊ ဇွန်လ ၂၂ ရက် ၂၀၁၂ ခုနှစ်


စံခလပူရီ (မဇ္ဈိမ) ။       ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ စက်လှေဖြင့် ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကာ မြန်မာပြည်တောင်ပိုင်း
ရေးမြို့နယ်၊ ခေါဇာမြို့နယ်ခွဲ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီးခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစခန်းက ပြောသည်။

လူမျိုးရေးဥပဒေ ဆိုသည်မှာ ဆွေးနွေးဆဲသာ ဖြစ်ကြောင်း RNDP ရှင်းလင်း

နယူးဒေလီ (မဇ္ဈိမ) ။       ။ တိုင်းပြည်အတွင်း တရားမဝင် ဝင်ရောက်လာသူများကိစ္စ ထိရောက်စွာ တားဆီး
ဖြေရှင်းနိုင်ရေး အတွက် လူမျိုးရေးဆိုင်ရာ ဥပဒေတခုကို ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီ (RNDP) မှ ဇူလိုင်လ လွှတ်တော်သို့ တင်သွင်းမည်ဟု သတင်း ထွက်ပေါ်နေသော်လည်း ပါတီတွင်း ဆွေးနွေးရဦးမည် ဖြစ်ကြောင်း ပါတီ ထိပ်တန်းခေါင်းဆောင်များက ပြောသည်။

ကချင်ဒုက္ခသည် လေးဦးကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးထား

ချင်းမိုင်(မဇ္ဈိမ) ။       ။ ကျွဲကုန်သည်များနှင့် လိုက်ပါသွားသူ ဒုက္ခသည်စခန်းတွင်းမှ ကချင်အမျိုးသား လေးဦးအား
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်အောက်ခံ ခလရ ၃၇ တပ်ဖွဲ့က  ဖမ်းဆီးခဲ့ရာမှ ယနေ့ထိ ပျောက်ဆုံးနေ သဖြင့် ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

စားပွဲထိုးအား ရန်ကုန်ဘူတာကြီး ရဲက ဖမ်းဆီးနှိပ်စက်ဟု မိသားစုဝင် ပြော

စံခလပူရီ (မဇ္ဈိမ)။   ။ ရန်ကုန် ဘူတာကြီး မီးရထား ရဲစခန်းမှ ရဲတပ်သား သုံးဦးက တောင်ဒဂုံ ရပ်ကွက်အမှတ် ၆၅၃၊ ယုဇနလမ်းနေ ဦးမြင့်ဝေ ၏သား ကိုကျော်မင်းခိုင် အား ဇွန်လ ၁၈ ရက်နေ့တွင် ဖမ်းဆီးပြီး ရိုက်နှက်ကာ ထိုည၌ ကန်တော်ကြီးစောင်းသို့ သွားရောက် စွန့်ပစ်ခဲ့သည်ဟု ကာယကံရှင် မိသားစုမှ ပြောသည်။

ဗြိတိန် အိမ်ရှေ့မင်းသားနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေစဉ် အဆင့်အမြင့်ဆုံး နိုင်ငံရေးတွေ့ဆုံခွင့်တခုအဖြစ် အိမ်ရှေ့စံ ဝေလမင်းသား ချားလ်စ်နှင့် ဇနီး ကမီလာတို့အား လန်ဒန်မြို့ ကလီရင့်စံအိမ်၌ ဇွန်လ ၂၁ ရက်နေ့က တွေ့ဆုံခွင့် ရခဲ့သည်။

ဂျပန်အလုပ်ရှင်၏ လှောင်ပြောင်မှုကြောင့် အလုပ်သမားများ ပြန်လည်ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။       ။ စက်ရုံအလုပ်သမားအပေါ် လူ့ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေသည့် ဂျပန်လုပ်ငန်းရှင်၏
ပြောစကားနှင့် ခနဲ့သည့် အပြုအမူများကြောင့် ပြေလည်နိုင်ဖွယ်ရှိသည့် မင်္ဂလာဒုံ စက်မှုဇုန် ၁ မှ FAMOSO အထည်ချုပ်စက်ရုံ အလုပ်သမားများ၏အရေး နှောင့်နှေးသွားရပြီး ဆက်လက် ဆန္ဒပြလျက်ရှိကြောင်း သိရသည်။

သဘောတူညီချက်ကို အစိုးရ မလိုက်နာဟု SSA ပြော

ချင်းမိုင်(မဇ္စျိမ) ။       ။ အပစ်အခတ် ရပ်ရေး သဘောတူညီ လက်မှတ်ရေးထိုးထားသည့် အတိုင်း အစိုးရ ဘက်မှ မလိုက်နာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေရသည်ဟု ရှမ်းပြည် တပ်မတော်(မြောက်) SSPP-SSA က ပြောဆိုလိုက်သည်။

လက်ျာစွန်း အစ္စလာမ်ဝါဒီများက မူဆလင်သေဆုံးမှုများကို ရှုတ်ချ

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အစွန်းရောက် အစ္စလာမ်ဝါဒ ပါတီများက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း မူဆလင်ဘာသာဝင်များ သတ်ဖြတ်ခံရမှုအပေါ် ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

ရခိုင်ပြည်နယ်တွင်း မူဆလင် သွေးထွက်သံယိုမှုများ ရပ်တန့်စေရေးအတွက် ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် ဝိုင်းဝန်း ဖိအားပေးကြရန် ပါကစ္စတန်မှ Jamaat-e Islami (JI) ပါတီခေါင်းဆောင် Ameer Syed Munawwar Hasan က တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းများ၌ သေဆုံးသူအရေအတွက် ၆၂ ဦးရှိခဲ့ပြီ ဖြစ်ကြောင်းသိရှိရ


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများ၌ သေဆုံးသူ အရေအတွက်မှာ ဇွန်လ ၂၁ ရက်နေ့ အထိ ၆၂ ဦးရှိခဲ့ပြီဖြစ်ကြောင်း သိရှိရပါသည်။ 
ယင်းနှင့် ပတ်သက်ပြီး "ဘယ်သူဘယ်နှစ်ဦး သေတယ်ဆိုတာ ပြောဖို့ ခက်တယ်။ နိုင်ငံပိုင် သတင်းစာထဲမှာလည်း ပါပြီးသား ဖြစ်တဲ့အတွက် သတင်းစာမှာပါတာ အတည်ဖြစ်ပါတယ်။ အရင်က သတင်းစာမှာ ပါပြီးတာက ၅၀ ဦးဆိုတော့ အခု ၁၂ ယောက်ထပ် တိုးတယ်ဆိုတော့ ၆၂ ဦးဖြစ်သွားပြီးလို့ ပြောလို့ရပါတယ်'' ဟုလည်း ရခိုင်ပြည်နယ် ဥပဒေအရာရှိချုပ် ဦးလှသိန်းက သတင်းထောက်များနှင့် တွေ့ဆုံဖြေကြားရာတွင် ပြောကြားခဲ့ပါသည်။

 ရခိုင်ပြည်နယ်အတွင်းရှိ ပိတ်ထားသော ကျောင်းများအား မကြာမီကာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်တော့မည်ဟု သိရှိရ

ရခိုင်ပြည်နယ်အတွင်းရှိ ပိတ်ထားရသော ကျောင်းများ အားလုံး မကြာမီပြန်လည် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရပါသည်။ကျောင်းများပိတ်ထားရသဖြင့် ကျောင်းသူ/သားများ၏ ပညာရေးကို ထိခိုက်လာနိုင်သဖြင့် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း ကျောင်းများ အမြန်ဆုံး ဖွင့်လှစ်နိုင်ရေးကို စီစဉ်လျက်ရှိကြောင်း၊ အနာဂတ်၏ မျိုးဆက်သစ်များ ဖြစ်ကြသော ကျောင်းသူ/သားများသည် လွန်စွာအရေးပါလှကြောင်း၊ ယင်းအတွက် ဦးစားပေးဆောင်ရွက်နေမှုများတွင် ကျောင်းဖွင့်လှစ်နိုင်ရေးလည်း ပါဝင်ကြောင်း ပြည်နယ်အစိုးရ အဖွဲ့တာဝန်ရှိသူမှ  ဇွန်လ ၂၁ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

 ဘူးသီးတောင်ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို သက်ဆိုင်ရာနေရပ်အသီသီးသို့ ပြန်လည်ပို့ဆောင်

ဘူးသီးတောင် ကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေသူတစ်ချို့ကို မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ၄င်းတို့သည် ဘူးသီးတောင်မြို့နယ်အတွင်းတွင် မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများမရှိသော်လည်း ဘင်္ဂလီများ၏ အကြမ်းဖက်မှု့ကို စိုးရိမ်သဖြင့်  ရွာကို စွန့်ခွာပြီး  ဘူးသီးတောင်မြို့သို့ ရောက်လာကြသူများ ဖြစ်ကြောင်းသိရသည်။

မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ကမ်းပါးရှိ မင်းပြားမြို့နယ် ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ပွား

ဇွန်လ ၂၂ ရက် ယနေ့တွင် မိုးရွာသွန်းမှုကြောင့် လေးမြို့မြစ်ကမ်းပါးရှိ မင်းပြားမြို့နယ် ပန်းမြောင်းဈေး မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း ၂၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဇွန်လ ၂၀ ရက်နေ့ကလည်း မင်းပြားမြို့နယ် ပန်းမြောင်းရွာ ဥယျာဉ်သာရပ်ကွက် ကမ်းနားတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ဘူးသီးတောင်-မောင်တော ပြည်တွင်းရေကြောင်းသင်္ဘော ခရီးစဉ်များနှင့် ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းသိရ


ဘူးသီးတောင်-မောင်တော ခရီးသည်တင်ကားများ စတင်ပြေးဆွဲနေပြီဖြစ်ကြောင်း မောင်တောမြို့ခံများ၏ ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားချက်အရ သိရှိရပါသည်။
စစ်တွေ-ဘူးသီးတောင် ပြည်တွင်းရေကြောင်းသင်္ဘောများ သင်္ဘောခရီးစဉ်များ ဇွန်လ ၁၆ ရက်နေ့မှ နေ့စဉ် စတင်ပြေးဆွဲနေပြီဖြစ်ကြောင်းနှင့် ခရီးသည် အသွားအလာ နည်းပါးနေ သေးကြောင်းလည်းသိရသည်။ ပြည်တွင်းရေကြောင်း သင်္ဘောများ ပြန်လည်ပြေဆွဲနေပြီဖြစ်သော်လည်း အမြန်ရေယာဉ်များ ရပ်ထားဆဲဖြစ်ကြောင်း သတင်းရရှိသည်။ စစ်တွေ-ဘူးသီးတောင် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သင်္ဘောများ ဇွန်လ ၁၆ ရက်နေ့မှ စတင်ပြေးဆွဲနေပြီဖြစ်သဖြင့် မောင်တော-ဘူးသီးတောင် ခရီးသည်တင်ကားများ ပြေးဆွဲနေခြင်းဖြစ်ပြီး နံနက်အာရုံကားများလည်း စတင်ထွက်ခွာနေပြီဖြစ်ကြောင်း သတင်းရရှိသည်။

 ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း သိရ

ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
၂၀၁၂ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ နံနက် ၅နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ နတ်မောက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၁၃၀ ရှိ ယုဇနဟိုတယ်၊ အခန်း ၈၀၅တွင်

 ဗဟန်းမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း သိရ

ဗဟန်းမြို့နယ်ရှိ ယုဇနဟိုတယ်တစ်ခု၌ တည်းခိုနေသူ တောင်ကိုရီးယား နိုင်ငံသူတစ်ဦး ထိုးသွင်း၊ လှီးဖြတ်ဒဏ်ရာများဖြင့် သေဆုံးမှုကြောင့် ကျူးလွန်သူ ၄င်း၏အမျိုးသားကို အရေးယူထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
၂၀၁၂ခုနှစ်၊ ဇွန်လ ၂၀ရက်နေ့ နံနက် ၅နာရီအချိန်တွင် ဗဟန်းမြို့နယ်၊ ရေတာရှည်ရပ်ကွက်၊ နတ်မောက်၊ ရွှေဂုံတိုင်လမ်း၊ အမှတ် ၁၃၀ ရှိ ယုဇနဟိုတယ်၊ အခန်း ၈၀၅တွင်

ကွန်တိန်နာတင်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးရှိ ဓာတ်တိုင်နှင့် ခရေပင်များအား ၀င်တိုက်မှုဖြစ်ပွား

ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့သော ကွန်တိန်နာတင်ယာဉ်အား တွေ့ရစဉ်
ဇွန်လ ၂၁ ရက်နေ့က ဘုရင့်နောင်လမ်းမကြီးပေါ်တွင် ကွန်တိန်နာတင်ယာဉ်တစ်စီး အရှိန်လွန်ပြီး လမ်းဘေးဓာတ်တိုင်နှင့် ခရေပင်များအား ၀င်တိုက်မိခဲ့သောသော ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 စစ်ကျန်ဘတ်စ် ယာဉ်လိုင်းများနေရာ၌ အစားထိုး ပြေးဆွဲရန်စီစဉ်နေသည့် အထူးယာဉ်လိုင်းသစ်များ CNG ၀ယ်ယူခွင့် ရရှိပြီဖြစ်၍ ဇွန်လနှောင်းပိုင်းမှ စတင်ပြေးဆွဲသွားမည်

မထသ(မြို့တွင်း)ရှိ စစ်ကျန်ဘတ်စ် ယာဉ်လိုင်းများနေရာ၌ အစားထိုးပြေးဆွဲရန် စီစဉ်နေသည့် အထူးယာဉ်လိုင်းသစ်များ CNG ၀ယ်ယူခွင့် ရရှိပြီဖြစ်၍ ဇွန်လနှောင်းပိုင်းမှ စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

ဘေလီတံတားအသစ်ဖြစ်သော ငမိုးရိပ်တံတား(ပါရမီ)အား လာမည့် ဇူလိုင်လကုန်တွင် အပြီး တည်ဆောက်သွားမည်

တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တို့ကို ဆက်သွယ်မည့် ဘေလီတံတားအသစ် တစ်စင်းဖြစ်သော ငမိုးရိပ်တံတား (ပါရမီ) အား တည်ဆောက်လျက်ရှိရာ တည်ဆောက်ရေးလုပ်ငန်းများကို လာမည့်ဇူလိုင်လကုန်တွင် အပြီးသတ်သွားရန် မျှော်မှန်းထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီလမ်းနှင့် တံတားဌာနမှတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ရ သိရှိရသည်။

 တာမွေအ၀ိုင်းထိပ်၌ ဈေးဝယ်စင်တာတစ်ခုကို စတင် ဆောက်လုပ်နေပြီး၂၀၁၃ ခုနှစ် အောက်တိုဘာလကုန်တွင် ဖွင့်လှစ်သွားမည်


ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗညားဒလလမ်းနှင့် အရှေ့ရွှေဂုံတိုင် လမ်းထောင့်ရှိ တာမွေသင်္ချိုင်းနေရာတွင် City Mart Holding Co., Ltd မှ ဈေးဝယ်စင်တာတစ်ခုကို စတင်ဆောက်လုပ်နေပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း City Mart Holding Co., Ltd မှ  Managing Director ဒေါ်ဝင်းဝင်းတင့်၏ ပြောကြားချက်အရ သိရပါသည်။

 အာရှ ယူ-၂၂ ဘောလုံးပြိုင်ပွဲ၏ အုပ်စု(ဆ) ခြေစစ်ပွဲစဉ်များတွင် တောင်ကိုရီးယား၊ မြန်မာနှင့် တရုတ်(တိုင်ပေ)အသင်းများ အနိုင်ရ

မြန်မာအသင်းတိုက်စစ်မှုး ကျော်ကိုကို ဖိလစ်ပိုင်အသင်းဘက်သို့ ထိုးဖောက်ဂိုးသွင်းနေစဉ်
အာရှယူ-၂၂ ဘောလုံးပြိုင်ပွဲ အုပ်စု(ဆ) ခြေစစ်ပွဲစဉ်များကို ဇွန်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းနှင့် အောင်ဆန်းကွင်းတို့တွင် ကျင်းပခဲ့ရာ တောင်ကိုရီးယားယူ-၂၂အသင်း၊တရုတ် (တိုင်ပေ) ယူ-၂၂အသင်းနှင့် မြန်မာယူ-၂၂ ဘောလုံးအသင်းတို့ ပွဲဦးထွက်ပွဲစဉ် များတွင် နိုင်ပွဲများ ရရှိခဲ့ကြကြောင်း သိရှိရသည်။

သုဝဏ္ဏကွင်းတွင် ပထမပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သော တောင်ကိုရီးယားအသင်းနှင့် မလေးရှားအသင်းတို့၏ ပွဲစဉ်သည် အပြန်အလှန်ရှိခဲ့ပြီး တောင်ကိုရီယားအသင်းက (၃-၂) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

 မုတ္တမ၊ တနင်္သာရီ ကမ်းလွန် လုပ်ကွက်များတွင် အီးယူနိုင်ငံများမှ ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်နိုင်ရေး စွမ်းအင်ဝန်ကြီးဌာန၌ ဆွေးနွေးမှုများပြုလုပ်

မုတ္တမ၊ တနင်္သာရီကမ်းလွန် လုပ်ကွက်များ၌ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အီးယူနိုင်ငံများမှ အဆိုပြုလွှာ တင်သွင်းနိုင်ရေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

 Failed State Index 2012 တွင် မြန်မာနိုင်ငံက အဆင့် ၃ ဆင့်ကျသွားပြီး ၂၁ နေရာရောက်လာသော်လည်း အန္တရယ်ဇုံတွင် ပါဝင်နေဆဲဖြစ်



FSI
Failed State Index 2012 စာရင်းတွင် မြန်မာနိုင်ငံ၏ အဆင့်
၂၀၁၂ ခုနှစ်အတွက် နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများအပေါ် လေ့လာထုတ် ပြန်သော Fund for Peace အဖွဲ့ ၏ ကျရှုံးနိုင်ငံများညွှန်းကိန်း (Failed State Index) တွင် မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်တွင်အဆင့် ၁၈ ရှိနေရာမှ ၂၀၁၂ ခုနှစ်တွင် ၂၁ အထိ ကျဆင်းလာသော်လည်း အန္တရာယ်ဇုံစာရင်းတွင် ပါဝင်နေ ဆဲဖြစ်ကြောင်း ၄င်းဝက်ဘ်ဆိုက်မှ ရရှိသော တရားဝင်စာရင်း ဇယားများအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ်များနှင့် ဆန္ဒပြပွဲများ၊ ဆန္ဒပြမှုဖြစ်စဉ်များတွင် လူထုနှင့်ထိတွေ့ ဟောပြောခြင်း၊ မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ သဘောထားထုတ်ပြန်ခြင်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများသို့ အကြောင်းကြားစာပေးပို့

ရခိုင်ပြည်နယ်ရှိ အချို့သောဒေသများတွင် ဆူပူအကြမ်းဖက်မှုများကြောင့် ဒေသခံပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးရခြင်း ဖြစ်စဉ်များနှင့် နိုင်ငံတော်၌ လျပ်စစ်မီး ပြတ်တောက်မှုအတွက် ဆန္ဒပြပွဲများ၊ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုများကြောင့် သပိတ်မှောက်ဆန္ဒပြမှု ဖြစ်စဉ်များတွင် နိုင်ငံရေးပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီဝင်အချို့တို့က လူထုနှင့် ထိတွေ့ဟောပြောခြင်း မီဒီယာများနှင့် တွေ့ဆုံပြောကြားခြင်း၊ ပါတီသဘောထား ထုတ်ပြန်ကြေညာခြင်း စသည့် လုပ်ဆောင်မှုများနှင့်

ဒေါ်အောင်ဆန်းစုကြည် ယူကေ မြန်မာများနဲ့တွေ့ဆုံ

မြန်မာနိုင်ငံမှာမွေးကြတဲ့ မြန်မာလူမျိုးတွေအနေနဲ့ ဘယ်ကိုပဲရောက်ရောက် မြန် မာနိုင်ငံအတွက် တတ်နိုင်တဲ့ ဘက်ကနေ လုပ်ပေးကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း လိုက်ပါတယ်။ လန်ဒန်မြို့က နာမည်ကျော် တော်ဝင်ပြဇာတ်ရုံဖြစ်တဲ့ Royal Festival Hall မှာ ဒီကနေ့ မြန်မာလူမျိုး ၃ ထောင်လောက် ကို တွေ့ဆုံစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြော လိုက်တာ ဖြစ်ပါတယ်။  ရုံးဖွင့်ရက် ဖြစ်ပေမဲ့ လည်း ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် ဗြိတိန်အနယ်နယ် အရပ်ရပ်က မြန်မာတွေ သွားခဲ့ကြတဲ့ ပွဲကို ဗွီအိုအေအယ်ဒီတာ ဒေါ်ခင်စိုးဝင်း သွားရောက် သတင်းယူခဲ့ပါတယ်။

ရခိုင်ပြည်ဒုက္ခသည်တွေအတွက် ကုလ အကူအညီထပ်လွှတ်

ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးတဲ့ ဆူပူအကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရသူတွေအတွက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့က  အကူညီပေးဖို့ အဖွဲ့တဖွဲ့ ထပ်မံစေလွှတ်လိုက်သလို၊ အကူအညီတွေစပြီး ပေးနေပြီလို့ ဆိုပါတယ်။  ရခိုင်ပြည်နယ်ထဲမှာ  တချို့နေရာတွေမှာ အခြေနေတွေ ငြိမ်သက်နေပြီလို့ ဆိုနိုင်ပေမယ့်  အခြေနေတွေဟာ အခုထိ ပုံမှန်ပြန်မဖြစ် သေးတဲ့အတွက် ကုလသမဂ္ဂက စိုးရိမ်နေဆဲဖြစ်ပြီး  အထူးသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ရကြောင်းလည်း ပြောပါတယ်။
အပြည့်အစုံကို  ဒေါ်ခင်မျိုးသက် က ဆက်ပြီးတင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၉၀ ခန့် လူဝင်မှုဥပဒေအရ ထောင်ဒဏ်ချမှတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ သဲခုန်ကျေးရွာကိုဆိုက်ရောက်လာတဲ့ ဘင်္ဂလားဒေ့ရ်နိုင်ငံသား (၈၄) ဦးကို မြန်မာ အာဏာပိုင်တွေကနေ ဖမ်းဆီးခဲ့ပြီး လူဝင်မှု ကြိကြပ်ရေးဥပဒေပုဒ်မနဲ့ ထောင်ဒဏ် တနှစ် ချမှတ်ခဲ့ပါ တယ်။ ထောင်ချခံဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဟာ ပြီးခဲ့တဲ့လက မွန်ပြည်နယ်အတွင်းကို ဒုက္ခသည် အဖြစ် ၀င်ရောက်လာခဲ့ပြီး ပြန်လည်လွှတ်ပေးရာကနေ အခုတဖန်ပြန်လည်ဝင်ရောက်လာတယ်လို့လည်း ဆိုပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်ကနေ အခုလိုသတင်းပေးပို့ထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည် လန်ဒန်က မြန်မာ အသိုင်းအ၀ိုင်းနှင့် တွေ့ဆုံ
2012-06-22
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဒီကနေ့ လန်ဒန်မြို့  Royal Festival Hall ခန်းမကြီးမှာ မြန်မာအသိုင်းအ၀ိုင်း မိသားစုတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။
RFA

ရသာကောင်း ချိုချဉ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ

ရသာကောင်း ချိုချဉ်စက်ရုံ အလုပ်သမားများ ဆန္ဒပြ
2012-06-23
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန်-မန္တလေးလမ်း နှင့် ရတနာပုံ တက္ကသိုလ် လမ်းဆုံမှာ ရှိတဲ့ ရသာကောင်း ချိုချဉ်စက်ရုံက အလုပ်သမား (၂၀၀) ကျော်က အခြေခံ အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် ဒီကနေ့မှာ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြပါတယ်။
RFA

ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်

ဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ မြန်မာနိုင်ငံကို လာမည်
2012-06-22
ဗြိတိန်နိုင်ငံ UKIT စီးပွားရေး သံတမန်အုပ်စုရဲ့ ဥက္ကဋ္ဌ Lord Marland နဲ့အဖွဲ့ဟာ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေး လုပ်ငန်းကိစ္စတွေ ဆွေးနွေး ဖို့ မြန်မာနိုင်ငံကို နောက် လအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
UKIT အုပ်စုနဲ့အတူ အခြားဗြိတိသျှ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်လိုက်ပါလာကြမယ်လို့ သိရပါတယ်။ အခု သွားရောက်ကြမယ့် အုပ်စုဟာ ဥရောပသမဂ္ဂက မြန်မာအပေါ် စီးပွားရေးပိတ်ဆို့ အရေး ယူမှုတွေ ပြန်လည် ရုပ်သိမ်းလိုက်ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ပထမဆုံးသွားမယ့် ဗြိတိသျှ စီးပွားရေး လုပ်ငန်းရှင်အုပ်စု ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်မည်

ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံကို ၀င်ရောက်မည်
2012-06-22
စကော့တလန် နိုင်ငံ Glasgow Caledonian တက္ကသိုလ် ကျောင်းအုပ်၊ ပါမောက္ခ Pamela Gillies ဟာ မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့ပြီး Glasgow မြို့တော်ကို လာရောက် လည်ပတ်ဖို့ မြို့တော်ဝန်ရဲ့ဖိတ်ကြားစာကို ပေးအပ်ခဲ့ပါတယ်။
Photo: Glasgow Caledonian University

အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား

အတိုက်အခံဆိုတာ အစိုးရလောင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည် ပြောကြား
2012-06-22
အတိုက်အခံဆိုတာ တစ်နေ့မှာ အစိုးရဖြစ်နိုင်တဲ့ အဖွဲ့အစည်းဆိုတာ လက်ခံဖို့လိုကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ပြောဆိုလိုက် ပါ တယ်။
RFA

လယ်ယာမြေ အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက်

လယ်ယာမြေ အငြင်းပွားမှု NLD နဲ့ ၈၈ မျိုးဆက် ကူညီဆောင်ရွက်
2012-06-22
လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေတဲ့ ဒဂုံဆိပ်ကမ်းမြို့ နယ် လေးထောင့်ကန် လယ်သမားတွေ အရေးကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိးဆက် ကျောင်းသားများ အဖွဲ့က ဒီကနေ့ သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
RFA

ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း

ဘင်္ဂါလီ တချို့နဲ့ သန်းခေါင်စာရင်းမရှိသူတွေကို သက်ဆိုင်ရာက နေရာရွှေ့ပြောင်း
2012-06-22
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစု ရပ်ကွက်က ဘင်္ဂါလီ မိသားစု တချို့နဲ့ သန်းခေါင်စာရင်းမရှိဘဲ နေထိုင်နေသူတွေကို သက်ဆိုင်ရာက ဒီနေ့ မြို့ပြင်ကို ရွှေ့ပြောင်း လိုက်တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
RFA

အဓိကရုဏ်းကြောင့် သေဆုံးသူ (၉) ဦး ကူတောင်ရွာမှာသင်္ဂြိုဟ်

အဓိကရုဏ်းကြောင့် သေဆုံးသူ (၉) ဦး ကူတောင်ရွာမှာသင်္ဂြိုဟ်
2012-06-22
ဇွန်လ (၁၉) ရက်နေ့က ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာ မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့လူ ၁၀ ဦး အနက် (၉) ဦးကို ဒီကနေ့ နေ့လည် (၂) နာရီမှာ ကူတောင်ရွာမှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။
သေဆုံးသွားကြသူတွေထဲမှာ ဦးကျော်မင်းထွန်း ဆိုသူဟာ ဇာတ်သဘင် ဒါရိုက်တာတစ်ဦးဖြစ်ပြီး လောင်းချောင်းရွာ က ဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကူတောင်ရွာက ပဲ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ

ဧရာဝတီမြစ်ကမ်းပြို၍ ရွာရွှေ့ပြောင်းရ
2012-06-22
မကွေးတိုင်း ရေစကြိုမြို့နယ် ငမြာကြီး၊ လေးရာပြည့်ရွာနဲ့ ငါးလန်ရွာက လူတွေဟာ ဧရာဝတီမြစ်ကမ်း ပြိုတဲ့အတွက် ရွာရွှေ့ပြောင်း ကြရပြီး နေရေးထိုင်ရေး သာမက ရေအခက်အခဲနဲ့ပါ ကြုံနေရတယ် လို့ ပြောပါတယ်။
RFA