Monday, November 5, 2012

သမ္မတဦးသိန်းစိန် အာရှ ဥရောပ ဆွေးနွေးပွဲ တက်ရောက်ရန် လာအိုကို ထွက်ခွာ



2012-11-05
သမ္မတ ဦးသိန်းစိန် ဟာ လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့ မှာ ကျင်းပမယ့် (၉) ကြိမ်မြောက် ASEM ခေါ် အာရှ-ဥရောပ ဆွေးနွေးပွဲကို တက်ရောက်ဖို့ တနင်္ဂနွေနေ့က ထွက်ခွာသွားပါတယ်။

 ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည်(၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပမည်



thn-4-11-7
ကတုမတီ(တောင်ငူမြို့) မြို့တည်နန်းတည်(၅၀၁)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပရာတွင် ၀င်းခင်းသဘင်အခမ်းအနားကို တွေ့ရစဉ်
ပဲခူးတိုင်းဒေသကြီး ကေတုမတီ(တောင်ငူမြို့)မြို့တည်နန်းတည် (၅၀၂)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကိုကျင်းပမည်ဖြစ်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲနှင့် ၀င်းခင်သဘင်အခမ်းအနားများလည်း ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်းတို့ကြောင့် ရောဂါများဖြစ်ပွားမှုရှိနေ


thn-4-11-3
မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူများအား ယခုနှစ် နိုဝင်ဘာလဆန်းပိုင်းကတွေ့ရစဉ်
မြောက်ဦးမြို့နယ်ရှိ ဒုက္ခသည်စခန်းများတွင် သောက်သုံးရေမသန့်ရှင်းခြင်း၊ အာဟာရချို့တဲ့ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနည်းပါးခြင်းတို့ကြောင့် ရောဂါများ ဖြစ်ပွားမှုရှိနေကြောင်း အဆိုပါဒုက္ခသည်စခန်းများကို ကူညီထောက်ပံ့မှုများ ပြု လုပ်ပေးနေသည့် ၀ံလက်ဖောင်ဒေးရှင်းမှ သိရှိရသည်။

ဝါ၀ါဝင်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၅ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီမှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆက်လက်ပြုလုပ်လျက်ရှိ



4mtt
ဆန္ဒထုတ်ဖော်နေသည့် လယ်သမားများအား နိုဝင်ဘာလ ၄ ရက်နေ့က တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် အနော်ရထာလမ်းနှင့် စဥ့်အိုးတန်းလမ်းထောင့်ရှိ ၀ါဝါ၀င်းကုမ္ပဏီရုံးရှေ့တွင် လယ်အသိမ်းခံ တောင်သူများ ဆန္ဒထုတ်ဖော်မှု ၅  ရက်မြောက်ကြာသော်လည်း သက်ဆိုင်ရာနှင့် ကုမ္ပဏီဘက်မှ ညှိနှိုင်းခြင်းမရှိသဖြင့် ဆန္ဒထုတ်ဖော်မှု ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သတင်းရရှိသည်။

 ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်ရေးအထူးစီမံချက်ကို နှစ်ပတ်ကြာပြုလုပ်မည်



thn-4-11-6
ရန်ကုန်တစ်မြို့လုံးရှိ အခြေအနေမဲ့များ၊တောင်းရမ်းစားသောက်သူများနှင့် မိဘမဲ့လေလွင့်ကလေးများ ထိန်းသိမ်းရေးအထူးစီမံချက်ကို လာမည့်နိုဝင်ဘာလ ၅ ရက်နေ့မှစတင်၍ နှစ်ပတ်ကြာပြုလုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 ရန်ကုန်မြို့၌ ညပိုင်း အချိန်များတွင်တရားဥပဒေချိုးဖောက် မှုပိုများလာ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုလိုက် ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏဖြစ်ပွားနေ


ရန်ကုန်မြို့၌ ညပိုင်းအချိန်များတွင် တရားဥပဒေ ချိုးဖောက်မှုဖြစ်စဉ် ပိုများပြားလာခြင်းနှင့်အတူ ညအချိန်တွင် ကားပြိုင်မောင်းသူများက အုပ်စုဖွဲ့ ၀ိုင်းဝန်းရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။
ယခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ ညပိုင်းနှင့် နံနက်အစောပိုင်းတို့တွင် ကားပြိုင်မောင်းနှင်သူများက အုပ်စုလိုက်ရိုက်နှက်မှု မကြာခဏ ဖြစ်ပွားနေခြင်း၊ လူမြင်ကွင်းတွင် လူသတ်မှုဖြစ်စဉ်များ ဖြစ်ပွားနေခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကျူးလွန်သူမှ မောင်းနှင်ထွက်ပြေးသွားသည့် ဖြစ်စဉ်များနှင့် အုပ်စုဖွဲ့ပြီး ရိုက်နှက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေခြင်းတို့ကြောင့် ရန်ကုန်မြို့တွင်းနေထိုင်သည့် ပြည်သူအချို့က မြို့တော်အတွင်း တရားဥပဒေချိုးဖောက်မှုဖြစ်စဉ်များ များပြားလာကြောင်း သုံးသပ်ပြောကြားခဲ့သည်။

 ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အင်ဂျင်နီယာဘွဲ့(B.E)တက်ရောက်နိုင်သောနည်းပညာတက္ကသိုလ်တစ်ခုစီသာထားရှိမည်


၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်ကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ နည်းပညာတက္ကသိုလ်အားလုံးတွင် အင်ဂျင်နီယာဘွဲ့ (B.E) တန်းများ တက်ရောက်နိုင်တော့မည်မဟုတ်ဘဲ ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ခုစီရှိ သတ်မှတ်ထားသော နည်းပညာတက္ကသိုလ်တစ်ခုတည်းတွင်သာ (B.E) တန်းများ တက်ရောက်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 မြန်မာနိုင်ငံအတွင်း တရားမ၀င် စိုက်ပျိုးထုတ်လုပ်သည့် ဘိန်းဖြူကို တရုတ်နိုင်ငံမှ အများဆုံး ၀ယ်ယူနေ


ကမ္ဘာပေါ်တွင် ဘိန်းဖြူ စိုက်ပျိုးမှု ဒုတိယ အများဆုံးဖြစ်သည့် မြန်မာနိုင်ငံမှ ထွက်ရှိသော ဘိန်းဖြူ အား တရုတ်နိုင်ငံမှ အဓိက ၀ယ်ယူနေကြောင်း သိရှိရပါသည်။

 ယခုနှစ်အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့တွင် ကျင်းပမည်


ယခုနှစ် အာဆီယံ ၁၀၀ ခေါင်းဆောင်မှုဖိုရမ်ကို ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ ဒီဇင်ဘာလ ၅ ရက် နှင့် ၆ ရက်များတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

တော်ဝင်စက်ရုံက အစာငတ်ခံဆန္ဒပြနေတဲ့ အလုပ်သမားများ ဆေးရုံတင်ကုသနေရ

2012-11-04
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတစ်ရာ စက်မှုဇုံမှာရှိတဲ့ တော်ဝင်သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမား အခွင့်အရေး အပြည့်အဝ ရရှိရေးအတွက် အစာငတ်ခံ ဆန္ဒပြနေကြတဲ့ အလုပ်သမား နှစ်ရာ ကျော်ထဲက ၂၅ ဦးဟာ အာဟာရ ပြတ်လပ်ပြီး သတိလစ်မေ့မျော သွားတာကြောင့် မနေ့ညကစလို့ ရွှေပြည်သာ ဆေးရုံနဲ့ အင်းစိန်ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရပါတယ်။

ပြဿနာဖြစ်ပွားခဲ့တဲ့ လူကြီးမင်းဖုန်းဆိုင် သတင်းစာရှင်းလင်းပွဲလုပ်

2012-11-04
လူကြီးမင်းဖုန်းဆိုင်ရဲ့ ဆိုင်ခွဲ ၁၁ ဆိုင်မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ကံစမ်းမဲအစီအစဉ်ကို ဖျက်သိမ်းလိုက်တာကြောင့် အချို့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး Parkroyal ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ခုပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော် စီမံကိန်းအနီးက ကျူးကျော်ဈေးကို အမြန်ဖယ်ရှားခိုင်း



2012-11-04
နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ တည်ဆောက်နေတဲ့ နိုင်ငံတော်ဧည့်ဂေဟာ သံတမန်အိမ်ယာဆောက်လုပ်ရေး စီမံကိန်းတွေနားက တောင်ကြားဈေးဟာ ကျုးကျော်ဈေးဖြစ်တာကြောင့် လာမယ့် နိုဝင်ဘာ ၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရမယ်လို့ သိရပါတယ်။

၁၉၉၁က မတရားအလုပ်ဖြုတ်ခံရသူ တစ်ကိုယ်တော် ဆန္ဒပြမည်။



2012-11-04
၁၉၉၁ ခုနှစ်တုန်းက မတရား အလုပ်ဖြုတ်ခံခဲ့ရတဲ့ သကြားစက်ရုံ ဝန်ထမ်းဟောင်းတစ်ဦးက အလုပ်ဖြုတ်ခံရတာကို မကျေနပ်တဲ့အတွက် လာမယ့် နိုဝင်ဘာ ၁၁ရက်နေ့မှာ ကချင်ပြည်နယ် မိုးညှင်းမြို့မှာ တစ်ကိုယ်တော် ဆန္ဒပြမယ်လို့သိရှိရပါတယ်

ဆွစ်ဇာလန်သံရုံးသစ် ရန်ကုန်မှာ ဖွင့်လှစ်



2012-11-04
မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးသစ်ကို မြန်မာနိုင်ငံကိုရောက်နေရှိတဲ့ ဆွစ်ဇာလန်နိုင်ငံခြားရေးဝန်ကြီးက မနေ့က ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။