Wednesday, July 18, 2012

မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး

မြန်မာဘုန်းတော်ကြီး ကျောင်းထိုင်ခွင့်ရရှိရေး၊ ထိုင်းရှိ မြန်မာသံအမတ်ကြီး ဆွေးနွေး
2012-07-173

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က ဝပ်ဆိုင်းမွန်း မြန်မာကျောင်းမှာ မြန်မာ ဆရာတော် ကျောင်းထိုင် ခန့်အပ်ရေးအတွက် ဘန်ကောက် မြန်မာ သံရုံးက သံအမတ်ကြီးနဲ့အဖွဲ့ ဒီကနေ့ ဘုန်းကြီးကျောင်းကို လာရောက် လေ့လာပါတယ်။

RFA

အမေရိကန် လွှတ်တော်အမတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး

အမေရိကန် လွှတ်တော်အမတ် နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပိတ်ဆို့မှုဆွေးနွေး


အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell နဲ့
ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မနေ့ည ၈ နာရီကျော်က တယ်လီဖုန်းနဲ့
ပြောဆိုဆွေးနွေးရာမှာ အမေရိကန်အစိုးရက မြန်မာနိုင်ငံပေါ် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ Burma Freedom and Democracy Act နဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြောင်း NLD ပါတီပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

ဗြိတိန်နိုင်ငံက ရန်ကုန်တွင် ကုန်သွယ်ရေးရုံး ဖွင့်လှစ်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာအကျဆုံး မြို့ဖြစ်သည့် ရန်ကုန်မြို့တွင် ဗြိတိန်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရုံးကို ၁၁-၇-၂၀၁၂ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာသော အပြောင်းအလဲများအပေါ် တုံ့ပြန်မှုအနေဖြင့် အရေးယူ ပိတ်ဆို့မှုများကို ဖယ်ရှားပေးခဲ့သည့်အပြင် မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာမြို့ဖြစ်သော ရန်ကုန်မြို့တွင် 

မြန်မာ-လာအိုကားလမ်းအား အာရှဖွံ့ဖြိုးမှုဘဏ်အကူအညီဖြင့် တည်ဆောက်သွားမည်

မြန်မာနှင့် လာအိုနှစ်နိုင်ငံကြား ဆက်သွယ်ပေးမည့် ကားလမ်းမကြီးအား  နိုင်ငံတကာအဆင့်မီလမ်းမကြီးအဖြစ် တာဝန်ယူဖောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရှိရသည်။

ယခုလမှစ၍ ထီတိုက်သည့် ၀န်ဆောင်မှု Call Center က ပေးမည်

ယခုလမှ စတင်ကာ  အောင်ဘာလေ ထီပေါက်စဉ်မှ  လစဉ်ထီတိုက်ပေးမည့် ဝန်ဆောင်မှုအား ရတနာပုံ Call Center က ၀န်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သိရသည်။
ထီပေါက်စဉ် အက္ခရာနှင့် ထီနံပါတ်များကို အွန်လိုင်းwww.myanmarelottery.com ၀က်ဘ်ဆိုက် လိပ်စာမှ တစ်ဆင့် မှ တဆင့် ထီတိုက်ပေးခြင်း၊ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်းစသည့် ဝန်ဆောင်မှုပေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံမှ MBA ဘွဲ့ရရှိမည့် (၂)နှစ်သင်တန်း UMFCCI Institute တွင် ဖွင့်လှစ်








မြန်မာနိုင်ငံစက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) နှင့် ထိုင်းနိုင်ငံကုန်သည်ကြီးများ တက္ကသိုလ် University of The Thai Chamber of commerce (UTCC) တို့ပူးပေါင်း၍ စီးပွားရေး စီမံခန့်ခွဲမှုပညာ မဟာဘွဲ့သင်တန်း(MBA) သင်တန်းကို ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ပထမဆုံး အင်တာနက်မှ ဈေးဝယ်ယူနိုင်မည့်စနစ်အား ပုဂ္ဂလိကဘဏ်တစ်ခုက စီစဉ်


  မြန်မာနိုင်ငံတွင် ပထမဦးဆုံးအဖြစ် အွန်လိုင်းမှတဆင့် ဈေးဝယ်ယူခြင်းကို ပုဂ္ဂလိကဘဏ်တစ်ခုသည် သြဂုတ်လမှ စတင်အသုံးပြုနိုင်ရန်အတွက် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ အင်တာနက်မှတစ်ဆင့် ဈေးဝယ်ယူခြင်းစနစ်အား အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး (AGD) ဘဏ်နှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းကာ အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်ဟု သိရသည်။

ထုံးကွင်းကျေးရွာတွင် အ၀ီစိတွင်းအပိုင်စီးမှုကြောင့် ရွာသားများဒုက္ခရောက်နေ

ပြင်ဦးလွင်မြို့နယ် ထုံးဘိုအုပ်စုရှိ ထုံးကွင်းကျေးရွာတွင် လူတစ်ဦး၏ အနိုင်ကျင့်ခံရမှုကြောင့် လွန်ခဲ့သော(၅)လခန့်က သမ္မတထံစာတင်ထားသော်လည်း ယခုတိုင် ထူးခြားမှုမရှိသေးကြောင်း သိရှိရသည်။

KIO ထိန်းချုပ်နယ်မြေရှိ ဒုက္ခသည်များ၌ ကူးစက်ရောဂါနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိလာ

ကချင်လွတ်မြောက်ရေးအဖွဲ့(ကေအိုင်အို)ထိန်းချုပ်နယ်မြေရှိ စစ်ဘေးဒုက္ခသည်များတွင် အာဟာရချို့တဲ့သူ အမြောက်အများ ရှိနေသည့်အတွက် ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရှိကြောင်း ဒုက္ခသည်စခန်းသို့ သွားရောက်သူများထံက သိရှိရသည်။


သိမ်းယူခံမြေများတွင် ထွန်ယက်ခဲ့သော လယ်သမားများအား စစ်တပ်ကတရားစွဲ

ပန်းတောင်းမြို့နယ် ပဲကြီးအုပ်စုဒေါင်းတိုက်ကျေးရွာနှင့် ပဲကြီးကျေးရွာ ပဲကြီးအုပ်စုမှ လယ်သမား(၆)ဦး အားစစ်တပ်မှသိမ်းယူထားသည့် လယ်မြေများပေါ်တွင်လယ်ဝင်ထွန်ယက်ခဲ့ကြခြင်းကြောင့် ပိုက်နက်ကျူးလွန်မှုဖြင့် ကပစ-၅ မှအရာရှိများမှ တရားစွဲဆိုထားကြောင်း လယ်သမားများထံက သိရှိရသည်။



မန္တလေးတက္ကသိုလ်တွင် XRF စက်ပျက်၍ စာမေးပွဲရက်ရွှေ့ဆိုင်းရ

မန္တလေးတက္ကသိုလ် ရူပဗေဒဌာနရှိ ဓါတ်သတ္တိခွဲစိတ်စမ်းသပ်သော XRF( X –ray fluorescence)  စက် ပျက်ယွင်းနေမှုကြောင့် မဟာတန်းဖြေဆိုမည့် ကျောင်းသူကျောင်းသားအချို့၏ စာမေးပွဲအား ရက်ရွှေ့ဆိုင်းထားရကြောင်း တက္ကသိုလ်ဆရာတစ်ဦးထံက သိရှိရသည်။


၈၈၈၈ ငွေရတုအကြို လူထုအသွင်ဖြင့် မန္တလေးမှာ ကျင်းပမည်

နယူးဒေလီ (မဇ္ဈိမ) ။         ။ ၈၈၈၈ အရေးတော်ပုံတွင် ကျဆုံးခဲ့သည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူများ၏ စွန့်လွှတ်အနစ်နာခံမှုကို ဂုဏ်ပြုချီးကျူးသွားရန် ရှစ်လေးလုံး အရေးတော်ပုံ ၂၄ နှစ်မြောက် နှစ်ပါတ်လည်နေ့ကို လူထုကိုယ်စားပြုပုံစံဖြင့် မန္တလေးမြို့တွင် ပူးပေါင်းကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များကို ဖမ်းဆီးခြင်းကြောင့် ဆွေးနွေးမှု ထိခိုက်နိုင်ဟု KIO ပြော

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်စစ်ပြေးဒုက္ခသည်များကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်နေခြင်းသည် အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များအား ထိခိုက်စေနိုင်သည် ဟု KIO က ပြောဆိုလိုက်သည်။

အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ မြေမြှုပ်မိုင်း အသုံးပြုနေဟု ဆို

မဇ္ဈိမသတင်းဌာန ။         ။ လက်နက်ကိုင် ပဋိပက္ခများအတွင်း မြန်မာစစ်တပ်နှင့် တိုင်းရင်းသား အုပ်စုများသည်
မြေမြှုပ်မိုင်းများအား အသုံးပြုနေကြသည်ဟု ယုံကြည်ကြောင်း မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ (the Landmine Monitor) က ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။

အကျဉ်းသား နှိပ်စက်သူများအား တရားစွဲရန်လိုသည်ဟု AAPP ဆို

မဇ္ဈိမသတင်းဌာန ။        ။ အဖမ်းဆီး အထိန်းသိမ်းခံများနှင့် သက်ဆိုင်သော နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် အညီ အနှိပ်စက်ခံ အကျဉ်းသား ဦးလထော်ဘရန်ရှောင်အား ဆေးကုသခွင့် ချက်ချင်းပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP က တိုက်တွန်းတောင်းဆို လိုက်သည်။

ဒုက္ခသည်အရေး UNHCR နှင့် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

စံခလပူရီ (မဇ္ဈိမ) ။         ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များ ပြန်ပို့ရေးနှင့် ကချင်စစ်ပြေး ဒုက္ခသည်များအား ထိရောက်စွာ အကူအညီ ပေးနိုင်ရေးအတွက် တိုင်းရင်းသား အဖွဲ့အစည်း ၅ ဖွဲ့အား ဇူလိုင်လ ၆ ရက်နေ့က UNHCR မှ ထိုင်းနိုင်ငံ၌ ခေါ်ယူတွေ့ဆုံခဲ့ကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူ တိုင်းရင်းသား ခေါင်းဆောင် တဦးက ပြော သည်။

မိုးထိ မိုးမိ ရွှေတူးခွင့် မပြေလည်သေး

စံခလပူရီ (မဇ္ဈိမ)။   ။ တပိုင်တနိုင် ရွှေတူးခွင့်ကို အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီအုပ်စုက ပြန်လည် ခွင့်ပြု ခဲ့သော်လည်း လိုအပ်သည့် စက်ကိရိယာများကို သယ်ဆောင်မည့် ယာဉ်များအား တောင်ပေါ် တက်ခွင့် ပိတ်ပင် ထားဆဲ ဖြစ်ကြောင်း မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် မိုးထိမိုးမိ ရွှေတောမှ အလုပ်သမားများက ပြောသည်။

ဆည်နံရံ တည်ဆောက်ရေး ရွာသားများကို အဓမ္မ ခိုင်းစေ

အဓမ္မ စေခိုင်းခံခဲ့ရသည့် ရွာသားတဦးက ၎င်းတို့ လုပ်ဆောင်ခဲ့သည့် ဆည်မြောင်းတမံကို ပြသနေစဉ် (ဓာတ်ပုံ – ကိုအေးသိန်း / ILO)
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ဆည်မြောင်းရေနံရံ တည်ဆောက်ရာတွင် ကျေးရွာနေပြည်သူများကို ခြိမ်းခြောက်ပြီး အတင်းအဓမ္မ ခိုင်းစေခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့နယ်ရှိ စမ္ပာနဂိုရ် ကျေးရွာနှင့် ညောင်ရင်းကျေးရွာ အိမ်ခြေ ၁၁၉ အိမ်ရှိ ရွာသားများကို မြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်အားပေး ခိုင်းစေခဲ့ပြီး ရွာသားတယောက်လျှင် သဲ ၆ ကျင်း ဖို့ခိုင်းကြောင်း၊ အလုပ်မဆင်းသူကို ဒဏ်ကြေးအနေဖြင့် ကျပ် ၅ ထောင် ကောက်ခံကြောင်း၊ ထို့အပြင် အလှူငွေအနေဖြင့် တအိမ်ထောင်ကို ကျပ် ၃၅၀၀ ပေးဆောင် ကြရကြောင်း ညောင်ရင်း ကျေးရွာတွင် နေထိုင်သော ရွာခံတဦးက ဆိုသည်။

ရခိုင်ပြည်နယ် ပဋိပက္ခကြောင့် အေးချမ်းစွာ ပညာ မသင်နိုင်သေး


ရခိုင်ပြည်နယ် ပဋိပက္ခအပြီး စစ်တွေမြို့ မြင်ကွင်း (ဓာတ်ပုံ – ခင်သြ / ဧရာဝတီ)
ရခိုင်ပြည်နယ် စစ်တွေမြို့ပြင်ရှိ နည်းပညာကျောင်းမှ ပြန်လာသည့် ကျောင်းသားများကို ယနေ့ နေ့လယ်တွင် ဘင်္ဂါလီ ရွာသားတချို့က အနှောင့်အယှက် ပေးသောကြောင့် တာဝန်ရှိသူများက ကျောင်းသားများ ကျောင်းပြင်မထွက်ရန် သတိပေးထားပြီး လုံခြုံရေး အကာအကွယ် ယူ၍ ကျောင်းသားများအား အိမ်ပြန်ပို့ပေးရန် စီစဉ်နေရကြောင်း သိရသည်။

ချင်းမိုင် မြန်မာ ဘုန်းကြီးကျောင်းအရေး သမ္မတ ဦးသိန်းစိန်ထံ တင်ပြမည်

ဝပ်ဆိုင်းမွန်း ကျောင်းတိုက်ရှိ မြန်မာ သံဃာတော်များနှင့် ဆွေးနွေးနေသော သံအမတ်ကြီး ဦးတင်ဝင်း (ဓာတ်ပုံ – ဧရာဝတီ)
ချင်းမိုင်မြို့ရှိ ၀ပ် ဆိုင်းမွန်း မြန်မာ ဘုန်းကြီးကျောင်း၌ မြန်မာ ကျောင်းထိုင် ဆရာတော် ဆက်လက်ထား ခွင့်ရရန် သမ္မတ ဦးသိန်းစိန်ထံ တင်ပြပေးမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်းက ပြောကြားသည်။

Sky Net အပါအ၀င် လုပ်ငန်းစုံ လုပ်ကိုင်နေသည့် ရွှေသံလွင်ကုမ္ပဏီ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ် လုပ်ငန်း တည်ထောင်ရန် MIC မှ ခွင့်ပြုချက်ရရှိ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) မှ ရွှေသံလွင် ကုမ္ပဏီအား ဘီယာ၊ စီးကရက်နှင့် အချိုရည် ထုတ်လုပ်သည့် လုပ်ငန်း တည်ထောင်ရန် ခွင့်ပြုထားကြောင်း သတင်းရရှိပါသည်။
ရွှေသံလွင်ကုမ္ပဏီ အနေဖြင့် လက်ရှိတွင် Sky Net ရုပ်သံလိုင်းအပါအ၀င်၊ ဆောက်လုပ်ရေးလုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်း၊ ပို့ကုန်သွင်းကုန်လုပ်ငန်း၊ သတ္တု တွင်းတွက် လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ပြီး ယခုအခါ ဘီယာ၊ စီးကရက်နှင့် အချိုရည်ထုတ်လုပ်ငန်းအား ထပ်မံလုပ်ကိုင်ခွင့်ရခြင်းဖြစ်ကြောင်း သိရသည်။

 NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့ ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဖုန်းဖြင့်ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell တို့သည် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့် ပတ်သက်၍ ဇူလိုင် လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ လုံးဝသက်တမ်းမတိုးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့် အမေရိကန် စီးပွားကုန်သွယ်ရေးနှင့် စိုက်ပျိုးရေးဆိုင်ရာ ဒုတိယ၀န်ကြီး Mr.Robert Hormats တို့ ဇူလိုင်လ ၁၄ရက်နေ့တွင် တွေ့ဆုံခဲ့ကြပြီး မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့အရေးယူမှုများ လုံးဝသက်တမ်းမတိုးရန် တိုက်တွန်းခဲ့ကြောင်း ဇွန်လ ၁၆ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဖမ်းဆီးခံ ၀န်ထမ်းများအရေး ကုလနဲ့ မြန်မာအစိုးရ ညိနှိုင်း

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့လအတွင်းက ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်နွယ်ပြီး၊ ကုလသမဂ္ဂနဲ့ အန်ဂျီအိုဝန်ထမ်းအချို့ ဖမ်းဆီးထိမ်းသိမ်းခံနေရတဲ့အပေါ် ကုလသမဂ္ဂအနေနဲ့ အာဏာပိုင်တွေနဲ့ ညိနှိုင်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးက ပြောပါတယ်။ တချိန်တည်းမှာပဲ ရခိုင်ဒေသအတွက် အကူအညီတွေကို လူမျိုး ဘာသာ ခွဲခြားမှုမထားပဲ အကူအညီတွေ  ဆက်ပေးသွားမယ်လို့ လည်း ပြောပါတယ်။ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

မြန်မာရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်း IMF ကျင့်ဝတ်များ လိုက်နာဖို့လိုအပ်

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုအချို့ကို သမတလုပ်ပိုင်ခွင့်နဲ့ လျှော့ပေါ့ပေးခဲ့ရာမှာ၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနဲ့ပတ်သက်လို့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မြန်မာဖက်က လိုက်နာဖို့ ပိုပြီး အဓိကထား ဖိအားပေးရေး အမေရိကန်အစိုးရဖက်က ပျက်ကွက်ခဲ့တယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ အထူးသဖြင့်တော့ ရေနံနဲ့သဘာဝဓါတ်ငွေ့လုပ်ငန်းဆိုင်ရာကိစ္စမှာပါ။ ဒီအကြောင်းကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ဒေါ်စု စက်တင်ဘာလ အမေရိကန် လာမည်


ဓာတ်ပုံ Atlantic Council Web site
Atlantic Council မှချီးမြှင့်သောကမ္ဘာ့နိုင်ငံသားဆု၊ (Global Citizen Award) ဆုရှင်များ။ ဒေါ်အောင်ဆန်းစုကြည်၊ Henry Kissinger, Sadako Ogata, Quincy Joines
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စုဆီ လာရောက်ဖို့ရှိပါတယ်။

အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာဖို့ အမေရိကန်တိုက်တွန်း

အခြေခံလူ့အခွင့်အရေး လေးစားလိုက်နာဖို့ အမေရိကန်တိုက်တွန်း
2012-07-16
မြန်မာအစိုးရ အနေနဲ့ ထင်သာမြင်သာရှိပြီး အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့ အမေရိကန် ပြည်ထောင်စုက မနေ့က တိုက်တွန်းလိုက်ပါတယ်။
Photo: U.S Department of State
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၊ စီးပွားရေး ဖွံ့ဖြိုးမှုဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Robert Hormats
မြန်မာနိုင်ငံမှာ စီးပွားရေး အကွက်အကွင်းရှာဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ကုမ္ပဏီတွေ ရှားရှားပါးပါး သွားရောက် လည်ပတ်ခဲ့ပြီးတဲ့နောက် အဲဒီလို တိုက်တွန်းလိုက်တာပါ။

ပြည်ပသတင်းစာများ မြန်မာ့သတင်း ဖော်ပြမှု များပြားလာ

ပြည်ပသတင်းစာများ မြန်မာ့သတင်း ဖော်ပြမှု များပြားလာ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီိရေး အပြောင်းအလဲတွေကြောင့် ပြည်ပ သတင်းစာတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သတင်းတွေ တနေ့ထက်တနေ့ ပိုပိုပြီး ဖော်ပြလာတာ တွေ့ရပါတယ်။
မနေ့က တရက်တည်းမှာပဲ အမေရိကန်၊ ထိုင်း ၊ ပါကစ္စတန်နဲ့ ဘင်္ဂလာဒေ့ရှ် သတင်းစာတွေမှာ မြန်မာနဲ့ ပတ်သက်ပြီး သတင်းဆောင်းပါးတွေ ရေးသားထားတာ တွေ့မြင်ရပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူ (၈) ဦးကို ပစ်ခတ်ဖမ်းဆီး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပင်လယ်ပြင်ကို ဖြတ်သန်းပြီး တရားမဝင် ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈ ဦးကို မနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်း စစ်တပ် အာဏာပိုင်တွေက ပစ်ခတ် ဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ၀န်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။
ရွာသာကြီး ထောင်သာဇယ် ကွင်းအမှတ် (၉) မှာ ဒေသခံ တောင်သူတွေ စုပေါင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လွန်ခဲ့တဲ့ (၃) ရက်လောက်က စပြီး ဘူဒိုဇာစက်တွေနဲ့ ၀င်ရောက်ထိုးမွှေ ဖျက်ဆီး လိုက်တာလို့ ကာယကံရှင် လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဆားလင်းကြီးမြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

စစ်ကိုင်းတိုင်း မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းလုပ်ငန်း စီမံကိန်း နေရာမှာ ပုဒ်မ ၁၄၄ မနေ့ က ထုတ်ပြန် လိုက်တယ်လို့  သိရပါတယ်။
အခုလို ပုဒ်မ ၁၄၄ ထုတ်ပြန်ကြောင်း ဆိုင်းဘုတ်ကို ကျော်ရွာ တောင်ဘက် ကြေးနီတူးဖော်ရေး စီမံကိန်း ဂိတ်ဝ အ၀င် နေရာမှာ စိုက်ထူထားတယ်လို့  လယ်သမားတစ်ဦးက ပြောပါတယ်။

မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ထွက်ပြီ

မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ထွက်ပြီ
2012-07-16
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရေးတဲ့ "နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲကို ဒီကနေ့ မနက် ၁၀ နာရီက မန္တလေးမြို့ ၈၄ လမ်းရှိ DNG စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ရာ ကိုမင်းကိုနိုင် ကိုယ်တိုင် လက်မှတ်ရေးထိုး ပေးခဲ့ပြီး စာအုပ်ပေါင်း တစ်ထောင်လောက် ရောင်းချခဲ့ရတယ်လို့ ကြားသိရပါတယ်။
Photo: 88 Generation Students
"နောက်ကြည့်မှန်" စာအုပ်ရောင်းချပွဲတွင် ကိုမင်းကိုနိင် လက်မှတ်ရေးထိုးပေးနေစဉ်။