လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။
Showing posts with label မင်းမင်းလတ်-မန္တလေး(မြစ်မခ). Show all posts
Showing posts with label မင်းမင်းလတ်-မန္တလေး(မြစ်မခ). Show all posts
Tuesday, December 4, 2012
သံဃာတော်များအတွက် မန်းအစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀)လှူဒါန်း
လက်ပံတောင်းတောင်သပိတ်စခန်းများ ဖြိုခွင်းမှုကြောင့် မန္တလေးမြို့သို့ လာရောက်ကုသနေသော သံဃာများအတွက် မန္တလေးမြို့ရှိ အစ္စလာမ်ဘာသာဝင်များစုပေါင်း၍ ငွေကျပ်သိန်း(၂၀)လှူဒါန်းခဲ့ ကြောင်း သိရသည်။
Tuesday, November 27, 2012
ပထမဆုံးအကြိမ် တင်ချင်းဆက်အမွှာ ခွဲစိတ်မှုအောင်မြင်
မန္တလေးမြို့ ခုတင်(၅၅၀)ဆံ့ ကလေးဆေးရုံတွင် မြန်မာနိုင်ငံတွင် ပထမဆုံးအနေဖြင့် ယောက်ျားလေး တင်ချင်းဆက်အမွှာ ခွဲစိတ်ကုသမှုအား ယနေ့ နိုဝင်ဘာလ(၂၆)ရက်နေ့၌ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။
"မန္တလေးမှာလွန်ခဲ့တဲ့(၁၀)နှစ်က တင်ပဆုံအရိုးကွင်းဆက် ခွဲခဲ့တာရှိတယ်၊ မိုးမမအောင်နဲ့ မိုးပပအောင်တို့လေ။ ခုဟာက ယောက်ျားလေး တင်ချင်းဆက်ကတော့ မြန်မာပြည်မှာ ဒါပထမဆုံး ပါပဲ" ဟု ဆေးရုံအုပ် ပါမောက္ခ ဒေါက်တာဦးအောင်မြက ပြောသည်။
မြန်မာနိုင်ငံ၌ အမွှာချင်းဆက် ခွဲစိတ်ကုသမှု(၇)ကြိမ်ပြုလုပ်ပြီးသော်လည်း၊ ယခုကဲ့သို့ တင်ချင်းဆက် အမွှာခွဲစိတ်ကုသမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
Tuesday, November 6, 2012
ဖိနပ်ပျံများနှင့် ကမ္ဘာ့မွေထိုင်းချန်ပီယံ ရှုံးခဲ့သည့်ပွဲ
ကမ္ဘာ့မွေထိုင်းချန်ပီယံအီရန်နိုင်ငံသား မာစွပ်နှင့် မြန်မာမှ ပြည်နယ်နှင့်တိုင်း ရွှေတံဆိပ်ပိုင်ရှင်ဖိုးကေ တို့ပွဲမှာ ပွဲကြီးသော်လည်းပွဲကောင်း တစ်ပွဲမဖြစ်ခဲ့ဟု ကြိုးဝိုင်းဒိုင်ချုပ်ဦးဒေါင်းနီက မှတ်ချက်ပြုသည်။
Friday, September 7, 2012
မန္တလေးမြို့ ရေစီးရေလာကောင်းမွန်စေရေး ကျပ်နှစ်ဘီလီယံဝန်းကျင်သုံး၍ ဆောင်ရွက်မည်
မန္တလေးမြို့တော်အား ရေစီးရေလာကောင်းမွန်ရန်နှင့် ရေတင်ကျန်မှုများ မဖြစ်ပေါ်စေရန် ထိုင်းနိုင်ငံနှင့် ပူးပေါင်းကာ လေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော်စည်ပင် လမ်းတံတားဌာနမှုးဒေါ်ခင်မင်းဌေးက ဆိုသည်။
ထိုကဲ့သို့ ပြုပြင်မှုများ ၊ ရေမြောင်းများ ထပ်မံတူးဖေါ်မှုများပြုလုပ်ရန်အတွက် ခန့်မှန်းကုန်ကျငွေမှာ မြန်မာ ကျပ်ငွေ (၂)ဘီလျှံခန့်ရှိကြောင်း ၎င်းက ပြောဆိုသည်။
Tuesday, September 4, 2012
သမ္မတကြီးရပ်တည်ချက်အား ထောက်ခံဆန္ဒထုတ်ဖော်ပွဲ ဒုတိယနေ့အား ခွင့်မပြု
မန္တလေးမြို့ တော်တွင် ဒုတိယမြောက်နေ့အဖြစ် ဆက်လက်ပြုလုပ်မည့် နိုင်ငံတော်သမ္မတကြီး၏ ရိုဟင်ဂျာ အရေးနှင့် ပတ်သက်သော ရပ်တည်ချက်ကို ထောက်ခံသည့် အရှင်ဝီရသူ ဦးဆောင်သည့် သံဃာတော်များနှင့် မန္တလေးမြို့ ခံများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ် မှုခွင့်ပြုမိန့်အား ယနေ့ ပြန်လည်ရုပ်သိမ်းခံခဲ့ရကြောင်း မြို့ခံများထံက သိရှိရသည်။
Saturday, August 25, 2012
ချမ်းမြသာစည်၊ ခတ္တန်းရပ်မှ ဆရာဖြစ်သူကို သတ်သည့်တရားခံအား နာရီပိုင်းအတွင်း ဖမ်းမိ
၂၀၁၂ခုနှစ် ၊ သြဂုတ်လ (၂၃)ရက်နေ့ ည ( ၁၀ )နာရီခွဲအချိန်က မန္တလေးတိုင်းချမ်းမြသာစည်မြို့နယ် ၊ တမ္မပ၀တီရပ်ကွက် ၊ ခတ္တန်းရပ်ကွက်တွင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၀)ရဲစခန်မှ တာဝန်မှူးကအတည်ပြုပြောကြားသည်။
သေဆုံးသူမှာ အဆိုပါရပ်ကွက်တွင်နေထိုင်သူ ဦးတင်မောင်မြင့်ဖြစ်ပြီးဇနီးဖြစ်သူဒေါ်ဌေးဌေးဝင်း ကိုလည်း နောက်ကျောတွင် ထိုးသွင်းဒဏ်ရာတစ်ချက် ၊၀ဲလက်မောင်း ပျက်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲလက်ခလယ်ပျက်ရှဒဏ်ရာတစ်ချက်တို့ဖြင့် မန္တလေးဆေးရုံကြီးတွင် တက်ရောက်ကုသမှုခံနေရ ကြောင်းသိရသည်။
Friday, August 3, 2012
Sunday, July 29, 2012
Thursday, July 26, 2012
မန္တလေး လမ်းပန်း/၀န်ကြီးနှင့် ကော်မတီဝင်များအား တရားစွဲမည်ဟုဆိုသည့် ပြည်သူ့ဒီမိုကရေစ်ီ်ပါတီဥက္ကဌ
မန္တလေးတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးကျော်ဆန်းနှင့် ယ.က.က ကော်မတီဝင်များ အား တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြည်သူ့ဒီမိုကရေစီပါတီမှ ဥက္ကဌဒေါက်တာသန်းထိုက်ဦးက မြစ်မခသို့ အသိပေးပြောကြားလိုက်သည်။ မန္တလေး ယ.က.က(မြို့တွင်း) (အဝေး) (ကုန်တင်ခေါက်တို)တို့အား လမ်းမကြီးများပေါ်တွင် အခွန် ကောက်ခံပိုင်ခွင့်မရှိပဲ အခွန်ကောက်ခံရန် ၀န်ကြီးဦးကျော်ဆန်းမှ လမ်းညွှန်ခွင့်ပြုခဲ့သောကြောင့် ဖြစ်သည်ဟု သိရသည်။ Tuesday, July 24, 2012
စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်
စစ်ကိုင်းမြို့
(၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ
ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား 23နေ့နံနက်ပိုင်းက
ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
Friday, July 20, 2012
အာဇာနည်နေ့ဆိုသည်မှာ နိုင်ငံတော်နှင့်ဆိုင်သည့်နေ့ဖြစ်ကြောင်း ၀န်ကြီးချုပ်ဦးရဲမြင့် ပြောကြား
အာဇာနည်နေ့ဆိုသည်မှာ
တစ်ဦးတစ်ယောက်တည်းပိုင်ဆိုင်သည့်ပွဲ မဟုတ်ကြောင်း အစိုးရ၀န်ကြီးအဖွဲ့က
ကျင်းပပြုလုပ်သော အာဇာနည်နေ့အခမ်းအနားတွင်
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးရဲမြင့်က မြစ်မခသို့ သီးသန့်
ပြောကြားလိုက်သည်။
Thursday, July 19, 2012
Wednesday, July 18, 2012
Monday, June 25, 2012
Sunday, June 24, 2012
Monday, June 11, 2012
မန္တလေး ဆက်သွယ်ရေးတွင် (၂)သိန်းဖုန်းများ ၀ယ်ယူမှုတွင် အခက်အခဲများရှိနေ
မန္တလေးမြို့ဆက်သွယ်ရေးဋ္ဌာနတွင်
ကျပ်နှစ်သိန်းတန်ဖုန်းကဒ်များရောင်းချရာ၌ မည်သူမဆို လွတ်လပ်စွာဝယ်ယူ
ခွင့်ရှိသည်ဟု စာကပ်ထားသော်လည်း လက်တွေ့တွင် အခက်အခဲများ ရှိနေသေးကြောင်း
ကိုယ်တိုင်ကြုံတွေ့ခဲ့သူများထံက သိရှိရသည်။
Saturday, June 2, 2012
မန္တလေးMGS ကုမ္ပဏီဝန်ထမ်းများ တန်းတူအခွင့်အရေးရရှိ
ဇွန်(၁)ရက်၊၂၀၁၂ခုနှစ်။
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၊ စက်မှုဇုန်(၂)တွင်ရှိသော MGS ကုမ္ပဏီမှဝန်ထမ်းများအား ရန်ကုန် ၀န်ထမ်းများနည်းတူ လစာတောင်းဆိုမှုအတိုင်း လိုက်လျှောခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
Subscribe to:
Posts (Atom)
.jpg)




