Sunday, December 9, 2012

မောင်တောမြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို UNHCR မှ စတင်တည်ဆောက်



ha-9-12-6
တည်ဆောက်ပြီးစီးနေသည့် နေအိမ်များကို တွေ့ရစဉ်

UNHCR မှ မောင်တောမြို့ နယ်အတွင်း မီးရှို့ဖျက်ဆီးခံရသည့် ကျေးရွာများရှိ နေအိမ်များကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်းနှင့် တာဝန်ယူထားသည့် မောရ၀တီကျေးရွာတွင် စတင်တည်ဆောက်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်များမှ လျှပ်စစ်ထုတ်ယူရန် မြို့တော်စည်ပင်သို့ ပြည်ပကုမ္ပဏီ ၃၀ ကျော်မှ လာရောက်ဆွေးနွေးနေ

အလားတူ ဂျပန်နိုင်ငံ၊ Mitsubishi ကုမ္ပဏီမှ နည်းပညာနှင့် ငွေကြေးအကူအညီပေးသွားရန် စီစဉ်နေကြောင်း Mitsubishi Heavy Industries, Ltd(MHI) မှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
''ကျွန်တော်တို့အနေနဲ့ကတော့ ရန်ကုန်မြို့ကနေ နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေကို လျှပ်စစ်ဓါတ်အား  ပြန်ပြီးထုတ်လုပ်တဲ့ နည်းပညာတွေ စက်ရုံတွေတည်ဖို့ လာရောက်ခဲ့တာပါ'' ဟု Mitsubishi Heavy Industries, Ltd(MHI) မှဒုတိယဥက္ကဋ္ဌ Mr.Yukinori ကပြောကြားခဲ့သည်။

 အိမ်ခန်းပေါင်း ၁၀၀၀၀ အထိပါဝင်မည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများကို မကြာမီတင်ဒါခေါ်မည်

thn-9-12-4

ဒီဇင်ဘာလ ၆ ရက်နေ့က ရန်ကုန်မြို့တွင်ကျင်းပသည့် အိမ်ရာဖွံ့ဖြိုးမှုဆိုင်ရာ ဆွေးနွေးပွဲကို တွေ့ရစဉ်
ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း အိပ်ခန်းပေါင်း ၁၀၀၀၀ အထိ ပါဝင်မည့် အိမ်ရာစီမံကိန်းနှစ်ခုအတွက် တည်ဆောက်လိုသည့် ကုမ္ပဏီများကို မကြာမီ တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရှိရသည်။

 ညကင်းလှည့် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်သုံးဦး၏ ရိုက်နှက်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုပုဒ်မသို့ ပြောင်းလဲစစ်ဆေး


thn-9-12-8
အခင်းဖြစ်ပွားရာနေရာအား ဒီဇင်ဘာလ ၈ ရက်နေ့က တွေ့ရစဉ်
ညကင်းလှည့်နေသော ရဲတပ်ဖွဲ့ဝင်သုံးဦးက အော်ဟစ်သောင်းကျန်းနေသော အမျိုးသားတစ်ဦးကို ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် အဆိုပါ အမျိုးသား သေဆုံးမှုဖြစ်စဉ်ကို လူသေမှုမှ လူသတ်မှုဖြင့် ရဲတပ်ဖွဲ့ဝင်သုံးဦးကို စစ်ဆေးလျက်ရှိကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရှိရသည်။

လူအယောက် ၃၀ ခန့်က ထုတ်ဖြင့်ရိုက် ဓားများဖြင့် ထိုးမှုကြောင့် တက္ကသိုလ်


လှော်ကားမြို့နယ်တွင် လူအယောက် ၃၀ ခန့်က ဓားဖြင့်ထိုး တုတ်ဖြင့်ရိုက်မှုကြောင့် တက္ကသိုလ်ကျောင်းသားတစ်ဦး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ ည ၁၁ နာရီခွဲအချိန်တွင် အောင်ကျော်စိုး(အသက် ၂၂ နှစ်)သည် သူငယ်ချင်းဖြစ်သူများနှင့် လှော်ကားတာဆုံလမ်းပေါ်ရှိ လက်ဖက်ရည်ဆိုင်မှ အထွက်၌ တောရွာကလေးနေ သားသား၊ ကျော်မင်းထွန်း၊ ညိုမင်းထွန်း တို့ အပါအ၀င် လူ ၃၀ ခန့်က တုတ်များဖြင့် ရိုက်ပြီး ဓားများဖြင့် ၀ိုင်းဝန်း ထိုးရာမှ သေဆုံးခဲ့ကြောင်းသိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး


92
မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်းသော မေးခွန်းအရ သိရှိရသည်။

ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေ နိုင်ငံရေးစိတ်ဝင်စားတာကို ချီးကျူး



2012-12-09
လူငယ်တွေ၊ ကျောင်းသားတွေ နိုင်ငံရေးကို စိတ်ဝင်စားတာ ဝမ်းသာတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့က ရွှေနဒီ ပရဟိတ ဘုန်းတော်ကြီးကျောင်းရှေ့ ကွင်းပြင်မှာ ဒီကနေ့ လူထုပရိသတ် ၂ သောင်းကျော်ကို အခုလို ပြောကြားလိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု မရှိသေး


မြန်မာနိုင်ငံသို့ အိမ်နီးချင်းနိုင်ငံများနှင့် ပြည်ပနိုင်ငံများမှ နည်းလမ်းအမျိုးမျိုးဖြင့် ၀င်ရောက်လာသော အစားအသောက်၊ ဆေးဝါးအတုများနှင့် ပတ်သက်၍ ထိရောက်သော အရေးယူဆောင်ရွက်မှု
မရှိသေးကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ပြုလုပ်သော ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင် မေးမြန်းသော မေးခွန်းအရ သိရှိရသည်။

မိုဘိုင်းဖုန်းအင်တာနက်အသုံးပြုခကို Volume ဖြင့် ကောက်ခံမည့်ကိစ္စအတွက် နှုန်းထားသစ်အား သုံးစွဲသူများထံ အသိပေးပြီး အများစုလက်ခံမှ အတည်ပြုမည်




thn-9-12-7

မိုဘိုင်းဖုန်းဖြင့် အင်တာနက် အသုံးပြုခများကို ယခင် Time Based Charging စနစ်မှ Volume Based Charging စနစ်သို့ ပြောင်းလဲကောက်ခံရာတွင် ပြန်လည်ပြင်ဆင်မည့်နှုန်းထားသစ်ကို အများပြည်သူသို့ ကြိုတင်အသိပေးအကြောင်းကြားပြီး အများစု လက်ခံသဘောတူမှသာ
အတည်ပြုသွားမည်ဟု မြန်မာ့ဆက်သွယ်ရေးမှ သတင်းရရှိသည်။
''ဒီဇင်ဘာလလယ်လောက်မှာ မီဒီယာတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးတော့ ပြင်ဆင်သတ်မှတ်ထားတဲ့ နှုန်းထားသစ်ကို တင်ပြသွားဖို့အစီအ စဉ်ရှိပါတယ်။ အဲဒီနှုန်းထားက အရင်သတ်မှတ်ခဲ့တဲ့ 100 Kb ကို နှစ်ကျပ်ဆိုတဲ့နှုန်းထားထက် လျော့နည်းသွားမှာ ဖြစ်ပါတယ်။ လောလောဆယ် အကြမ်းဖျင်း သတ်မှတ်ထားတာက 1Mb ကို ငါးကျပ်၊ ခြောက်ကျပ်နှုန်းလောက် ဖြစ်ဖို့ရှိပါတယ်။ အဲဒီ ပြင်ဆင်သတ်မှတ်မယ့် နှုန်းထားကို ပြည်သူတွေလက်ခံနိုင်ခြင်း ရှိ၊ မရှိ ကြည့်ပြီးတော့မှ ဆုံးဖြတ်ပြီး သတ်မှတ်သွားမှာပါ။ အဲဒါကြောင့် ဒီနှုန်းထားသစ်က လာမယ့်နှစ် ဇန်န၀ါရီလောက်မှပဲ စတင်ဖို့ ရှိနေပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးမှ  အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ဒီဇင်ဘာလ ၈ ရက်နေ့က ပြောကြားခဲ့သည်။
Volumle Based ဖြင့် ပြောင်းလဲကောက်ခံရာတွင် မူလသတ်မှတ်ခဲ့သော နှုန်းထားမှာ 100 Kb လျင် နှစ်ကျပ်ဖြစ်သောကြောင့် 1Mb လျင် ကျပ်၂၀ နှုန်းခန့် ကျသင့်မည်ဖြစ် သည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက မိမိတို့၏ ဆောင်ရွက်ချက်များအား ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြည်သူနှင့် သတင်းမီဒီယာများကို ကြိုတင်အသိပေးထားရန် လိုကြောင်း ဒီဇင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။

eleven media group

သာသနာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်း၍ ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ကလေးသူငယ်များကို ပညာသင်ကြားခွင့်ပြုနိုင်ရန်စီစဉ်




thn-9-12-6
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးသူငယ် အများအပြားရှိနေပြီး အဆိုပါ ကလေးငယ်များအား မြန်မာနိုင်ငံမှ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး  ယင်းနိုင်ငံတွင် ပညာသင် ကြားခွင့်ပြုပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဒီဇင်ဘာလ ၂ ရက်နေ့က ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်ခဲ့သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရှိရသည်။

ဦးရေ နှစ်သိန်းဝန်းကျင်ရှိသော ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ၏ ကလေးသူငယ်များကို လတ်တလောတွင် ထိုင်းနိုင်ငံရှိ ကျောင်းများတွင် ပညာသင်ကြားစေမည်ဖြစ်ကြောင်း သိရှိရပြီး မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ မြန်မာ့ပညာရေး သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။ ဘုန်းကြီးကျောင်းပညာရေး သင်ယူရန်အတွက်လည်း သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ ဘုန်းတော်ကြီးကျောင်းများတွင် စာသင်ကြားနိုင်ရန်အတွက် စာသင်ဘုန်းတော်ကြီးများ စေလွှတ်ပေးမည်ဖြစ် ကြောင်း သိရသည်။
''ထိုင်းနိုင်ငံထဲမှာတော့ လတ်တလော သူတို့ဆီက ကျောင်းတွေမှာ သင်ကြားစေမယ်၊ ပညာရေးဝန်ကြီးဌာနအနေနဲ့ ကိုယ့်နိုင်ငံက သင်ရိုးညွှန်းတမ်းနဲ့ပဲ သင်ကြားပေးသွားမယ်။ သာသနာရေးဝန်ကြီးဌာနကလည်း ဘုန်းကြီးကျောင်းတွေမှာ ပညာသင်ကြားမယ်ဆိုရင် စာသင်သံဃာတော်တွေကို စေလွှတ်ပေးသွားမှာဖြစ်ပါတယ်'' ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးမှူး ဦးစီးဌာန အလုပ်သမားညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောပြခဲ့ပါသည်။
နိုဝင်ဘာလ ၂၅ ရက်နေ့က အလုပ်သမား၊ အလုပ်အကိုင်လူမှုဖူလုံရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံသို့ အလုပ်သမားနှင့် ပတ်သက်၍ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ထိုင်း နိုင်ငံရှိ အလုပ်သမားဝန်ကြီးဌာနတို့နှင့် တွေ့ဆုံဆွေးနွေးပွဲ၌ အဆိုပါပညာရေးနှင့် ပတ်သက်၍ သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။
''ကျွန်တော်တို့ သင်ရိုးညွှန်းတမ်းနဲ့ပဲ ထိုင်းဘက်မှာ တစ်တန်းပညာသင်ယူပြီးရင် ဒီရောက်ရင် နှစ်တန်းပညာရေးကို သင်ကြားခွင့်ပြုသွားမယ်။ သူတို့ဘက်က ပညာရေးဝန်ကြီးဌာနနဲ့ ကိုယ့်ဘက်က ပညာရေးဝန်ကြီးဌာနတို့ ညှိနှိုင်းဖို့ပြောခဲ့တယ်။ သာသနာရေးဝန်ကြီးဌာနနဲ့ ညှိဖို့လည်း သူတို့ဘက်က အကြံပေးတယ်''ဟု အလုပ် သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းက ပြောပြခဲ့ပါသည်။
လက်ရှိတွင် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ နှစ်နိုင်ငံစလုံးမှ ပညာရေးဝန်ကြီးဌာနများအနေဖြင့် အသေးစိတ် ဆွေးနွေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပြီး အလုပ်သမားနှင့်ပတ်သက်၍ ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် ထိုင်းနိုင်ငံရှိ တရားမ၀င် နိုင်ငံခြားသားလုပ်သားများအား ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ပြန်လည်စေလွှတ်မည်ဖြစ်ကာ မိမိနိုင်ငံတွင် နိုင်ငံသားဖြစ်ကြောင်း စိစစ်ပြီး ထိုင်းနိုင်ငံသို့ ပြန်လည်စေလွှတ်မည်ဟု သိရှိရပါသည်။

eleven media group


 အမေရိကန်အခြေစိုက် P&G ကုမ္ပဏီမှ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများသို့ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် သောက်ရေသန့် လီတာပေါင်း သန်းနှစ်ထောင် အခမဲ့ဖြန့်ဝေရန် စီစဉ်


အမေရိကန်အခြေစိုက် Procter  and Gamble ( P&G) ကုမ္ပဏီမှ မြန်မာအပါအ၀င် ကမ္ဘာ့နိုင်ငံများသို့ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ်သောက်သုံး ရေသန့်လီတာပေါင်း သန်းနှစ်ထောင် အခမဲ့ဖြန့်ဝေရန် စီစဉ်လျက်ရှိကြောင်း P&G Children's Safe Drinking Water Program rS Founder and Director ဖြစ်သူ Dr.Greg Allgood ၏ ပြောကြားချက်အရ သိရသည်။

 ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်တစ်သိန်းကျော်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ အစီးရေ ၁၀၀၀ ကျော်သာရှိပြီး တင်သွင်းမှုအနည်းဆုံးဖြစ်နေ



၂၀၁၂ ခုနှစ်အတွင်း နိုဝင်ဘာလကုန်အထိ ပြည်ပမှတင်သွင်းလာသည့် မော်တော်ယာဉ်အရေအတွက် တစ်သိန်းကျော်တွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ အရေအတွက်တစ်ထောင် ကျော်သာရှိပြီး တင်သွင်းမှုအနည်းဆုံးဖြစ်နေကြောင်း အကောက်ခွန်ဦးစီးဌာနမှ ရရှိသောအချက်အလက်များအရ သိရှိရသည်။

ပြည်ပမှ တင်သွင်းလာသော မော်တော်ယာဉ်များကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာနမှ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ထိ စည်းကြပ်ဆောင်ရွက်ပေးခဲ့သော စာရင်းများအရ တင်သွင်းလာသည့် မော်တော်ယာဉ် အမျိုးအစားများမှာ လူစီးယာဉ် ၁၀၅၇၉၈ စီး၊ဘတ်စကား ၁၄၃၇ စီး၊ကုန်တင်ယာဉ် ၆၁၅၁ စီး စုစုပေါင်း ၁၁၃၃၈၆ စီးဖြစ်ကြောင်း သိရသည်။
တင်သွင်းလာသည့် ကားအရေအတွက်ကို ကြည့်ပါက လူစီးယာဉ်တင်သွင်းမှုမှာ တင်သွင်းမှု စုစုပေါင်း၏ ၉၃ ရာခိုင်နှုန်းကျော်ရှိပြီး ကုန်တင်ယာဉ်တင်သွင်းမှုမှာ ငါးရာခိုင်နှုန်းကျော်နှင့် အများပြည်သူသယ် ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် ဘတ်စကားတင်သွင်းမှုမှာ တစ်ရာခိုင်နှုန်းကျော်ကျော်သာရှိကြောင်း သိရှိရပါသည်။
၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပမှတင်သွင်းလာသော မော်တော်ယာဉ်များအပေါ် အကောက်ခွန် ဦးစီးဌာနမှ အခွန်ကောက်ခံရှိငွေမှာ ကျပ်သန်း ၂၈၀၂၉၁ ဒသမ ၁၅ ခန့် ရှိကြောင်းလည်း သိရှိရသည်။
ပြည်ပမော်တော်ယာဉ် တင်သွင်းမှုများနှင့် ပတ်သက်၍ ပြည်တွင်းရှိ အိုမင်းဟောင်းနွမ်းနေသော နှစ် ၂၀ သက်တမ်းကျော်ရှိသည့် ယာဉ်အိုယာဉ်ဟောင်းများကို ပြန်လည်အပ်နှံစေပြီး ပြည်ပမှအစားထိုး တင်သွင်းခွင့်ပြုခြင်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ပါဝင်သော သက်တမ်းကြာမြင့် မော်တော်ယာဉ်များ ပယ်ဖျက်အပ်နှံအစားထိုး လဲလှယ်ရေးနှင့် ပတ်သက်သည့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ One Stop Service (OSS) ဖွဲ့စည်းပြီး မော်တော်ယာဉ်အစားထိုး တင်သွင်းခွင့် ပါမစ်ထုတ်ပေးခြင်းကို  ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စပြီးတင်သွင်းခွင့်ပေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

eleven media group

ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံစုံမှ ပါဝင်မည့် (၁၅) ကြိမ်မြောက် မီးပုံးပျံ ပျံသန်းမှုကို အင်းလေးဒေသမှစ၍ မန္တလေး၊ စစ်ကိုင်းမြို့များ၌ ဒီဇင်ဘာလ တတိယပတ်မှ ဇန်န၀ါရီလဆန်းအထိ ပြုလုပ်မည်





မြန်မာနိုင်ငံရှိ ခရီးသွားများ သွားရောက်လည်ပတ်မှု များပြားသော နေရာဒေသများသို့ ဒီဇင်ဘာ ၂၁ ရက်နေ့မှ ဇန်န၀ါရီလ ၈ ရက် နေ့အထိ ၁၉ ရက်ကြာ မီးပုံးပျံ ခြောက်လုံးဖြင့် ပျံသန်းရန် စီစဉ်နေကြောင်း Golden Express  ခရီးသွားကုမ္ပဏီမှ သတင်းရရှိသည်။
 91

ယင်းမီးပုံပျံခရီးစဉ်မှာ (၁၅) ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ပြီး ယခုအကြိမ်တွင် မီးပုံးပျံခြောက်လုံးဖြင့် အင်းလေး၊ ဖယ်ခုံ၊ လွိုင်ကော်၊ ဟဲဟိုး၊ မန္တလေးနှင့် စစ်ကိုင်းတို့တွင် ပျံသန်းမည်ဖြစ်ကာ လေထီးခုန်ချမည့် အစီအစဉ်လည်းရှိကြောင်း သိရှိရသည်။
"တစ်နေ့ကို နှစ်ကြိမ်၊ မနက်ပိုင်း ခပ်စောစောနဲ့ ညနေပိုင်း နေ၀င်ချိန်လောက်ကို ပျံသန်းဖို့ စီစဉ်ထားပါ တယ်။ သူတို့က မြောက်ဦးကိုပါ သွားချင်တာ။ ဒါပေမယ့် ကျွန်တော်တို့က စီစဉ်မပေးနိုင်ဘူး။ သူတို့ တစ်ခုခု ဖြစ်သွားရင် ကျွန်တော်တို့ တာဝန်ယူရမှာဆိုတော့ အာမမခံနိုင်ဘူး။ အဲဒါကြောင့် ဒီခရီးစဉ်ကိုပဲ စီစဉ်ပေး ဖြစ်တာပါ။ မီးပုံးပျံမောင်းမယ့်သူက ခုနစ်ယောက်နဲ့ လေထီးခုန်မယ့် ယောကျာ်းလေးက နှစ်ယောက်ပါမယ်။ သူတို့ပျံသန်းတဲ့ တစ်ချိန်လုံးကို မီးပုံးပျံသယ်ဖို့အတွက် ဒိုင်နာကားသုံးစီးနဲ့ မီးပုံးပျံစီးတဲ့အဖွဲ့တွေ စီးဖို့အတွက် ကားတွေနဲ့ တောက်လျှောက်လိုက်မှာဆိုတော့ တစ်နာရီလောက်ပဲ ပျံသန်းဖြစ်ပါမယ်" ဟု Golden Express ခရီးသွားကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်နောင်က ပြောကြားခဲ့သည်။
ယင်းခရီးစဉ်တွင် ဆွစ်ဇာလန်နိုင်ငံမှ Mr.Peter Blaser တို့ စုံတွဲက ဦးဆောင်မည်ဖြစ်ပြီး ဂျာမနီ၊ သြစတြေးလျနှင့် ပြင်သစ် စသည့်နိုင်ငံပေါင်းစုံမှ နိုင်ငံခြားသား ၂၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ယင်းအဖွဲ့သည် ၁၉၉၉ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံသို့ နှစ်စဉ်နှစ်တိုင်း မီးပုံးပျံ စီးနင်းပျံသန်းပြီး ယခုကဲ့သို့ လာရောက်လည်ပတ်လေ့ရှိကြောင်း သိရှိရသည်။

eleven media group

အမေရိကန်နိုင်ငံ၏ ပထမဆုံးအကူအညီအဖြစ် မြန်မာနိုင်ငံ ရေလုပ်ငန်းနှင့် မွေးမြူရေးဏ္ဍများတွင် နည်းပညာလွှဲပြောင်းပေးမည့် အစီအစဉ်စတင်





အမေရိကန်သမ္မတ ဘားရက် အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နောက်ပိုင်းတွင် ပထမဆုံးအကူအညီအဖြစ် မြန်မာနိုင်ငံငါးလုပ်ငန်းနှင့် မွေးမြူရေးဏ္ဍများတွင် နည်းပညာဆိုင်ရာများကို လွှဲပြောင်းသင်ကြားပေးမည့် အစီအစဉ်များ စတင် ချိတ်ဆက် လုပ်ကိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောပြသည်။

နည်းပညာဆိုင်ရာ ပညာများကို လွှဲပြောင်းသင်ကြားပေးမည့် အစီအစဉ်ကို အမေရိကန် အကူအညီပေး ရေးအေဂျင်စီ(USAID)၏ ရံပုံငွေကို ရယူ၍ Win Rock International မှ လာရောက်၍ ကူညီသင်ကြားပေးမည် ဖြစ်ကြောင်း သိရှိရသည်။
အမေရိကန်နိုင်ငံ၏ အန်ဂျီအို အဖွဲ့အစည်းတစ်ခုဖြစ်သောWin Rock International အဖွဲ့အစည်း သည် မြန်မာနိုင်ငံရှိ ငါးလုပ်ငန်းဏ္ဍများနှင့် မွေးမြူရေးဏ္ဍများတွင် လယ်သမားများ တစ်ယောက်နှင့် တစ်ယောက်ချိတ်ဆက်ပေးသည့် ဖွံ့ဖြိုးတိုးတက်ရေး (Farmer to Farmer Development) အစီအစဉ်ကို လုပ်ကိုင်ဆောင်ရွက် ကူညီပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မွေးမြူခြင်းလုပ်ငန်းများ၊ သားဖောက်ခြင်း လုပ်ငန်းများ၊ ပြုပြင် ထုတ်လုပ်ခြင်းနည်းများ၊ ကုန်ချောအဖြစ် မြှင့်တင်ပြီး တန်ဖိုးမြင့်ပစ္စည်းများဖြစ်အောင် လုပ်ခြင်းများနှင့် ဈေးကွက်နှင့်ပတ်သက်သော အ ကြောင်းအရာများ လိုအပ်ချက်များကို နည်းပညာများ လွှဲပြောင်း၍ ကူညီသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အခက်အခဲ၊ လိုအပ်ချက် အကြောင်းအရာများကို စာပြုစုပြီး Win Rock International သို့ အဆိုတင်သွင်းရမှာဖြစ်ပြီး ယင်းအဖွဲ့မှ အဆို ကိုကြည့်ကာ မြန်မာနိုင်ငံနှင့် အဆင်ပြေမည့်အကြောင်းအရာ အချက်အလက်များပါသော အဆိုကို ပြန်လည်တင်ပြပေးမှာဖြစ်ကြောင်းလည်း သိရှိရပါသည်။

eleven media group


နိုင်ငံ၏ အဓိက ပင်မစီးပွားရေးကဏ္ဍ ၁၆ ခုတွင် ထိုင်းနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုထပ်မံပြုလုပ်မည် စွမ်းအင်၊ ဘဏ်၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ကျောက်မျက်ကဏ္ဍများအပြင် သတင်းမီဒီယာလုပ်ငန်းပါ ပါဝင်လာ




thn-9-12-3

မြန်မာနိုင်ငံ၏ အဓိက ပင်မစီးပွားရေးကဏ္ဍ ၁၆ ခုတွင် ထိုင်းနိုင်ငံမှ ထပ်မံမြှုပ်နှံရန်နှင့် ကုန်သွယ်မှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ကြောင်း UMFCCI မှ သတင်းရရှိပါသည်။
နိုင်ငံ၏ အဓိကပင်မစီးပွားရေး ဖြစ်သည့် စွမ်းအင်၊ ဘဏ်၊ ဆက်သွယ်ရေး၊ ကျောက်မျက်၊
ဆန်တင်ပို့မှု၊ ရေထွက်ကုန်၊ အထည်အလိပ်၊ ဖြန့်ချိရေး၊ အဖျော်ယမကာ၊ ဟိုတယ်၊ ပို့ဆောင်ရေး၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများအပြင် စီးပွားရေးနှင့် သက်ဆိုင်သည့် သတင်းမီဒီယာလုပ်ငန်းများတွင် မြှုပ်နှံခြင်း၊ ကုန်သွယ်ခြင်း ပြုလုပ်မည်ဖြစ်သည်။
အဆိုပါကဏ္ဍ ၁၆ ခုတွင် မြှုပ်နှံရန်နှင့် ကုန်သွယ်ရန်အတွက် မြန်မာနိုင်ငံမှ ပူးပေါင်းလုပ်ကိုင်မည့် လုပ်ငန်းရှင်များဖြင့် ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရန်အတွက် ဒီဇင်ဘာလ ၁၇ ရက် နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ Board of Trade of Thailand မှ ဥက္ကဌ၊ Mr.Phonga sk Assakul ဦးဆောင်သည့်အဖွဲ့နှင့် Thai Chamber of Commerce တို့မှ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်လာမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ထွက်ရှိလာခြင်းကြောင့် ထိုင်းလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် စိတ်ဝင်စားလျက်ရှိကြောင်းလည်း သိရသည်။
''ထိုင်းလုပ်ငန်းရှင်အဖွဲ့တွေ ထိုင်းသံရုံးကို တစ်နေ့လေး၊ ငါးဖွဲ့လောက်လာပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေကို လာပြီးလေ့လာနေတာ ဖြစ်ပါတယ်။ ထိုင်း၊ မြန် မာ နှစ်ဖက်အစိုးရတွေကလည်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတဲ့အတွက်ရယ်၊ အာဆီယံမြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ရှိတဲ့အတွက်ကြောင့် ထိုင်းလုပ်ငန်းရှင်တွေအနေနဲ့ လာပြီး ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတာပါ''ဟု မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး Mr.- Pisanu Suvanajata က နိုဝင်ဘာလအတွင်း ပြုလုပ်သည့် ကုန်စည်ပြပွဲ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

eleven media group


နိုင်ငံရေးအပြောင်းအလဲ၊ သဘာဝဘေးကြုံတွေ့မှု စသည်တို့ ဖြစ်ပေါ်စေနိုင်သည့် စနေဂြိုလ်လမ်းကြောင်း ဖောက်ပြန်မှု ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကြုံတွေ့နိုင်ဟု သိရ





မြန်မာနိုင်ငံ၏ နိုင်ငံရေးပြောင်းလဲမှုများတွင် သမိုင်းဝင်မှတ်တမ်းဆိုး အများအပြားဖြစ်ပေါ်စေခဲ့သည့် စနေဂြိုလ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုကို ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ထပ်မံကြုံတွေ့မည်ဖြစ်ကြောင်း နက္ခတ်သိပ္ပံပညာရှင် ဦးဇေယျာကို၏ ပြောပြချက်အရ သိရှိရသည်။
အဆိုပါ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုမှာ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း
တိုက်ခတ်ချိန်တွင် နောက်ဆုံးဖြစ်ပေါ်ခဲ့ပြီး အဆိုပါ မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံတွင် လူဦးရေသိန်းနှင့်ချီ၍ ပျက်စီးမှုများနှင့် နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရသည်။

စနေဂြိုလ်ဖောက်ပြန်ရင် နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်တုန်းက နိုင်ငံရေးအရှုပ်အရှင်း ဖြစ်ခဲ့ဖူးသလို ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်မုန်တိုင်းဝင်လို့ လူတွေ သေကြေခဲ့ရတယ်။ အဲဒီတုန်းက စနေဂြိုလ်လမ်းကြောင်း ဖောက်ပြန်မှုလိုမျိုး ခုလာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဖြစ်ဖို့ရှိတာကြောင့်...
"စနေဂြိုလ်ဖောက်ပြန်ရင် နိုင်ငံရေးအပြောင်းအလဲတွေ၊ သဘာဝဘေးအန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် သတိပြုသင့်ပါတယ်။ ဥပမာ ၂၀၀၇ ခုနှစ်တုန်းက နိုင်ငံရေးအရှုပ်အရှင်း ဖြစ်ခဲ့ဖူးသလို ၂၀၀၈ ခုနှစ်မှာလည်း နာဂစ်မုန်တိုင်းဝင်လို့ လူတွေ သေကြေခဲ့ရတယ်။ အဲဒီတုန်းက စနေဂြိုလ်လမ်းကြောင်း ဖောက်ပြန်မှုလိုမျိုး ခုလာမယ့် ၂၀၁၃ နှစ်ဆန်းပိုင်းမှာ ဖြစ်ဖို့ရှိတာကြောင့် ပြည်သူတွေအနေနဲ့ သတိပြုသင့်ပါတယ်" ဟု မြန်မာနိုင်ငံ နက္ခတ်သိပ္ပံအဖွဲ့ စီအီးအို ဦးဇေယျာကိုက ပြောသည်။
ယင်းကဲ့သို့ စနေဂြိုဟ်ပတ်လမ်းကြောင်း ဖောက်ပြန်မှုများသည် မြန်မာနိုင်ငံသမိုင်းတွင် လွတ်လပ်ရေးရရှိခဲ့စဉ် ၁၉၄၈ ခုနှစ်တွင် တစ်ကြိမ်၊ ရှစ်လေးလုံး အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၁၉၈၈ ခုနှစ်ဝန်းကျင်တွင် တစ်ကြိမ်၊ ရွှေဝါရောင်အရေးအခင်း ဖြစ်ပေါ်စေခဲ့သည့် ၂၀၀၇ ခုနှစ်တွင် တစ်ကြိမ်နှင့် နာဂစ်မုန်တိုင်း ကျရောက်ခဲ့သည့် ၂၀၀၈ ခုနှစ်တွင် တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စနေဂြိုဟ်ပတ်လမ်း ပြောင်းလဲမှုမှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ဇူလိုင်လ ၈ ရက်နေ့အတွင်းထိ ဖြစ်ပေါ်မည်ဖြစ်ပြီး အဆိုပါကာလများအတွင်း ပြည်သူများ သတိပြု နေထိုင်စေလိုကြောင်းလည်း ၎င်းကပြောပြခဲ့သည်။       

eleven media group



CMP စနစ်ဖြင့် စက်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များ စက်မှုမြေနေရာ ရှားပါးပြီး မြေဈေးနှုန်း မြင့်မားနေသောကြောင့် ရင်းနှီးမြှုပ်နှံမှုပြုရန် အဟန့်အတားဖြစ်နေ





9
မြန်မာနိုင်ငံ၏ စက်မှုမြေနေရာအသစ်များ ရှားပါးမှုကိုအကြောင်းပြု၍ မြေဈေးမှာ အလွန်မြင့်မားလျက်ရှိကြောင်း လက်ခစားစနစ်ဖြင့် စက်မှုလုပ်ငန်း လုပ်ကိုင်လိုသည့် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များအတွက် လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန်အတွက် အဟန့်အတားတစ်ခုမှာ
စက်ရုံမြေနေရာရရှိရေးဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးအောင်မင်းက ဒီဇင်ဘာလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည့် CMP လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်ငွေ၏ ၈၀ ရာခိုင်နှုန်းခန့်မှာ မြေ၀ယ်ယူရာတွင် အသုံးပြုရမည်ဖြစ်သဖြင့် ယင်းသို့ မြေနေရာရှားပါးမှုကို အကြောင်းပြုကာ မြေဈေးကြီးမြင့်မှုက အဟန့်အတားအဖြစ် ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
မြေနေရာရှားပါးမှုကို ဖြေရှင်းနိုင်ရန်အတွက် လူနေရပ်ကွက်နှင့်ဝေးရာ ကိုယ်ပိုင်ခြံမြေများ၌ အသေးစား အလတ်စားလုပ်ငန်း၊ စက်မှုလုပ်ငန်းများကို အနီးပတ်ဝန်းကျင်တွင် နေထိုင်သူများက လုပ်ငန်းလုပ်ကိုင်ရန် သဘောတူ ခွင့်ပြုချက်ရယူခြင်း၊ မီးဘေးအန္တရာယ် ကင်းဝေးစေသည့် အစီအမံများ ထားရှိမှုနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မဖြစ်နိုင်ခြင်းနှင့် ရေဆိုး၊ အနံ့အသက်ဆိုးများနှင့် အမှိုက်သရိုက်များကို စနစ်တကျ စွန့်ပစ်နိုင်မှု အစီအမံများ ပြုလုပ်ထားခြင်းစသည့် သတ်မှတ်ချက်များဖြင့် လုပ်ကိုင်ခွင့်ပြုသင့်ကြောင်းကိုလည်း ၄င်းက အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် တင်ပြခဲ့သည်။

စက်မှုဇုန် ၂၄ ဇုန်အထိ ရှိနေပြီး စက်မှုဇုန်များ၏ ခန့်မှန်းမြေ ဧကမှာ ၂၀၀၀၀ ၀န်းကျင် ရှိနေသော်လည်း လုပ်ငန်းလည်ပတ်နေသည့် စက်ရုံမှာ ၃၅၆၂ ရုံသာရှိနေကာ ယင်းမြေကွက်များ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်မှာ မြေဈေးကစားသူများ၏လက်တွင်း ကျရောက်နေကြောင်း...
နိုင်ငံတော်မှလည်း နိုင်ငံတော်ပိုင် သင့်တော်သည့်မြေများ၌ စက်မှုဇုန်မြေကွက်များ ဖော်ထုတ်ပေးခြင်း၊  ယင်းစက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်လိုသူများကိုသာ အဓိကထား ရောင်းချပေးခြင်း၊ ရောင်းချပေးထားသော စက်မှုဇုန်မြေကွက်များကို အမည်ပြောင်း/လွှဲပြောင်းရောင်းချခြင်း ငှားရမ်းခြင်းများ မပြုလုပ်နိုင်ရန် စည်းကမ်းကန့်သတ်ချက်ဖြင့် ရောင်းချပေးခြင်းတို့ကို ပြုလုပ်ပေးခြင်းဖြင့် မြေနေရာရှားပါးမှုကို အဆင်ပြေစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လက်ရှိလည်ပတ်နေသည့် စက်မှုဇုန် ၂၄ ဇုန်အထိ ရှိနေပြီး စက်မှုဇုန်များ၏ ခန့်မှန်းမြေဧကမှာ ၂၀၀၀၀ ၀န်းကျင်ရှိနေသော်လည်း လုပ်ငန်းလည်ပတ်နေသည့် စက်ရုံမှာ ၃၅၆၂ ရုံသာရှိနေကာ ယင်းမြေကွက်များ၏ ၈၀ ရာခိုင်နှုန်း ၀န်းကျင်မှာ မြေဈေးကစားသူများ၏လက်တွင်းကျရောက်နေကြောင်း စက်မှုဇုန်များတွင် အမှန်တကယ် လုပ်ကိုင်နေသူအချို့က ပြောကြားခဲ့ပါသည်။
ရန်ကုန်မြို့တွင် မင်္ဂလာဒုံ စက်မှုဥယျာဉ်၊ ရွှေလင်ပန်း စက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ ဒဂုံအရှေ့ပိုင်း စက်မှုဇုန်၊ လှိုင်သာယာ စက်မှုဇုန်- ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ မြောက်ဒဂုံ စက်မှုဇုန်၊ မြောက်ဥက္ကလာပ စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန်-၁၊ ၂၊ ၃၊ ၄၊ သာဓုကန် စက်မှုဇုန်၊ တောင်ဒဂုံ စက်မှုဇုန်-၁၊ ၂၊ ၃၊ တောင်ဥက္ကလာပ စက်မှုဇုန်၊ သာကေတ စက်မှုဇုန်များရှိကြောင်း သိရသည်။
စက်မှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်အရှေ့ပိုင်းခရိုင် စက်မှုဇုန်တွင် မြေဧကပေါင်း ၃၁၇၉ ဧကရှိနေပြီး စက်ရုံများနှင့် လုပ်ငန်းပေါင်း ၃၃၁၉ ရုံရှိကာ အနောက်ပိုင်းခရိုင် စက်မှုဇုန်၌ မြေဧကထုတ်ပြန်ထားမှုမရှိဘဲ စက်ရုံများနှင့် လုပ်ငန်းပေါင်း ၆၅၉ ရုံရှိကာ မြောက်ပိုင်းခရိုင် စက်မှုဇုန်တွင် မြေဧကပေါင်း ၂၄၃၆ ဧကရှိနေပြီး စက်ရုံများနှင့် လုပ်ငန်းပေါင်း ၆၂၅ ရုံရှိကာ တောင်ပိုင်းခရိုင် စက်မှုဇုန်၌ မြေဧကထုတ်ပြန် မထားဘဲ စက်ရုံများနှင့် လုပ်ငန်းပေါင်း ၇၆ ရုံသာ ရှိနေသည်ဟု သိရှိရပါသည်။
မြန်မာနိုင်ငံတွင် စက်မှုဇုန်ပေါင်း ၁၈ ဇုန်ရှိနေပြီး ရန်ကုန်မြို့ စက်မှုဇုန်များမှာ တစ်ဧကလျှင် အနိမ့်ဆုံး ကျပ်သိန်း ၁၀၀၀ မှ အမြင့်ဆုံး ကျပ်သိန်း ၅၀၀၀ ၀န်းကျင်အထိ ရှိနေသော်လည်း ကျန်နယ်မြို့များ၏ စက်မှုဇုန် ဈေးနှုန်းများမှာ ရန်ကုန်မြို့၏ စက်မှုဇုန် မြေဈေးနှုန်းများကဲ့သို့ အဆမတန် ကြီးမြင့်နေမှုမရှိဘဲ ပျမ်းမျှကျပ်သိန်း ၁၀၀၀ ၀န်းကျင်နှင့်အထက်သာ ရှိနေကြောင်း သိရသည်။

eleven media group



Master ကတ် စတင်သုံးသည့် သုံးပတ်အတွင်း ကမ္ဘာလှည့်ခရီးသွားများ ကျပ်ငွေသိန်းပေါင်း ၉၆၀ ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ ခန့် ဘဏ်မှ လက်ခံရရှိ





Master ကတ်အား မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၁၅ ရက်နေ့မှ စတင်အသုံးပြုသည့် သုံးပတ်ကျော်အတွင်း ကမ္ဘာလှည့်ခရီးသွားများ Master ကတ်ကို အသုံးပြု၍ မြန်မာကျပ်ငွေ သိန်းပေါင်း ၉၆၀ ခန့် ထုတ်ယူခဲ့ပြီး ဒေါ်လာ ၁၂၀၀၀၀ခန့်ဘဏ်မှ လက် ခံရရှိထားကြောင်း သမ၀ါယမလိမိတက် ဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရှိရပါသည်။

''စသုံးတဲ့ နိုဝင်ဘာလ ၁၅ ရက် နေ့ကစပြီး ရက် ၂၀ ကျော်အတွင်း နိုင်ငံခြားသား ကမ္ဘာလည့်ခရီးသွားတွေက မြန်မာငွေထုတ်သုံးနေတာ ကျပ်သိန်းပေါင်း ၉၆၀ ၀န်းကျင် ထုတ်သွားပြီ သူတို့ဆီက ဒေါ်လာ ၁၂၀၀၀၀ ၀န်းကျင် ပြန်ရပြီ''ဟု သမ၀ါယမဘဏ်မှ မန်နေးဂျင်းဒါရိုက်တာ ဦးဖေမြင့်က ပြောကြားခဲ့ပါသည်။
''ကျွန်တော် ဒီကိုလာတုန်းက လေယာဉ်ပေါ်မှာ နိုင်ငံခြားသားတွေ အများကြီးတွေ့ခဲ့ရတယ်။ အဲဒါကြောင့် နိုင်ငံခြားငွေတွေကို ဒီမှာ ထုတ်ယူသုံးစွဲနိုင်ဖို့ကိစ္စတွေ ပိုလိုအပ်လာမယ်။ သူတို့က ပိုက်ဆံကိုင်ပြီး သုံးစွဲတာထက် ကတ်တွေကိုင်ပြီး သုံးစွဲကြတာပိုများတယ်''ဟု Mr. Matthew Driver, President, South East Asia, Master Card Worldwide က ပြောကြားပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတကာ ငွေပေးချေနည်းတစ်မျိုးဖြစ်သည့် Master ကတ်သည် MPU Network သို့ အချိန်အတိုင်းအတာတစ်ခုတွင် ပါဝင်လာဖွယ်ရှိကြောင်းကို ''လောလောဆယ် MPU Network မှာ ဂျပန် JCB ကတ်၊ တရုတ် CPU ကတ်တို့က ချိတ်ဆက် ဆောင်ရွက်နေပါတယ်။ Master ကတ်လည်း နောင်လာမယ့်အချိန်မှာ MPU Network မှာ ပါဝင်လာမှာပါ''ဟု သမ၀ါယမ လိမိတက်ဘဏ်မှ တာဝန်ရှိသူတစ်ဦးက သုံးသပ် ပြောကြားခဲ့ပါသည်။
သမ၀ါယမလိမိတက်ဘဏ်အား နိုင်ငံတကာ ငွေပေးချေရေး ကတ်တစ်ခုဖြစ်သော Master ကတ် ထုတ်ဝေခွင့်နှင့် အေတီအမ်စက်များ၊Point Of Sale စက်များတွင် ထုတ်ယူသုံးစွဲခွင့် လိုင်စင်ကို Master Card Worldwide မှ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် ခွင့်ပြုပေးခဲ့ကြောင်း၊ Master ကတ်သည် ကမ္ဘာတစ်ဝှမ်းတွင် ငွေပေးချေနိုင်သည့် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး အစိုးရအဖွဲ့အစည်းများ၊ ငွေကြေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းကြီးများနှင့် ဆက် သွယ် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံပေါင်း ၂၁၇ နိုင်ငံမှ Master ကတ် သုံးစွဲသူပေါင်း ၁ ဒသမ ၇ ဘီလျံ ခန့်ရှိပြီး Master ကတ်ဖြင့် ငွေလက်ခံသော ကုန်သည်ပေါင်း ၃၂ သန်းခန့်ရှိကြောင်း သိရသည်။

eleven media group



ဘုရားမီး ပူဇော်ရာမှ ဘုန်းတော်ကြီးကျောင်း မီးလောင်