Saturday, February 9, 2013

ဖေဖော်ဝါရီ ၇ ရက် မှ ၁၄ ရက်အထိ (၇) ရက်သားသမီး ဟောစာတမ်း

တနင်္ဂနွေ

ဖေဖေါ်ဝါရီလ ၇ ရက်မှ ၁၀ရက်နေ့အထိကာလအတွင်းစိတ်ဗျာများနေမည် ။အလုပ်များနေမည် ။ခရီးယာယီတွေသွားရလိမ့်မည် ။ငွေကြေးကိစ္စများရှုပ်ထွေးတတ်သည်။အထင်လွဲခံရကိန်းရှိသည်။စက်ပစ္စ ည်းနှင့်ပတ်သက် ပြီးဝင်-ထွက်ကိန်းရှိသည်။ချစ် သူ အထင်လွဲ ခြင်းခံရမည်။ဖေဖေါ်ဝါရီလ ၁၁ရက် မှ၁၃ရက် အထိ ကာလ တွင်  အစစ အ ရာရာ အ ဆင် ပြေမည်။အလုပ်အကိုင်လည်း အဆင် ပြေမည်။ဝင်ငွေလည်း အဆင် ပြေမည်။အချစ်ရေးလည်းအဆင်ပြေပါ မည်။ကံကောင်းသောနေ့ရက်များဖြစ်ပါသည် ။

 

အကျိုးပေးသောနံပါတ်=၂၊ ၄၊ ၈ ။

အထူးဟော               - စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။

ယတြာ           - တနင်္ဂနွေနေ့တွင်အုန်းသီး ဆံ၆ဆံဘုရားလှူပါ။

 

တနင်္လာ

 

ဖေဖော်ဝါရီလ ၇ရက်မှ ၁၀ရက်အတွင်း အတိုက်အခံတွေကြုံမည်။ မမျှော်လင့်သော ခရီးရောက်မည်။ မပေါင်းဖူးသော မိတ်ဆွေတွေ ကြုံမည်။ လက်ဆောင်၊ ဓာတ်ပုံတွေရ မည်။ စက်ပစ္စည်းချို့ယွင်းခြင်း၊ အဝယ်မှားခြင်း၊ အလိမ်ခံရခြင်းတို့ဖြစ်မည်။ ချစ်သူ (သို့) အိမ်ထောင်ဘက်နှင့်ရန်ဖြစ် မည်။ ပညာရေးဖြေဆိုပါက အမှတ်နည်းတတ်သည်။ ဖေဖော်ဝါရီလ ၁၁ရက်မှ ၁၃ရက်အတွင်း ကံကောင်းသည်။ ပညာရေးဖြေဆိုလျှင် အမှတ်ကောင်းမည်။ ထူးချွန်စွာအောင်မြင်မည်။ အခက်အခဲအတိုက်အခံတွေကျော်လွှား နိုင်မည်။ ရစရာငွေတို့ရမည်။ ပျော်ရွှင်သောခရီးလျှောက်ဖြစ်မည်။ ချစ်သူ(သို့) အိမ်ထောင်ရေး အဆင်ပြေမည်။ ထိခိုက်အနာတရဖြစ်တတ်၍ ဂရုစိုက်ပါ။ အလုပ် အကိုင်နှင့်ပတ်သက်၍ သတင်းကောင်းကြားရမည်။ ထီထိုးပါ။ ထီပေါက်ကိန်းရှိသည်။

 

အကျိုးပေးဂဏန်း         - ၅၊ ၆၊ ၉။

အထူးဟော               - ကြိုးစားမှုအထူးအောင်မြင်မည်။

ယတြာ           - တနင်္လာနေ့နံနက်တွင် ကန်စွန်းညွန့်၁၅ညွန့် ဘုရားကပ်လှူပါ။

 

အင်္ဂါ

ဖေဖော်ဝါရီလ ၇ရက်မှ ၉ရက်အတွင်း စကားပြောဆင်ခြင်ပါ။ ရန်မြင်တယ်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ မိတ်ဆွေဟောင်း၊ ချစ်သူဟောင်း   နှင့်ပြန်တွေ့မည်။ ငွေကြေးပစ္စည်း ပျောက်တတ်၍ ဂရုစိုက်ပါ။ လူလိမ်၊ ငွေလိမ်ခံရမည်။ စက်ပစ္စည်းနှင့် ပတ်သက်၍ ဝင်၊ ထွက်မည်။ ခရီးဝေးထွက်ဖြစ်မည်။ ဖေဖော်ဝါရီလ ၁၀ရက်မှ ၁၃ ရက်အတွင်း သင်၏ ကောင်းသတင်းကြားရမည်။ လက်ဆောင်ရမည်။ အချစ်ရေးထပ်၍ အဆင်ပြေမည်။ ချစ်သူ ချိန်းတွေ့မည်။ လက်ထပ်မင်္ဂလာမြင်သည်။ ငွေဝင်မည်။ ကား၊ စက်၊ မြေတို့ ဝင်၊ ထွက်မည်။ အလုပ်အဆင်ပြေမည်။ အင်တာဗျူး၊ ပညာရေးအောင်မြင်မည်။

 

အကျိုးပေးဂဏန်း         - ၃၊ ၄၊ ၅။

အထူးဟော               - ကံကောင်းမည်။

ယတြာ           - အင်္ဂါနေ့တွင် အုန်းဆွမ်းဘုရားကပ်ပါ။

 

ဗုဒ္ဒဟူး

ဖေဖော်ဝါရီလ ၇ရက် ၈ရက် တွင်စိတ်မြန်ကိုယ်မြန် ပျာယီးပျာယာမလုပ်ပါနှင့် ခိုက်မိ တတ်သည်။ ပစ္စည်းပျောက်တတ်သည်။ ချစ်သူအထင်လွဲခံရမည်။ ကား၊ ဆိုင်ကယ် ကြည့်မောင်းပါ။ ဂရုစိုက်ပါ။ ၉ရက်နှင့် ၁၀ ရက်တွင် နှုတ်မှ လွယ်လွယ်ကတိမပေးနှင့် ကတိပျက်လျှင်မုန်းရတတ်သည်။ ဆောင်ရွက်မှုလေးတွေအောင်မြင်မည်။ မိဘသားချင်း အရေးတွေလုပ်ဆောင်ပေးရမည်။ ကျန်းမာရေးကောင်းနေမည်။ စာမေးပွဲဖြေဆိုမှု၊ အင်တာဗျူး အောင်မည်။ ၁၁ ရက်မှ ၁၃ ရက်အတွင်း ဆန္ဒစောမှုတွေဖြစ်နေ တတ်သည်။ ပြန်ပြီးလုပ်ရတတ်သည်။ လျှပ်စစ်နှင့် စက်ကိရိယာ ဂရုစိုက်ကိုင်တွယ်ပါ။ ရေလမ်းခရီး မသွားသင့်ပါ။ ဝင်ငွေထက် ထွက်ငွေကြမ်းမည်။

 

အကျိုးပေးဂဏန်း         - ၄၊ ၉၊ ၆။

အထူးဟော               - အောင်မြင်မည်။

ယတြာ           - ဗုဒ္ဒဟူးနေ့ ရေသက်စေ့ဘုရားကိုလှူပါ။

 

ကြာသပတေး

ဖေဖော်ဝါရီ ၇ရက်မှ ၁၀ရက်အတွင်း အလုပ်တွေများနေမည်။ တချို့လုပ်ငန်းအဆင်ပြေ သော်လည်း တချို့လုပ်ငန်းမပြီး မပြတ်ဖြစ်နေ မည်။ မိတ်ဆွေသစ်တွေ့မည်။ အဝေးက ချစ်သူနှင့်တွေ့ရမည်။ အလုပ်တူ ကိုင်ဖက်၏ အကောင်းမထင် မလိုမှုတွေပြုလိမ့်မည်။ ခရီးဝေးယာယီတွေရောက်မည်။ ဖေဖော်ဝါရီ ၁၀ရက်မှ ၁၃ရက်အတွင်း စွန့်စားမှုပြုရ တတ်သည်။ အောင်မြင်မှုရမည်။ သို့သော် ငြိုငြင်မှု၊ အပြစ်တင်မှု မလွတ်တတ်ပါ။ ချစ်သူရဲ့ အထင်လွဲခြင်းခံရမည်။ ပြန်ပြေလည်မည်။ ဆွေမျိုးသားချင်းအတွက်စိတ်ရှုပ် ရတတ်သည်။

 

အကျိုးပေးဂဏန်း         - ၅၊ ၇၊ ၂။

အထူးဟော               - ကံကောင်းမည်။

ယတြာ           - ကြာသပတေးနံ ဘုရားကို ကြာသပတေးနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့် ကပ်လှူပါ။

 

သောကြာ

 

ဖေဖော်ဝါရီ ၇၊ ၈၊ ၉ ရက်တို့တွင် လှုပ်ရှားသွားလာမှုလုပ်ငန်းစတင်မှု၊ စာမေးပွဲဖြေဆိုမှု တို့အင်တာဗျူးတို့ အောင်မြင်မည်။ ခြေ ၁ဖက်၊ လက်၁ဖက် ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ဝမ်းဗိုက်နာခြင်း၊ ဝမ်းပျက်တတ်ခြင်းဖြစ်တတ်၍ ဂရုစိုက်ပါ။ အချစ်ရေးမှာ ၂ယောက်ဖြစ် လာမည်။ အားနာတတ်သော သင့်အတွက် အခက်ကြုံနေမည်။ ဖေဖော်ဝါရီ ၁၀ရက်မှ ၁၃ ရက်အတွင်း ခရီးသွားရန် အကြောင်းမရှိပဲ အကြောင်းရှာ၍ ထွက်ဖြစ်မည်။ ချစ်သူ၏ အထင်လွဲမှားမှုဖြစ်မည်။ သင်၏ လိမ်ညာမှုများပေါ်ကုန်မည်။ ကြီးသူ ၁ဦးချူချာမည်။ မရောက်ဖူးသောခရီးတွေရောက်မည်။

 

အကျိုးပေးဂဏန်း         - ၆၊ ၇၊ ၈။

အထူးဟော               - အောင်မြင်မည်။

ယတြာ           - သောကြာနံဘုရားကို သစ်သီး ၉လုံးကပ်လှူပါ။

 

စနေ

ဖေဖော်ဝါရီ ၇ရက်မှ ၁၀ရက်အတွင်း ကိုယ့်အတွက်ရော သားချင်းအတွက်ရော၊ အပေါင်းအသင်းအတွက်ရော အလုပ်များနေမည်။ ခရီးများနေမည်။ လှုပ်ရှားမှုတွေ ဖြစ် နေမည်။ ဆန္ဒမစောသင့်ပါ။ သေးငယ်သောအလုပ်တစ်ခုကို သင်စတင်တည်ထောင်ဖြစ် မည်။ ကြီးမားစွာအောင်မြင်မှုမုချ ရပါလိမ့်မည်။ ကိုယ်ပိုင်အလုပ်၊ ရှယ်ယာအလုပ်လုပ် ဖြစ်မည်။ ဝန်ထမ်းလျှောက်ခြင်းမှ အလုပ်တစ်ခုအင်တာဗျူး အောင်မြင်မည်။ အချစ်ရေး အဆင်ပြေမည်။ အဝေးက မိတ်ဆွေသူငယ်ချင်းတို့နှင့် ပြန်ဆုံမည်။ လုပ်ငန်း၂မျိုးလုပ် ဖြစ်မည်။ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၃ရက်အတွင်း သင့်ဆန္ဒတွေအားလုံး မုချအောင်မြင် မည်။ ခရီးယာယီတွေများမည်။ စွန့်စားမှုနှင့် စူးစမ်းမှုတို့ အဆင်ပြေမည်။ စက်၊ ပစ္စည်း တို့ ဝင်မည်။ လုပ်ဆောင်ချက်တွေအားလုံးအောင်မြင်မည် ။ ပြောဆိုဆက်ဆံမှုများ အဆင်ပြေမည်။

အကျိုးပေးဂဏန်း         - ၇၊ ၉၊ ၁။

အထူးဟော               - အဆင်ပြေအောင်       မြင်မည်။

ယတြာ           - စနေနံဘုရားကို စနေနေ့နံနက်တွင် ရွက်လှ ၁၇ညွန့် ကပ်၍ လိုရာဆုပန်ပါ။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။