Friday, August 10, 2012

လုပ်အားခနည်းပါးမှုကြောင့် ပုသိမ်ကြီးမြို့နယ်တွင် လယ်လုပ်သားရှားပါးမှုနှင့်ရင်ဆိုင်နေရ


မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်သူများလာသောကြောင့် လယ်ယာစိုက်ပျိုးရန်အတွက် လယ်အလုပ်သမားရှားပါးမှုနှင့် ရင်ဆိုင်နေရကြောင်း ပုသိမ်ကြီးမြို့နယ် ဆင်ရွာကြီးကျေးရွာတောင်သူများက ဆိုသည်။

၂ဝ၁၃ အမှီ ၅ဝဝဝတန်ဖုန်းထွက်ရှိရေး ရွှေပြည်တံခွန်က တင်ဒါဝင်ပြိုင်မည်

၅ဝဝဝတန်ဖုန်းထုတ်လုပ်မည်ပာု သတင်းထုတ်ပြန်ထားသော ရွှေပြည်တံခွန်ကုမ္ပဏီက ဆင်းကဒ်ထုတ်လုပ်ခွင့်ရရှိရေးအတွက်  မြန်မာဆက်သွယ်ရေးမှ ခေါ်ယူမည့် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာ တင်ဒါခေါ်ယူခြင်းအား ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

လူမျိုးတုံး သတ်ဖြတ်မှုစွပ်စွဲချက် မဟုတ်မမှန်ကြောင်း အမေရိကန်ပြည်ထောင်စု ပြောကြား



2012-08-09
ရခိုင်ပြည်နယ်က လူမျိုးရေး တင်းမာမှုတွေကို အထူးစိုးရိမ်နေဆဲ ဖြစ်ပေမဲ့ OIC အစ္စလာမ်မစ်နိုင်ငံများအဖွဲ့က စွပ်စွဲသလို လူမျိုးတုံး သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောကြားလိုက်ပါတယ်။
မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ဘင်္ဂါလီ ရိုဟင်ဂျာ ဦးရေနည်းသွားအောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်နေတယ်ဆိုတာ မဟုတ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူ Patrick Ventrell က ပြောသွားတာပါ။

အကြမ်းဖက်မှုတွေနဲ့ ပတ်သက်သူ လိုက်လံဖမ်းဆီး



2012-08-09
ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့က စစ်တွေမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးရှို့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ပါဝင်တယ်လို့ ယူဆရသူတွေကို စစ်တပ်နဲ့ အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးနေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ ညပိုင်းက စတင်ပြီး နေအိမ်တွေမှာ လိုက်လံ ဖမ်းဆီးနေတာဖြစ်ကြောင်း ဘာကြောင့်ဖမ်းဆီးတယ်၊ ဘယ်ကိုခေါ်သွားတယ် ဆိုတာကို မသိရကြောင်း အင်္ဂါနေ့ မနက် ၂ နာရီလောက်က အဖမ်းခံခဲ့ရတဲ့ စစ်တွေမြို့ ကသဲရပ်ကွက်က ကိုစံရွှေထွန်းရဲ့ ဇနီးဖြစ်သူ မဆန္ဒမေက RFA ကိုပြောပါတယ်။ ဖိနပ်မပါ အဝတ်မပါ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ စည်းဝေး



2012-08-09
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီရဲ့ ဒီကနေ့ အစည်းအဝေးမှာ လုပ်ငန်းတာဝန်တွေ ခွဲဝေ ချမှတ်ခဲ့ကြောင်း ကော်မတီ အတွင်းရေးမှူး NLD လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်။

အာဏာပိုင်တွေ တောထဲစွန့်ပစ်ခဲ့တဲ့ မိန်းကလေးရဲ့အမေ ဒဏ်ငွေချခံရ



2012-08-09
ပြည်မြို့မှာ အခြေအနေမဲ့ ကလေးတွေကို ဒေသခံ အာဏာပိုင်တွေက တောထဲသွား စွန့်ပစ်တဲ့ကိစ္စ မီဒီယာတွေကို ပြောလိုက်တဲ့ ဇင်မာလှိုင်ဆိုသူ မိန်းကလေးရဲ့အမေ ဒေါ်တင်တင်ထွေးနဲ့ အမျိုးသမီးငယ် တစ်ဦးကို ပြည်ဘူတာရုံမှာ ရဲက မနေ့ ညက ဖမ်းလိုက်တဲ့ အမှုအတွက် ပြည်မြို့နယ် တရားရုံးက ဒီနေ့ နေ့လည်မှာ အပြစ်ရှိကြောင်း အမိန့်ချပြီး ဒဏ်ငွေ ၅၀၀ ကျပ်စီ အသီးသီးချမှတ် လိုက်ပါတယ်။

NLD မှ တင်သွင်းလိုက်သောအဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချ


7နေပြည်တော်၌ ကျင်းပသော စတုတ္ထအကြိမ် အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ယမန်နေ့က ရခိုင်ပြည်အရေးနှင့်ပတ်သတ်၍ NLD မှ တင်သွင်းလိုက်သောအဆိုကို ကြံ့ခိုင်ရေးပါတီက ပယ်ချလိုက်ကြောင်း သတင်းရရှိသည်။

ကျောင်းသားများက ပြုပြင်ရန် ဆန္ဒပြခဲ့သောလမ်းကို ဒေ၀ူးနှင့် အိန္ဒိယ Punj Lloy က ပြန်လည် တည်ဆောက်ပေး



ကျောက်ဖြူမြို့နယ် အတွင်း ကျောင်းသားများက ပြန်လည်ပြုပြင်ပေးရန်  ဆန္ဒပြတောင်းဆိုခဲ့သော လမ်းကို အခုအခါ ကိုရီးယား ဒေ၀ူးနှင့် အိန္ဒိယ Punj Lioy ကုမ္ပဏီများက ပြန်လည် ပြုပြင် တည်ဆောက်ပေးနေပြီ ဖြစ်ကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
ကျောင်းသားများ ယခုလို ဆန္ဒပြခဲ့ကြသည်။ (ဓါတ်ပုံ- နိရဉ္စရာ)

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအားမွတ်ဆလင်များက ရန်စ


ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောက်တွင်းကုန်း ရခိုင် ကျေးရွာအား မွတ်ဆလင်များက တိုက်ခိုက် မည့်လိုလို ရန်စမူများ ပြုလုပ်လာသဖြင့် စစ်တပ်က အချိန်မှီ လာရောက်ပြီး အခြေအနေကို ထိန်းသိမ်း လိုက်ရသည်ဟု သတင်း ရရှိသည်။

ရန်စသည့် အပြုအမူများကို ပြုလုပ်သူ မွတ်ဆလင် ကျေးရွာသားများမှာ ပုရိန် (မွတ်ဆလင်) ရွာမှ ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

မောင်တောတွင် ဒေသခံဘွဲ့ရများအား ဆွဲခန့်ဆရာ၊ဆရာမအဖြစ် ထားရှိရန်စီစဉ်


ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံမှုမရှိသောနေရာများသို့သွားလိုစိတ်မရှိတော့သည့် ဆရာဆရာမများနေရာတွင်   ဒေသခံဘွဲ့ရလူငယ်များကိုဆရာ/ဆရာမအဖြစ် ဆွဲခန့်ထားရှိမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက
သိရှိရသည်။

အခြေခံပညာကျောင်းသားကျောင်းသူများအား ပညာသင်နှစ်ကုန်ထိ နွားနို့တိုက်ကျွေးမည်


ရန်ကုန်တိုင်းဒေသကီးအတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား ကျောင်းသူ များအားသဂုတ်လ (၁၄)ရက်နေမှ ယခုပညာသင် နှစ်ကုန်ပိုင်းအထိ  နွားနိုတိုက်ကျွေး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမွေးမြူရေုးလုပ်ငန်းအဖွဲချုပ်က သိရသည်

ယာဉ်တိုက်/တိမ်းမှောက်မှုကြောင့် သေဆုံးနှုန်း သိသိသာသာလျော့ကျ


ရန်ကုန်မြို့တွင်းယာဉ်တိုက်မှု၊ယာဉ်တိမ်းမှောက်မတိုကာင့် ဇူလိုင်လအတွင်း လူသေဆုံးမှုမှ  ယခင်လကထက် လူဦးရေထက်ထက်ဝန်ခန်လျော့ကျခဲ့ကောင်း မထသ(ဗဟို)က သိရှိ ရသည်

နိုင်ငံတကာသို့ထိုးဖောက်နိုင်ရန် ကချင်အနုပညာရှင်များအစည်းအရုံး (ရိုန်နီ) ဖွဲ့စည်းမည်


ကချင်အနုပညာရှင်များအစည်းအရုံးဖွဲစည်းနိုင်ရန် ကချင်တိုင်းရင်းသား အနုပညာရှင်များက ဖြစ်မြောက်ရေး ကော်မတီဖွဲစည်း အကောင်အထည်ဖော်ဆောင်ရွက်နေပီ ဖြစ်သည်

ရန်ကုန်ရှိ ဆိပ်ကမ်းများပြုပြင်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ


ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအား နိုင်ငံတကာအဆင့်မီမွမ်းမံပြင်ဆင်မများပြုလုပ်နိုင်ရန် ကုမ္ပဏီများသိုအိတ်ဖွင့် တင်ဒါစနစ်ဖြင့် ခေါ်ယူသွားမည်ဖြစ်ကောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ရုံးက သိရသည်

ကမ္ဘာလှည့်ခရီးသည် ခြောက်သိန်း လာရောက်ရန် ဝန်ကြီးမျှော်မှန်း

ရန်ကုန် (မဇ္ဈိမ) ။        ။ ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လေးသိန်း လာရောက်ခဲ့ပြီး ၂၀၁၂ ခုနှစ်အကုန်တွင်  ခြောက်သိန်းခန့် လာရောက် လည်ပတ်မည် မျှော်မှန်းကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဦးတင့်ဆန်း က ဆိုသည်။

မတရားမှုများကို တင်ပြရဲရမည်ဟု ဥပဒေရေးရာကော်မတီ ပြော

ရန်ကုန် (မဇ္ဈိမ) ။       ။ ဥပဒေစိုးမိုးရန်အတွက် ပြည်သူများ၏ မကျေနပ်ချက်များကို ဥပဒေကြောင်းအရ ရဲတင်းစွာ တင်ပြရန် လိုအပ်နေသည်ဟု  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အမှုကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မတီဝင် ဦးသန်းမောင် က ပြောသည်။

ဂျပန်ကား အစီး ၃,၀၀၀ အောက်တိုဘာ လအတွင်း တင်သွင်းရန်ရှိ

ရန်ကုန် (မဇ္ဈိမ) ။        ။ ကုန်းလမ်း ပို့ဆောင်ရေးနှင့် ဂျပန်ကား ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍ ဂျပန်နိုင်ငံထုတ် ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ် အစီး ၃,၀၀၀ ခန့်ကို ယခုနှစ် အောက်တိုဘာလမှ စတင်၍ တင်သွင်းရန် ရှိသည်ဟု ဂျပန်ကားကုမ္ပဏီ ၏ စီမံခန့်ခွဲမှု ဒါရိုက်တာ (MD) ဦးတင်အောင်မြင့် က ပြောသည်။

ကော့သောင်း ကျောက်မီးသွေးသုံး စက်ရုံ စမ်းသပ်လည်ပတ်ပြီး ရပ်နားထား

စံခလပူရီ (မဇ္ဈိမ) ။        ။ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့ပေါ်ရှိ ကျောက်မီးသွေး လောင်စာသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံကို သြဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များက စတင်စမ်းသပ် လည်ပတ်ခဲ့ပြီးနောက် ပြန်လည် ရပ်နားထားလိုက်ရ
ကြောင်း ဒေသခံများက ပြောသည်။

ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်

ရန်ကုန် (မဇ္ဈိမ)။        ။ အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတား သုံးခုကို တည်ဆောက်နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့် ပြုလိုက်သည်။

တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့်အဖွဲ့ ရခိုင်ပြည်နယ် သွားမည်

ရန်ကုန် (မဇ္ဈိမ) ။         ။ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ၏ ကိုယ်စားလှယ်အဖြစ် တူရကီ နိုင်ငံခြားရေး ဝန်ကြီး အာမတ် ဒါဗူတိုဂလူ Ahmet Davutoglu ဦးဆောင်သည့် အဖွဲ့သည် ကြာသပတေးနေ့တွင် နေပြည်တော်သို့
ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးနောက် သောကြာနေ့တွင် ရခိုင်ပြည်နယ် အခြေအနေအား သွားရောက် လေ့လာကြမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

သတင်းဂျာနယ် သုံးပုံတပုံ စည်းကမ်း ဖောက်ဖျက်နေဟု စိစစ်ရေးဆို

ရန်ကုန် (မဇ္ဈိမ) ။        ။ ပြည်တွင်းတွင် လက်ရှိ ထုတ်ဝေနေသည့် အပတ်စဉ်ထုတ် သတင်းဂျာနယ်များ၏ သုံးပုံတပုံမှာ စည်းမျဉ်း စည်းကမ်းများ ချိုးဖောက်နေကြသည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ဆိုသည်။

 မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်နှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရ ခက်ခဲနေကြောင်း သိရ



မိုးရွာသွန်းမှု များလာသောကြောင့် ချင်းတောင်ပေါ်ရှိ ကားလမ်းများနှင့် ချင်းတောင်ခြေရှိ ကားလမ်းများ သွားလာရခက်ခဲလာသည်ဟု သိရှိရပါသည်။ 

 မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတွင်းကာလ ပုံမှန်ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေကာတာများနှင့် အင်းများကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေ



ပုသိမ်ခရိုင် ဒါးကမြို့အနီးရှိ ရထားလမ်းပေါ်၌ ရေကျော်နေစဉ်
ယခုနှစ်မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေရာ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိရေကြီး မှုဖြစ်စဉ်များတွင်မိုးတွင်းကာလပုံမှန် ရေကြီးခြင်းမဟုတ်ဘဲ ရေကာတာ များ၊ အင်းများနှင့် ဆက်စပ်ဖြစ်ပေါ် သော ရေကြီးရေလျံမှုများ ပါဝင်လာ ကြောင်း သတင်းရရှိပါသည်။

 သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား သြဂုတ်လ ၂၃ ရက်နေ့တွင် စွဲချက် တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးမည်


သြဂုတ်လ ၉ ရက်နေ့ ရုံးချိန်းလာရောက်သူများကို တွေ့ရစဉ်
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား သြဂုတ်လ ၂၃ ရက်နေ့တွင် စွဲချက်တင်သင့်  မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမည်ဖြစ်ကြောင်း ဒဂုံမြို့နယ် တရားရုံး၌ သြဂုတ်လ ၉ ရက် နေ့တွင်ပြုလုပ်သည့် ရုံးချိန်းမှ သိရသည်။ 

 အင်းစိန်မြို့နယ်တွင် ဆီဘောက်စာကား ဘရိတ်ပေါက်ရာမှတစ်ဆင့် ခုံးတံတား ပလပ်ဖောင်းကျော်တက်မှု ဖြစ်ပွား


ဆီဘောက်စာ ကားဘရိတ်ပေါက်ရာမှတစ်ဆင့် အင်းစိန်မြို့နယ်ရှိ ခုံးတံတားပလပ်ဖောင်းအား ကျော်တက်မှုဖြစ်စဉ် သြဂုတ်လ ၇ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်အနီးရှိ မျက်မြင်တွေ့ရှိသူများထံမှ သိရှိရသည်။ အဆိုပါ ဆီဘောက်စာကားမှာ လှိုင်သာယာမြို့နယ်မှ ခရမ်း၊ သုံးခွသို့ ထွက်ခွာလာသော ကုမ္ပဏီပိုင်ယာဉ်ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သိရှိရသည်။

 မူလတန်းမှ တက္ကသိုလ်အထိ ကျောင်းသားများအတွက် အထူးကျောင်းကြိုပို့ယာဉ်များကို ပြည်ပမှ တင်သွင်းပြေးဆွဲရန် GREAT FATHER LAND ဆောက်လုပ်ရေး စီစဉ်



သာကေတမြို့နယ်ရှိ အခြေခံပညာကျောင်းတစ်ခုမှ ကျောင်းသားများအား တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မူလတန်းမှစ၍ တက္ကသိုလ်အထိ ကျောင်းသားများအတွက် အထူးကျောင်းကြိုပို့ယာဉ်(Special School Bus) များကို ပြည်ပနိုင်ငံများမှ တင်သွင်းပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း GREAT FATHER LAND ဆောက်လုပ်ရေးကုမ္ပဏီမှ သိရှိရသည်။

 ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း တင်သွင်း


ပြည်ထောင်စုလွှတ်တော်မှ စစ်ဆေးရန် တာဝန်ပေးပါက အစိုးရအဖွဲ့၏ လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်မှုကို 'စစ်ဆေးကာ တင်ပြရမည့်အချက် ပါဝင်သည့် ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအား ပြင်ဆင်သည့်ဥပဒေကြမ်းကို သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်တိုးက တင်သွင်းခဲ့သည်။

 အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်အဆို အတည်မဖြစ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် Good governance(ကောင်းမွန်သော အုပ်ချုပ်ရေး)၊ Clean government (သန့်ရှင်းသောအစိုးရ)ဖြစ်ပေါ်စေရေးအတွက် ပြည်ထောင် စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန်''အဆိုကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်မဲများသဖြင့် လွှတ်တော်မှ အတည်မပြုကြောင်း သြဂုတ်လ ၈ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

 အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ နိုင်ငံတွင်း ၀င်ရောက်နေခြင်း၊ မသမာသောနည်းဖြင့် နိုင်ငံသား စိစစ်ရေးကတ်များ ကိုင်ဆောင်ခြင်းကို စီမံချက်ချမှတ် အရေးယူရန်အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့


အိမ်နီးချင်းနိုင်ငံများမှ လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊ မသမာသော နည်းလမ်းများဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေး တာဝန်အဖြစ် အထူးစီမံချက်တစ်ရပ် ချ မှတ်ဖော်ထုတ် အရေးယူဆောင်ရွက်ရန်အဆိုအား သြဂုတ်လ ၈ ရက်နေ့က အမျိုးသားလွှတ်တော်၌ မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်။

 မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရှိ စက်ပစ္စည်း/ယန္တရားများအား တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် Capital in kind စနစ်ဖြင့် တင်သွင်းခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ပစ္စည်း/ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

Aleppo မြို့မှာ ဆီးရီးယားအစိုးရ ထိုးစစ်ပြင်ထား

အာလက်ပိုမြို့အစွန်က လေကြောင်းတိုက်ခိုက်မှုခံရပြီး ၆ ဦးသေဆုံး၊ ပျက်စီးသွားသော လူနေအိမ် တစ်လုံး။ဆီးရီးယားနိုင်ငံမြောက်ပိုင်း အာလက်ပိုမြို့ကို အစိုးရစစ်တပ်က သီးခြား ထိုးစစ်နှစ်ခုနဲ့ ဗုဒ္ဓဟူးနေ့က စတင် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ဗုံးကျဲတိုက်ခိုက်ကြပြီး မြေပြင်တပ်တွေက သူပုန်တွေရဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်တင်းမာမှု အမေရိကန် စိုးရိမ်

ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပိတ်ပင်လိုက်တဲ့အပေါ် စိုးရိမ်ပူပင်ကြောင်းနဲ့ အကူအညီတွေ ပြန်ပေးခွင့်ပြုဖို့ အမေရိကန်ပြည်ထောင်စုက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပါတယ်။ မြန်မာနိုင်ငံ တွင်းမှာလည်း ရခိုင်ပြည်နယ်တွင်း အခြေအနေတွေကို ထိန်းထိန်းသိမ်းသိမ်းကိုင်တွယ်ကြပြီး အကြမ်းဖက်မှုတွေမှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်ပြီး တင်ပြပေးထားပါတယ်။

ပိုင်ဆိုင်မှုကြေညာရေးအဆို ပယ်ချခံရ



2012-08-08
အစိုးရ အဖွဲ့ဝင်များရဲ့ ပိုင်ဆိုင်မှုတွေ ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ပြီး ပြည်ထောင်စု လွှတ်တော်ကို တင်ပြရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းတဲ့ အဆိုကို ဒီကနေ့ လွှတ်တော် အစည်းအဝေးက ပယ်ချလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က လွှတ်တော် အစည်းအဝေး ပြုလုပ်နေစဉ်။

သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ



2012-08-09
မြန်မာနိုင်ငံကို ရောက်နေတဲ့ တူရကီ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Ahmet Davutoglu ဟာ သမ္မတ ဦးသိန်းစိန်ကို ဒီကနေ့ မနက်ပိုင်းက နေပြည်တော် သမ္မတ အိမ်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ဆက်ဆံရေး၊ စီးပွားရေးနဲ့ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး ပဋိပက္ခတွေကို အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံ သမ္မတရုံးက သတင်း ထုတ်ပြန်ပါတယ်။
Photo: President office
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်က သမ္မတ ဦးသိန်းစိန် တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr. Ahmet Davutoglu ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံစဉ်။

ကျောက်တော်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်



2012-08-09
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ ရိုဟင်ဂျာတွေအကြား ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ (၇) ဦးအထိရှိခဲ့ပြီး၊ ကျောက်တော်မြို့နယ် တစ်ခုလုံးကို မနေ့က ပုဒ်မ-၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဦးဝင်းမြိုင်က RFA ကိုပြောပါတယ်။

တူရကီ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ထွက်ခွာ



2012-08-08
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို မျက်မြင်ကိုယ်တွေ့ လေ့လာကြည့်ရှုဖို့ တူရကီ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Ahmet Davutoglu ဟာ မြန်မာနိုင်ငံကို ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

စစ်တွေဆိပ်ကမ်း စီမံကိန်း အလုပ်သမား ဆန္ဒပြ



2012-08-08
မြန်မာနဲ့ အိန္ဒိယနိုင်ငံတို့ ဆက်သွယ်မယ့် ကုလားတန် မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းမှာ ပါဝင်တဲ့ စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်းမှာ အလုပ်လုပ်နေကြတဲ့ အလုပ်သမား ၃၀ လောက်က လုပ်ခလစာတွေ တိုးမြှင့်ပေးဖို့နဲ့ တရားမျှတမှုရှိအောင် လုပ်ဆောင်ဖို့ သြဂုတ်လ (၈) ရက်နေ့ မွန်းလွဲ (၁) နာရီခွဲမှာ စစ်တွေဆိပ်ကမ်း လုပ်ငန်းခွင် အဝင်ဝမှာ စာရွက်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်က စစ်တွေဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း အလုပ်သမားများ လုပ်ခလစာတွေ တိုးမြှင့်ပေးရန် ဆန္ဒပြတောင်းဆိုနေစဉ်။