Monday, April 30, 2012

ဒေါ်အောင်ဆန်းစုကြည် ကျမ်းကျိန်မည်



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် က ပြည်သူများ၏ ဆန္ဒနှင့် တိုင်းရင်းသား မဟာမိတ်ပါတီများ၏ မေတ္တာရပ်ခံချက်အား အလေးထားသောအားဖြင့် ကျမ်းကျိန်လွှာကို ပြင်ဆင်ပေးခြင်း မရှိသော်လည်း လွှတ်တော် ကိုယ်စားလှယ် အဖြစ် မေ၂ ရက်နေ့တွင် ကျမ်းကျိန်သွားမည်ဖြစ်ကြောင်း ယနေ့ပြောဆိုလိုက်သည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Reuters)

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်း

ကချင် လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် မြန်မာ အစိုးရတပ်များအကြား စစ်ရေးတင်းမာနေစဉ် အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံဆွေးနွေးရန် KIO ဘက်က ပြန်လည် ကမ်းလှမ်းလိုက်သည်။
ကချင်ပြည်နယ် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူများ (ဓာတ်ပုံ - Jinghpaw Kasa Blog)

ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင်


အန်အယ်ဒီအမတ်များ မေလ(၂)ရက်နေ့ လွှတ်တော် တက်မည်။ ဧပြီ (၃၀) မနက် ရုံးချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်းပြောကြားသည့်--အသံဖိုင် ဖြစ်ပါသည်။

မြန်မာပြည်အနာဂတ်အတွက် ပိတ်ဆို့​မှုများ​ရပ်ရန် ဘန်ကီမွန်း​ ​တောင်း​ဆို

ဘန်ကီမွန်းနှင့် သမ္မတ ဦးသိန်းစိန်
မြန်မာနိုင်ငံမှာ ​ရောက်ရှိ​နေတဲ့​ ကုလသမဂ္ဂအတွင်း​ရေး​မှူး​ချုပ် မစ္စတာ ဘန်ကီမွန်း​ဟာ လတ်တ​လော မြန်မာနိုင်ငံမှာ ​ပေါ်​ပေါက်​နေတဲ့​ ဒီမိုက​ရေစီ​ရေး​ ပြုပြင်​ပြောင်း​လဲမှု​တွေကို ကြိုဆို​ကြောင်း​နဲ့​ စီး​ပွား​ရေး​ပိတ်ဆို့​မှု​တွေ ရပ်ဖို့​ နိုင်ငံတကာကို ​တောင်း​ဆိုလိုက်ပါတယ်။

လွှတ်တော်အစည်းအဝေး မေလ ၂ ရက်နေ့ ကို ရွှေ့ ဆိုင်း

Photo - Google Images
နေပြည်တော် ဧပြီ ၃၀
လာမည့် မေ ၂ ရက်တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်သီးသန့်အစည်းအဝေးများ ကျင်းပကောင်းကျင်းပနိုင်ကြောင်း ယနေ့ကျင်းပနေသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် အခမ်းအနားမှူးက

ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြား

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန် ပြည်ထောင်စုလွှတ်တော်၌ ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိန့်ခွန်းပြောကြားစဉ် (Photo: AFP)

လည်/ဆည် ၀န်ကြီးဦးမြင့်လှိုင် လွှတ်တော်အမတ်များကို တောင်းပန်

ဓါတ်ပုံ - Eleven Media Group
ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် Hot News Journal သို့ ဖြေကြားခဲ့သည့် အင်တာဗျူးပါ အကြောင်းအရာများနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စာလှယ်များအား လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က တရားဝင် တောင်းပန်နေစဉ်။

သမ္မတကြီး၏ လက်ဆောင်အဖြစ် အကျဉ်းခံ မွန်ပြည်သစ်ပါတီဝင် နှစ်ဦးကို မိခင်ပါတီထံ ပြန်လွှဲ

ဧပြီ ၃၀ရက်၊ ၂၀၁၂ ခုနှစ်-ဟံသာ(YPI)

မွန်ပြည်သစ်ပါတီမှ ကျန်ရှိနေသော နိုင်ငံရေး အကျဉ်းသားနှစ်ဦးကို အစိုးရမှ ယနေ့ နံနက်က လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး နေ့လည်ပိုင်းတွင် မွန်ပြည်သစ်ပါတီထံ သို့ ပြန်လည်လွှဲ အပ်ပွဲကို  မော်လမြိုင်မြို့ strand ဟိုတယ် တွင် ကျင်းပခဲ့သည်။

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည့် နိုင်ယက္ခနှင့် နိုင်မျိုးထွေး

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို

မန္တလေး-မြစ်ကြီးနာလမ်း မိုင်းအား KIAဖောက်ခွဲဟု မီးရထားဝန်ကြီး ပြောဆို


မန္တလေး-မြစ်ကြီးနားလမ်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ အဆိုပါ မိုင်းဖောက်ခွဲမှုကို ကေအိုင်အေစစ်တပ်က ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း မီးရထားဝန်ကြီး ဦးအောင်မင်းက ဧပြီ ၂၉ ရက် နေပြည်တော်မီဒီယာများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


လေးဘီလီယံခန့်ကုန်ကျနိုင်သော ပြည်လုံးကျွတ်သန်းခေါင်စာရင်း ၂၀၁၄ ခုနှစ်တွင် ကောက်ခံမည်


GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ


GSM မိုလိုင်းလ်ဖုန်းဘေလ်စနစ်အား ကြိုတင်ငွေဖြည့်ကဒ်စနစ်သို့ပြောင်းလဲအသုံးပြုနေ



ဖုန်းဘေလ်ဆောင်ခြင်းစနစ်ဖြင့်သုံးစွဲရသော GSM မိုလိုင်းလ်ဖုန်းများအား မေလ ၁ ရက်နေ့မှစတင်ကာ Prepaid card (ကြိုတင်ငွေဖြည့်ကဒ်) စနစ်ဖြင့် ပြောင်းလဲအသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။

အာမခံ(၆)မျိုးကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု

အာမခံ(၆)မျိုးကို လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု



အာမခံလုပ်ငန်းလုပ်ကိုင်လိုသည့် လုပ်ငန်းရှင်များသို့ အာမခံလုပ်ငန်းအမျိုးအစား(၆)မျိုးအား လုပ်ပိုင်ခွင့်ပြုးမည်ဖြစ်သည့် အတွက် မေ(၂)ရက်နေ့မှ စတင်လျောက်ထားနိုင်ကြောင်း သိရသည်။
 

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ

ရခိုင်တွင် မြစ်ချောင်းများတိမ်ကောလာသဖြင့် ရေယာဉ်များ ဒီရေအပေါ်မူတည်သွားလာနေရ



ရခိုင်ပြည်နယ်ရှိ မြစ်ချောင်းများမှာ တစ်စထက်တစ်စတိမ်ကောလာသည့်အတွက် ခရီးသွားရေယာဉ်များမှာ သွား ရေးလာရေး အခက်ကြုံနေရကြောင်း သိရသည်။
 

နိုင်ငံရေးပြဿနာ မဖြစ်လို၍ ကျမ်းကျိန်စာသားကို NLD လိုက်လျော ကျိန်ဆိုမည်

ချင်းမိုင်၊ နယူးဒေလီ (မဇ္ဈိမ) ။        ။ လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုချက် စာသား ပြင်ဆင်ပေးရန် တင်ပြထားသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အလျှော့ပေး လိုက်လျော၍ လက်ရှိ အခြေခံဥပဒေပါ အတိုင်း ဆောလျင်စွာ ကျမ်းသစ္စာ ကျိန်ဆိုကြမည် ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်များ လွှတ်တော် တက်မည်

ရန်ကုန်၊ ဧပြီ ၃၀

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး ဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ရွေးကောက်ခံ NLD အမတ်များ လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည် ဖြစ်ကြောင်း ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် NLD ရုံးချုပ်၌ ပြုလုပ်သော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

ဘန်ကောက် ဘီဘီစီရုံးရှေ့တွင် မြန်မာများ ဆန္ဒပြ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ဘီဘီစီ ရုံးရှေ့တွင် မြန်မာနိုင်ငံသား ၅၀၀ နီးပါးခန့်က ဧပြီလ ၂၉ ရက် တနင်္ဂနွေနေ့က သွားရောက် ဆန္ဒပြခဲ့ကြသည်။



ပြည်သူ့များ၏ ဆန္ဒအရ NLD လွှတ်တော်တက်မည်

မေလ ၂ ရက်တွင် NLD လွှတ်တော်တက်မည်

ပြည်သူများနှင့် ဒီမိုကရေစီ ပါတီ များ၏ လိုလားချက် အရ NLD ပါတီ အနေဖြင့် လွှတ်တော်သို့ မေလ ၂ ရက် တွင် ကျမ်းသစ္စာကျိန်ဆိုပြီး တက်ရောက်မည်ဖြစ်ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ ဆက်လက်ဆွေးနွေးမည်

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ ငြိမ်းချမ်းရေး ကိစ္စများအတွက် ဆက်လက်ဆွေးနွေးရာတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ ဆက်လက်ဆွေးနွေးမည်ဟု ထုတ်ပြန်ကြောင်း သိရှိရသည်။

 KIA ဌာနချုပ် အခြေစိုက်ရာ လိုင်ဇာအားသိမ်းရန် အစီအစဉ် လုံးဝမရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ပြောကြား ထားပြီးဖြစ်သည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အတည်ပြုပြောကြား

KIA ဌာနချုပ်အခြေစိုက်ရာ လိုင်ဇာအား သိမ်းရန် အစီအစဉ် လုံးဝ မရှိကြောင်း နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ပြောကြားထားသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဧပြီလ ၂၉ ရက်နေ့က ပြောကြားခဲ့ ပါသည်။

ရန်ကုန်မြို့ လျှပ်စစ်မီးပျက်မှုအား ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်းယာဉ်တင်မီးစက်လေးလုံး ငှားရမ်းထား


ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေမှုများအပေါ် ကုစားရန် အမေရိကန်နိုင်ငံမှ မိုဘိုင်း ယာဉ်တင်မီးစက်ကြီးလေးလုံးအား ငှားရမ်းထားကြောင်း နေပြည်တော်တွင်ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲ၌

ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန်ကျန်ရှိနေသေးသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား မေလ ၁ရက်နေ့တွင် ထပ်မံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း

ကြိုတင်ငွေဖြည့်စနစ်သို့ ပြောင်းလဲရန်ကျန်ရှိနေသေးသည့် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများအား မေလ ၁ ရက်နေ့တွင် ထပ်မံ ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။

ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

ကျမ်းသစ္စာကိစ္စ အမြန်ဆုံးပြေလည်အောင် NLD ဆောင်ရွက်နေ

ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပြည်ထောင်စု လွှတ်တော် တက်ရောက်နိုင်ရေးအတွက် ကျမ်းသစ္စာ ကျိန်ဆိုမယ့်ကိစ္စ အမြန်ဆုံး ပြေလည်အောင် ဆောင်ရွက်နေတယ်လို့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပြောဆိုလိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်က နေပြည်တော် ပြည်သူ့လွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်နေကြစဉ်။

အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်

အာဆီယံနိုင်ငံတွေအတွက် ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မည်

အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေက ခရီးသွားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် လာမယ့် ဇွန်လကစပြီး ဆိုက်ရောက် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီး ဦးခင်ရီက ပြောပါတယ်။
AFP
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အာဆီယံထိပ်သီးညီလာခံ ကျင်းပသည့် အခမ်းအနား စင်မြင့်ထက်မှ ပြန်လည် ထွက်ခွာခဲ့ကြသည့် အာဆီယံ နိုင်ငံ ခေါင်းဆောင်များနှင့်အတူ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်ကို တွေ့မြင်ရစဉ်။ AFP PHOTO / POOL / ENNY NURAHENI

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

အစိုးရ ငြိမ်းချမ်းရေးအဖွဲ့သစ်မှာ ဒု သမ္မတ ဦးဆောင်မည်

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ လက်ရှိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ နှစ်ဖွဲ့ကို

မြ၀တီတဖက်ကမ်း သောင်ရင်းကမ်းစပ်တွင် ညအချိန်၌ မြေထိုး၊ မြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံချဲ့ထွင်မှုများ ရှိခဲ့ကြောင်း သိရ


မြ၀တီမြို့အနီးသောင်ရင်း တစ်ဖက်ကမ်း တပ်မဟာနယ်မြေ ကမ်းစပ်တစ်ခုတွင် နှစ်နိုင်ငံသဘော တူညီချက်အရ ညအချိန်များ၌ မြေထိုးမြေဖို့၊ ကွန်ကရစ်လောင်းပြီး ကမ်းနံရံချဲ့ထွင်မှုများ ရှိခဲ့ကြောင်း သိရှိရသည်။

 အင်းလေးဒေသ ညောင်ရွှေမြို့နယ်ရှိ သာစည်ကန်၊ နဒီကန်များတိုးချဲ့


ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးဒေသ ညောင်ရွှေမြို့၏ မြောက်ဘက် အ၀င်လမ်းဘေးတွင် တည်ရှိသော သာစည်ကန်၊ နဒီကန်များကို စက်ကြီးများဖြင့် တိုးချဲ့တူးဖော်လျက်ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဂျာမန် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံ (ရုပ်/သံ)








ဘမ်ကီမွန်း နေပြည်တော် မသွားခင် ဦးသန့် ဂူဗိမာန်ကို သွားရောက် ဂါရ၀ပြု (ရုပ်/သံ)

တောင်ဆူဒန်ကို ဒေါ်လာသန်း ၈ ထောင် တရုတ်ချေးမည်

အသစ်ထူထောင်လိုက်တဲ့ တောင်ပိုင်းဆူဒန်နိုင်ငံမှာ အဓိကကျတဲ့ အခြေခံ အဆောက်အုံတွေ တည်ဆောက် နိုင်ဖို့အတွက် တရုတ်နိုင်ငံက ချေးငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၈ ထောင် ထုတ်ချေးဖို့ အတည်ပြုလိုက်ပြီ ဖြစ်ကြောင်း တောင်ပိုင်းဆူဒန် ပြန်ကြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။

NLD လွှတ်တော်ကို အမြန်ရောက်ဖို့ အမတ်တွေ ကြိုးပမ်း

မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်စရာရှိတာတွေကို လွှတ်တော်ထဲမှာ အတူလက် တွဲပြင်ဆင်သွားကြဖို့နဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေ လွှတ်တော် အမြန် တက်နိုင်ဖို့အတွက် - ရွေးကောက်ခံ တိုင်းရင်းသားနိုင်ငံရေးပါတီတွေနဲ့ တသီးပုဂ္ဂလ အမတ်တွေကနေ သဘောထား တင်ပြလွှာ တစောင်ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို

မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ

မိုးညှင်းရထားမိုင်းထိ၊ မူဆယ်ဗုံးကွဲ

ဒီကနေ့  မနက် ၁ နာရီ ၁၀ မိနစ်ခန့်က မန္တလေး - မြစ်ကြီးနားသွား အမှတ် ၃၃ အိပ်စင် အဆန်ရထားဟာ မိုးညှင်း မြို့ နယ် မော်ဟန်ကျေးရွာကနေ တစ်မိုင်အကွာမှာ မိုင်းထိပြီး တိမ်းမှောက်သွားတယ်လို့ သိရပါတယ်။
မိုင်တိုင်အမှတ် ၆၁၆/၁၂ ၊ တံတားအမှတ် ၅၃၄ မှာ မိုင်းကွဲရာမှာ တွဲ ၈ တွဲ တိမ်းမှောက် သွားပြီး ၂ ဦး

ပန်ဝါကို အစိုးရတပ်မှ စတင်တိုက်ခိုက်နေပြီဟု KIA ဆို

မြစ်ကြီးနား၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂- (YPI)

အစိုးရစစ်တပ်မှ ရဟတ်ယာဉ်များဖြင့် လူလက်နက် ရိက္ခာ အကူအညီများ ပန်ဝါဘက်သို့ သယ်ပို့လျှက်ရှိပြီး ယမန်နေ့မှစတင်၍ ပန်ဝါဒေသရှိ ကေအိုင်အေ တပ်ဖွဲ့များကို တိုက်ခိုက်လျှက်ရှိသည်ဟု ကေအိုင်အို ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

အင်အယ်လ်ဒီ ပါတီဝင်များကို အုပ်ချူပ်ရေးမှူးက ခွဲခြားဆက်ဆံ

ထားဝယ်၊ ဧပြီ ၂၉ ရက်၊ ၂၀၁၂ ခုနှစ်-(YPI)

ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဝေဒီကျေးရွာတွင် ကြားဖြတ်ရွေးကောက်ပွဲပြီးသည့် နောက်ပိုင်း ကျေးရွာ အုပ်ချူပ်ရေးမှူးက အန်အယ်လ်ဒီပါဝင်များနှင့် ရွေးကောက်ပွဲတွင် ပါတီကို မဲထည့်ခဲ့သူများအား  ခွဲခြားဖိနှိပ်မှူများ ပြုလုပ်လာခဲ့ကြောင်း ခွဲခြားဆက်ဆံခံရသူနှင့် ကျေးရွာသားများက ပြောကြားသည်။


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦး တာဝန်မှ ရပ်စဲခံရ

လျှပ်စစ်မီတာ (ဓါတ်ပုံ-Google Images)
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီတာဖတ်ဝန်ထမ်း ၇၅ ဦးကို ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့က မကြာသေးမီ ရက်ပိုင်းတွင်  တာဝန်မှ ရပ်စဲလိုက်ကြောင်း သိရသည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် သာမန်ပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေး ဆွေးနွေးခဲ့သည်ဟု ဂျာမန်နိုင်ငံခြားရေးဝန်ကြီးပြောကြား


dsgermany
ဂျာမနီနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Guido Westerwelle က ဧပြီလ ၂၉ ရက်နေ့ ညနေပိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်၌ တွေ့ဆုံခဲ့ရာတွင် သာမန်မြန်မာပြည်သူများအတွက် လိုအပ်ချက်များကို ဦးစားပေးဆွေးနွေးခဲ့သည်ဟု ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော

ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ တဖွဲ့တည်း ထားရှိမယ်လို့ ဦးအောင်မင်းပြော
ပြည်ထောင်စု ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးအဖွဲ့ကို တဖွဲ့တည်း ထားရှိဖို့ စီစဉ်နေတယ်လို့ ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းက သတင်းထောက်တွေကို ပြောဆိုပါတယ်။

RFA

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ

ဂျာမန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ
မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ရောက်ရှိလာတဲ့ ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Guido Westerwelle ဟာ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ သွားရောက်တွေ့ဆုံပြီး EU ဥရောပ သမဂ္ဂရဲ့ရပ်တည်ချက်၊ သဘောထားတွေကို ဆွေးနွေးကြောင်း သိရပါတယ်။

AFP

ရန်ကုန်တွင် လတ်တလောဖြစ်ပေါ်နေသော လျှပ်စစ်မီးအခက်အခဲကို အမေရိကန် GE ကုမ္ပဏီက ကူညီမည်

ရန်ကုန်မြို့ တွင် လတ်တလောဖြစ်ပေါ်နေသော  လျှပ်စစ်မီးပြတ်တောက်မှု အခက်အခဲကို
ဖြေရှင်းရန် အမေရိကန် GE ကုမ္ပဏီက ကူညီ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း မြန်မာ့ရင်း
နှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဌ  ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း က ဧပြီ ၂၉ ရက် နေပြည်
တော်တွင် ပြုလုပ်သော တွေ့ဆုံပွဲတွင်ပြောကြားလိုက်သည်။

မန္တလေး၊ နန်းရှေ့မှာ မီးလောင်ကျွမ်းမှုဖြစ်ပွား

(၂၉.၄.၂၀၁၂ ၊ ည)
မန္တလေး၊ နန်းရှေ့၊ အုတ်စက်ရပ်ကွက်၊ အကွက်(၁၃) တွင် မီးလောင်မှုဖြစ်ပွာ။န ၄င်းရပ်ကွက်သည် တဲအိမ်များ၊ ပျင်တောင်အိမ်များနှင့် အိမ်ခြေစိပ်သောရပ်ကွက်ဖြစ်သည်။ အခုချိန်ထိတော့မီးသတ်ကားတွေသွားနေတုန်းပဲ။လက်လုပ်လက်စားများစုနေထိုင်ရာရပ်ကွက်ပါ။ ည ၁၀ နာရီ ၁၅ ခန့်တွင် စတင်လောင်ကျွမ်းရာ ည ၁၁ နာရီခန့်တွင် မီးညွန့်ကျိုးသွားပါသည်။

မန္တလေး မြစ်ကြီးနား (၃၃)အဆန် အိပ်စင်ရထား မိုင်းခွဲ ဖျက်ဆီးခံရ (ဓါတ်ပုံများ)

(၂၉.၄.၂၀၁၂)
(၃၃)အဆန် အိပ်စင်ရထားသည် နန့်စီးအောင်ဘူတာ မှ (၂၉.၄.၂၀၁၂) နံနက် (၀၀း၅၆)နာရီအချိန်
တွင် ထွက်လာပြီး နံနက် (၁း၁၀)နာရီအချိန် ကချင်ပြည်နယ်၊
မိုးညှင်းမြို့နယ်၊ မော်ဟန်ဘူတာနှင့်နန့်စီးအောင် ဘူတာအကြားမိုင်တိုင် ၆၁၆/၁ နှင့် ၆၁၆/၃ အကြား တံတားအမှတ်(၅၃၄) နေရာတွင်မိုင်း (၂)လုံး ဆက်တိုက် ပေါက်ကွဲခဲ့သည်။

Sunday, April 29, 2012

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိ

7301
ဓါတ်ပုံ (Eleven Media Group)

တရားသူကြီးများအပေါ်တွင် ပြည်သူလူထု တိုင်ကြားမှု ၇၇ မှုရှိခဲ့ကာ တိုင်ကြားမှု၏ ၈၀ ရာခိုင်နှုန်းမှာ မှန်ကန် မှုရှိခဲ့ပြီး  အရေးယူမှုလျော့ရဲခြင်းအပေါ် ဝေဖန်မှုများရှိနေ၊ အဂတိလိုက်စားကာ တရားသဖြင့် မစီရင်သော တရားသူကြီးများကို စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခြင်းထက် ပြည်သူ့ရှေ့မှောက်တွင် ဥပဒေအရအပြစ်ပေး အရေးယူခြင်းသည် ဒီမိုကရေစီစနစ်နှင့် ပိုမိုကိုက်ညီမှုရှိမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌပြောကြား

သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေတို့အား ပုဂ္ဂလိကလက်သို့ရောင်းချခြင်း

ကချင်ပြည်နယ် ဖားကန့် မြို့ နယ်၊ ဟောင်ပါးကျေးရွာအုပ်စု၊ ဝှေဆိုင်းရပ်ကွက်(၇)
သုဿာန်မြေနှင့် ရပ်ကွက်ရုံး မြေနေရာကို ဝှေဆိုင်းရပ်ကွက်မှူး ဦးသန်းညွှန့် ၊
ဦးမောင်တာ နှင့် ရပ်ကွက်စာရေး တို့ သုံးဦးမှ ရပ်မိရပ်ဖ များအား အသိမပေးဘဲ
ရောင်းစားထားကြကြောင်းသိရပါသည်။

သံလမ်းမိုင်း(ဗုံး)ကွဲမှုကြောင့် မန္တလေး-မြစ်ကြီးနားရထား တွဲချော်၊ လူရှစ်ဦးသေဆုံး

မန္တလေး-မြစ်ကြီးနားရထား(ဓါတ်ပုံ-Google Images)
မန္တလေးမြို့မှ ယမန်နေ့(၂၈.၄.၁၂) နေ့လည် ၁ နာရီခန့်က မြစ်ကြီးနားသို့ထွက်ခွာသွားသော မန္တလေး-မြစ်ကြီးနား ရထားသည် နန်းကွေ့-ပြည်ထောင် ရထားလမ်းပိုင်းအတွင်း တစ်နေရာတွင် ယနေ့(၂၉.၄.၁၂) နံနက်အစောပိုင်းက သံလမ်း မိုင်း(ဗုံး)ကွဲမှုကြောင့် တွဲချော်ကာ လူရှစ်ဦး သေဆုံးသွားကြောင်း ရထားဝန်ထမ်းတစ်ဦးက CJMyanmar သို့ သတင်းပို့ပါသည်။

ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့ ပြန်လည် ဖွဲ့စည်းမည်


နေပြည်တော် ၊ ဧပြီ ၂၉
 
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်

UN အတွင်းရေးမှူးချူပ် ဘန်ကီမွန်း မြန်မာနိုင်ငံရောက်ရှိလာစဉ် ရိုက်တာသတင်းဌာနမှာ (ရုပ်/သံ)မှာ ကြည့်ရှုနိုင်ပါသည်။

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့်

ဒီမိုကရေစီ အလေ့အကျင့်တွင် အစိုးရအဖွဲ့ ၀င်များ အပြောင်းအလဲ ရှိတတ်သည့် သဘောသဘာဝရှိကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြည်ထောင်စုဝန်ကြီး အပြောင်းအလဲ ရှိသည်ဆိုသော သတင်းများထွက်ပေါ် နေခြင်းမှာ မှန်ကန်ပါသလား ဆိုသော The Voice Weekly ၏ မေးမြန်းချက်အပေါ် ယင်းသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်သည်။

ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက် သုံးဦးက ခရီးသည်တစ်ဦးကို ထိုးနှက်မှုတစ်ခု ဧပြီလ ၂၆ ရက်နေ့က ဖြစ်ပွား

ဓါတ်ပုံ(Google Images)
ပါရမီ အဓိပတိယာဉ်လိုင်းမှ ယာဉ်နောက်လိုက်သုံးဦးက ခရီးသည်တစ်ဦးကို ၀ိုင်းဝန်းထိုးနှက်မှု တစ်ခု ဧပြီလ ၂၆ ရက်နေ့က စမ်းချောင်းမြို့နယ် မဟာမြိုင်မှတ်တိုင်၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအတွင်း ကျေးရွာ ၅၀ ကျော် သောက်သုံးရေ ပြတ်လပ်နေ

ရာသီဥတု ပူပြင်း၍ သောက်ရေကန်များ ခမ်းခြောက်ကုန်သဖြင့် ရန်ကုန်တိုင်း သုံးခွနှင့် ဒလမြို့နယ်ရှိ ရွာပေါင်း ၅၀ ကျော်တွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း သတင်းရရှိသည်။

၂၀၁၀ ပြည့်နှစ် မေလအတွင်းက ပဲခူးမြို့ တနေရာတွင် သောက်သုံးရေအတွက် ရေလှူသည့် ကားတစီးကို ၀ိုင်းအုံနေကြသည့် ဒေသခံများ (ဓာတ်ပုံ - ဧရာဝတီ)

ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာ နေရာများပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ ရှားပါးလာ

73011
ဧရာဝတီမြစ်အတွင်းမှ ငါးဖမ်း လှေငယ်တစ်စင်းကို မြစ်ကြီးနားမြို့အနီးတွင် မြင်တွေ့ရစဉ်
ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာနေရာများ ပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား တစ်ဦးသေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ အလုပ်သမားကိုးဦး ဖမ်းဆီးခံနေရမှုနှင့် မြန်မာအလုပ်သမားနှစ်ဦး ကားပေါ်တွင် သေဆုံးခြင်း ကိစ္စများအတွက် နှစ်ဖက်ညှိနှိုင်းပြီး စုံစမ်းစစ်ဆေး အရေးယူမှုများ ပြုလုပ်ရန်ရှိ

ထိုင်းနိုင်ငံတွင် မြန်မာအမျိုးသမီး အလုပ်သမားတစ်ဦး သေနတ်ဖြင့် အပစ်ခံရပြီး သေဆုံးသည့်ကိစ္စ၊ နှစ်နိုင်ငံ သဘောတူထားသည့် စာချွန်လွှာဖြင့် ၀င်ရောက်လာသည့် မြန်မာအလုပ်သမား ကိုးဦးဖမ်းဆီးခံရမှုနှင့်  မကြာမီက ဖြစ်ပွားခဲ့သည့် မြန်မာ

အမေရိကန်နှင့် ဖိလစ်ပိုင်က တရုတ်နှင့် အငြင်းပွားကျွန်းကို ပြန်သိမ်းသည့်အသွင် စစ်ရေးလေ့ကျင့်


ဧပြီလ ၂၅ ရက်နေ့က ပါလာဝမ်ကျွန်း အူလူဂန်ပင်လယ်အော်ကမ်းခြေသို့ ပြန်လည်စီးနင်းသည့်အသွင် စစ်ရေးလေ့ကျင့်နေသည့် အမေရိကန်နှင့် ဖိလစ်ပိုင်စစ်သားများ
တရုတ်နိုင်ငံက လက်နက်ကိုင် ပဋိပက္ခဆီသို့ ဦးတည်သွားနိုင်သည်ဟု ခြိမ်းခြောက် သတိပေးထားသော်လည်း အမေရိကန်နှင့် ဖိလစ်ပိုင်ကွန်မန်ဒိုများသည် တရုတ်နှင့် အငြင်းပွား သယံဇာတကြွယ်ဝသည့် ရေပိုင်နက်မှ ကျွန်းငယ်ကို ပြန်လည်သိမ်းပိုက်သည့် အသွင်ပုံစံတူ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ဧပြီလ ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အမရပူရမြို့နယ်ရှိ တောင်သမန်အင်း ကန်ပတ်လမ်းကို မြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများ စတင်


မန္တလေးမြို့ အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကန်ပတ်လမ်း အားမြေသားအဆင့်မှ ကတ္တရာလမ်း အဆင့်မြှင့်တင် ခင်းကျင်းခြင်းလုပ်ငန်းများကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီလမ်း၊ တံတားဌာနမှ ဧပြီလ ၅ ရက်နေ့က စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရှိရ သည်။

 ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်


ကျောက်ဆည်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဓာတ်တိုင်တစ်ခု ပြိုလဲနေသည်ကို တွေ့ရစဉ်

ကျောက်ဆည်မြို့နယ်နှင့် စဥ့်ကိုင်မြို့နယ်တို့တွင် ဧပြီလ ၂၇ ရက်နေ့ နေ့လယ်ပိုင်း အချိန်ခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ခေါင်မိုးများ လန်ထွက်ခြင်း၊ သစ်ပင်နှင့် ဓာတ်တိုင်များ ပြိုလဲခြင်းတို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းခများ မေလမှစတင်၍ သုံးဆကျော် တိုးမြှင့်ကောက်ခံမည်


မဟာမုနိ ဘုရားကြီးစောင်းတန်းနှင့် တိုက်တန်းများရှိ ဆိုင်ခန်းငှားရမ်းခ နှုန်းထားများကို လာမည့်မေလမှစတင်၍ သုံးဆကျော်တိုးမြှင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 HOT NEWS ဂျာနယ်ပါ လယ်/ဆည်ဝန်ကြီး ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ တင်ပြ

မတ်လ ၂၃ ရက်နေ့ထုတ် HOT NEWS ဂျာနယ်တွင်ပါဝင်သည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၏ ပြောကြားချက်များအတွက် ပြန်လည်တောင်းပန်ရန် ကိစ္စကို အရှိန်မြှင့် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်အခွင့်အရေး ပူးပေါင်းကော်မတီသို့ ဧပြီလ ၂၃ ရက် နေ့က စာရေးသား တင်ပြခဲ့သည်။

 ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက်ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များကို ဖိတ်ကြား

73013
ကုန်စည်ပြပွဲ ပြုလုပ်မည့် Paris Nord Villepinte Exhibition Centre
ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက် ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် များတက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

 နိုင်ငံ ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကူးစက်ခြင်း မဟုတ်သော ရောဂါများဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဆွေးနွေးပွဲ ရန်ကုန်မြို့၌ ပြုလုပ်

73012
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှ ဒေသတွင်း ဆွေးနွေးပွဲကို တွေ့ရစဉ်
မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ အစိုးရဌာနဆိုင်ရာ အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် စိတ်ကျန်းမာရေးနှင့် အာရုံကြောရောဂါများ အပါအ၀င် ကူးစက်ခြင်း မဟုတ်သည့် ရောဂါများနှင့် သက်ဆိုင်သော ကမ္ဘာ့ကျန်းမာရေးအဖွဲ့

 ရန်ကုန်မြို့တော်အတွင်းရှိ အများသုံး မြေအောက် သန့်စင်ခန်းများ အားလုံးကို ဖျက်သိမ်းသွားမည်


ရန်ကုန်မြို့တော်ရှိ အများသုံးမြေအောက် သန့်စင်ခန်းတစ်ခုအား တွေ့ရစဉ်
ရန်ကုန်မြို့တော်အတွင်းရှိ အများသုံး မြေအောက် သန့်စင်ခန်းများအားလုံးကို ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဌာနမှူး ဦးသန်းလွင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာပမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအား ဇွန်လ၌ အပြီးပြန်လည်ပေးအပ်မည်


ဧပြီလ ၉ ရက်နေ့က လောင်ကျွမ်းခဲ့သော ဟေမ၀န်ဈေးအား ပြန်လည်ပြင်ဆင်မူများ ပြုလုပ်နေသည်ကို တွေ့ရစဉ်
ဧပြီလ ၉ ရက်နေ့က မီးလောင်ကျွမ်းခဲ့သော တောင်ဥက္ကလာမြို့နယ်ရှိ (ဟေမ၀န်ဈေး) အတွင်း ဆိုင်ခန်းများအားလုံးကို ဇွန်လ၌ အပြီး ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း  အဆိုပါဈေးရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။

မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ပြုလုပ်နိုင်သည်ဟု ရုရှားယူဆ

မြောက်ကိုရီးယားနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်းတွင်က မြေအောက် နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်နိုင်သည်ဟု ရုရှားနိုင်ငံက ယူဆထားသဖြင့် အရှေ့ဘက်စွန်းရှိ ၎င်းတပ်ဖွဲ့များပမာဏကို တိုးမြှင့်ထားရှိရန် သတိပေးခဲ့သည်။

ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်)တွင် လူသေမှုတစ်ခုဖြစ်ပွား

လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
လမ်းပေါ်တွင် သေဆုံးနေသူ ဦးကျော်ကျော်
ရန်ကုန်တိုင်းဒေသ ကြီး၊ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း(အထက်) တွင် ဧပြီ ၂၈ နေ့လယ် ၁ နာရီ ၅ဝ ဝန်းကျင်ခန့်က လူ တစ်ဦးလဲကျသေဆုံးနေ ကြောင်း သတင်းရရှိသည်။

ရှားခင်းအင်းရဲကြီးအတွင်း ဒေသခံတွေ ငါးဖမ်းခွင့်မရ

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ရှားခင်းအင်းရဲကြီးအတွင်း ငါးဖမ်းခွင့်ရဖို့ ဒေသခံပြည်သူ (၃၀၀) နီးပါး အင်းနေဘေးမှာ ဧပြီလ (၂၈) ရက်နေ့ မနက်ပိုင်းက စုရုံး ဆွေးနွေးခဲ့တယ်လို့ သိရှိရပါတယ်။


မန္တလေး - မြစ်ကြီးနား ရထား လူအသေအပျောက် ရှိ

မန္တလေး - မြစ်ကြီးနား ရထား (Photo-Google Images)
မန္တလေး - မြစ်ကြီးနား ပြေးဆွဲနေသော လူစီးအိပ်စင် ရထားတစ်စင်း ယမန်နေ့ (ဧပြီ ၂၈) ည ရှစ်နာရီခန့်က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအစပ် မှော်ဟန် - နန့်စီးအောင်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ လူစီးတွဲ ရှစ်တွဲ တိမ်းမှောက်ခဲ့ပြီး လူအသေအပျောက် ရှိကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။
The Voice Weekly

မြေမြှုပ်မိုင်းရှင်းပေးရန် ဒေသခံများက KNPP အားပြောဆို

ဧပြီ ၂၈ ရက်။ ၂၀၁၂ ခုနှစ် -မော်ကယားမြာ (YPI)

ယခုရက်ပိုင်းအတွင်း KNPP နှင့် ကရင်နီ (ကယား) ပြည်နယ် လူထုတွေ့ဆုံပွဲများ ပြုလုပ်လျှက်ရှိရာ  ပြည်နယ်အတွင်းရှိ မြေမြုပ်မိုင်းများ ပြန်လည်ဖော်ထုတ်ရှင်းလင်း ပေးပါရန် KNPP အား ဒေသခံပြည်သူလုထုများက ပြောဆို လိုက်ကြသည်။

မြို့နယ်စည်ပင်မှကျေးရွာအတွက်စက်ရေတွင်းတူးဖော်ပေး ခဲ့သော်လည်း ကျေးရွာနေပြည်သူများ ရေအခက်ကြုံ နေရ

 တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အပူရှိန်လွန်ကဲသောယခုနှစ်နွေရာသီတွင် 
ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာအတွင်း၌ သုံးစွဲနေသည့် ရေကန်ကြီးငယ်များ ခြောက်ခန်းစပြုနေ ပြီဖစ်ကြောင်း သိရပါသည်။

တရုတ်မျက်မမြင်ရှေ့နေ အမေရိကန်က ကာကွယ်စောင့်ရှောက်ထား


图为对华援助组织在其网页上宣布陈光诚获美保护的声明
ဓာတ်ပုံ chinaaid.org
တရုတ်နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မျက်မမြင်ရှေ့နေ ချန်ဂွမ်ချန်(Chen Guangcheng)ဟာ အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်စောင့်ရှောက် မှုအောက်မှာ ရှိနေပြီးတော့၊ ဒီကိစ္စအတွက် တရုတ်နဲ့

နော်ဝေးဗိုလ်ချုပ် ဦးဆောင်တဲ့ ကုလအကဲခတ်အဖွဲ့ ဆီးရီးယားကိုရောက်ရှိ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ကြားဝင်စေ့စပ်ပေးထားတဲ့ ဆီးရီးယားအစိုးရနဲ့ အတိုက်အခံတွေကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်

၈၈ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရှမ်းပြည်တောင်ပိုင်း ငြိမ်းချမ်းရေးခရီး စတင်
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ပေါ်ထွန်းရေး ဦးတည်လှုပ်ရှားမှုအဖြစ် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ ရှမ်းပြည်တောင်ပိုင်း ခရီးစဉ် စတင်ဖို့ ဒီကနေ့ မနက်ပိုင်းမှာ မန္တလေးမြို့ကို ရောက်ရှိလာပါတယ်။

RFA

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား

ထားဝယ်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ဂျပန် စိတ်ဝင်စား
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ငွေကြေး ရင်းနှီးမြှုပ်နှံမှုတွေအပေါ် စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံက ဒီကနေ့ ပြောလိုက်ပါတယ်။

Image: RFA

ခွပ်ဒေါင်းတို့ ပျံလေပြီ


ဦးဖြိုးဇေယျာသော်၊ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်းသိန်းနှင့်ဦးလင်းလင်း တို့လေးဦးကို မင်္ဂလာဒုံလေဆိပ်တွင် တွေ့ရစဉ်
ဒီ/ချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ် သုံးဦးဖြစ်တဲ့ ဒေါ်စန္ဒာမင်း၊ ဦးဖြိုးမင်း သိန်း၊ ဦးဖြိုးဇေယျာသော်