Sunday, April 29, 2012

ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာ နေရာများပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ ရှားပါးလာ

73011
ဧရာဝတီမြစ်အတွင်းမှ ငါးဖမ်း လှေငယ်တစ်စင်းကို မြစ်ကြီးနားမြို့အနီးတွင် မြင်တွေ့ရစဉ်
ရာသီဥတု ပြောင်းလဲလာမှုများကြောင့် ရေလမ်းကြောင်းများ ပြောင်းလဲကာ ငါးများပေါက်ဖွား ကြီးထွားရာနေရာများ ပျောက်ဆုံးပြီး ပြည်တွင်း၌ တိုင်းရင်းငါးမျိုးများ
ရှားပါးလာကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ ပြောကြားချက်အရ သိရှိရသည်။
“ အခုဆိုရင် ရာသီဥတုတွေ ပြောင်းလဲလာတဲ့အတွက် ရေလမ်းကြောင်းတွေလည်း ပြောင်းလဲ လာပါတယ်။ အဲဒီလို ရေလမ်းကြောင်းပြောင်း လဲလာမှုတွေရှိလာတဲ့အတွက် ငါးနေ၊ ငါးထိုင်ကွင်းတွေ ငါးအတက်အဆင်း လမ်းကြောင်းတွေ ပြောင်းလဲလာပြီး ငါးတွေအတွက် ပေါက်ဖွားကြီးထွား ရာဒေသတွေ ပျောက်ဆုံးပြီး အခု ပြည်တွင်းမှာဆိုရင် တိုင်းရင်းငါး မျိုးတွေ ရှားပါးလာပါပြီ” ဟု မြန်မာ နိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါရှားပါးမှုများနှင့် ကြုံတွေ့လာရသော တိုင်းရင်းငါးမျိုးများ ထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အတွက် ဒေသထွက် တိုင်းရင်းငါးမျိုးများကို အင်းများအတွင်း ငါးမျိုးချန်လှပ်ကာ မွေးမြူသားဖောက်သော နည်းလမ်းကို အသုံးပြုပြီး ထုတ်လုပ်မှု မြှင့်တင်နိုင်ကြောင်း သိရှိရသည်။ ထို့အပြင် အင်းများကို ရေစီး၊ ရေလာကောင်းအောင် ပြုပြင် ထိန်းသိမ်းရမည်ဖြစ်ပြီး အင်းသူကြီးများကိုလည်း ၄င်းတို့ဒေသနှင့် လျော်ညီသော လုပ်ထုံးလုပ်နည်းများနှင့် ကြေးတိုင်လုပ်ကိုင်ခွင့်ပေးရန် လိုအပ်ကြောင်းလည်း သိရှိရသည်။ လက်ရှိပြည်တွင်းတွင် လုပ်ကိုင်လျက်ရှိသော စာရင်းဝင်အင်း အရေအတွက်မှာ ၃၇၂၁အင်းရှိကြောင်း လည်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။