Sunday, April 29, 2012

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးဖွင့်လှစ်

မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂအဖွဲ့ရုံးကို ယနေ့ဧပြီလ၂၈ ရက် မွန်းလွဲ ၃နာရီခွဲက ရန်ကုန်တိုင်းဒေ သ ကြီး ဗဟန်းမြို့နယ် အင်းယားမြိုင်လမ်း ခြံအမှတ် ၄၅ မှာဖွင့်လှစ်ခဲ့ကြောင်းသိရသည်။ 
  အဆိုပါရုံးဖွင့်ပွဲကို မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဥရောပသမဂ္ဂနိုင်ငံခြားရေးရာမူဝါဒအကြီးအကဲ မစ္စစ် ကက်သရင်း အက်ရှ်တန်နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးမြင့်ဆွေနှင့်ဇနီးတို့က တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။ ယခုဖွင့်လှစ်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ရုံးနှင့်ပက်သက်၍ လက်ရှိတွင် ဌာနေကိုယ် စားလှယ်အဖြစ်ခန့်အပ်ထားခြင်းမရှိသေးသလိုရုံးအဖွဲ့တာဝန်ခံအနေဖြင့်လည်း ခန့်အပ်ထားခြင်းမရှိသေးကြောင်း သိရသည်။
Popular Myanmar News Journal

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။