Sunday, April 29, 2012

 ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက်ကုန်စည်ပြပွဲသို့ မြန်မာလုပ်ငန်းရှင်များကို ဖိတ်ကြား

73013
ကုန်စည်ပြပွဲ ပြုလုပ်မည့် Paris Nord Villepinte Exhibition Centre
ပြင်သစ်နိုင်ငံတွင် ကျင်းပမည့် တစ်ကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန် ဈေးကွက် ကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ လုပ်ငန်းရှင် များတက်ရောက်နိုင်ရန် ဖိတ်ကြားထားကြောင်း မြန်မာနိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကုန်စည်ပြပွဲသို့ တက်ရောက်နိုင်ရန်အတွက် မြန်မာလုပ်ငန်းရှင်များအပြင် အခြားပြည်ပနိုင်ငံ များမှစားသောက်ကုန်လုပ်ငန်းရှင်များ နှင့်စိတ်ဝင်စားသူလုပ်ငန်းရှင်များကို ဖိတ်ကြားထားကြောင်း သိရသည်။
ကုန်စည်ပြပွဲသို့ တက်ရောက်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အခွင့်အလမ်းများရရှိနိုင်ခြင်း၊ ကုန်ပစ္စည်းသစ်များ ထုတ်လုပ်ရန်အတွက် အကြံဥာဏ်များရယူဖလှယ်နိုင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အတွက် နည်းလမ်းကောင်း များရရှိနိုင်ခြင်း၊ ကုန်စည်ပြပွဲသို့ တက်ရောက်လာကြမည့် နိုင်ငံတကာ မှ စားသောက်ကုန် လုပ်ငန်းရှင်များ နှင့်တွေ့ဆုံ၍ နိုင်ငံတကာမှ ဆောင်ရွက်လျက်ရှိသည့် ဈေးကွက်ဆိုင်ရာ အကြောင်းများ၊ စီမံခန့်ခွဲမှုများ နှင့် ထုတ်လုပ် ဖြန့်ဖြူးခြင်းဆိုင်ရာ နည်းစနစ်များ အကြောင်းကို သိရှိနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ယင်းကုန်စည်ပြပွဲကို နှစ်နှစ်လျှင် တစ်ကြိမ်ကျင်းပလေ့ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် ပြုလုပ်ခဲ့သည့်ပွဲ ၌ နိုင်ငံတကာမှ စားသောက်ကုန် ကျွမ်းကျင်သူနှင့် ဈေးကွက်ဆိုင်ရာ ပညာရှင်ပေါင်းသိန်းနှင့်ချီကာ တက်ရောက်ခဲ့ကြပြီး ပြင်သစ်နိုင်ငံ အပါအ၀င် နိုင်ငံတကာမှ လုပ်ငန်း ရှင်ပေါင်း ၅၀၀၀ ကျော်တက်ရောက် ခဲ့သည်ဟု ကုန်စည်ပြပွဲကျင်းပရေး ဆိုင်ရာတာဝန်ရှိသူများက ဖော်ပြထားသည်။
ကုန်စည်ပြပွဲကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ရှိ Paris Nord Villepinte Exhibition Centre တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။