မန်းမဟာအောင်မြေမြို့နယ်၊ မြတောင်တိုက်အနောက်ဘက်ရှိ မြို့နယ်လျှပ်စစ်ဓာတ်အားပေးရေးရုံးရှေ့တွင် မီးတုတ်မီး၊ ရေအိုးပေါ်တွင်ဖယောင်းတိုင်များဖြင့်မေ၂၂ည၁၀နာရီက လျှပ်စစ်မီး
Wednesday, May 23, 2012
အသက် ၂ဝ အောက် အမျိုးသမီးများ ဆေးသောက်၍ ကိုယ်ဝန်ဖျက်ချမှု များလာ
ရန်ကုန်၊ မေ ၁၉
ဆေးဆိုင်များတွင် အလွယ်တကူ ဆေးဝယ်ခွင့်ရရှိခြင်းကြောင့် အသက် ၂ဝ အောက် အမျိုးသမီးများ ကိုယ့်သဘောနှင့်ကိုယ် ကိုယ်ဝန်ဖျက်ချမှု ပိုမိုများပြားလာေ ကြာင်း သားဖွားနှင့်မီးယပ်ဆရာဝန် ဒေါက်တာမြင့်မြင့်ကြူက ပြောသည်။

မြောင်းတကာ Yangon Crown စက်ရုံလုပ်သားများ လစာတိုးရရေး ရန်ကုန်ကို ချီတက်ပြီး ဆက်လက်တောင်းဆိုမည်
Yangon Crown (သံရည်ကျို သံမဏိ)စက်ရုံမှအလုပ်သမားများအခြခံ လစာတိုးပေးရန်
မရမ်းကုန်းမြို့နယ်ရှိ အလုပ်ရုံနှင့် အလုပ်သမား ဥပဒစေစ်ဆေးရေး
ဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့သို့သွား ရောက်ကာတောင်း ဆိုမှုများ ဆက်လက်
လုပ်ဆောင် မည်ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများ သည်မေ၂ဝရက်မှစတင်ကာအလုပ်ရှင်ထံ အချက်၁၃ချက်ကို
တောင်းဆိုကာစက်ရုံဝန်းအပြင် တွင်ထိုင် သပိတ်ဖြင့် တောင်းဆိုမှု များရာ
အလုပ်ရှင်ဘက်မှ အရေးကြီးသော အခြခံ လစာနည်းပါးခြင်း ကိုညှိနှိုင်း ရန်၊အ
ချိန်ပိုလုပ်အားခ ထိုက်တန်စွာ ရရှိရန်နှင့် အောက်ခြေအလုပ်သမားများ
ကိုပါဆုကြေး တိုးပေးရန်အချက်များ ကိုလိုက် လျောခြင်း
မရှိသည့်အတွက်ရန်ကုန်သို့ချီ တက်ရန်ဆုံး ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
ဓနုဖြူမြို့နယ် အလယ်မျိုးကျေးရွာသားများ ဆန္ဒ(၃)ချက်အား တောင်းဆို
ဧရာဝတီတိုင်း ဓနုဖြူမြို့နယ် အတွင်းရှိ အလယ်မျိုးကျေးရွာအုပ်စု
အလယ်မျိုးချောင်းမကြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ
(၁၅ဝ)ခန့်သည် မေလ(၂၂)ရက်နေ့ နေ့လည်(၁)နာရီခန့်က ဓနုဖြူမြို့နယ်
တရားရုံးရှေ့ လမ်းမပေါ်တွင် ငြိမ်းအေးစွာ ဆန္ဒပြတာင်းဆိုမှု ပြုလုပ်ခဲ့ပြီး
နေ့လည်(၃)နာရီခန့်တွင် သက်ဆိုင်ရာမှ အကြောင်းပြန်ကြားမှု မရှိခဲ့၍
မြို့နယ်တရားရုံးမှ မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ရုံးရှေ့သို့
စီတန်းလမ်းလျှောက်ကာ သွားရောက်ဆန္ဒပြတာင်းဆိုခဲ့ကြောင်း သိရသည်။
HIV ကာကွယ်ဆေး တွေ့ ပြီ
Truvada ဟု အမည်ပေးထားသည့် ဆေးဝါးကို အမေရိကန်နိုင်ငံ၏ ဆေးဝါးနှင့်
အစားအသောက် စီမံခန့်ခွဲမှု ဘုတ်အဖွဲ့ (FDA) မှ အသိအမှတ် ပြုပေးရန်
ကျန်းမာရေးနှင့်ဆေးဝါး ဆိုင်ရာ ကျွမ်းကျင်သူ အုပ်စုတစ်စုက တင်ပြခဲ့ကြသည်။
အခြားတစ်ဖက်တွင်လည်း HIV/AIDS ဖြစ်နေသူများကို ကူညီစောင့်ရှောက်မှု
ပေးနေသော နယ်ပယ်ထဲမှ အဖွဲ့အစည်း အချို့မှလည်း ၄င်းဆေးကို ကာကွယ်ဆေး အဖြစ်
အသိအမှတ် မပြုသင့်ကြောင်း ကန့်ကွက်လျက် ရှိနေကြသည်။
ပေးစရာမရှိလို့ကို မပေးတာပါ၊ မီး ရချင်ရင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းပါ
ရန်ကုန်- မေ ၂၂
လက်ရှိလျှပ်စစ်မီး ခွဲဝေ ဖြန့်ဖြူးပေးနေမှုအား ၄င်းတို့၏ ရှင်းပြပြောဆိုချက်အပေါ် ကျေနပ်မှု မရှိပါက ပြည်သူကပေးသော ပြစ်ဒဏ်ခံယူသွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောသည်။
တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးရရှိချိန် အလွန်နည်းပါးနေရာ ယခုရက်ပိုင်းအတွင်း ဒေသအချို့တွင် မီးရရှိရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအချို့ရှိနေရာ မေ ၁၉ ရက်က ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေးအဖွဲ့က မီဒီယာများအား ဖိတ်ကြားကာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်
သို့
ပြည်ထောင်စုဝန်ကြီး
ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
နေပြည်တော်
နေ့စွဲ - ၂၂.၅.၂၀၁၂
အကြောင်းအရာ။ ။ အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်
အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

မုံရွာမြို့မှာ လျှပ်စစ်မီးရရှိရေးအတွက် ဘာကြောင့် ဆန္ဒပြရတာလဲ
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ မြို့တော်ဖြစ်တဲ့ မုံရွာမြို့မှာ မေလ ၂၁ရက်နေ့က
စတင်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေးဆန္ဒပြမှုဟာ မနေ့က မေလ၂၂ရက်နေ့မှာလဲ
ဆက်လက်ဖြစ်ပွားခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါပေမယ့်
လျှပ်စစ်မီးရရှိရေးအတွက် ဆန္ဒပြရတယ်လို့ပဲသိထားပြီး တကယ့်
အစစ်အမှန်အရင်းအမြစ်ကို ဖော်ပြနိုင်ခြင်းမရှိတဲ့အတွက် မသိကြရပါဘူး။
ဒါကြောင့် မနေ့က မေလ၂၂ရက်နေ့ ည ၉နာရီခန့်မှာ စတင်လှည့်လည်ဆန္ဒပြခဲ့တဲ့
ဆန္ဒပြသူများထဲက ဦးဆောင်လှုပ်ရှားသူများကို မေးမြန်းကြည့်ခဲ့ပါတယ်။
တောက်ထန်ကျေးရွာအတွင်းရှိ အိမ်ခြံဝိုင်းများကို ဖယ်ရှားထွက်ခွာရန် အသိပေးအကြောင်းကြား

ပြီးခဲ့သည့် မတ်လ (၂၇)ရက် နေ့မှစတင်၍နေပြည်တော်ကောင် စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်ပြန်က ပြေးကျေးရွာအုပ်စု၊ တောက်ထိန် ကျေးရွာအတွင်းရှိ သားစဉ်မြေးဆက် အစဉ်အဆက်နေထိုင်ခဲ့သော ကျေးရွာသူ/သားများ၏ နေအိမ် ခြံဝိုင်းများကို ကျူးကျော်ဆောက် လုပ်ထားသောနေအိမ်များအဖြစ် သက်မှတ်ပြီးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဌာနကဖယ်ရှားခိုင်း ကြောင်း သိရှိရပါသည်။
သုံးပွင့်ဆိုင် စာချုပ်ကို တရားမဝင်ဟု ဆို၍ ဆံပင်တု စက်ရုံအလုပ်သမားများ ထပ်မံအရေးဆို
![]() |
High-Art စက်ရုံမှ အလုပ်သမားခေါင်းဆောင် မမြနှင်းရီမှထပ်မံဆန္ဒပြရခြင်းအား စာနယ်ဇင်း သမားများကို ရှင်းလင်းနေပုံ |
အခြေခံ လုပ်သားများ၏ လုပ်ခလစာတိုးမြှင့်တောင်းဆိုမှုကို ကုမ္ပဏီ အနေဖြင့်လိုက်လျော ပေးမည်မဟုတ်ဟု မှော်ဘီမြို့၊ ရန်ကုန်၊ မေ ၂၂
High-Art (Hi Mo) ဆံပင်တုစက်ရုံတွင် အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်ရှင်နှင့် အလုပ်သမား သုံးပွင့်ဆိုင်သဘောတူ ထားသော စာချုပ်ကို အလုပ်ရှင်မှ တရားမဝင် ဟုဆို၍ အလုပ်သမားများထပ်မံ ဆန္ဒဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။
Taxi ယာဉ်များ အစီးရေ ၁၅၀ စတင် တင်သွင်း
သက်ဆိုင်ရာ
တိုင်းဒေသကြီး အစိုးရ အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ တင်သွင်း ခွင့်ပြု
လျက်ရှိတဲ့ Taxi ယာဉ်တင်သွင်းမှုမှာ မေလ(၁၈)ရက်နေ့အထိ ယာဉ်အစီးရေ ၁၅၀စီး
တင်သွင်းပြီး ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒီလို တင်သွင်းမှုမှာ Brand New Sonata ယာဉ်အစီး ၅၀ ကို Firsheries and Marine Pdt 2000 Ltd က တင်သွင်းတာ ဖြစ်ပါတယ်။

လှိုင်သာယာမှ ဆန္ဒပြလုပ်သားများအား အကြမ်းမဖက်ရန် မင်းကိုနိုင်မှာကြား
ပြည်မြို့မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြ
ပြည်မြို့မှာလည်း လျှပ်စစ်မီးရရှိရေး ဆန္ဒပြ
2012-05-22
ပဲခူးတိုင်း ပြည်မြို့ မှာ မနေ့ ည ရှစ်နာရီခွဲခန့် က ပြည်သူလူထု ၁၀၀ ခန့် က လျှပ်စစ်မီးရရှိရေးအတွက် ဖယောင်းတိုင်များ ထွန်းညှိကာ ချီတက် ဆန္ဒပြကြတယ်လို့ သိရပါတယ်။
(Photo: AFP)
လျှပ်စစ်မီးများ ထိန်ညီးနေသော နေပြည်တော်မြို့သစ်ကို ၂၀၀၈ မတ်လ ၂၇ ရက်နေ့က
တွေ့မြင်ရပုံ ဖြစ်ပါသည်။ ရန်ကုန်မြို့ကြီးနှင့်တကွ အခြားမြို့ရွာများတွင်
လျှပ်စစ်မီးပုံမှန် မရရှိပါ။ (Photo: AFP)
ထုတ်/တင်စနစ်တွင် ရသစာရေးဆရာများ၏ စာပေဖန်တီးမှုစွမ်းအားမြင့်မားလာနိုင်
ဝတ္ထုများအား
ထုတ်/တင်စနစ်သို့ဖြေလျော့ပြောင်းလဲလိုက်ရာတွင်
ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော စာပေဖန်တီးမှုစွမ်းအားများ
ပိုမိုထွက်ပေါ်လာနိုင်ကြောင်း ရသစာရေးဆရာများထံက ပြောကြားသည်။
“အခုစဖွင့်စမှာတော့
ပိတ်ဆို့နေတဲ့မြောင်းကြီးဖွင့်လိုက်သလို အမှိုက်သရိုက်စာပေတွေလည်း
ပါလာနိုင်တယ်။ တဖြည်းဖြည်းနဲ့သန့်စင်သွားမှာပါ။ အဲဒီအခါ
ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်တဲ့ စာပေဖန်တီးနိုင်စွမ်းတွေ ပိုထွက်
လာနိုင်ပါတယ်။” ဟု ဆရာနွမ်ဂျာသိုင်းကပြောသည်။
တိုယိုတာကား အစိတ်အပိုင်းစက်ရုံ မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စဉ်းစားပြီ
![]() |
တိုယိုတာ ဘိုရှိုကူ (Toyota Boshoku) ၏ ကားအစိတ်အပိုင်း မြင်ကွင်းပြပုံ |
ဒဂုံမြောက်တွင် တန်ဖိုး နည်းအိမ်ရာလာမည်
ဒဂုံမြောက်မြို့နယ်တွင် တန်ဖိုး နည်းအိမ်ရာများ တည်ဆောက်မည့် စီမံကိန်းကို
မြို့တော်စည်ပင်က ပထမဆုံးအကြိမ် စတင်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်
ကြောင်း ရန်ကုန်မြို့ တော်စည်ပင် သာယာရေး ကော်မတီ အတွင်းရေးမှူး
ဦးကျော်စိုး ကထုတ်ဖော် ပြောကြား သည်။
မှားယွင်းဖမ်းဆီးထားသော ဆက်သွယ်ရေးဝန်ထမ်းအား ပြန်လွှတ်ပေးစေလို
ဟင်္သာတမြို့မှာ ၆-၃-၂၀၁၂ ရက်နေ့က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာဗုံးကွဲမှုနှင့်
ဟင်္သာတဆက်သွယ်ရေးရုံး အတွင်း ဗုံးတွေ့ရှိမှုတို့ကြောင့် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်း၊ အော်တိုရေဒီယိုတယ်လီဖုန်းဌာန၊ ဟင်္သာတမြို့ မှ ၀န်ထမ်းတစ်ဦးအား
မသင်္ကာမှုနှင့် ဖမ်းဆီးခဲ့ပါသည်။ ၄င်းဝန်ထမ်း၏ ဇနီးသည် (အိတ်ချိန်းဝန်ထမ်း)
ကိုလည်း ရဲစခန်းတွင် (၃)ညအိပ် (၄)ရက် ခေါ်ထားသေးပါတယ်။ မသိနားမလည်
သေးသော သမီးငယ်(၂)ယောက်ကိုလည်း ည (၁၁) နာရီလောက် ၄င်းဝန်ထမ်း
ဖမ်းဆီးထားသော ဆည်မြောင်းရိပ်သာသို့ ခေါ်ဆောင်လာပြီး ကြည့်ခိုင်းခဲ့ပါတယ်။
ဒီလောက်ရက်စက်ယုတ်မှာတဲ့ ရဲများ ကို တစ်မြို့လုံးက အံ့သြလို့ မဆုံးဖြစ်ခဲ့ရပါတယ်။
ယခုအခါ ဗုံးခွဲခဲ့သော တရားခံအား ဖမ်းဆီးနိုင်ခဲ့ပြီလို့ နိုင်ငံပိုင် သတင်းစာများတွင်

လျှပ်စစ်မီးရရှိရေးအတွက် ရန်ကုန်လူထု ပထမနေ့အဖြစ် ဆန္ဒပြ
ရန်ကုန်မြို့တော် လျှပ်စစ်မီးအပြည့်အ၀ရရှိရေးအတွက် ပြည်သူများမှ
ဖယောင်းတိုင်ကိုယ်စီကိုင်ကာ လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်တောင်းဆိုမှုတစ်ရပ်ကို
မေလ ၂၂ ရက် ည ၇ နာရီမှ စတင်ကာ ၉ နာရီခန့်အထိ လူပေါင်း ၂၀၀ ကျော်ခန့်
ဆူးလေဘုရားတ၀ိုက်လှည့်လည်ပြုလုပ်ခဲ့ကြသည်။
မုံရွာလျှပ်စစ်မီးရရှိရေး ဒုတိယနေ့ ဖယောင်းတိုင်မီးထွန်း ဆန္ဒပြ

မြန်မာအလုပ်သမားသမဂ္ဂ ဘုရားသုံးဆူတွင် ဖွဲ့စည်း
စံခလပူရီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ
အခွင့်အရေး ရရှိရေး စသည့် ရည်ရွယ်ချက် များဖြင့် ထိုင်း-မြန်မာ နယ်စပ်
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့တွင် အင်္ဂါနေ့က
အထည်အလိပ်နှင့် သားရေအလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီး၊ ယခုလအတွင်း
မှတ်ပုံတင်သွားမည် ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဋ္ဌ ထံမှ သိရသည်။
“နတ်ကာ ရေလှောင်တမံ ” စီမံကိန်းမှ ဒေသခံတောင်သူများ၏ လယ်မြေများကို အတင်းအဓ္ဓမတူးယူနေ
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ယင်းတော်ကန် အနီး ဒဟတ်ကုန်း
ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။

ရန်ကုန် မြို့ တော်ခန်းမရှေ့ တွင် လုံခြုံရေးအဖွဲ့ များ နေရာယူထား
ရန်ကုန်မြို့ တော်ခန်းမရှေ့ တွင် နေရာယူထားသော လုံခြုံရေးအဖွဲ့ များ (ဓါတ်ပုံ-7Day News Journal)![]() |
မန္တလေးတွင် ဆန္ဒဆက်ပြပါက ဖမ်းဆီးအရေးယူတော့မည်
![]() |
လျှပ်စစ်မီးရရှိရေးဆန္ဒပြကြတဲ့ မန္တလေးပြည်သူများ(ဓါတ်ပုံ-အောင်ရှင် - ဖေ့စ်ဘုတ်) |
လျှပ်စစ်မီးများ မကြာခဏပြတ်တောက်သဖြင့် မြို့သူ၊ မြို့သားများ နှစ်ရက်ဆက်တိုက် ငြိမ်းချမ်းစွာ ဆန္ဒပြလျက်ရှိသော မန္တလေးမြို့တော်တွင် မေလ ၂၂ ရက်(ယနေ့)တွင် ဆန္ဒဆက်ပြပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်တင်မိုးက The Voice Weekly သို့ ပြောကြားသည်။
ဆန္ဒပြနေတဲ့ သံမဏိစက်ရုံ အလုပ်သမားတွေကို ရွှေည၀ါဆရာတော် သွားရောက်အားပေး
ရန်ကုန်တိုင်း မှော်ဘီ၊ မြောင်းတကာ
စက်မှုဇုံ၊ Crown Steel Industry စက်ရုံ အလုပ်သမားများ ဆန္ဒပြမှုကို ရွှေည၀ါ
ဆရာတော်က ကြားဝင် စေ့စပ်ညှိနှိုင်းရန် အလုပ်ရှင်နှင့်
တွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့ရာ အလုပ်ရှင်ဘက်မှ
ငြင်းဆိုလိုက်ကြောင်းသိရပါတယ်။
![]() |
YANGON CROWN စက်ရှုံဆန္ဒပြအလုပ်သမားများအ |
သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြန်လည်စတင် နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment (CPI)က တွန်းအားပေး
သမ္မတအမိန့်ဖြင့် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်ရှိ မြစ်ဆုံရေအားလျှပ်စစ်
စီမံကိန်းကို ပြန်လည်စတင် နိုင်ရန် တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှု
ကော်ပိုရေးရှင်း China Power Investment (CPI)က တွန်းအားပေး
ကြိုးပမ်းနေကြောင်း ကချင်လူမှုဖွံ့ဖြိုးရေးကွန် ရက်(KDNG) က
ပြောဆိုလိုက်သည်။
တက္ကစီနှင့် ဘတ်စ်ကားများ တင်သွင်းခွင့်ပြုလိုက်ပြီ
အငှားယာဉ်နှင့် ဘတ်စ်ကားများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်
အစိုးရ၏ ထောက်ခံချက်များအပေါ် မူတည်၍ ကုမ္ပဏီ များအား
တင်သွင်းခွင့်ပေးလျက်ရှိရာ မြန်မာ့ စီးပွားရေး ဦးပိုင် လီမီတက်မှ
အငှားယာဉ် အစီး ၁၀၀ တင်သွင်းခွင့်ရရှိကြောင်း စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ပြောသည်။

လျှပ်စစ်မီး ပုံမှန်ရရှိရေး ရန်ကုန်မှာ ဆန္ဒပြမည်
လျှပ်စစ်မီး ပုံမှန်ရရှိရေး ရန်ကုန်မှာ ဆန္ဒပြမည်
ရန်ကုန်မြို့ ဆူးလေဘုရားရှေ့တွင် လျှပ်စစ်မီးပုံမှန်ရရှိရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြရန် စီစဉ်နေကြောင်း သိရသည်။ ဒေသခံ ပြည် သူများ အပါအ၀င် အလုပ်သမားအဖွဲ့ ၊ ကျောင်းသား အဖွဲ့၊ လယ်သမားအဖွဲ့များနှင့် နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက် နေ သည့် အဖွဲ့များ က ဖယောင်းတိုင်များထွန်း၍ အသံတိတ် ဆန္ဒပြမည် ဖြစ်ကြောင်း၊ ထို့နောက် ဆူးလေဘုရားပေါ်သို့ တက်ရောက်ဆု တောင်းမှု ပြုလုပ်မည် ဖြစ်ကြောင်း YPI သတင်းဌာန ဖေ့စ်ဘုတ် စာမျက်နှာ၌ ဖော်ပြထားသည်။“စိတ်နဲ့ ကိုယ့်တိုင်းပြည်ကို ချစ်နေရတာကိုက ကုသိုလ်ရတယ်”
နိုင်ငံကျော် အနုပညာရှင် (ဒေါ်) မာမာအေးဟာ ၁၉၉၈ ခုနှစ်က
နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ
ရောက်နေကြတဲ့ မြန်မာစစ်အစိုးရ အတိုက်အခံ အင်အားစုတွေရဲ့ ဖျော်ဖြေပွဲမှာ
ပါဝင်ခဲ့ပြီး နောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။
အခုတော့ (ဒေါ်) မာမာအေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ပြန်
ခွင့်ပြုမိန့်ကြောင့် မြန်မာပြည်ကို ပြန်လာနိုင်တော့မှာပါ။ ဒါကြောင့်
နိုင်ငံကျော် အဆိုတော် မာမာအေးရဲ့ ၁၄ နှစ်တာ ကာလအတွင်း ပထမဆုံး မြန်မာပြည်
ခရီးစဉ်မှာ ဘာတွေရည်ရွယ်ထားတယ်၊ ဘယ်လို အစီအစဉ်တွေ ရှိတယ် ဆိုတာ သိရဖို့
ဧရာဝတီ သတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
တရုပ်လုပ် ပစ္စည်းအတုတွေ အမေရိကန် စစ်တပ်သုံး

အမေရိကန်စစ်လက်နက် ပစ္စည်းတွေမှာ တရုတ်နိုင်ငံလုပ် လျှပ်စစ်ပစ္စည်း
အစိတ်အပိုင်း အတုတွေကို သုံးနေတာ တွေ့ရတယ်လို့ အမေရိကန် အထက်လွှတ်တော်
စုံစမ်းစစ်ဆေးရေး အဖွဲ့က ပြောပါတယ်။ ဒါဟာ အမေရိကန်တပ်တွေရဲ့
လုံခြုံစိတ်ချရမှု အတွက်ရော နိုင်ငံတော် လုံခြုံရေး အတွက်ပါ အန္တရာယ်
ရှိနေတယ်လို့ဆိုပါတယ်။
ဖြိုးဝေအောင် ကျန်းမာရေး ကင်တားနား အနီးကပ်စောင့်ကြည့်
၂၀၁၀ ခုနှစ် ရန်ကုန်သင်္ကြန်မဏ္ဍပ် ဗုံးခွဲမှုနဲ့ စွပ်စွဲခံရပြီး
မကြာသေးခင်ကပဲ သေဒဏ် ချမှတ်ခံလိုက်ရတဲ့ ကိုဖြိုးဝေအောင်ရဲ့ ကျန်းမာရေး
အခြေအနေနဲ့ ပတ်သက်ပြီး အထူး စိုးရိမ်တဲ့အကြောင်းနဲ့ ဒါနဲ့ပတ်သက်လို့
မြန်မာအစိုးရထံ မေးမြန်း ဆွေးနွေးထားတဲ့အကြောင်း ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်စ်အိုဟေး
ကင်တားနားက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံကို
တင်ပြထားပါတယ်။
အာဖဂန်လမ်းပြမြေပုံ NATO ချမှတ်
အမေရိကန်ပြည်ထောင်စု ရှီကာဂိုမှာ ကျင်းပပြုလုပ်နေတဲ့ မြောက်အတ္တလန်တိတ်
စစ်စာချုပ်အဖွဲ့ နေတိုး ထိပ်သီးဆွေးနွေးပွဲမှာ အာဖဂန် နစ္စတန်က
နေတိုးအခန်းကဏ္ဍနဲ့ပတ်သက်လို့ ရှင်းလင်းတဲ့ လမ်းပြမြေပုံ တခု ထွက်လာဖို့
နီးစပ်လာပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက ပြောလိုက်ပါတယ်။
ရန်ကုန် အလုပ်သမား ဆန္ဒပြမှု ပိုမို ကျယ်ပြန့်
လှိုင်သာယာစက်မှုဇုံ ၄ မှာရှိတဲ့ စက်ရုံ အနည်းဆုံး၎ ရုံက အလုပ်သမား ၅,၀၀၀
လောက်ဟာ ဒီကနေ့မှာ ဆက် ဆန္ဒပြနေကြဆဲပါ။ ဒါ့အပြင် နောက်ထပ် စက်ရုံတခုက
အလုပ်သမားတွေဟာလည်း ဒီကနေ့ မှာလည်း ဆန္ဒပြကြပြန်ပါတယ်။ အလုပ်ရှင်တွေဘက်ကလည်း
အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေ ကို မလိုက်လျောသေးဘဲ တင်းခံထားဆဲပါ။
အလုပ်သမား တွေဘက်ကလည်း အခုချိန်ထိတော့ လက်လျှော့ မယ့်ပုံမရှိတဲ့အပြင်
ပြီးခဲ့တဲ့ရက်ပိုင်းတွေက အော်ဟစ် ကြွေးကျော်တာမရှိဘဲ တိတ်တိတ်ဆိတ်ဆိတ်ပဲ
ဆန္ဒပြခဲ့ကြရာက ဒီကနေ့မှာတော့ အော်ဟစ် တောင်းဆိုတဲ့အခြေအနေထိ ရှိခဲ့ပါတယ်။
ဒီအခြေအနေ တွေကို ဘန်ကောက်ကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက
သတင်းပေးပို့ထားပါတယ်။
+++++
+++++
ရွေးကောက်ပွဲကာလ NLD လုပ်ရပ် ပါတီတချို့ ဝေဖန်

ဓာတ်ပုံ Reuters
ပြီးခဲ့တဲ့ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်လွန်းပြီး
မျှတမှုမရှိဘူးလို့ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌ က
ပြောကြားလိုက်ပါတယ်၊ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတဲ့
နိုင်ငံရေး ပါတီ တချို့ NLD ပါတီရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်တဲ့
တိုင်တန်းချက်တွေကို အခြေပြုပြီး ပြောသွား တာ ဖြစ်ပါတယ်၊ ဒီကိစ္စ နဲ့
ပတ်သက်တဲ့ အချက်အလက်တွေ နဲ့ NLD ပါတီရဲ့ တုံ့ပြန်ချက်တွေကိုတော့
မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ဒေါ်အောင်ဆန်းစုကြည် ILO ညီလာခံမှာ စကားပြောမည်
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့်
မိန့်ခွန်းကို ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ ပြောကြားမှာ
ဖြစ်ပါတယ်။

ဓာတ်ပုံ dapd
ကုလသမဂ္ဂ ILO ရုံး အကြီးအကဲ Juan Somavia က ဒေါ်အောင်ဆန်းစုကြည်ဟာ
သူ့ရဲ့ ပထမဆုံး မြန်မာနိုင်ငံ ပြင်ပမှာ ဟောကြားမယ့် မိန့်ခွန်းကို
ဂျနီဗာက ILO ညီလာခံမှာ ဇွန်လ ၁၄ ရက်နေ့ကျရင် ပြောကြားမှာဖြစ်ကြောင်း
အင်္ဂါနေ့မှာ ထုတ်ဖေါ်ပြောဆို လိုက်တာပါ။
လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ
လျှပ်စစ်မီး အချိန်ပြည့်ရရှိရေး ဆန္ဒထုတ်ဖော်ပွဲများ ပျံ့နှံ့လာ
2012-05-22
လျှပ်စစ်မီး (၂၄) နာရီ ရရှိရေးအတွက် ဒီကနေ့ ရန်ကုန်နဲ့ ပဲခူးမြို့တွေမှာလည်း ဆန္ဒထုတ်ဖော်ဖို့ ပြင်ဆင်နေကြပါတယ်။ ရန်ကုန်မြို့က ဆန္ဒထုတ်ဖော်ပွဲကို နိုင်ငံရေးအကျဉ်းသား မိသားစုတွေ၊ ကွန်ယက်အဖွဲ့ဝင်တွေ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ အဖွဲ့ဝင်တွေ ပါဝင်မှာဖြစ်သလို အဖွဲ့အစည်းဝင် မဟုတ်သူတွေလည်း ပါဝင်ဖွယ်ရှိတယ်လို့ ဆော်သြသူတွေက ပြောပါတယ်။
AFP
ရန်ကုန်မြို့တွင် လျှပ်စစ် ဂျင်နရေတာကို
စက်နှိုးနေသော ကလေးတဦး ဖြစ်ပါသည်။ မြန်မာ တပြည်လုံး
၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း
၂၄ နာရီ မီးလင်းရေး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေ ခေါ်ယူမေးမြန်း
2012-05-22
မန္တလေးမြို့ ၂၄ နာရီ မီးလင်းရေးအတွက် မေလ (၂၀) ရက်နေ့ကစတင်ပြီး နှစ်ရက်ဆက်တိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူတချို့ကို အာဏာပိုင်တွေက ဒီကနေ့ မနက်အစောကြီးကတည်းက စတင် ခေါ်ယူမေးမြန်းနေတယ်လို့ သိရပါတယ်။
RFA
မန္တလေးမြို့ ၂၄ နာရီမီးလင်းရေးအတွက် ဖယောင်းတိုင်မီး ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာဆန္ဒပြသူ တချို့ကို မေလ(၂၀)ရက်နေ့က တွေ့ရစဉ်။
ပိတ်ပင်မှုဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်အမတ် ဆောင်ရွက်
ပိတ်ပင်မှုဥပဒေ သက်တမ်းတိုးဖို့ အမေရိကန်အမတ် ဆောင်ရွက်
2012-05-21
အမေရိကန် အောက်လွှတ်တော်အမတ် Joseph Crowley က မြန်မာစစ်အစိုးရအပေါ် ပြဋ္ဌာန်းထားတဲ့ စီးပွားရေး ပိတ်ပင်မှုဥပဒေကို ထပ်မံသက်တမ်းတိုးဖို့ တနင်္လာနေ့မှာ အဆိုပြုလိုက်ပါတယ်။
Subscribe to:
Posts (Atom)