Wednesday, May 23, 2012

GSM ကဒ်ထုတ်ပေးသောဌာန လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

သို့
    ပြည်ထောင်စုဝန်ကြီး
    ဆက်သွယ်ရေးစာတိုက်နှင့်ကြေးနန်းဝန်ကြီးရုံး
    နေပြည်တော်
နေ့စွဲ - ၂၂.၅.၂၀၁၂
အကြောင်းအရာ။    ။ အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း လာဒ်ငွေတောင်းခံနေမှုအား အရေးယူပေးပါရန်

        အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင်(၃၀.၄.၂၀၁၂)ရက်နေ့ကျင်းပပြုလုပ်သော မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်မှုကွန်ရက် ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ချက်အရ (၁.၅.၂၀၁၂)ရက်နေ့မှ စ၍ မိုဘိုင်းဖုန်းကဒ်ပျက်များအား အခမဲ့ဆောင်ရွက်ပေးရန်ဟုဆိုသော်လည်း GSM ကဒ်ပျက်သွား၍ ဆက်သွယ်ရေး မန္တလေးတိုင်း မန်နေဂျာရုံးတွင် စာရွက်စာတမ်းကိစ္စများဆောင်ရွက်ပြီး  ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာနတွင် ကဒ်သွားထုတ်ရာ အသစ်လာရောက် ထုတ်ယူသူများထံမှ မည်သည့်အခကြေးငွေမှန်းမသိ ဖြတ်ပိုင်းမပေးပဲ GSMကဒ် တစ်ကဒ်လျှင် ၅၀၀၀ိ/-(ကျပ်ငါးထောင်တိတိ) လာဒ်ငွေ တောင်းခံနေမှုအား အရေးယူပေးပါရန် တင်ပြတိုင်ကြားအပ်ပါသည်။

GSM တယ်လီဖုန်းအသုံးပြုသူများ  

(ဓါတ်ပုံ) ပြည်ကြီးတံခွန်မြို့နယ်၊ သာယာဝတီမင်းကြီးလမ်းရှိ GSM ကဒ်ထုတ်ပေးသောဌာန

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။