Thursday, September 13, 2012

ရခိုင်တွင် ရင်းနှီး မြှုပ်နှံမူ ပြုလုပ်ရန် နိုင်ငံတကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရ တိုက်တွန်း

ထွန်းထွန်း
မြန်မာနိုင်ငံ အနောက်ခြမ်း ရခိုင်ပြည်နယ် တွင် ရင်းနှီးမြုပ်နှံမူ ပိုမို ပြုလုပ်ကြရန် အမေရိ ကန်နှင့် နိုင်ငံ တကာကို ဘင်္ဂလာဒေခ်ျ့ အစိုးရမှ တိုက်တွန်းလိုက်သည်။
ထိုသို့ ရင်းနှီးမြုပ်နှံခြင်းဖြင့် ရခိုင်ဒေသသည် စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး  ဘင်္ဂ လာဒေခ်ျ့သို့ ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ အရေးကို ရပ်တန့်စေလိမ့်မည်ဟု ဆိုသည်။

ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌဟောင်း ယမန်နေ့က သတ်ဖြတ်ခံရ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်အုပ် ကျေးရွာ ကောင်စီ ဥက္ကဌ ဟောင်း ယမန်နေ့ ညနေပိုင်းက ကျောက်တော်မှ အိမ်အပြန် သတ်ဖြတ်ခံခဲ့ရသည်ဟု သတင်း ရရှိသည်။
သတ်ဖြတ်ခံရသူ ကောင်စီ ဥက္ကဌ ဟောင်းမှာ သရက်အုပ်ကျေးရွာမှ  ဦးကျော်မောင်ချေ(၆၄) နှစ်ဖြစ် သည်။
ဖြစ်ပျက်ပုံနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့မှ လူကြီးတဦးက ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

ပြည်သူကိုလည်း တရုတ် ဆက်ဆံတော့မည်


တရုတ်နိုင်ငံအနေဖြင့် ယခင် ကျင့်သုံးခဲ့သည့် အစိုးရချင်း ဆက်ဆံရေးမှသည် နိုင်ငံရေးပါတီများနှင့် ပြည်သူချင်း ဆက်ဆံရေး များပါ အလေးထားလုပ်ဆောင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ နိုင်ငံ တကာ ရေးရာဌာန ဒုတိယ အကြီးအကဲ မစ္စတာ အိုင်ပင်း(Mr. Ai Ping) နှင့် အဖွဲ့က ပြောကြားလိုက်သည်။
ရန်ကုန် မြို့ရှိ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF) ရုံးချုပ်တွင် စက်တင်ဘာ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၀န်းကျင် က ပါတီ ခေါင်းဆောင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ထိုကဲ့သို့ ပြောဆိုလိုက်ကြောင်း NDF ပါတီခေါင်းဆောင် ဒေါက်တာ သန်းငြိမ်းက ဧရာဝတီကို ပြောသည်။

ထိုင်းနယ်စပ်၌ လက်နက် မှောင်ခိုတဦး ဖမ်းမိ


ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်သို့ လက်နက်ပစ္စည်းများ တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော မြန်မာနိုင်ငံသား ၁ ဦးကို သက်သေခံ ပစ္စည်းများနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ပြီးခဲ့သည့် တပတ် သောကြာနေ့က ဖမ်းဆီးလိုက်ကြောင်း သိရ သည်။
သက်သေခံ ပစ္စည်းဖြစ်သည့် ကျည်ဆန်များကို မယ်ဆိုင် – တာချီလိတ် ချစ်ကြည်ရေး တံတား စစ်ဆေးရေး ဂိတ်တွင် စက်တင်ဘာလ ၇ ရက် နေ့ တွင် မြန်မာ အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်သည်။

မြေငလျင်များအတွက် အဆင်သင့် ဖြစ်နေပြီလား


မြန်မာပြည် မြောက်ပိုင်း ဟူးကောင်း ချိုင့်ဝှမ်းကို ဖြတ်သန်း၍ အိန္ဒိယနိုင်ငံ တိုင်အောင်၊ တောင်ပိုင်း တစ်လျှောက် မြစ်ဝကျွန်းပေါ် ဒေသအား ဖြတ်၍ ကပ္ပလီ ပင်လယ် အထိ ရှည်လျား လှသော စစ်ကိုင်းပြတ်ရွေ့ကြော (စစ်ကိုင်းငလျင်ကြော)ကို စတင် ဖော်ထုတ် တွေ့ရှိ လိုက်ပြီးနောက် ဒေါက်တာ ၀င်းဆွေ အဖို့ ခံစားချက် နှစ်မျိုး ဖြစ်ပေါ်လာသည်။
ယင်းမှာ လပေါင်းများစွာ ကြိုးပမ်းဖော်ထုတ်ခဲ့ရသော သုတေသနအောင်မြင်မှုအတွက် ပီတိနှင့် ငလျင်ကြောပေါ်တွင် ထိုင်နေသည့် မြန်မာပြည်အတွက် စိုးရိမ်ပူပန်မှု။

ပြည်ခိုင်ဖြိုးအမတ်က ဒီချုပ်အမတ်အား စွဲထားသောအမှု ပြည်ခိုင်ဖြိုးအမတ်ရှုံး


ကြားဖြတ် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့် မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်ကို စွဲဆိုထားသော အမှုတွင် ရွေးကောက်ပွဲ ကော်မရှင်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ်အား အနိုင်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဈေးအတက်ကြမ်းနေသော်လည်း ဈေးကွက်အပေါ်သက်ရောက်မှုမရှိဟု ရွှေကုန်သည်များဆို


ကမ္ဘာရွှေဈေးနှုန်း ဆက်တိုက်မြင့်မားလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်းမှာလည်း စံချိန်တင်မြင့်တက်လာ ခဲ့သော်လည်း   ဈေးကွက်အတွင်း အရောင်းအ၀ယ်တန့်လျက်ရှိကြောင်း ရန်ကုန်မြို့ရွှေဈေးကွက်အတွင်းက သိရှိရသည်။

စက်တင်ဘာ(၁၂)ရက်နေ့ နေ့လည်ပိုင်း ရန်ကုန်အခေါက်ရွေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်(၇၈၃၅၀၀) ရှိသည်။

ပြီးခဲ့တဲ့လ တွေက တက်ပြီးတာနဲ့ ခဏပဲ ပြန်ကျတယ်။ သြဂုတ်လ လလယ်လောက်ကစပြီး တက်လာခဲ့တဲ့ ရွှေဈေးက စက်တင်ဘာလ ပထမပတ်ကျော်အထိကို ပြန်မကျတော့ဘဲ ဆက်တိုက်ကို တက်လာတာ။ ရွှေဈေး က အဓိကအားဖြင့် ကမ္ဘာရွှေဈေးအပေါ်မူတည်နေတော့ ကျလာမလား၊ ဆက်တက်မလားဆိုတာ မပြောနိုင် ဘူးဟု ရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ရွှေဈေးနှုန်းဆက်တိုက်မြင့် တက်လာမှုအပေါ်တွင် သုံးသပ် ပြောကြားခဲ့သည်။

မတည်ငြိမ်မှုများကြောင့် ကချင်ပြည်နယ်တွင်း ယာဉ်စီးခနှုန်းထားများအား(၂)ဆတိုး ကောက်ခံနေ


သြဂုတ်လကုန်မှ စတင်၍ ကချင်ပြည်နယ်သို့ သွားလာလျက်ရှိသော ခရီးသည်ယာဉ်လိုင်းများမှ ယာဉ်စီးခ နှုန်းထားအား   နှစ်ဆတိုး၍ ကောက်ခံမှုများရှိလာသည့်အတွက် သွားရေးလာရေးအခက်အခဲရှိလာကြောင်း ဒေသခံများထံက သိရှိရသည်။

ူတွေကလည်း ဖားကန့်ဘက် အတက်ကို မတက်ရဲတော့ ကားပေါ်မှာ လူသိပ်မပါဘူးလေ၊ ကုန်ပဲတင်ခဲ့ရတဲ့ အခါကျတော့ သူတို့က အသွား အပြန်နှုန်းကို တောင်းကြတယ်ဟု ဖားကန့်မြို့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးလဆိုင်းက ပြောသည်။

မုံရွာ မြို့မ ဘုန်းကြီးကျောင်း ဖိအားပေးခံရ

နယူးဒေလီ (မဇ္ဈိမ) ။       ။ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင် ကြေးနီစီမံကိန်း ဆန္ဒပြသူများအား မြို့မ
ကျောင်းဘုန်းကြီးမှ လက်ခံခြင်း မပြုရန်နှင့် ပြန်လည် နှင်ထုတ်ပေးရန် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမှတ် ၁ ရဲစခန်းမှူး
နှင့် သံဃာ့မဟာနာယမှ မြို့မကျောင်းအား လာရောက် ဖိအားပေးခဲ့ကြောင်း မုံရွာ ဗကသ ခေါင်းဆောင် ကိုနွေဦးကို က ပြောသည်။ 

ဒုတိယ ပင်လုံညီလာခံ ကျင်းပဖို့ KIO ဒု-စစ်ဦးစီးချုပ် ပြော

ချင်းမိုင် (မဇ္ဈိမ) ။       ။ အစိုးရမှ တိုင်းရင်းသားများအပေါ် မတရားဖိနှိပ်မှုများ မပြုလုပ်နိုင်ရန်နှင့် တိုင်းရင်းသားများ ဘက်မှလည်း မဖြစ်နိုင်သည့် မတရားတောင်းဆိုချက်များ ပြုလုပ်နိုင်ရန် ပင်လုံညီလာခံကဲ့သို့သော ဒုတိယပင်လုံ ညီလာခံတခု ကျင်းပ၍ ဘုံသဘောတူညီချက်ချမှတ်နိုင်ရေး ဆွေးနွေးသင့်နေပြီဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောသည်။

သဘောတူချက်များကို အလုပ်ရှင် ချိုးဖောက်နေဆဲဟု အလုပ်သမားဆို

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန်တွင် အလုပ်သမားများ၏ ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားကြား ညှိနှိုင်းမှုများလုပ်၍ သဘောတူညီချက်များ ရှိခဲ့သော်လည်း အလုပ်ရှင်ဘက်မှ
ဆောင်ရွက်ပေးရန် ပျက်ကွက်မှုများ ရှိနေသေးကြောင်း အလုပ်သမားရေးရာ ကူညီဆောင်ရွက်သူများနှင့် အလုပ်သမားများက ပြောဆိုနေကြသည်။

မုံရွာရဲများ ရိုက်၍ ဝက်မှေးရွာသူ နှစ်ဦး ဆေးကုနေရ

နယူးဒေလီ (မဇ္ဈိမ) ။          ။ ဆားလင်းကြီးမြို့နယ်၊ လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် ဝတ်ပြုဆုတောင်းနေစဉ် ဖမ်းဆီးထိန်းသိမ်းခြင်းခံရပြီးနောက် မုံရွာမြို့ အမှတ် ၁ ရဲစခန်းမှ ပြန်လည် လွတ်မြောက်လာ သည့် အမျိုးသမီးများထဲမှ နှစ်ဦးမှာ ရိုက်နှက်ခံရမှုကြောင့် အိပ်ယာထဲတွင်သာ လဲလျောင်းနေရကြောင်း သိရှိရသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဆုံရပ် လေဆိပ်တစ်ခုအဖြစ် လုပ်ဆောင်မည်


မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အား လေကြောင်းကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဆုံရပ် Airport Logistic Hubအဖြစ် လုပ်ဆောင်ရန် စီစဉ်နေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။

ကမာရွတ်မြို့နယ်တွင် ဖြစ်ပွားခဲ့သော အိမ်အကူမိန်းကလေးသေဆုံးမှုတွင် ကျူးလွန်သူဟု စွပ်စွဲခံထားရသူမှ ၀န်ခံမှုများရှိခဲ့သည်ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့မှ ပြောကြား


ကမာရွတ်မြို့နယ်တွင် စက်တင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော အိမ်အကူမိန်းကလေး သေဆုံးမှုတွင် ကျူးလွန်သူဟု စွပ်စွဲခံထားရသူမှ ၀န်ခံမှုများရှိခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် စက်တင်ဘာလ ၁၂ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 အ.ထ.က (၄)အလုံတွင် တွေ့ရှိခဲ့သော စစ်ကျန်ဗုံးဟောင်း ၂၅လုံး ကို ဖျက်ဆီးသွားမည်


ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အ.ထ. က(၄) အလုံတွင် စက်တင်ဘာလ ၁၀ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည့် အင်္ဂလိပ်၊ ဂျပန်နှင့် မြန်မာ စစ်တပ် တစ်ခုခုမှ မြှုပ်နှံခဲ့သည်ဟု ယူဆရသည့် စစ်ကျန်ဗုံးဟောင်း ၂၅လုံးကို ဖျက်ဆီးသွားမည်ဟု ယင်းဗုံးများ ရှင်းလင်းရေး လုပ်ငန်းဆောင်ရွက်နေသည့် တာဝန်ရှိသူတစ်ဦးထံမှ သိရပါသည်။

 အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများနှင့် ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲ တိုးမြှင့်သွားမည်ဖြစ်ကြောင်း သိရ


အခြေခံပညာကဏ္ဍတွင် ပညာရေးဝန်ထမ်းများ၏ လစာနှုန်းထားများ နှင့်ရာထူးအဆင့်များကို မူလကထက် ပြောင်းလဲတိုးမြှင့် သွားမည်ဖြစ်ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ သိရှိရသည်။
လစာနှုန်းထားများတိုးမြှင့်ပေးရာတွင် လက်ရှိရာထူး၏တစ်ဆင့်တိုး လစာများအတိုင်း တိုးမြှင့်ပေးသွား မည်ဖြစ်ပြီးလေးနှစ်အတွင်း လေးသုတ်ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ပထမအသုတ်၌ ပင်စင်နားနီး သက်ကြီး ၀န်ထမ်းများနှင့် ထူးချွန်သည့် ဆရာ၊ ဆရာမများအား ဦးစားပေး ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သဘာဝဓာတ်ငွေ့ လုံလောက်စွာ ရရှိမည်ဆိုပါက ရန်ကုန်မြို့မှ ရေနံချောင်း၊ ချောက်စသည့် ဒေသများသို့ သွားရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်မည်


မြန်မာနိုင်ငံတွင် သဘာဝ ဓာတ်ငွေ့အရောင်းဆိုင် ဖွင့်လှစ်မှု အနေဖြင့် ၄၅ ဆိုင် ဖွင့်လှစ်ထားပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့တင်ပို့မည့် ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့များ ရရှိပါက ရန်ကုန်မြို့မှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရာ လမ်းတစ်လျှောက်တွင် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်များ ဖွင့်လှစ်သွားနိုင်မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါ သည်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ 
တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ နိုင်ငံတော် သမ္မတ၏ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် NLD လွှတ်တော်ကိုယ်စားလှယ် တွေ့ဆုံဆွေးနွေး



2012-09-12
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာဖြစ်ပွားနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ လူမှုရေး အဖွဲ့အစည်း တချို့က ကိုယ်စားလှယ်တွေ ဒီကနေ့ ညနေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တောင်းဆို



2012-09-12
မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း ဒေသခံ ပြည်သူတွေက စီမံကိန်းကြောင့် နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့ မတောင်းဆိုတော့ပဲ ဒီစီမံကိန်း လုံးဝ ရပ်ဆိုင်းရေးကိုပဲ အလိုရှိတော့တယ်လို့ ဒီနေ့တောင်းဆိုလိုက်ပါတယ်။

ငှက်နှစ်ကောင် ချိုချဉ်စက်ရုံ အလုပ်သမားအခွင့်အရေး တောင်းဆို



2012-09-12
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၉ လမ်းပေါ်က မနော်ဟရီလမ်း အနီးမှာရှိတဲ့ ငှက်နှစ်ကောင် ချိုချဉ်စက်ရုံက နေ့စားအမျိုးသမီး လုပ်သား ၇၀ ကျော်ဟာ နေ့စားလုပ်ခ တိုးမြှင့်ပေးရေး၊ သတ်မှတ် အလုပ်ချိန်နဲ့အညီ အလုပ်လုပ်ခွင့်ရရေး၊ အလုပ်ခွင်အတွင်း လုပ်သားအခွင့်အရေး ခံစားခွင့်ရရှိရေး စတဲ့အချက်တွေ ပါဝင်တဲ့ တောင်းဆိုချက် (၁၂) ချက်နဲ့အတူ ဒီကနေ့ စက်ရုံဝင်းအတွင်း ငြိမ်းချမ်းစွာ ထိုင်သပိတ် ဆင်နွဲခဲ့ကြပါတယ်။

ABSDF ခေါင်းဆောင်ဟောင်းများ ကျဆုံးရဲဘော်များအတွက် အလှူဒါနပြု



2012-09-12
ABSDF ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဦးမိုးသီးဇွန်နဲ့ ဦးထွန်းအောင်ကျော်တို့ ဦးဆောင်တဲ့အဖွဲ့ဟာ ၁၉၈၈ ခုနှစ်ကစလို့ ရွှေဝါရောင် တော်လှန်ရေးနဲ့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု တလျှောက်မှာ ကျဆုံးသွားခဲ့တဲ့ ရဟန်းရှင်လူ ပြည်သူ အပေါင်းကို ရည်စူးပြီး ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ တောင်ဥက္ကလာပ မြို့နယ်မှာရှိတဲ့ ငွေကြာယံ ပရိယတ္တိ စာသင်တိုက်မှာ အမျှအတန်းဝေမှု ပြုလုပ်ခဲ့ပါတယ်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးမှူးရွေးဖို့ ရပ်ကွက်နေပြည်သူများ တောင်းဆို



2012-09-12
ရန်ကုန်တိုင်း မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက် မှာ ရပ်ကွက်တွင်း ပြည်သူတွေကို အသိမပေးပဲ အထက်အာဏာပိုင်တွေက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖြစ် ပဏာမ ရွေးချယ်ထားတဲ့ လူပုဂ္ဂိုလ်တွေကို လက်မခံနိုင်ကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သား ၂၅၀၀ ကျော် စုပေါင်း လက်မှတ်ထိုးပြီး မြိုနယ်အုပ်ချုပ်ရေးမှူးထံကို ဒီကနေ့ စာတင်လိုက်တယ်လို့ သိရပါတယ်။

မဆလ အစိုးရလက်ထက် သိမ်းဆည်းခံ လယ်မြေ ပြန်လည်လုပ်ကိုင်ခွင့် တောင်းဆိုမည်



2012-09-12
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် လယ်သမားမိသားစု (၅) စုထံက လယ်မြေဧက (၅၀) ကျော်ကို ၁၉၈၈ ခုနှစ် မတိုင်ခင် မဆလ အစိုးရလက်ထက်က မတရား သိမ်းဆည်းခဲ့တာကြောင့် ဒီလယ်မြေတွေ လုပ်ကိုင်စားသောက်ခွင့် ပြန်ပေးဖို့ အဲဒီ လယ်သမားတွေက သမ္မတ ဦးသိန်းစိန်ထံ မနက်ဖြန် စာရေးသား တိုင်ကြားသွားမယ်လို့ သိရပါတယ်။

ပြည်ထောင်စုဝန်ကြီးများ အင်ဒိုနီးရှားနှင့်ဖိလစ်ပိုင် ငြိမ်းချမ်းရေး ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး



2012-09-11
ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦိးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဟာ နေပြည်တော်မှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပညာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Western Union နှင့် Myanmar Oriental Bank သဘောတူညီချက် လက်မှတ်ရေးထိုး



2012-09-11
ကမ္ဘာအရပ်ရပ်မှာ ရှိကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပြည်တွင်းရှိ မိသားစုတွေ စိတ်ချလက်ချ ငွေပေးငွေယူ ငွေလွှဲပို့ပေးနိုင်ဖို့အတွက် အမေရိကန်အခြေစိုက် ကမ္ဘာကျော် Western Union ကုမ္ပဏီက လာရောက် လုပ်ငန်းဖော်ဆောင်တော့မယ်လို့ သိရပါတယ်။