နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုများ ဆက်လက်ထားရှိမှုကို ဆန့်ကျင်လျက် အားလုံးပြန်လည် ရုတ်သိမ်းရန် နေပြည်တော်တွင် ရောက်ရှိနေသည့် ရုရှ နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က တောင်းဆိုလိုက်
သည်။
Showing posts with label နယူးဒေလီ (မဇ္ဈိမ). Show all posts
Showing posts with label နယူးဒေလီ (မဇ္ဈိမ). Show all posts
Wednesday, January 16, 2013
Tuesday, December 11, 2012
မုံရွာခရိုင် ရွှေကျင်သံဃာများ စာတော်ပြန်ပွဲ ရပ်ဆိုင်းလိုက်ရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ နှစ်စဉ် နတ်တော် လဆန်းတွင် ကျင်းပလေ့ရှိသည့် သံဃာတော် ထောင်ချီ၍ ပါဝင်ဖြေဆို
သော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပသေးဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
သော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲကြီးကို မကျင်းပသေးဘဲ ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။
Tuesday, December 4, 2012
မန္တလေးက လမ်းဘေး ကလေးများအတွက် သြစီ ဘုရားကျောင်း၏ စေတနာ
နယူးဒေလီ (မဇ္ဈိမ) ။ ။ မန္တလေးမြို့ရှိ အိမ်ယာမဲ့ လမ်းဘေး ကလေးသူငယ်များအတွက် ဂေဟာ နှစ်ခုကို သြစတြေးလျနိုင်ငံမှ Port Life ခရစ်ယာန် ဘုရားရှိခိုးကျောင်းက လာမည့်နှစ်တွင် ဆောက်လုပ် လှူဒါန်းပေးသွားမည် ဟု သိရသည်။
သီးနှံစိုက်ခင်းကျယ်နှင့် ကစားကွင်း အပါအဝင် ကလေး ၁ဝ ဦးထိ စောင့်ရှောက်ခံ နေနိုင်သည့် ဂေဟာများအတွက် မန္တလေးမြေကွက်များ ဝယ်ယူရန် သြစတြေးလျ ဒေါ်လာ ၈၆,ဝဝဝ (အမေရိကန်ဒေါ်လာ ၉ဝ,ဝ၉၃) ကောက်ခံရရှိ ထားပြီး ဖြစ်သည်။ အဆောက်အဦများ ဆောက်လုပ်ရန် လိုအပ်သည့် သြစတြေးလျဒေါ်လာ ၅ဝ,ဝဝဝ အနက် ၂၈,ဝဝဝ ကောက်ခံရရှိထားပြီးဖြစ်သည်ဟု တရားဟောဆရာ Josh Poyzer အား ကိုးကား၍ မလေးရှားနိုင်ငံထုတ် Bernama သတင်းတရပ်တွင် ဖော်ပြပါရှိသည်။
ထို အခြေအနေမဲ့ ကလေးများအား သူခိုးဂျပိုး၊ သူတောင်းစားနှင့် ပြည့်တန်ဆာများအဖြစ် လမ်းဆိုးရောက်မသွားစေရန် ထိန်းသိမ်းတည့်မတ်ပေးလိုသည့် ရည်ရွယ်ရင်းဖြစ်သည်ဟု သိရသည်။
၎င်းတို့ ဘုရားရှိခိုးကျောင်း အဖွဲ့ဝင် ဦးရေ ၃၅ဝ က နောက်ထပ်လိုအပ်မည့် ငွေပမာဏကို စုဆောင်းရှာဖွေလျက်ရှိပြီး ၂ဝ၁၃ ခုနှစ် မကုန်မီ အဆောက်အဦများ ပြီးစီးနိုင်မည်ဟု သိရှိရသည်။

ဒဏ်ရာရ သံဃာများအတွက် တာမွေတွင် လူလေးဦး ဆန္ဒပြ
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်သည့် သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့မှုအား ရှုတ်ချပြီး ဒဏ်ရာရ သံဃာများအား လျစ်လျူရှုမှုအား ကန့်ကွက်သည့် ဆန္ဒပြပွဲတခု ရန်ကုန်တိုင်း၊ တာမွေမြို့တွင် အင်္ဂါနေ့ ညနေ ၄ နာရီခွဲခန့်က ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရွှေပဟို ဆေးရုံဒေါင့်၊ ဗညာဓလ လမ်းမကြီးပေါ်တွင် ပိုစတာများ ကိုင်ဆောင်ဆန္ဒပြသူ လေးဦးက ကြာသပတေးနေ့ အကြမ်းဖက် ဖြိုခွင်းမှုမှ ထိခိုက်ဒဏ်ရာရ ရဟန်းနှင့် ပြည်သူများအပါ် အာဏာပိုင်များက ဂရုစိုက်မှု မရှိ၍ ဆန္ဒပြရခြင်း
ဖြစ်ကြောင်း သွားရောက် သတင်းရယူနေသည့် မဇ္စျိမ သတင်းထောက်က ပြောသည်။
“ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြတာ၊ သူတို့ဒီ စီမံကိန်းနဲ့ ပါတ်သက်ပြီး သံဃာတွေ အရိုက်ခံရတာ၊ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတွေကို ဂရုစိုက်မှု မရှိတာနဲ့ ပါတ်သက်ပြီး ဆန္ဒပြတာဗျ” ဟု ဆိုသည်။
လုံခြုံရေး ရဲအချို့ရောက်လာကာ ဆန္ဒပြပွဲအား အဖမ်းအဆီးမရှိဘဲ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

လက်ပံတောင်း လျော်ကြေးပြဿနာ အလွန်ရှုတ်ထွေးဟု တရုတ်သံအရာရှိ ပြော
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ဒေသခံများ၏ လျော်ကြေး
တောင်းဆိုမှုများနှင့် ပတ်သက်၍ အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
တောင်းဆိုမှုများနှင့် ပတ်သက်၍ အလွန်ရှုတ်ထွေးသော အခြေအနေတရပ်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ တရုတ်နိုင်ငံ သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတဦးက ဆိုသည်။
Monday, December 3, 2012
စုံစမ်းရေးကော်မရှင် ပြင်ဆင်ဖွဲ့စည်း၊ ဦးရေနှင့် တာဝန် လျှော့ချလိုက်
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်ကို အဖွဲ့ဝင်ဦးရေ ထက်ဝက် ခန့် လျှော့ချကာ ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း သမ္မတရုံးမှ ဒီဇင်္ဘာလ ၃ ရက်နေ့ နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက် သည်။
လက်ပံတောင်း အကြမ်းဖက်မှုကိစ္စ ဒေလီမြန်မာများ ဆန္ဒပြ
နယူးဒေလီ (မဇ္ဈိမ)။ ။ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက် သပိတ်မှောက်သူများအား အကြမ်းဖက်ဖြိုခွင်းမှုအား ဆန့်ကျင် ရှုတ်ချသောအားဖြင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများက စနေနေ့တွင် ဆန္ဒပြပွဲတရပ် ပြုလုပ်ခဲ့ကြသည်။
အိန္ဒိယ-မြန်မာ-တရုတ် အဝေးပြေး လမ်းမကြီး ဖောက်မည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်၊ ကိုလ်ကတ္တားနှင့် တရုတ်နိုင်ငံ၊ ယူနန်
ပြည်နယ်၊ ကူမင်းမြို့တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် အဝေးပြေး ကုန်သွယ်ရေး လမ်းမကြီးအဖြစ် သွယ်တန်းမည် ဟု သိရသည်။
ပြည်နယ်၊ ကူမင်းမြို့တို့ကို မြန်မာနိုင်ငံမှ ဖြတ်သန်းလျက် အဝေးပြေး ကုန်သွယ်ရေး လမ်းမကြီးအဖြစ် သွယ်တန်းမည် ဟု သိရသည်။
Friday, November 30, 2012
ဒေါ်အောင်ဆန်းစုကြည် ဦးသာအေး၊ ဝမ်ပေါင်နှင့် ဒေသခံများကို တွေ့ဆုံ
နယူးဒေလီ (မဇ္ဈိမ) ။ ။ မုံရွာမြို့တွင် ရောက်ရှိနေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းသောင်ပြင်၌ ဒေသခံလူထုအား နာရီဝက်ကျော်ကြာ မိန့်ခွန်းပြောကြားပြီးနောက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အား မုံရွာမြို့ရှိ Win Unity ဟိုတယ်တွင် နာရီဝက်ကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်သူတွေရဲ့ အမေးကို ဒေါ်စု ပြောပေးမယ် ဆို
နယူးဒေလီ (မဇ္ဈိမ)။ ။ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် သောကြာနေ့ နံနက်ပိုင်းက ချင်းတွင်းမြစ် သောင်ပြင်တွင် လူထုပရိသတ် သုံးထောင်ကျော်ကို နာရီဝက်ကြာ မိန့်ခွန်းတရပ် ပြောကြားခဲ့သည်။
မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။
မနက် ၉ နာရီခန့်မှ စတင်ခဲ့သည့် မိန့်ခွန်းထဲတွင် တိုင်းပြည်၏ ရေရှည်အကျိုးကို ကြည့်ပြီး ကြေးနီစီမံကိန်း ပြဿနာအား ဖြေရှင်းမယ်ဟု ပြောကြားသွားသည်။
၅ ရက်အတွင်း အရေးမယူပါက ပတ္တနိက္ကုဇ္ဇနကံ ဆောင်မည်ဟု ဦးဝီရသူ မိန့်ကြား
နယူးဒေလီ (မဇ္ဈိမ) ။ ။ ဆားလင်းကြီးမြို့နယ်ရှိ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းအား ကန့်ကွက် သပိတ်မှောက်နေကြသော ရဟန်းသံဃာများအား နိုဝင်ဘာလ ၂၉ ရက် မနက်က အကြမ်းဖက် ဖြိုခွင်းမှုနှင့် ပတ်သက်သည့် တရားခံများအား နိုင်ငံတော်အစိုးရမှ အမြန်ဆုံး အရေးယူဆောင်ရွက်ခြင်းမရှိပါက ပတ္တနိက္ကုဇ္ဇနကံ
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
ဆောင်မည်ဟု ဆရာတော် ဦးဝီရသူ က မိန့်ကြားလိုက်သည်။
Thursday, November 29, 2012
နိုင်ငံ “သိက္ခာရှိစွာ” ဒေါ်စု ဖြေရှင်းလိုကြောင်းပြော
နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည် သည် လက်ပံတောင်းတောင် စီမံကိန်းဒေသသို့ သွားရောက်ကာ ကြာသပတေးနေ့က ညနေ ၆ နာရီခန့်က ၈ မိနစ်ကြာ မိန့်ခွန်းတိုတရပ် ပြောကြားရာတွင် ကြေးနီစီမံကိန်းပြဿနာအား တိုင်းပြည် “သိက္ခာရှိစွာ” ဖြေရှင်းလို
ကြောင်း ပြောဆိုသွားသည်။
ကြောင်း ပြောဆိုသွားသည်။
ယနေ့ သတင်းထုတ်ပြန်ချက်ကို ယနေ့ ပယ်ဖျက်လိုက်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ကြာသပတေးနေ့ နေ့စွဲဖြင့် ထုတ်ပြန်ခဲ့
သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။
သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ
ဖော်ပြထားခြင်း မရှိပေ။
သော သတင်းထုတ်ပြန်ချက် ၁၁/၂ဝ၁၂ ကို ညနေ ၆း၂ဝ မိနစ်တွင် ပယ်ဖျက်လိုက်ကြောင်း သိရသည်။
သမ္မတရုံး အင်တာနက်စာမျက်နှာတွင် ပယ်ဖျက်ကြောင်းသာ ရေးသားထားပြီး မည်သည့် အကြောင်းကြောင့်ဟူမူ
ဖော်ပြထားခြင်း မရှိပေ။
လက်ပံတောင်းအရေး ဒေါ်အောင်ဆန်းစုကြည် လာပြီ
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင်အရေး ဒေသခံများနှင့် ပြောဆိုဆွေးနွေးကာ ဟောပြောမည့်
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မုံရွာမြို့သို့ ဦးတည်ကာ မော်တော်ယာဉ်များဖြင့် မန္တလေးမြို့မှ ထွက်ခွာလာရာ နံနက် ၁၁ နာရီတွင် ညောင်ပင်ဝင်းသို့ ရောက်ရှိလာပြီဖြစ်သည်။
သပိတ်အင်အား ၈၀ ကျော် ဒဏ်ရာရ၊ သံဃာ အပါး ၃ဝ ဆေးရုံတင်ထားရ
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရန် သပိတ်မှောက် တောင်းဆိုနေကြသော ဝမ်ပေါင် ကုမ္ပဏီရုံးရှေ့မှ ပင်မ သပိတ်စခန်းကို ကြာသပတေးနေ့ နံနက် ၃ နာရီခန့်က လုံခြုံရေးရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့၍ သံဃာအပါး ၃ဝ မှာ မုံရွာဆေးရုံကြီးတွင် တင်ထားကုသမှုခံယူနေရပြီး တပါးမှ စိုးရိမ်ရသည့် အခြေအနေကြောင့် မန္တလေးသို့ ကုသရန် ပင့်ဆောင်သွားရသည်။
Wednesday, November 28, 2012
ထိုင်းက မီးဖိုချောင်၊ မြန်မာက ဥယျာဉ်ခြံဟု ထိုင်းကုန်သွယ်ဥက္ကဋ္ဌဆို
နယူးဒေလီ (မဇ္ဈိမ) ။ ။ ထိုင်းနိုင်ငံအား မီးဖိုချာင် အဖြစ် တင်စားပြီး မြန်မာနိုင်ငံအား ထိုမီးဖိုချောင်အတွက် သီးနှံထွက်ရာ ဥယျာဉ်ခြံတခုအဖြစ် တင်စားကာ ထိုင်း ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ဥက္ကဋ္ဌ အိုလာန် ချိုင်ပရာဝပ် Olarn Chaiprawat က ပြောဆိုလိုက်သည်။
သပိတ်များအား အကြမ်းဖက်မဖြိုခွဲရန် ဗကသ တိုက်တွန်း
နယူးဒေလီ (မဇ္ဈိမ) ။ ။ ရပိုင်ခွင့်များအတွက် ဆန္ဒပြ တောင်းဆိုနေကြသော သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခြင်း မပြုရန် ဗကသများ အဖွဲ့ချုပ်နှင့် မုံရွာခရိုင် ကျောင်းသားများ သမဂ္ဂက အာဏာပိုင်များအား ကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။
Tuesday, November 27, 2012
ရန်ကုန်ဆန္ဒပြသူများအား ပုဒ်မ ၁၈ ဖြင့်ခေါ်၍ ပုဒ်မ ၅ဝ၅ ဖြင့် ဖမ်းထား
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်မြို့ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူအချို့အား ဖမ်းဆီးကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခံနေရကြောင်း ဗကသ ကျောင်းသား ကိုသီဟဝင်းတင် က ပြောသည်။
သမ္မတ ဦးသိန်းစိန်ကို ICG ဆုပေးမည်
နယူးဒေလီ (မဇ္ဈိမ) ။ ။ နိုင်ငံတကာ ပဋိပက္ခအဖွဲ့ကြီး ICG က မြန်မာသမ္မတ ဦးသိန်းစိန်အား ၂ဝ၁၃ ခုနှစ်အတွက် ‘ငြိမ်းချမ်းရေး ကြိုးပမ်းမှုဆု’ In Pursuit of Peace Award Dinner ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။
၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva နှင့်အတူ ချီးမြှင့်မည်ဖြစ်သည်။
၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ဘရာဇီး သမ္မတဟောင်း Luiz Inácio Lula da Silva နှင့်အတူ ချီးမြှင့်မည်ဖြစ်သည်။
လက်ပံတောင်း စီမံကိန်း ရပ်စဲရေး ရန်ကုန်ချီတက်ပွဲနှင့် မုံရွာ ထိုင်သပိတ် ဆင်နွှဲ
နယူးဒေလီ (မဇ္ဈိမ) ။ ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် တနင်္လာနေ့က ရန်ကုန်နှင့် မုံရွာမြို့တွင် ချီတက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် ဆန္ဒပြရန်ရွှေးချယ်ထားသည့် တရုတ်သံရုံးနှင့် ဦးပိုင် ကုမ္ပဏီ လီမိတက်ရုံးရှေ့တွင် လုံခြုံရေး တင်းကြပ်စွာ ချထား၍ ပဋိပက္ခများရှောင်ရှားနိုင်ရန် လမ်းကြောင်းပြောင်း ဆန္ဒပြခဲ့ကြောင်း ဗကသ ကျောင်းသား တဦးဖြစ်သူ ကိုသီဟဝင်းတင် က ပြောသည်။

Subscribe to:
Posts (Atom)