Tuesday, December 4, 2012

ဒဏ်ရာရ သံဃာများအတွက် တာမွေတွင် လူလေးဦး ဆန္ဒပြ

နယူးဒေလီ (မဇ္ဈိမ) ။        ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆန့်ကျင်သည့် သပိတ်စခန်းများအား အကြမ်းဖက် ဖြိုခွင်းခဲ့မှုအား ရှုတ်ချပြီး ဒဏ်ရာရ သံဃာများအား လျစ်လျူရှုမှုအား ကန့်ကွက်သည့် ဆန္ဒပြပွဲတခု ရန်ကုန်တိုင်း၊ တာမွေမြို့တွင် အင်္ဂါနေ့ ညနေ ၄ နာရီခွဲခန့်က ၁၅ မိနစ်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရွှေပဟို ဆေးရုံဒေါင့်၊ ဗညာဓလ လမ်းမကြီးပေါ်တွင် ပိုစတာများ ကိုင်ဆောင်ဆန္ဒပြသူ လေးဦးက ကြာသပတေးနေ့ အကြမ်းဖက် ဖြိုခွင်းမှုမှ ထိခိုက်ဒဏ်ရာရ ရဟန်းနှင့် ပြည်သူများအပါ် အာဏာပိုင်များက ဂရုစိုက်မှု မရှိ၍ ဆန္ဒပြရခြင်း
ဖြစ်ကြောင်း သွားရောက် သတင်းရယူနေသည့် မဇ္စျိမ သတင်းထောက်က ပြောသည်။

“ကြေးနီစီမံကိန်းနဲ့ ပါတ်သက်ပြီး ကန့်ကွက်ကြောင်း ဆန္ဒပြတာ၊ သူတို့ဒီ စီမံကိန်းနဲ့ ပါတ်သက်ပြီး သံဃာတွေ အရိုက်ခံရတာ၊ ပြီးတော့ ထိခိုက်ဒဏ်ရာရတဲ့ သံဃာတွေကို ဂရုစိုက်မှု မရှိတာနဲ့ ပါတ်သက်ပြီး ဆန္ဒပြတာဗျ” ဟု ဆိုသည်။

လုံခြုံရေး ရဲအချို့ရောက်လာကာ ဆန္ဒပြပွဲအား အဖမ်းအဆီးမရှိဘဲ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။