Tuesday, December 4, 2012

ထိုင်းသို့ တရားမ၀င် ၀င်ရောက်၍ စံခလဘူရီ၌ အဖမ်းခံရသူများတွင် ကလေးငယ်များပါဝင်


မြန်မာနိုင်ငံဘုရားသုံးဆူမြို့နယ်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့  တရားမ၀င်ဝင်ရောက်သူများ၌ အသက်(၁၈) နှစ်မပြည့် သေးသည့် ကလေးငယ်(၁၈)ဦးပါဝင်၍ ထိုင်းနိုင်ငံမှတာဝန်ရှိသူများက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


တဖက်နိုင်ငံသို့ တရားမ၀င်သွားရောက် အလုပ်လုပ်ကိုင်မည့်မြန်မာနိုင်ငံသား (၆၇)ဦးတွင် ကလေး(၁၈)ဦး ပါဝင်ခြင်း ဖြစ်ပြီး၊ အသက်(၁)နှစ်မှ (၇)နှစ် အရွယ်ကလေးများပါဝင်နေပြီး  ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် စံခလဘူရီမြို့၌ ဒီဇင်ဘာ (၂)ရက်နေ့က ဖမ်းမိခြင်း ဖြစ်ကြောင်း ဘုရား(၃)ဆူသို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။


 ဖမ်းမိတာ ရပ်ကွက် ၈ မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဖက်ခြမ်းကနေပြီး မဟာချိုင် ဘန်ကောက်ကို သွားမည့်သူတွေ ဖြစ်တယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက နယ်မြေလိုက်လံစစ်ဆေးရင်း နမ့်ကေ့ဒ် စစ်ဆေးရေးဂိတ်နောက်ဖက် ၀န်းကျင်မှာ ဖမ်းဆီးရမိခဲ့တာပါ၊ လူကြီး ၄၉ ဦး ကလေး ၁၈ဦး ပါပါတယ်၊ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကို ပြန်ပို့ဖို့ စီစဉ်နေပါတယ်ဟု ထိုင်းရဲအရာရှိတစ်ဦးက ပြောသည်။


အဖဖ်းခံရသူများအနေဖြင့် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ဖူးသူများဖြစ်ပြီး ထိုင်းအလုပ်ရှင်မှ အလုပ်သမားလက်မှတ် သက်တမ်းတိုးပေးခြင်းမရှိသည့်အတွက် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရသူ အများစုပါဝင်ကြောင်းကိုလည်း သိရသည်။


ထိုင်းစစ်တပ်မှ ၀င်ရောက်ဖမ်းဆီးချိန်၌ မြန်မာနိုင်ငံသား(၁၀၀)၀န်းရှိသော်လည်း အချို့မှာထွက်ပြေး လွတ်မြောက် သွားကြောင်း ၄င်းကဆက်ပြောသည်။


ယခုအဖမ်းခံရသူများမှာ လူပွဲစားမှ ဘန်ကောက်တွင် အလုပ်လုပ်ခွင့်နှင့် အလုပ်သမားလက်မှတ်ပြု လုပ်ပေးမည်ဟု ပြောဆိုကာ လူတစ်ဦးလျှင် ဘတ်(၂)သောင်းဝန်းကျင်အကုန်ခံ၍ ဘန်ကောက်အသွား၌ ယခုကဲ့သို့ အဖဖ်းခံရ ခြင်းဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။