Tuesday, December 4, 2012

ဒီဇင်ဘာလအတွက် (၇) ရက်သားသမီးဟောစာတမ်း


၁ ။နွေ သားသမီးများ အလုပ်အကိုင်များအဆင်ပြေချင်သော်လည်း လူယုံ သစ္စာဖေါက်မှုကြောင့် စိတ်ညစ်ရတတ်သည် ။ အလုပ်ထဲတွင်ငွေများမြုတ်နေလိမ့်မည် ယခုလ အတွင်းစွန့် ၂ စား၂ ရင်းနှီးမြှုတ်နှံမှုမလုပ်ပါနှင့် ။ညီအကို ချင်း မောင်နှမချင်း လင်မယားချင်း စကားများရတတ်သည် ။ကြာသပတေးနံသင့်ပစ္စည်းများဝင်လျှင် လက်မခံပါနှင့် အကြီးအကျယ်စိတ်ညစ်ရမည် ။


ယတြာ ။ ။ ပိတောက် (၁၂ )ခက်ကို စနေ နံဘုရား တနင်္ဂနွေ ထောင့်တွင် လှုပြီးလိုရာဆုတောင်းပါ ။
၂ လာ ။ နေ့ သားသမီးများ ငွေကျပျောက်ခြင်း ငွေအထားမှားခြင်း ငွေလိမ်ခံ ရကိန်းများရှိသည် ။ မည်သူ့ ကိုမှငွေမချေးပါနှင့် ။ မိန်းကလေးဖြစ်ပါက ယောင်္ကျားလေးများနှင့်ပတ်သက်ပြီးစွတ်စွဲခံရခြင်း အထင်လွဲခံရခြင်းများ ဖြစ်တတ်သည် ။ အရင်းအနှီးများသော စီးပွားရေးလုပ်ငန်းများမလုပ်သင့်ပါ။ ခါးကိုက် ခေါင်း ကိုက်ခြင်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်တတ်သည် ။
ယတြာ ။ ။ ကလေးများအား ကျောက်ကျောကျိုပြီး လှုပေးပါ ခိုစာ ငါးစာကြွေးပါ ။
၃ ဂါ ။ သားသမီးများ အလုပ်အဆင်ပြေမလိုနှင့် တေ့လွဲ လွဲခြင်း ။ ၀င်ပြီးသားငွေ မမျှော်လင့်ပဲပြန်ထွက်ခြင်း ညီအကိုမောင် နှမအတွက် စိတ်သောကရောက်ရခြင်း ။ အိမ်နီးနားချင်းနှင့် ငွေကြေးကိစ္စ စကားများရခြင်းများကြုံတွေ့ မည် ။ ၀န်ထမ်းဖြစ်ပါက အထက်လူကြီး၏ဆူပူခြင်းခံရတတ်သည်။ ယခုလအတွင်းခရီးထွက်ခြင်းရှောင်ပါ စိတ်ညစ်ရတတ်သည် ။ ယခုလ အတွင်း တနင်္ဂနွေသားသမီးနှင့် သတိထားဆက်ဆံပါ ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် ဇော်စိမ်း ( ၈ )ခက် ။ အိမ်ကဘုရားတွင် ဇီးယိုလှုပေးပါ ။
၎ဟူး ။ သားသမီးများ အလုပ်အကိုင်များအဆင်ပြေမည် ။ တနင်္ဂနွေနံပစ္စည်းများရောင်းဝယ်လျှင်သတိထားပါ ။ ရွှေပျောက်တတ်သည် ။ လုပ်ငန်းသစ်များချဲ့ ထွင်နိုင်ပါသည် ။ မမျှော်လင့်ပဲငွေဝင်လာပါက ထီထိုးပါ ။ ၄ ၇ အပူးဂဏန်းများထိုးပါ ။မွေးနံဘုရားတွင်ေ၇ွှချပါ ။ ယခုလအတွင်း ခရီးယာယီသွားခြင်းရှောင်ပါ ။
ယတြာ ။ ။ မွေးနေ့ တွင်ရွှေဖရုံသီးဟင်းချက်ပြီးဆွမ်းလောင်းပါ ။ ရေသန့် လှုပေးပါ ။
၅တေး ။ သားသမီးများ မမျှော်လင့်ပဲမိန်းမတယောက်ကြောင့် လုပ်ငန်းများကသောင်းကနင်းဖြစ်မည် ။ အမှုအခင်းဖြစ်တတ်သည် အိမ်မီးလောင်တတ်သည် ။ မမျှော်လင့်ပဲ ငွေကိစ္စ စကားများရတတ်သည် မြေအတွက် အမွေအတွက် သောကရောက်မည် ။ ရေလမ်းခရီးရှောင်ပါ ။ ၀မ်းဗိုက်နှင့်ပတ်သက်သော ရောဂါခံစားရတတ်သည် ။ခွေးကိုက်ခံရတတ်သည် သတိထားပါ ။
ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင် ပိန်းပန်း ( ၁၉ ) ပွင့်လှုပါ ။ အိမ်ကဘုရားတွင် ပေါက်ပေါက်လှုပေးပါ ။
၆ကြာ ။ သားသမီးများ လုပ်မြဲအလုပ်လုပ်ပဲလုပ်နေပါ ။ အရောင်းအ၀ယ်အလုပ်များအရမ်း မစွန့် စားပါနှင့် ။ ငွေကြေးကိစ္စစကားများပြီး စိတ်သောကရောက်တတ်သည် ။ ငွေချေး ငွေယူ ကိစ္စများသတိထားလုပ်ပါ ။ ငွေပျောက်တတ်သည် ။ သားသမီးကြောင့်စိတ် ညစ်ရမည် ။ ရွှေဝင်ခဲ့လျှင် တခြားသူအိမ်ခေတ္တအပ်ထားပြီး လကုန်မှမိမိအိမ်သို့ သွင်းပါ ။သူစိမ်းမိန်းမ ညအိပ်လက်မခံပါနှင့် ပြသနာဖြေရှုင်းးရလိမ့်မည် ။
ယတြာ ။ ။ နို့ ဆီခွက်ထဲ သို့  သဲ (၂၁) ဇွန်း သံ (၂၁ ) ချောင်း သီဟို (၂၁) ရွက်ထည့်ပြီး မိမိ အိမ်၏အရှေ့ တောင်အရပ် ရေထဲကန်ထဲသို့ စွန့်ပေးပါ ။
၇ နေ ။ သားသမီးများ ဘာလုပ်လုပ်အကျိုးပေးသည့်လဖြစ်သည် ။မိတ်ဆွေကောင်းများကြောင့် လုပ်ငန်းများအောင်မြင်မည်။ အိုးသစ်အိမ်သစ်ဝင်ခြင်း ရွှေဝင်ခြင်းများကြုံမည် ။အထက်လူကြီး၏မျက်နှာသာပေးခံရမည် ။ ရာထူးတက်ခြင်းအများလေးစားခြင်းခံရမည် ။ ငယ်ရွယ်သူဖြစ်ပါက ချစ်သူ၏ အရေးပေးခြင်းခံရတတ်သည်။ ယတြာ ။ ။ ထီးအနီတစ်လက်ကိုမွေးနံ ဘုရားထောင့်တွင်လှုပြီးလိုရာဆုတောင်းပါ ။။
ကိုမောင်မောင် ( ဆန်းသုတေသီ)

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။