Tuesday, December 4, 2012

ကျိုင်းတုံမြို့အဝင် နောင်နွန်း ပူးပေါင်း စစ်ဆေးရေး ဂိတ်တွင် လက်နက်နှင့် ခဲယမ်းများအား ဖမ်းဆီးရမိ


၂၂.၁၁.၂၀၁၂ ရက်နေ့ (၅း၁၅) နာရီ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ကားလမ်းရှိ ကျိုင်းတုံမြို့ အဝင်၊နောင်နွန်း ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တာဝန် ကျသည့် ကျိုင်းတုံ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ကျိုင်းတုံမူးယစ်(အထူး)အဖွဲ့၊ သတင်းရဲ တပ်ဖွဲ့၊ လူကုန်ကူး(အထူး)အဖွဲ့မှ တပ်ဖွဲ့ဝင်များသည် တာချီလိတ်မှ ကျိုင်းတုံသို့ ဒေါန(ခ) စိုင်းထွန်း (၃၈)နှစ် မောင်းနှင်၍ ယာဉ်ပိုင်ရှင် ဒေါ်နန်းမိုလင်(၂၆)နှစ် လိုက်ပါ လာသည့် တက/ယာယီ-၂၂၃/၁၂ လိုက်ထရပ် အနီရောင် ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ရှေ့ခန်း ထိုင်ခုံအောက်နှင့် နောက်ခန်းအတွင်းမှ စနိုက်ပါ တပ်လျက် အမျိုးအစား စိစစ်ဆဲသေနတ်(၆)လက်၊ အမ်- ၇၉(၂)လက်၊ဝင်ချက်စတာပြောင်းချော(၆)လက်၊၉ မမပစ္စတို(၄)လက်၊ ၄င်းကျည်(၁၀ဝ)တောင့်၊အသံတိတ် ကိရိယာ(၂)ခု၊ လက်နက်ဖြုတ်/ တပ်ကိရိယာ(၅)ခု၊ ကျည်ထည့် ကရိယာ(၄)ခု၊ ကော်ဆိုဒ်(၂)ခု၊ စနိုက်ပါ သေနတ်ထည့်သားရေအိတ် (၄)ခု၊ ငွေစက္ကူရောရာကျပ်(၄၃၈၅၀ဝိ/)၊မြန်မာလက်ကိုင်ဖုန်း (၁)လုံး၊ထိုင်း လက်ကိုင်ဖုန်း(၁)လုံးတို့အားသိမ်းဆည်းရမိခဲ့သည်။

စစ်ဆေးဖော်ထုတ် ချက်အရ အဆိုပါ လက်နက် ခဲယမ်း များအား ကွန် ဟိန်းမြို့နယ်၊ ကာလိကျေးရွာ၊ ရပ်ကွက်(၃)နေ ဒေါ်ပန်မိန်း(၅၈)နှစ်၊ ဦးစိုင်းညွန့်နှင့် စိုင်းပန်တို့မှ ၂၁.၁၁.၂၀၁၂ရက်နေ့(၁၂)နာရီအချိန် ၄င်းတို့တည်းခိုသည့် တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ရှိ ဦးလုံးနန် တည်းခိုခန်းသို့ လာရောက် ပို့ဆောင် ခဲ့ကြောင်း၊ ကာလိသို့ သယ်ဆောင်ခငွေကျပ်(၁၀)သိန်းနှင့်သဘောတူညီ ခဲ့ပြီး ကာလိရောက်လျှင် ပေးမည် ဖြစ်ကြောင်း စိုင်းဆိုင်ညွန့်နှင့် စိုင်းပန်တို့မှာကာလိရွာသားများဖြစ်ကြောင်း၊ ဦးလုံးနန်တည်းခိုခန်းတွင် ကျန်ခဲ့ကြောင်း၊ ဒေါ်ပန်မိန်းမှာ၂၂.၁၁.၂၀၁၂ရက်နေ့က ကာလိသို့ပြန်သွားကြောင်း၊ ဒေါ်န(ခ)စိုင်းထွန်းအား ယာဉ်မောင်းခငွေကျပ် (၄၅၀ဝ၀ိ/)ပေး၍ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် နန်းမိုလင် ပါ(၅)ဦးအားကျိုင်းတုံရဲစခန်းမှ (ပ)၂၅၂/၂၀၁၂ရှမ်းလက်နက်ပုဒ်မ၁၂(က)(ခ)ဖြင့် အမှုဖွင့်အရေးယူလျက်ရှိ ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။