Friday, December 7, 2012

ပန်းပွင့် တစ်သိန်းငါးသောင်းနှင့် IC Show ပါဝင်မည့် ပန်းပွဲတော်




IC Show ပါဝင်မည့် ပြင်ဦးလွင် ပန်းပွဲတော်ပြပွဲတွင် လာရောက်ကြည့်ရှုလေ့လာသူများပြားလာနိုင် ကြောင်း ဦးစီးကျင်းပပြုလုပ်မည့် ထူးကုမ္ပဏီမှ သိရှိရသည်။

 
 
"မိုးတွင်းမှာတောင် တစ်နေ့ကို လူဦးရေ ၂၀၀၀ လောက်ပဲဝင်တယ်။ အခုလိုရာသီဥတု၊ ပွဲတော်အချိန် တွေနဲ့ဆို တစ်နေ့ကို ၂သောင်းခွဲ၊ ၃သောင်းလောက်ဝင်နိုင်တယ်။ IC Show ပွဲနေ့ဆို လူပိုဝင်လာနိုင်တယ်"ဟု ပြင်ဦးလွင် ထူးကုမ္ပဏီမှ ဒါရိုက်တာ ဦးမျိုးဝေအောင်က ပြောသည်။
 
 
အဆိုပါ ပွဲတော်တွင် ပန်းအပွင့်ရေ တစ်သိန်း ငါးသောင်း၊ ပန်းအမျိုးပေါင်း (၂၆)မျိုးနှင့် အရုပ် (၈၃)ရုပ် တို့်အား စုစုပေါင်း ကျပ်သိန်း (၃၀၀)၀န်းကျင်အသုံးပြုကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။
 
 
ယခင်ကျင်းပပြုခဲ့သော ပန်းပွဲတော်အတွေ့အကြုံများအရ ရက်ပိုင်းအတွင်း ဟိုတယ်၊ စားသောက်ဆိုင်၊ ဒေသတွင်းထွက်ကုန်ရောင်းဝယ်ရေး စသည့် လုပ်ငန်းများလည်း  ပိုမိုအဆင်ပြေမှုရှိလာတတ်ကြောင်း ဒေသခံများက ဆိုသည်။
 
 
"ဒီနှစ်ပန်းပွဲတော်ကို လာရောက်လေ့လာသူတွေများပြားလာနိုင်တယ်။ ပြင်ဦးလွင်က ကမ္ဘာလှည့်ခရီးသည် စိတ်ဝင်စားတဲ့ မြို့လဲဖြစ်တယ်။ ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေအတွက် တော်တော်လေး ၀င်ငွေကောင်းလာနိုင်တယ်"ဟု ပြင်ဦးလွင် ကန်တော်ကြီးအနီးရှိ စားသောက်ဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။
 
 
အဆိုပါ ပန်းပွဲတော်ကို ဒီဇင်ဘာ (၁၅)ရက်နေ့မှစတင်ကာ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယခုကျင်းပပြုလုပ်မည့် ပန်းပွဲတော် သည် (၇)ကြိမ်မြောက်ဖြစ်ကာ တရုတ်၊ ထိုင်း၊ ဂျပန်နိုင်ငံတို့မှ မှာယူစိုက်ပျိုးထားသော ပန်းမျိုးစေ့များစွာပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
 
 
 
ပြင်ဦးလွင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပန်းပွဲတော်များသို့ မန္တလေး၊ စစ်ကိုင်း၊ မုံရွာတို့မှ အဓိက လာရောက် ကြည့်ရှုလည်ပတ်သူများပြားပြီး လီလီပန်း၊ ကျားပါးစပ်၊ ခရစ္စမတ်၊ ပင်စိမ်းရောင်စုံ၊ ကြက်မောက် စသည့်ပန်းများပါဝင်မည်ဖြစ်ကာ ဥယျာဉ်ဝင်ကြေးမှ တစ်ဦးလျှင် ကျပ် (၁)ထောင်ဖြစ်ပြီး IC Show ၀င်ကြေး လက်မှတ်ခမှာ တစ်ဦးလျှင် ကျပ် (၇၀၀၀) ဖြစ်ကြောင်း သိရှိရသည်။

myit makha media group


မထသ (ဗဟို)တွင် ပြီးခဲ့သည့် (၄) လအတွင်းအမှု အများဆုံးမှာမချေမငံပြောဆိုသည့်အမှု အများဆုံးဖြစ်



 
ရန်ကုန်မြို့အတွင်းပြေးဆွဲလျှက်ရှိသော ယာဉ်လိုင်းများအားအကြောင်းအမျိုးမျိုးကြောင့် တိုင်ကြားရာတွင် ယာဉ်နောက်လိုက်များမှ မချေမငံပြောဆိုဆက်ဆံမှုနှင့် ယာဉ်စီးခပိုတောင်းခြင်းသည်အများဆုံးဖြစ်ကြောင်း မထသ (ဗဟို) မှ သိရသည်။

 
 
အဆိုပါတိုင်ကြားရာတွင် ပြီးခဲ့သည့် လေးလအတွင်း မချေမငံပြောဆိုဆက်ဆံမှုသည်စုစုပေါင်း (၈) မှုရှိပြီး ယာဉ်စီးခပိုတောင်းခြင်းမှာ (၆) မှုရှိကြောင်းသိရှိရသည်။
 
 
အလားတူ အသက်အန္တရယ်ဖြစ်လောက်အောင် အရှိန်ပြင်းစွာမောင်းနှင်မှုမှာ (၂)မှုရှိကြောင်းကိုလည်း သိရှိရသည်။ ယင်းတိုင်ကြားမှုများသည် မထသ (ဗဟို) သို့(၄) လအတွင်း ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်းတိုင်ကြားမှုများဖြစ်ကြောင်း သိရသည်။
 
 
 "မထသ(ဗဟို)အနေနဲ့က ကျွန်တော်တို့ သက်ဆိုင်ရာအစိုးရအဖွဲ့တွေဆီကိုတင်ပြပြီးတော့ သင်တန်းတွေဖွင့် ပါတယ်။ အခြေခံသင်တန်းဆို ၂နှစ်မပြည့်သေးတဲ့သူတွေကို ဆွေးနွေးပါတယ်။ ၂ နှစ်ကျော်သွားတဲ့သူတွေကိုလည်းမွမ်းမံသင်တန်းဆိုပြီးဆွေးနွေးပါ တယ်။" ဟု မထသ (ဗဟို) ဥက္ကဌဦးလှအောင်က ပြောကြားသည်။
 
 
မထသ (ဗဟို)အနေဖြင့် သင်တန်းများဖွင့်လှစ်သင်ကြားနေပြီးယခုလိုတိုင်ကြားနေမှုများဖြစ်ပေါ်နေရခြင်းမှာ ယာဉ်မောင်းများနှင့်ယာဉ်နောက်လိုက်များ၏ အသက်အရွယ်အပိုင်းအခြားရဖြစ်ကြောင်းသိရသည်။
 
 
"ဒီလိုတွေလုပ်နေပေမယ့်လည်း အခုလိုဖြစ်စဉ်တွေဖြစ်နေတာတွေတွေ့နေတော့လေ့လာကြည့်တဲ့အခါမှာယာဉ်နောက်လိုက်တွေ ရဲ့ အသက်အပိုင်းခြားကိုသုံးသပ်ကြည့်တဲ့အခါမှာ အသက် (၃၀)ပတ်ဝန်းကျင်က အများစု ဖြစ်နေတာကိုတွေ့ရတယ်။ သုံးသပ်မိ တာကလူငယ်သဘာဝအရဖြစ်လေ့ဖြစ်ထရှိတဲ့ စိတ်ဓာတ်တွေကိုပိုပြုပြင် ပေးဖို့လိုတာကိုသုံးသပ်မိတယ်။"ဟု မထသ (ဗဟို) ဥက္ကဌက ဆက်ပြောသည်။
 
 
မထသ (ဗဟို) သည် သင်တန်းများဖွင့်လှစ်သင်ကြားရာတွင် မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၁) မှ (၁၁/ ၂၀၁၂) ထိ ယာဉ်မောင်း (၄၃၈) ဦး၊ယာဉ်နောက်လိုက် (၆၅၃) ဦး သင်တန်းပို့ချပေးခဲ့ပြီး အခြေခံသင်တန်းအမှတ်စဉ် (၁/ ၂၀၁၁) မှ (၁၃/ ၂၀၁၂) ထိ ယာဉ်မောင်း   (၄၅၂) ဦး၊ယာဉ်နောက်လိုက် (၇၆၈) ဦးအား သင်တန်းများ ပို့ချပေးခဲ့ကြောင်း သိရသည်။

myit mahha media group


ရိုးမဘဏ်မှ မကြာခင် အသေးစားငွေထုတ်ချေးရန် ပြင်ဆင်နေ






ရိုးမဘဏ်မှအသေးစားစက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်သူတို့အတွက်ငွေထုတ်ချေးခြင်းလုပ်ငန်း ကိုဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှတာဝန်ရှိသူက ပြောကြားသည်။
 

 
ငွေလွှဲလုပ်ငန်းများဖြင့်သာရပ်တည်ခဲ့ရသော ရိုးမဘဏ်အနေဖြင့် မကြာ သေးခင်ကစုငွေ account ဖွင့်သည်ကို လက်ခံဆောင်ရွက်ခွင့် ရပြီဖြစ်ပြီးဘဏ်လုပ်ငန်းများကို အစိုးရသစ်လက်ထက် ရောက်သည့်အချိန်မှစတင်ကာ အပြည့်အဝလုပ်ခွင့်ရရေးကို ကြိုးပမ်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါဘဏ်မှ တာဝန်ရှိသူကပြောကြားသည်။
 

အဆိုပါချေးငွေလုပ်ငန်းအတွက် ယခုလအတွင်း အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန်ဆောင်ရွက်နေပြီး ယခုလကုန်ပိုင်းအတွင်း အပြီးသတ် ထုတ်ပြန်မည်ဖြစ်ကြောင်းသိရှိရသည်။
 

"အခု ဒီကိစ္စက ကျမတို့ ဘဏ်လုပ်ငန်း ပြန်လုပ်ကိုင်တာနဲ့ တစ်ပြိုင်နက်ပြည်သူတွေကို ၀န်ဆောင်မှုပေးတဲ့သဘောပါ။ အခုလောလောဆယ်တော့ ဒီကိစ္စက လက်တွေ့အကောင်အထည်မဖော်ရသေးပါဘူး။ လကုန်လောက်မှပဲ ဖြစ်မှာပါ။ ဒါပေမဲ့နှစ်ဖက်အဆင်ပြေအောင် အတိုးနှုန်း သက်သက်သာသာနဲ့ အဆင်ပြေအောင်လို့ဆောင်ရွက်ပေးမှာပါ" ဟု ရိုးမဘဏ်မှ မန်နေဂျာတစ်ဦးဖြစ်သူ မဖြိုးဝေကပြောသည်။
 
 
 ရိုးမဘဏ်သည် လုပ်ငန်းအပြည့်အဝ လည်ပတ်နိုင်မည့် ဘဏ်လုပ်ငန်းလိုင်စင်ကို၂၀၁၂ ခုနှစ် သြဂုတ်လ (၂၃) ရက်နေ့တွင် တစ်ခါ ပြန်လည်ရရှိခဲ့ပြီးပြည်ထောင်စု အစိုးရနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့က လာမည့် ၂၀၁၅ခုနှစ်တွင် Stock Exchange ကို တည်ထောင်မည်ဟု ကြေညာထားသည့်အတွက်ရိုးမဘဏ်အနေဖြင့် ယင်းကဏ္ဍတွင် ပါဝင်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း ၎င်းကဆက်ပြောသည်။
 
 
ယခုနောက်ပိုင်း ဘဏ်များသည် အပြိုင်အဆိုင် ၀န်ဆောင်မှုများ ပေးလာကြပြီးရင်းနှီးမြှုပ်နှံမှုများလည်း ပြိုင်ဆိုင်လာကြသောကြောင့် လည်းကောင်း၊ထို့အပြင် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများလည်း ဘဏ်နှင့် ပတ်သက်၍စိတ်ဝင်စားမှု များပြားလာသောကြောင့် ဘဏ်များသည် ၄င်းတို့၏၀န်ဆောင်မှုများကို တိုးမြှင့်လာကြခြင်းဖြစ်ကြောင်း CB Bank (မင်္ဂလာဈေး)မှမန်နေဂျာဖြစ်သူတစ်ဦးက ပြောသည်။
 
 
ယခုအခါ မြန်မာတစ်နိုင်ငံလုံးတွင် ရိုးမဘဏ်ခွဲပေါင်း (၄၆)ခုရှိနေပြီဖြစ်ကြောင်း အဆိုပါဘဏ်၏ စာရင်းများ အရသိရသည်။


စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်းအမည် ပြောင်းလဲမည်




 ရန်ကုန်တိုင်းဒေသကြီးရှိ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်းနာမည်အား  အသင်းဖွဲ့စည်းရေးဆိုင်ရာ ဗဟိုရုံးမှ ညွှန်ကြားချက်အရ နာမည်ပြောင်းလဲရမည်ဖြစ်ကြောင်း သိရှိရသည်။

 
 
"ဗဟိုက ညွှန်ကြားလာလို့ အသင်းနာမည်ပြောင်းရတာပါ။ အခုဒီဇင်ဘာလအကုန် နောက်နှစ်အစမှာ အသင်းနာမည်စတင်ပြောင်းလဲသွားမှာပါ"ဟု အသင်းဥက္ကဌ ဦးစံရှိန်က ပြောသည်။
 
 
လက်ရှိတွင် 'စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်မှုအသင်း' အမည်ဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး (၂၀၁၃) ခုနှစ်၊ ဇန်န၀ါရီလတွင် 'မြန်မာနိုင်ငံမူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း' အဖြစ် အမည် ပြောင်းလဲသွားမည်ဖြစ်ကြောင်းသိရှိရသည်။
 
 
အဆိုပါ အသင်းသည် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်တွင် ၂၀၀၅ ခုနှစ် အောက်တိုဘာ (၁၀)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့သော အသင်းဖြစ်ပြီး အသင်းအနေဖြင့် မိမိနေရာ၊ ဒေသ၊ ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်၍ မူးယစ်ဆေးသုံးစွဲသူများအား ပညာပေးလမ်းညွှန် ကူညီ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

 
"ကျွန်တော်တို့အသင်းက အသင်းဝင်တွေရဲ့ ကိုယ်ပိုင်ငွေတွေနဲ့ နောက် ဆေးပြတ်သွားတဲ့ စေတနာရှင် ပုဂ္ဂိုလ် တွေက ထည့်ဝင်ငွေတွေနဲ့ ဆောင်ရွက်နေတဲ့ အသင်းဖြစ်ပါတယ်"ဟု အသင်း ဥက္ကဌမှ ဆက်ပြောဆိုသည်။
 
 
အဆိုပါအသင်းသည် မူးယစ်ဆေးစွဲသူများကို သက်ဆိုင်ရာ မူးယစ်ဆေးဖြတ်ဌာနများသို့ လွှဲပြောင်းညွှန်ပို့ ပေးခြင်း၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရောဂါလက္ခဏာများရှိလျှင် ပြင်ပဆေးရုံများသို့ လွှဲပြောင်း ညွှန်ပို့ပေးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် တီဘီရောဂါနှင့် HIV ကူးစက်ခံရသော နာတာရှည် ရောဂါသည် များကိုလည်း အာဟာရဆေးဝါးနှင့် ငွေကြေးအထိုက်အလျှောက် ကူညီထောက်ပံ့ပေးမှု စသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်လျှက် ရှိကြောင်း သိရသည်။
 
 
"အခုလိုအသင်းတွေရှိနေတာကောင်းပါတယ်။ ဒီအသင်းက မူးယစ်ဆေးစွဲနေတဲ့ သူကို လမ်းမှန်ရောက်အောင် ပို့ပေးတဲ့ အသင်းတစ်ခုပါ။"ဟု အသင်း၏ လုပ်ဆောင်မှုများကို သိရှိနားလည်သူတစ်ဦးက ပြောသည်။
 
 
ထိုပြင် မူးယစ်ဆေးနှင့် ပတ်သတ်သည့် အသိပညာပေး ဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ မူးယစ် ကြီးကြပ်ရေးမှူး သင်တန်းများ တက်ရောက်နိုင်ရန်ဆောင်ရွက်ပေးခြင်း၊ စေတနာလူမှုဝန်ထမ်းအရာရှိ သင်တန်း များတက် ရောက်နိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ကျောင်းသား လူငယ် အခြေပြုဟောပြောပွဲများ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများနှင့် အခြားစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက် လျှက်ရှိကြောင်း သိရှိရသည်။
  
myit makha media group


ဧရာဝတီတိုင်းရှိ ဒီရေတောများ ပြန်လည်ဖြစ်ထွန်းရန် လိုအပ်ကြောင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွသူများ ပြောဆို




 ဧရာဝတီတိုင်း ဖျာပုံခရိုင်တွင်းရှိ ကမ်းခြေဒေသများမှဒီရေတောများပြန်လည်ဖြစ်ထွန်းရန် လိုအပ်လျက်ရှိကြောင်း  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို  ဖျာပုံမြို့၊NLD ရုံးတွင် ပြုလုပ်ခဲ့သည်။

 
 
အဆိုပါ ဟောပြောပွဲကို ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် (၉) နာရီ (၄၅)မိနစ်တွင် ဖျာပုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးခန်းတွင် ပါမောက္ခဒေါက်တာစိန်စိန်သိန်းနှင့် ဒေါ်ဒေ၀ီသန့်စင်တို့မှသဘာဝပတ်ဝန်းကျင်ဆိုင်ရာ ခေါင်းစဉ်အသီး သီးဖြင့် ဟောပြောခဲ့ခြင်းဖြစ်သည်။
 
 
(၂၁)ရာစုအတွက်ပတ်ဝန်းကျင်ဆိုင်ရာသိမှတ်ဖွယ်ရာအဖြာဖြာ ခေါင်းစဉ်ကို ဒေါ်ဒေ၀ီသန့်စင်မှ ဟောပြောခဲ့ပြီး ပါမောက္ခဒေါက်တာစိန်စိန်သိန်းမှဒီရေတောများကို ဆက်လက်စောင့်ထိန်းကြပါစို့ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့သည်။
 
 
 ဒေါက်တာစိန်စိန်သိန်းက ပတ်ဝန်းကျင် သုံးမျိုးရှိကြောင်း ၊ သဘာဝက အမွေအဖြစ်ပေးအပ် ထားသောကမ္ဘာမြေပေါ်မှ ကုန်း၊ မြေ၊ လေ၊ရေနှင့်ဇီဝမျိုးစုံကွဲများတစ်အုပ်စု၊ ဒုတိယအမျိုးအစားမှာလုပ်ငန်းရှင်များက ဖန်တီးပေးထားသည့် အလှအပများနှင့်စိတ်ရွှင်လန်းစေသည့် ပတ်ဝန်းကျင်၊ တတိယအမျိုးအစားမှာ လူမှုရေး၊ရိုးရာယဉ်ကျေးမှုဆိုင်ရာ တို့ဖြစ်သည်ဟု ပြောသည်။
 
 
၎င်း တတိယအမျိုးအစားအုပ်စုတွင် ယုံကြည်ချက်၊ အတွေးအခေါ်နှင့် ဘာသာအယူဝါဒ၊ဗဟုသုတ၊ ဘာသာစကားတို့မှာ ပတ်ဝန်းကျင် ပင်ဖြစ်ကြောင်းပြောကြားခဲ့ကာဒီရေတောများကိုစောင့်ထိန်းခြင်းအားဖြင့် ပုဇွန်၊ ခရု၊ ကဏန်းတင်းသုံးရာထွက်ရှိကြောင်းကို သုတေသန ရလဒ်များရှိခဲ့ပါသဖြင့်ဒီရေတောများ ကိုစောင့်ရှောက် ထိန်းသိမ်းခြင်းအားဖြင့် ဖျာပုံမြို့နယ်၏လူမှုစီးပွားရေးမြင့်မားတိုး တက်မည်ဖြစ်ပါကြောင်းထည့်သွင်းပြောကြားသွားသည်။
 
 
ယခုအခါဖျာပုံမြို့နယ် ကမ်းခြေဒေသမှ အာပြဲခြောက်ထွက်ကုန်များကိုသာအားထားနေကြရာ ဒီရေတောများပြန်လည်ဖြစ်ထွန်းလာပါက ဒီရေတောနေငါးမျိုးစိတ်ပေါင်း ၈၀၀နှင့်ပုဇွန်မျိုးစိတ်ပေါင်း ၇၀၀တို့ပြန်လည်ရောက်ရှိနိုင်မည်ဖြစ်ကြောင်း ဟောပြောခဲ့သည်။
 
myit makha media group


-

ကြေးနီစီမံကိန်း ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်က ပဲ့ကိုင်နိုင်မလား



လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်သည်အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီး  ပြည်သူများအတွက်အေးအေးချမ်းချမ်းနှင့် ပြီးဆုံးရန် ကြိုးပမ်းပေးလိမ့်မည်ဟု ပြည်သူများကမျှော်လင့်လျက်ရှိကြောင်း သိရှိရသည်။
 
 
၂၀၁၂၊ဒီဇင်ဘာ ၆ ရက်နေ့ နံနက် ၁၁ နာရီမှ ၄၅ မိနစ်အချိန်တွင်လက်ပန်းတောင်တောင်
အရေးနှင့်ပတ်သက်သော   ဒေါ်အောင်ဆန်းစုကြည်၏ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်ကျင်းပခဲ့သည်။
 
 
အဆိုပါ သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က ကော်မရှင်၏စုံစမ်းမှုများကို အခါအားလျှော်စွာ သတင်းထုတ်ပြန်ခြင်းမှ လွဲ၍သတင်းထောက်များကို သီးခြားပြောဆိုမည် မဟုတ်ကြောင်း၊ သပိတ်စခန်းဖြိုခွင်းမှုနဲ့ ပတ်သက်၍ စုံစမ်းစစ်ဆေးပြီး အဖြေပေါ်မှသာ ထုတ်ပြန်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
 
 
ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းကို သဘောတူညီချက် စာချုပ်ဖြင့်လုပ်ဆောင်နေသည်ကို နားလည်ထားရမည် ဖြစ်ကြောင်း၊ လူတိုင်း တရားဥပဒေ၏အကျိုးခံစားပိုင်ခွင့် ရှိကြောင်းကို တည်ဆောက်နေသဖြင့် တရားဥပဒေအတိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို ဦးထိပ်ထားပြီးနားလည်မှုနှင့် အားလုံး အဆင်ပြေအောင်လည်းလုပ်ဆောင်သွားမည်   ဖြစ်ကြောင်းဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များကို ပြောကြားခဲ့သည်။
 
 
"အချက်တွေဖြုတ်ပယ်တာမဟုတ်ဘူး။ ကိုက်ညီအောင် ပြန်ပြီးပြင်ရတာပါ။ ဒါကပြည်သူ့လွှတ်တော်ရဲ့ ဥပဒေုလုပ်ထုံးလုပ်နည်းနဲ့အညီလုပ်ရတာပါ။လုပ်ပိုင်ခွင့်တွေကိုလဲ အချက်သစ်တစ်ချက်ပြန်ထည့်ထားပါတယ်။ မုံရွာမှာ ဆန္ဒပြမှုကြောင့်ဖမ်းဆီးထားတဲ့သူတွေ မရှိပါဘူး။ ရန်ကုန်မှာတော့ ရှိနေတယ်လို့ သိရတယ်။ဒါတွေကိုလည်း ရဲကနေတစ်ဆင့် စုံစမ်းရေးကိုတိတိကျကျ ဆောင်ရွက်နေပါတယ်"
 
 
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်း   ဒေသတို့သွားရောက်ခဲ့ပြီး ဒေသခံပြည်သူတို့နှင့်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
 
 
  "ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ မုံရွာမှာ ပြောတဲ့ သတင်းလေးတွေ ဖတ်ရတယ်။ကျွန်တော်ကြိုက်တယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်က လက်တွေ့ကျပြီးဖြေရှင်းတယ်လို့ ကျွန်တော်က နားလည်တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်းပြည်သူတွေ ခံစားရတာတွေ တိုက်ခတ်ခံရတာတွေနဲ့ ပတ်သက်ပြီးပြင်းပြင်းထန်ထန်မပြောလို့ မကျေနပ်တဲ့သူတွေ ပြောနေတာလည်းကျွန်တော် သတိထားမိတယ်။ ဒါကတော့ ကျွန်တော်ဝေဖန်ချက် မပေးလိုဘူး။သူ့ရဲ့လက်ရှိထားတဲ့ သဘောထားကတော့ သင့်တင့်မျှတတယ်လို့ပတ်ဝန်း ကျင်ထိန်းသိမ်းရေးတစ်ဦးအနေနဲ့ မြင်တယ်။ပြသာနာကိုရှင်းတဲ့အခါမှာလည်း ဒီမိုကရေစီနည်းကျကျ ရှင်းရမှာပေါ့``ဟုသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှာသူ ဦးဝင်းမျိုးက ပြောသည်။
 
 
ထို့ပြင် ဦးဝင်းမျိုးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကိုယုံကြည်ကြောင်း ၊ သတင်းအချက်အလက်များ ကို ပြန်လည်ဖြန့်ဝေပြီးအချင်းချင်းညှို့နှို်င်းဆွေးနွေး နိုင်ခွင့်လည်း ရှိလိမ့်မည်ဟုမျှော်လင့်ကြောင်း ပြောသည်။
 
 
`` ဒေါ်အောင်ဆန်းစုကြည်ဖွဲ့ထားတဲ့ ကော်မရှင်မှာသက်ဆိုင်ရာအဖွဲ့အစည်းတွေကလည်း ပါတယ်။ အဲ့အတွက် တစ်အချက်သူတို့နဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက် မှန်မှန်ကန်ကန်ရမယ် ၊ နှစ်အချက်သူတို့ရဲ့အမြင်တွေကိုလည်း စုစည်းတင်ပြနိုင်မယ် ၊ ပြသာနာရှင်းတဲ့နေရာမှာကိုယ့်သဘောတစ်ခုတည်းနဲ့ ရှင်းလို့မရဘူးလေ။ ပါဝင်ပတ်သက်တဲ့သူတွေရဲ့ အမြင်သဘောထားကိုလည်း တရားဝင် စုစည်းရမှာကိုး ၊ အင်တာနက်ထဲမှာဖေ့ဘုတ်ထဲမှာငြင်းနေတာတွေ ဘယ်လောက်ထိ သူတို့ကယုံကြည်စိတ်ချရမလဲဆိုတဲ့ သံသယအမြင်သဘောထားတွေနဲ့ ကြည့်တာလဲ အဲ့တော့ ကျွန်တော်က ဒေါ်အောင်ဆန်း စုကြည်ရဲ့ခေါင်းဆောင် မှုကို ကျွန်တော်ယုံတယ်။ သူကအဓိက ဥက္ကဌကိုး ဥက္ကဌဆိုတော့ဘယ်လိုလုပ်သင့်တယ်ဆိုတဲ့ ညွှန်ကြားချက်ကို ချပေးနိုင်မယ်ဆိုရင်စောစောကပြောတဲ့ အားသာချက်တွေက သက်ဆိုင်တဲ့လူတွေအကုန်လုံးပါတဲ့အတွက်ကိုသတင်းအချက်အလက် shareတာတွေ အချင်းချင်းညှို့နှိုင်းဆွေးနွေးနိုင်မယ့်အခွင့်အလမ်းတော့ ရှိမယ်လိ့ထင်တယ်"ဟု ဦးဝင်းမျိုးက ပြောသည်။
 

၂၀၁၀ ပြည့်နှစ်အတွင်းက စတင်အကောက်အထည်ဖော်ခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်တွင် တည်ရှိသည်။
 
 
 မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီတို့အကျိုးတူပူးပေါင်းဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုအမေရိကန်ဒေါ်လာ ၉၉၉ သန်းရှိပြီး ၀င်ငွေပေါ်ခွဲဝေမှုအနေဖြင့်  နိုင်ငံတော်မှ၁၆ ဒသမ ၈ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်မှ ၁၃ ဒသမ ၈ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီမှ ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းရရှိမည်ဖြစ်ပြီးထုတ်လုပ်မှုစရိတ်ကို ၅၆ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း သိရှိရသည်။
 
 
နှစ်ခြောက်ဆယ်မြေငှားဂရန်ဖြင့် ဆောင်ရွက်နေသော လက်ပံတောင်း တောင်စီမံကိန်းသည် မြေဧရိယာ ၇၈၆၇ ဧက ကျယ်ဝန်းပြီး စီမံကိန်းစတင် ဒေသခံတို့၏မြေများကိုသိမ်းဆည်းခဲ့သည့်အပြင် အကောင်အထည်ဖော်စဉ်ကေ ဒသခံများကို သုံးနှစ်စာသီးနှံလျော်ကြေးပေးခဲ့သည်ဟု သိရှိခဲ့ရသည်။
 
 
ယခင် ကနေဒါကုမ္ပဏီအိုင်ဗင်ဟိုးကုမ္ပဏီမှ လုပ်ကိုင်ခွင့်ရရှိခဲ့သောကြေးစင်တောင်၊ စံပယ်တောင်စီမံကိန်းများ တွင် ရင်ဆိုင်ကြုံတွေ့ခဲ့ရသောသောက်သုံးရေမသန့်ရှင်းမှု၊ ကြေးနီစီမံကိန်းမှထွက်ရှိလာသည့် အမှုန့်များကိုနေ့စဉ်ရှုရှိက် ရသည့် အန္တရာယ်နှင့် စွန့်ပစ်မြေများ စုပုံမှုကြောင့်စိုက်ခင်းများ ပျက်စီးမှုတို့အပြင် လက်ရှိ နစ်နာမှုများကြောင့် အဆိုပါလက်ပန်တောင်းတောင် ကြေးနီထုတ်ဖော်မှု ကို ရပ်ဆိုင်းလိုခြင်းဖြစ်ကြောင်းဒေသခံ များက ပြောဆိုကြသည်။
 
 
ထို့ကြောင့်လည်း အဆိုပါ စီမံကိန်းရပ်ဆိုင်းရန်ဒေသခံများကယခုနှစ်အတွင်းကန့်ကွက်ခဲ့ကြရာ သြဂုတ် ၂၄ ရက်မှ စတင်ခဲ့ကြပြီးနောက်ဒေသခံများက ဆန္ဒထုတ်ဖော်တောင်းဆိုမှုများကို အရှိန်မြှင့်တင်၍ နိုဝင်ဘာ ၁၇ရက်မှ စတင်ကာ မြန်မာဝမ်ပေါင်ရုံးရှေ့တွင် သပိတ်စခန်းများဖွင့်လှစ်ခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်တွင် မန္တလေး၊ မုံရွာ၊ ပခုက္ကူတို့မှသံဃတော်များပါဝင်သော အထွေထွေသပိတ်ကို စတင်ခဲ့ကြခြင်းဖြစ်သည်။
 
 
အဆိုပါ သပိတ်စခန်းများမှ မြေစာပုံသပိတ်စခန်းကို နိုဝင်ဘာလ ၂၉ ရက်နေ့နံနက် ၃ နာရီ ကျော်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက သပိတ်စခန်းကိုမီးလောင်စေပြီး ဖြိုခွဲခဲ့သောကြောင့် ရဟန်း သံင်္ယာပေါင်း ၃၀ကျော်နှင့်ဒဏ်ရာရရှိသူပေါင်း ၆၀ ကျော်ခန့် ရှိခဲ့ကြောင်း သိရှိရသည်။
 
 
သပိတ်စခန်းများကို အကြမ်းဖက် ဖြိုခွဲခြင်းနှင့်သင်္ယာများကိုဒဏ်ရာရရှိစေခဲ့သောကြောင့် အဆိုပါသပိတ် စခန်းများ ဖြိုခွဲမှုနှင့်ပတ်သက်ပြီးပြည်နယ်အချို့ရှိ ရဟန်းရှင်ပြည်သူအချို့က ဆန္ဒထုတ်ဖော်ပွဲများဆက်လျက်ပြုလုပ်လျက်ရှိသည်။
 
 
နိုင်ငံတော်သမ္မတရုံးမှ လည်း လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေး ခဲ့သည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဆက်လက်ဆောင်ရွက်ရန်သင့်၊ မသင့်နှင့် ဆန္ဒပြဖြစ်စဉ်များထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေအမှန်ဖော်ထုတ်နိုင်ရန်အတွက်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်အဖွဲ့ဝင် ၃၀ဦးပါဝင်သော အဖွဲ့ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။
 
" ဒေါ်အောင်ဆန်းစုကြည်က ဒီစီမံကိန်းကို ဆက်လုပ်ဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွား အတွက် ကိုမျှော်ကိုး ပြီးတော့ ရေရှည် အတွက်ကို မျှော်ကိုးပြီးတော့ဆုံးဖြတ်ချက်ချမယ်လို့ပဲကျွန်တော်တို့ ယူဆပါမယ်။အဲ့အပေါ်မှာ ထိုက်သင့်အလျောက် မြေယာခွဲဝေမှုတွေလျော်ကြေးပေးမှုတွေကို ဒေါ်အောင်ဆန်းစုကြည်က တပြိုင်နက်တည်းလုပ်သွားလိမ့်မယ်လို့ ယူဆပါတယ်။ တပြိုင်နက်တည်း လုပ်သွားမယ့်အတွက်ကိုကျွန်တော်တို့ ကြိုတင်ထင်မြင် မှန်းဆထားပြီးသားပါ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆုံးဖြတ်ချက်အပေါ်ကို ပြည်သူတွေက လိုက်နာကြမှာပါ။ ဘာကြောင့်လဲ ဆိုတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥာဏ်ကြီးမှုကို ကျွန်တော်တို့ကလေးစားပြီးသားမို့လို့ပါ။ "ဟု ပြည်သူ ဦးစိုးမိုးထွန်း ကသူ့အမြင်နှင့်သဘောထားကို သုံးသပ်ပြောဆိုသည်။
 
 
ကော်မရှင်ဖွဲ့စည်းပြီး နှစ်ရက်မြောက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်အဖွဲ့ဝင် ၁၆ ဦးသို့ ပြင်ဆင်ဖွဲ့စည်းခဲ့သည်။  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကရန်ကုန်မြို့၊ တိုင်းဒေသကြီး လွှတ်တော်တွင် သတင်းစာရှင်းလင်းပွဲကိုပထမဆုံးအကြိမ်အဖြစ်ပြုလုပ်ကျင်းပခဲ့ခြင်းဖြစ်သည်။
 
 
ထို့အပြင် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုရလာဒ်များအား ပြည်သူအားလုံးကကျေနပ်နိုင်လိမ့်မည်မဟုတ်ကြောင်း သတင်းစာရှင်းလင်းပွဲ တွင်စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုပြန်လည်ဖွဲ့စည်းရာတွင် လုပ်ပိုင်ခွင့်များနှင့်ပတ်သက်၍ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
 
  "စုံစမ်းရေးမှာ ဘယ်တော့မှ အားလုံးကျေနပ်မယ်ဆိုတာမဖြစ်နိုင်ပါဘူး။ ကျမတို့ မြင်ရင်မြင်တဲ့အတိုင်း အဖြေကိုတင်ပြသွားမှာပါ။ မကျေနပ်တဲ့သူကလဲရှိမယ်၊ကျေနပ်တဲ့သူကလဲရှိမယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များ၏ေ မးမြန်းမှု အားပြန်လည်ဖြေဆိုသည်။
 
 
ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်ချက်များနှင့်ပတ်သက်ပြီးရန်ကုန်မြို့ခံပြည်သူတဦးကသူ့အမြင်ကို ပြောဆိုသည်။
 
 
 " ပြည်သူတစ်ယောက်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းတောင်ကိစ္စကိုပြေလည် အောင် ဆိုပြီးတော့ ကော်မရှင်အနေနဲ့ ဆောင်ရွက်တာက၀မ်းမြောက်ဝမ်းသာဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်အနေနဲ့ ပြောချင်တာက လက်ရှိအာဏာပိုင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်လုပ်ပိုင်ခွင့်တွေပေးမလဲဆိုတာကိုဘဲ ပြန်ပြီး ပြည်သူအနေနဲ့ ကြည့်နေရတာပေါ့လေ။ အဲ့တော့စောင့်ကြည့်နေ တဲ့ ကာလမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ပိုင်ခွင့်ကို အပြည့်အ၀မရဘူးဆိုရင်တော့ အဖြေကတော့ တိတိကျကျထွက်မှာ မဟုတ်ဘူး။ဘာကြောင့်လဲဆိုရင် အာဏာပိုင်တွေက လက်ရှိကိုပြောရမယ်ဆိုရင် ဦးပိုင်ကအာဏာပိုင်ပဲ အာဏာပိုင်သည် ဦးပိုင်ဘဲ သူတို့ရဲ့အကျိုးစီးပွားအတွက်ကိုသူတို့ဆောင်ရွက်နေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အစအဆုံး ပေါ်ပေါက်အောင်သူတို့ရဲ့အပြစ်စနစ်တွေ ပေါ်ပေါက်အောင် ဆောင်ရွက်မယ်ဆိုရင်သူတို့အကျိုးစီးပွားတွေ ပျက်ဆီးဆုံးရှုံးမှာကိုး အဲ့တော့ အကျိုးစီးပွားကိုထိခိုက်နိုင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လွတ်လပ်လပ်အရှင်းဆုံးပြောရမယ်ဆိုရင် မိမိသိလိုတဲ့ အချက်အလက်တွေကိုစုံစမ်းပိုင်ခွင့်ကို ပိုင်ပိုင်နိုင်နိုင် ပေးမယ်ဆိုရင်တော့ပြည်သူအနေနဲ့ အများကြီး ၀မ်းမြောက်မိမှာပါ" ဟု ပြည်သူ ဦးဇော်ဝင်းကပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဦးဝင်းမျိုးသူကလည်းပြည်သူလူထုအနေနှင့် ကိုယ့်ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာအခွင့်အရေးများအတွက်ပြောဆိုတတ်ရုံသာမက တောင်းဆိုတတ်ဖို့ပါ လိုအပ်လာကြောင်း ပြောသည်။
 
 
   ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စောင်းပေးပြီးတော့ လုပ်လာတာပေါ့လေ။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး  ပြည်သူတွေ ဒီထက်ပိုပြီးအမြင်ပွင့်လာအောင် တိုင်းသူပြည်သားတွေ ၊ နောက်တစ်ခုက အစိုးရဌာနတွေလည်းဒီထက်အမြင်ပွင့်အောင် ဗဟုသုတရအောင် လုပ်ပေးဖို့ တာဝန်တွေအရေးကြီးတယ်။မှန်မှန်ကန်ကန်မြင်ဖို့လိုမယ်ထင်တယ်။ အစွန်းရောက်တဲ့အမြင်တွေအစွန်းရောက်တဲ့ ခံစားချက်တွေဆိုရင်တော့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ၊လယ်တောင်စိုက်လို့ရတော့မှာ မဟုတ်တော့ဘူး ၊ ဒါကြောင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အရမ်းအရေးကြီးတယ်။ မှန်မှန်ကန်ကန်မျှမျှတတနဲ့နားလည်ပြီးတော့ ကိုယ့်ရဲ့ပတ်ဝန်းကျင် ဆိုင်ရာ အခွင့်အရေးတွေ ၊ပြောဆိုတတ်ဖို့ ၊ တောင်းဆိုတတ်ဖို့ အရမ်းအရေးကြီးပါတယ်။


--
Posted By Blogger to လုလင်လေး at 12/07/2012 05:52:00 AM

နိုင်ငံတော်သမ္ဓတအမိန့်ဖြင့် လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၂) ဦးကို မောင်တောနယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေး

နိုင်ငံတော်သမ္ဓတအမိန့်ဖြင့် သံတွဲအကျဉ်းထောင်မှ လွှတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၂) ဦးကို ဒီဇင်ဘာလ (၂) ရက်နေ့က မောင်တောနယ်စပ် အမှတ်(၁)၀င်/ထွက်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သတင်းရရှိသည်။

ကြေးနီစီမံကိန်းအတွက် ရယူထားသည့် မြေဧကခြောက်ထောင်အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် ကျပ် ၅ သိန်းခွဲဖြင့် ပေးလျော်ပြီးဖြစ်သည်ဟု တရုတ်သံအမတ်ကြီးပြောကြား


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ကိုင်ရန် ရယူထားသည့် မြေဧက ၆၀၀၀ အတွက် ၀မ်ပေါင်ကုမ္ပဏီက တစ်ဧကလျင် မြန်မာငွေကျပ် ၅ သိန်းခွဲဖြင့် အမေရိကန်ဒေါ်လာ ၅ သန်းအထိ ပေးလျော်ပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့ကတွေ့ဆုံစဉ် ပြောကြားလိုက်သည်။

 လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ မူဝါဒမပြောင်းလဲနိုင်သော်လည်း ဆက်လက်ရင်းနှီးမြှုပ်နှံမှုများကို ထိခိုက်မှုရှိနိုင်ဟုဆို


thn-7-12-1
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသော မူဝါဒ မပြောင်းလဲနိုင်သော်လည်း တရုတ်ကုမ္ပဏီများ၏ ဆက်လက် ရင်းနှီးမြှုပ်နှံမှုအပေါ် ထိခိုက်မှုရှိနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E Mr. Li Junhua က ပြည်တွင်းမီဒီယာများနှင့် ဒီဇင်ဘာ ၇ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ရွှေဈေးကွက် အေးစက်

ရွှေဈေး အတက်အကျများပြီး အပိုင်းဈေးကွက်တွင် အရောင်းအဝယ် ပြုလုပ်သူ နည်းနေသဖြင့် ဈေးကွက် အေးနေကြောင်း ရွှေလုပ်ငန်းရှင်များ ကပြောသည်။ "ဈေးတွေက ပြန်ကျ လာပေမယ့် အရောင်းအဝယ်က အေးနေတယ်။ အပိုင်းမှာဆို ရောင်းတဲ့ သူရော၊ ဝယ်တဲ့သူရော နည်းနေတယ်။ အရောင်းအဝယ် သိပ်မ လုပ်ကြဘူး။

လိုင်စင်ရုပ်သိမ်းခံရသော ရှေ့နေ ၁၄ ဦး လိုင်စင်ပြန်ရ


နိုင်ငံရေးသမား များ၏ အမှုများကို လိုက်ပါ ဆောင်ရွက် ရာမှ လိုင်စင် ရုပ်သိမ်း ခံရသည့် တရားလွှတ်တော် ရှေ့နေ ၂၅ဦးအနက် ၁၄ဦးမှာ ယခုရက်ပိုင်း အတွင်း ပြည်ထောင်စု တရား လွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည်ရရှိခဲ့ကြောင်း လိုင်စင်ပြန်လည် ရရှိခဲ့သူများ အနက် တစ်ဦးဖြစ်သူ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

USမှ တင်သွင်းသော iPhone 5 Original Package ကို ကျပ်ခြောက်သိန်းခွဲဖြင့် ရောင်းချ


ကမ္ဘာ တစ်ဝန်း လုံးမှ နှစ်ခြိုက် စွာ အားပေး ဝယ်ယူမှု ရရှိခဲ့သည့် Apple ၏ ထုတ်ကုန် iPhone 5 သည် မြန်မာနိုင်ငံသို့ စတင်ရောက်ရှိစဉ် က ဈေးနှုန်း ကြီးမြင့်မှု ရှိခဲ့သော်လည်း ယခုအခါ US နိုင်ငံမှ တင်သွင်းလာ သော iPhone 5 Original Package 16GB ကို ငွေကျပ်ခြောက်သိန်းခွဲဖြင့် Golden Dragon Apple Care Sales & Service မှ ရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

www.ads.com.mm website တွင် ကြော်ငြာများ အခမဲ့ထည့်သွင်းနိုင်


မြန်မာ ပြည်သူ ပြည်သားများ အနေဖြင့် ads.com.mm, website မှတစ်ဆင့် မိမိတို့ ဝယ်ချင်သည့် ပစ္စည်း၊ ရောင်းချင်သည့် ပစ္စည်းများ ကို အခမဲ့ ကြော်ငြာနိုင်၊ ဝယ်ယူနိုင် မည်ဖြစ်ကြောင်း သိရှိရသည်။

ချင်း လက်နက်ကိုင်အဖွဲ့နှင့် အစိုးရ ရန်ကုန်တွင် ဆွေးနွေးမည်


ဒီဇင်ဘာ ၅ ရက်နေ့က ရန်ကုန်လေဆိပ်တွင် တွေ့ရသော CNF အထွေထွေ အတွင်းရေးမှူး ပူကျင်ကျုံး(ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)
ချင်းအမျိုးသား တပ်ဦး (CNF) ကိုယ်စားလှယ် အဖွဲ့နှင့် အစိုးရ ကိုယ်စားလှယ်များ ဒုတိယအကြိမ် ပြည်ထောင်စု အဆင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ Peace Center တွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

ရှုံးကြွေးကို ဘယ်သူတွေ ပေးဆပ်ကြမလဲ


မြန်မာ ဘောလုံး အကယ်ဒမီမှ သင်တန်းသားများ ဘောလုံး လေ့ကျင့်နေစဉ် (ဓာတ်ပုံ – Reuters)
မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းသည် ၁၉၉၆ ခုနှစ်တွင် စတင်ခဲ့သည့် အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ချုပ် တံခွန်စိုက် ဘောလုံးပြိုင်ပွဲ တိုက်ဂါးဖလားမှ စကာ ၂၀၁၃ ခုနှစ် ဆူဇူကီး ဖလားပွဲအထိ တကြိမ်တည်းသာ အကြိုဗိုလ်လုပွဲ အဆင့် ရောက်ခဲ့သည်။ ကျန်ပြိုင်ပွဲ အားလုံးတွင် အုပ်စုအဆင့်မှာ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်ချည်း ဖြစ်သည်မှာ တော်တော် ထူးဆန်းနေသည်။

အိမ်ကွင်းအဝေးကွင်း အပြာသီချင်းလား


အိမ်ကွင်းအဝေးကွင်း သီချင်းသရုပ်ဖော် ပြကွက်တခု
မစပ်စုတို့ တိုင်းပြည်ကြီးရဲ့ ဒီမိုကရေစီ ၀ိုးတိုးဝါးတား အခြေအနေမှာပဲ တချို့နေရာတွေမှာတော့ ဒီမိုကရေစီ အပြည့် ရနေတယ်လို့ ဆိုရမလို ဖြစ်နေပါပြီ။

မြန်မာ အမျိုးသမီး ဘောလုံးအသင်း အိန္ဒိယကို ၈ ဂိုးပြတ် နိုင်


၁၉ နှစ်အောက် မြန်မာ အမျိုးသမီးအသင်း (ဓာတ်ပုံ – AFC)
ဗီယက်နမ် နိုင်ငံ ဟိုချီမင်းမြို့မှာ ကျင်းပလျက်ရှိနေတဲ့ အသက် ၁၉ နှစ်အောက် အာရှအမျိုးသမီး ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ အုပ်စုခြေစစ်ပွဲစဉ်မှာ မြန်မာအသင်းက အိန္ဒိယအသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိကာ Play-off ရှုံးထွက်အဆင့်ကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ တချိန်တည်းကန်တဲ့ တဖက်ပွဲစဉ်မှာတော့ ဗီယက်နမ်အသင်းက ထိုင်ဝမ် အသင်းကို ၃ – ၁ နဲ့ အနိုင်ရရှိသွားတာကြောင့် မြန်မာအသင်းနဲ့အတူ အုပ်စုတက်ဖို့ အခွင့်အရေးရှိခဲ့တဲ့ ထိုင်ဝမ်အသင်းဟာ နောက်ဆုံးပွဲစဉ်မှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရပြီး နောက်တဆင့်တက်ဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

အားကစားနဲ့ပတ်သက်တဲ့ သတင်းတွေကို အစုံလင်ဆုံး ဖတ်ရှုနိုင်မယ့် Website


အားကစားနဲ့ ပတ်သက်တဲ့ သတင်းတွေကို အစုံလင်ဆုံး ဖတ်ရှုနိုင်မယ့် နေရာလေး
တစ်ခု ဖြစ်ပါတယ်။ ဘောလုံးပွဲတွေရဲ့ အကြောင်းသာမက အခြား အားကစား နည်းတွေ ဖြစ်တဲ့ ဂေါက်ရိုက် ကစားနည်းနဲ့ ဖော်မြူလာဝမ်း ပြိုင်ပွဲတွေရဲ့ အကြောင်းကိုပါ ဖော်ပြပေးထား ပါတယ်။

 နိုင်ငံတော်သမ္ဓတအမိန့်ဖြင့် လွတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၂) ဦးကို မောင်တောနယ်စပ်မှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေး

နိုင်ငံတော်သမ္ဓတအမိန့်ဖြင့် သံတွဲအကျဉ်းထောင်မှ လွှတ်မြောက်လာသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား (၁၂) ဦးကို ဒီဇင်ဘာလ (၂) ရက်နေ့က မောင်တောနယ်စပ် အမှတ်(၁)၀င်/ထွက်ဆိပ်ကမ်းမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားဝင် လွှဲပြောင်းပေးလိုက်ကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ သတင်းရရှိသည်။

ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်း ကျောင်းသား၊ ကျောင်းသူများ မောင်တော အ .ထ .က တွင် ဖြေဆိုခွင့်ရ


ဆူပူအကြမ်းဖက်မှုများကြောင့် စာမေးပွဲမဖြေဆိုလိုက်ရသည့် စစ်တွေတက္ကသိုလ် နေ့သင်တန်းကျောင်းသား၊ ကျောင်းသူများကို မောင်တော အ.ထ. က တွင် ဖြေဆိုခွင့်ပြုထားကြောင်း သတင်းရရှိသည်။

 လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သော ဆရာတော် ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိ


7
လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော ဆရာတော် ဥူးတိက္ခဥာဏမှာ ထိုင်းနိုင်ငံသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ဆရာတော် ဥူးတိက္ခဥာဏမှာ ဒဏ်ရာရရှိခဲ့သည့် သံဃာအပါး ၁၀၀ ခန့်တွင် ဒဏ်ရာ အပြင်းထန်ဆုံးဖြစ်ပြီး ယခုကဲ့သို့ ပြည်ပသို့ သွားရောက်ဆေးကုသမှု ခံယူရန် စီစဉ်ရခြင်းဖြစ်သည်ဟု ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီမှ ဘ၀အလင်း ဆရာတော်မှ မိန့်ကြားပါသည်။

 အယ်လ်ဂျာဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ် ပဋိပက္ခသတင်း အစီအစဉ်တစ်ခုနှင့် ပတ်သက်၍ မြန်မာနိုင်ငံအစိုးရမှ ကန့်ကွက်

ကာတာနိုင်ငံအခြေစိုက် အယ်လ်ဂျားဇီးယား သတင်းဌာနမှ ထုတ်လွင့်မည့် ရခိုင်ပြည်နယ်ပဋိပက္ခ သတင်းအစီအစဉ်တစ်ခုအား မြန်မာနိုင်ငံအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

 ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် ရခိုင်ပြည်နယ်သို့ လာရောက်


ကုလသမဂ္ဂ လူသားချင်းစာနာမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Ms.Valerie Amos  သည် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးနှင့်အတူ ရခိုင်ပြည်နယ် စစ်တွေ လေဆိပ်သို့ ဒီဇင်ဘာလ ၅ ရက်နေ့ နံနက်ပိုင်းက ရောက်ရှိလာခဲ့သည်။Ms.Valerie Amos သည်  မြေပုံ၊ ပေါက်တော၊ မောင်တောနှင့် စစ်တွေမြို့နယ် တို့တွင်ရှိသော ကယ်ဆယ်ရေးစခန်းများသို့ သွားရောက်လေ့လာခဲ့ပြီး ရခိုင်တွင် အကူအညီလိုအပ်မှု စိန်ခေါ်ချက်များစွာ ရှိနေကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို သမ္မတဦးသိန်းစိန် ရွှေ့ဆိုင်း


သြစတြေးလျ ဓနသဟာယ နိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရွှေ့ဆိုင်းလိုက်ကြောင်း  ဒီဇင်ဘာလ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများက ဖော်ပြခဲ့သည်။

အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာရေးသဟဇာတ ညီမျမှုကို တည်တန့်အောင်ထိန်းသိမ်းရန် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားတိုက်တွန်း


မြန်မာပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်အပေါ် တုန့်ပြန်မှုများ လုပ်ဆောင်ရာတွင် အကြမ်းမဖက်ရေးကို ဆက်လက်ကျင့်သုံးရန်နှင့် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု ဗဟိုအချက်အချာဖြစ်သော ဘာသာ ရေးသဟဇာတညီမျှမှုကို တည်တန့်အောင် ထိန်းသိမ်းရန် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဘုန်းတော်ကြီး ဒလိုင်းလားမားက တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။      

လူ့အဖွဲ့အစည်းနှစ်ခု သင့်မြတ်အောင် ကြိုးပမ်းရေး ကုလသမဂ္ဂ တိုက်တွန်းပြောဆို



2012-12-06
ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်ထပ် မဖြစ်ပွားဖို့အတွက် လူ့အဖွဲ့အစည်း ၂ ခုအကြား သင့်မြတ်အောင် လုပ်ဆောင် မယ်ဆိုရင် မြန်မာအစိုးရကို ကုလသမဂ္ဂ အဖွဲ့အစည်း အနေနဲ့ ကူညီပေးသွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ Ms. Kirsten Mildren က သတင်းထောက်တွေကို ပြောပါတယ်။

ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်မြန်နှုန်း ၂၀၁၃တွင် နိုင်ငံတကာ စံနှုန်းအတိုင်း မြှင့်မည်ဟုဆို


မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ခေါ်ဆိုမှုနှင့် အင်တာနက် မြန်နှုန်းများကို ၂၀၁၃ ခုနှစ် ဧပြီလတွင် နိုင်ငံတကာ စံချိန်စံညွန်း များနှင့် ကိုက်ညီအောင် လုပ်ဆောင် သွားမည်ဟု သိရကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ကျင်းပသော အာဆီယံ ခေါင်းဆောင်မှု ၁၀၀ ဖိုရမ် ကျင်းပရာ ဆီဒိုးနား ဟိုတယ်တွင် ယင်းဖိုရမ် ဦးဆောင်ကျင်းပသူ Mr.Dato Timothy Ong က မိုဘိုင်းဖုန်းများ ခေါ်ဆိုရ အဆင်ပြေစေရန် မည်သို့ လုပ်ဆောင် ထားသနည်းဟု မေးမြန်းသဖြင့် ဒေါက်တာ ကံဇော်က ယင်းကဲ့သို့ ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

"အပြောင်းအလဲ တွေက ၂၀၁၃ခုနှစ် ဧပြီလ ၁ ရက်နေ့မှာ ထင်သာမြင်သာ ဖြစ်လာ လိမ့်မယ်။ အစိုးရ သက်တမ်းက ခုမှ လနှစ်ဆယ် သားပဲ ရှိသေးတယ်" ဟု ၎င်းက ဆိုသည်။
"မိုဘိုင်းဖုန်းက ကောင်းကောင်း ခေါ်မရဘူး။ Message (သတင်းတို) ပို့ရတာလည်း မလွယ်ဘူး" ဟု Mr.Dato Timothy Ong က ဝေဖန် သည်။

ပြည်သူအားလုံး သတင်းနည်းပညာ ဖွံ့ဖြိုးမှု၏ အကျိုးကျေးဇူးကို ခံစားနိုင်ရန် သတင်း နည်းပညာ နယ်ပယ်တွင် အကြီးစား ရင်းနှီးမြှုပ်နှံ မှုများ ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ပြောဆိုသည်။

ဆက်သွယ်ရေး ကွန်ယက် ကောင်းမွန်ပါက လူသား ရင်းမြစ်ကို မြှင့်တင်နိုင်သည့် ပညာရေးကို အထောက်အကူ ဖြစ်စေကြောင်း၊ အစိုးရ၏ ပါဝင်ဆောင်ရွက်မှု အရမ်း အားကောင်းနေလျှင် လုပ်ငန်း အနည်းအကျဉ်းသာ ပြီးမြောက်နိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေးတွင် တတ်နိုင်သမျှ အစိုးရ၏ ပါဝင် ပတ်သက်မှုကို လျှော့ချရမည် ဖြစ်ကြောင်း အစိုးရနှင့် ကော်ပိုရိတ် ဆိုင်ရာ အကြံပေး ဟောင်ကောင် ရှိ ဈေးကွက်ပြိုင်ဆိုင်မှု သင်တန်းကျောင်းကို တည်ထောင်သူ ပါမောက္ခ မိုက်ကယ်အန်ရိုက်က သုံးသပ်သည်။



တပ်ရိက္ခာစပါး ဝယ်ယူရန် တင်ဒါ ခေါ်ရာတွင် မွန်ပြည်နယ် ပါဝင်





၂၀၁၃-၁၄ ခုနှစ် တပ်မတော်ရိက္ခာအတွက် ဧည့်မထ အမျိုးအစား စပါးကို ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် တင်ဒါစနစ်ဖြင့် ဝယ်ယူမည့် အစီအစဉ်တွင် မွန်ပြည်နယ်ရှိ (၁၀) မြို့နယ်လုံးကို စပါးဝယ်ယူမည့် ဒေသများအဖြစ် ထည့်သွင်းထားကြောင်း အစိုးရထုတ် သတင်းစာတွင် ဖော်ပြထားသည်။
မွန်ပြည်နယ်ရှိ စပါးကွင်းတစ်နေရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်၊ သတ်မှတ်သည့် နေရာအလိုက် တင်ဒါစနစ်ဖြင့် ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဝယ်ယူတော့မည် ဖြစ်သည်။

"စပါးဝယ်မည့် ပြည်နယ်နဲ့ တိုင်းဒေသကြီး (၈) ခုထဲမှာ မွန်ပြည်နယ်အတွင်းက (၁၀) မြို့နယ်လုံးကို တပ်ရိက္ခာ ဝယ်ယူမယ့် စာရင်းမှာ ပါနေတာ" ဟု မော်လမြိုင်မြို့က ဆန်ကုန်သည်တဦးက ပြောသည်။
တပ်မှ ပေးသည့် ဈေးနှုန်းသည် ပေါက်ဈေးထက် နိမ့်နေခြင်း၊ လယ်သမားများ တပ်အထိ သွားရောက်ပို့ ဆောင်ရန် ခက်ခဲခြင်းကြောင့် မော်လမြိုင်ခရိုင် (၆) မြို့နယ်တွင် တပ်ရိက္ခာ စပါးဝယ်ယူရန် လွယ်ကူမည် မဟုတ်ကြောင်း မုဒုံမြို့မှ စပါးကုန်သည် တဦးက ပြောသည်။
"မနှစ်ကဆို ဒီလိုရပ်ထဲရွာထဲ လိုက်ဝယ်မရတဲ့အဆုံးမှာ ဒေသထဲက ကုန်သည်တွေကို ဝယ်ခိုင်းပြီး တပ်ကို တင်ဒါစနစ်နဲ့ သွင်းနေတာ ရှိတယ်" ဟု ၎င်းက ပြောသည်။
သို့သော် သထုံခရိုင် ပေါင်မြို့နယ်၊ သထုံမြို့နယ်ရှိ ကျေးရွာများမှာ တပ်ရိက္ခာစပါး ဝယ်ယူပါက ရောင်းပေးမည့် လယ်သမားများ ရှိပြီး၊ အထူးသဖြင့် မုတ္တမမြို့ အခြေစိုက် တပ်ရင်းများမှ လာရောက် ဝယ်ယူကြသည်ဟု ပေါင်မြို့နယ် ထန်းပင်ချောင်ရွာမှ လယ်ပိုင်ရှင် မိခိုင်မြင့်က ပြောသည်။
"မနှစ်က လာဝယ်တော့ ထန်းပင်ချောင်ရွာက ရောင်းပေးတာ ရှိတယ်။ ကောက်စောစပါး တင်း (၁၀ဝ) ကို သုံးသိန်းခွဲ ဈေးနဲ့ပါ၊ ဒီနှစ်ဈေးကိုက်ရင် ရောင်းပေးရမှာပေါ့" ဟု သူမက ပြောသည်။
တပ်ရိက္ခာစပါး ဝယ်ယူရေးကို အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းကဲ့သို့ စိုက်ဧကများပြီး စပါးထွက် များပြား သည့် နေရာများတွင် ဝယ်ယူလေ့ ရှိပြီး ပဲခူတိုင်း သနပ်ပင်မြို့နယ်၊ ဝေါမြို့ နယ်၊ ကဝမြို့နယ်မှ တဆင့် ကုန်သည်များက ဝယ်ယူကာ တပ်ရင်းကို တင်ဒါစနစ်ဖြင့် သွင်းရသည်ဟု မုဒုံမြို့နယ် မြန်မာ့လယ် ယာထွက် ကုန် ရောင်းဝယ်ရေးမှ တာဝန်ရှိ ဝန်ထမ်းတဦးက ပြောသည်။
ကိုယ်တိုင် စပါးစိုက်ပျိုး ထုတ်လုပ်ပြီး တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း၊ စပါးတင်း (၁၀ဝ) နှင့် အထက် ရောင်းချပေးသွင်းနိုင်သည့် တောင်သူများအနေဖြင့် တိုင်းစစ်ဌာနချုပ်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းများနှင့် တပ်ရင်းတပ်ဖွဲ့များသို့ ရောင်းချပေးသွင်းနိုင်ကြောင်း သိရသည်။
တပ်ရိက္ခာစပါး ဝယ်ယူရန် တင်ဒါခေါ်ယူသည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်၊ ရှမ်းပြည်နယ် အရှေ့၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး အရှေု့၊ ပဲခူးတိုင်းဒေသကြီးအနောက်တို့ ဖြစ်သည်။
ပေးသွင်းရမည့် စပါးအရေအတွက်၊ စပါးအရည်အသွေး သတ်မှတ်ချက်၊ ပေးသွင်းရမည့်နေရာ၊ ပေးသွင်းရ မည့်ကာလ စသည့် အသေးစိတ် အချက်အလက်များနှင့် တင်ဒါပုံစံတို့အား အထက်ပါ နေရာများရှိ တိုင်းစစ်ဌာနချုပ်များ၊ ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်းများနှင့် တပ်ရင်း၊ တပ်ဖွဲ့များတွင် စုံစမ်းနိုင်ကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖေါ်ပြပါရှိသည်။

Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။





Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။
ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အား ၀င်ရောက်ကြည့်ရှုနိုင်မည်
မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း သိရှိရပါသည်။
မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။
Eleven Media Group ၏ www.news-eleven.com အား ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (www.elevenmyanmar.com) တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Photo: အသိပေးကြေညာချက်  Eleven Media Group ၏ www.news-eleven.com အား KCA (Kachin Cyber Army) ဟု သုံးနှုန်းထားသော Hacker အဖွဲ့တစ်ဖွဲ့မှ တိုက်ခိုက်ခဲ့ပါသည်။ ထို့ကြောင့် လက်တလောတွင် Eleven Media Group ၏ www.news-eleven.com အား ၀င်ရောက်ကြည့်ရှုနိုင်မည် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။ ယခု တိုက်ခိုက်သည့် အဖွဲ့သည် ကချင်အဖွဲ့ အမည်ကိုအသုံးပြုထားပြီး တရုတ်နိုင်ငံဘက်မှ IP များဖြင့် အသုံးပြုတိုက်ခိုက်ထားကြောင်း သိရှိရပါသည်။ မိမိတို့ website အား အမြန်ဆုံးပြန်လည်ကြည့်ရှုနိုင်ရန် ပြုပြင်လျက်ရှိပြီး ကချင်အဖွဲ့ အမှန်တကယ်ဟုတ်မဟုတ်နှင့် မည်သူတို့က လုပ်ဆောင်သည်ကို သိရှိနိုင်ရန် ဆက်လက် စုံစမ်းလျက်ရှိကြောင်း အသိပေးအပ်ပါသည်။  Eleven Media Group ၏ www.news-eleven.com အား ပြန်လည်ပြင်ဆင်နေစဉ်ကာလအတွင်း Eleven Media Group Facebook နှင့် Eleven Myanmar (www.elevenmyanmar.com) တို့မှ တဆင့် သတင်းများကို အချိန်နှင့်တပြေးညီ ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။



ထိုင်းဘုရင့်မွေးနေ့ဂုဏ်ပြုပွဲ၌ သျှမ်းအလုပ်သမားများအား RCSS/SSA ခေါင်းဆောင်မိန့်ခွန်းပြော





ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၏ သက်တော် ၈၅ နှစ်ပြည့်မွေးနေ့ပွဲအား ထိုင်းနိုင်ငံရှိမြို့ နယ်တိုင်း အုပ်စုတိုင်းတွင်ကျင်းပရာ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားသျှမ်းများလည်း မိမိနီးစပ်ရာ၌ ကျင်းပသော ပွဲတော်သို့ ပါဝင် ဂါရ၀ပြုကြကြောင်း စုံစမ်း သိရှိရသည်။
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ ဘုရင့်မွေးနေ့ဆုတောင်းပွဲနှင့်အတူ သျှမ်းနှစ်သစ်ကူးကျင်းပ
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ ဘုရင့်မွေးနေ့ဆုတောင်းပွဲနှင့်အတူ သျှမ်းနှစ်သစ်ကူးကျင်းပ
"ဒီဇင်ဘာ ၅ ရက်မနက်ပိုင်း ဘုရင်ကြီးအသက်ရှည်စေဖို့ ဇာတာဆက်ပွဲလုပ်တယ်။ ဘုန်းတော်ကြီး ၉ ပါးက မင်္ဂလာတရား ဟောပြီး ဆုတောင်းပေးတယ် အဲဒီကျောင်းမှာ။ ထိုင်းနိုင်ငံသားတွေနဲ့အတူ သျှမ်းပြည်အလုပ် သမား ၁၀၀ ကျော် ပူးပေါင်း ပါဝင်တယ်။ ညပိုင်းပျော်ပွဲရွှင်ပွဲမှာတော့ ပရိသတ် ၁ သောင်းထက်မနည်းဘူး။ RCSS/SSA ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ကဏ်း ဂျစ်နဲ့ ဥက္ကဌကြီး စဝ်ယွက်စစ်က တက်ရောက်မိန့်ခွန်းပြောတယ်" ဟု ပွဲတက်ရောက် သတင်းယူသည့် သျှမ်းသံတော်ဆင့် သတင်း ထောက် စိုင်းဖောန်းလီက ပြောသည်။
RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က - မွေးရပ်မြေစွန့်ခွါကာ တခြားတိုင်းတပါး၌ ခိုလှုံရောက်ရှိနေကြသော သျှမ်းပြည် သားတို့အချင်းချင်း သစ္စာရှိကြရန်၊ သတိ၊ ဝိရိယ ထားရှိကြရန်သတိပေးပြောဆိုလိုက်သည်ဟု စိုင်းဖောန်းလီက ပြန်လည် ပြောပြသည်။
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့တွင်တွေ့ရသော RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့တွင်တွေ့ရသော RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
"သစ္စာ၊ သတိ၊ ဝိရိယ ကင်းမဲ့တဲ့သူဟာ တိုးတက်ဖို့လမ်းမရှိဘူး လို့ပြောတယ်။ နောက်တခုက အချင်းချင်းကြား မှာ တရားမ ဝင်ကိုယ်ပိုင်ကဒ်ပြား မလုပ်ကြဖို့၊ မဖြားယောင်းကြဖို့၊ ထိုင်းအစိုးရမှ တရားဝင်ပြန်ပြီးဌာန ဆိုင်ရာတွေ၊ နှစ်နိုင်ငံသဘောတူညီမှုနဲ့ လုပ်ပေးတဲ့ ကဒ်ပြားတွေသာလုပ်ဖို့ တွန်းအားပေးသင့်တယ်။ သဘောကတော့ သူများချွေးနဲစာကို တန်ဖိုးထားတတ်ဖို့ပေါ့။ အရေးကြီးတာက ကိုယ့်ရွာကိုယ့် ဒေသကလူတွေ ကို ထိုင်းကိုထပ်ပြီး မခေါ်လာဖို့ပေါ့။ လူကုန်ကူးမှုမပြုဖို့။ ခုတလောသျှမ်းပြည် က မိန်းခလေးတွေ မလေးရှား အထိသွားပြီး မကောင်းတဲ့လုပ်ငန်းတွေမှာ လမ်းမှားပြီးသွားလုပ်နေတယ်ဆိုတာ ဆက်တိုက် ကြားနေရတယ် လို့ပြောသွားတယ်" ဟု ဆိုသည်။
ဘန်ကောက်မြို့၌ကျင်းပသောပွဲတွင်လည်း သျှမ်းလူမျိုးများ ပူးပေါင်းဂါရ၀ပြု
ဘန်ကောက်မြို့၌ကျင်းပသောပွဲတွင်လည်း သျှမ်းလူမျိုးများ ပူးပေါင်းဂါရ၀ပြု
အလားတူ ချင်းမိုင်မြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ တော်ဝင်ပန်းခြံ Royal Flora Ratchaphruek တွင်လည်း ထိုင်းနိုင်ငံ အစိုးရက မွေးနေ့ဆုတောင်းပွဲကျင်းပရာ သျှမ်းဝတ်စုံဖြင့်တက်ရောက်ဆုတောင်းခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမား အများအပြား တွေ့ရကြောင်း၊ ဘန်ကောက်မြို့ အနန္ဒဆမားခုံး(မ်း) နန်းတော် ရင်ပြင်၌ ကျင်းပသည့် အခန်းအနား၌လည်း သျှမ်းလူမျိုး ၅၀၀ ကျော်က သျှမ်းဝတ်စုံဖြင့်တက်ရောက်ကြကြောင်း သိရသည်။

အပစ်ရပ်ပြီးနောက် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု လျော့သွားသော်လည်း ညှင်းပမ်းမှုပိုများလာ




တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် အစိုးရစစ်တပ်အကြား အပစ်ရပ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးပြီး နောက်ပိုင်းကျေး လက်ဒေသ၌ လူ့အခွင့်အရေး ချိုးဖောက်မှု အတန်ငယ် လျော့ကျသွားသော်လည်း စစ်ပွဲဖြစ်ပွါးနေသည့် ဒေသများ၌ ညှင်းပမ်းမှု ပိုမိုများပြားလာသည်ကို တွေ့ရသည်ဟု သျှမ်းလူ့အခွင့်အရေး ဖောင်ဒေးရှင်း၏ နိုဝင်ဘာလထုတ်
အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဒေသခံ အမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှု၊ အမျိုးသားများအား ပေါ်တာဆွဲ သတ်ဖြတ်မှုတို့မှာ သိသိသာသာ ကျဆင်း သွားသည်ကိုတွေ့ရသော်လည်း စစ်ပွဲဖြစ်ပွါးရာဒေသတို့၌ ကျေးလက်လူထု၏ ပိုင်ဆိုင်မှုများကို အဓမ္မ လုယက်စားသောက်မှု၊ အိမ်မွေးတိရစ္ဆာန် များအား ဖမ်းဆီးသတ်ဖြတ်ယူငင်မှု စသည်တို့မှာ လျော့ကျမသွားဘဲ ပိုမိုဖြစ်ပွါးလာသည် ကိုတွေ့ရကြောင်း အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခင်က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သည့်နည်းအစား လူထုအား ထိုးနှက်ရိုက်ပုတ်ခြင်း၊ လူထုပိုင် ပစ္စည်းဥစ္စာ ခိုးယူခြင်း၊ အဓမ္မလုပ်အားပေး ခိုင်းစေခြင်း စသည့် နည်းလမ်းများ ပြောင်းလဲပြုလုပ်နေဆဲ ဖြစ်သည်။ အဆိုပါ လုပ်ရပ်များအား သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်၊ လဲချား၊ မိုင်းကိုင်၊ မိုးနဲနှင့် မိုင်းတုံမြို့နယ်တို့တွင် အများအပြား ပြုလုပ်နေသည်ကို တွေ့ရသည်ဟုလည်း ဆိုသည်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း SSA- S တပ်ဖွဲ့နှင့် ယမန်နှစ် ဒီဇင်ဘာလ ၂ ရက်နေ့က အပစ်ရပ်ရေး သဘောတူခဲ့ကြသော်လည်း မြန်မာစစ်တပ်ဘက်မှ ရန်စတိုက်ခိုက်နေသည် သာမက တိုက်ပွဲများတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်နေသဖြင့် ဒေသခံလူထုများ ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားလာသည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။
ယငိးသို့ တိုက်ပွဲဖြစ်ပွါးမှု၊ လယ်ယာမြေသိမ်းယူမှု စသည့် ဖြစ်ရပ်များကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်သူ ပိုမိုများပြားနေကြောင်းနှင့် နယ်စပ်ဒေသများဖြစ်သည့် မယ်ဟောင်ဆောင်၊ ချင်းမိုင်နှင့် ချင်းရိုင်းခရိုင် တို့၌ လစဉ် ပျှမ်းမျှ ထောင်နှင့်ချီ၍ ဝင်ရောက်နေကြောင်း နယ်စပ် ဒုက္ခသည်အရေး ကူညီဆောင်ရွက် ပေးသည့်အဖွဲ့က ပြောဆိုသည်။
၁၉၉၆ ခုနှစ်မှ ၉၈ ခုနှစ်အထိ သျှမ်းပြည်အလယ်ပိုင်း ၁၁ မြို့နယ်ရှိ ရွာပေါင်း ၁၅၀၀ မှ လူဦးရေ ၃ သိန်းဝန်း ကျင်ခန့်အား အဓမ္မရွှေ့ပြောင်း ခိုင်းခဲ့သဖြင့် ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံအတွင်း အများအပြား ဝင်ရောက်ခို လှုံလာခဲ့ကြသည်။
ယင်းတို့အနက် အချို့မှာ ထိုင်းနိုင်ငံသားအဖြစ် တရားဝင် လျှောက်ထားခွင့် ရခဲ့သူများ ရှိသလို အများအားဖြင့် ထိုင်းအစိုးရမှ ထုတ်ပေးသည့် တိုင်းပြည်မဲ့ကဒ်ပြားများ၊ ရွေ့ပြောင်းအလုပ်သမားကဒ်များဖြင့် ထိုင်းနိုင်ငံအတွင်း၌ ခိုလှုံနေကြရသည်။

ကယား ပြည်နယ်သို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ လာရောက်လေ့လာ




တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နယ်မြေတွေမှာ လူမှုဖူလုံရေးအတွက် စားနပ်ရိက္ခာတွေလှူဒါန်းဖို့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း အဖွဲ့ ဥက္ကဌက ကယား(ကရင်နီ)ပြည်နယ်သို့  လာရောက်လေ့လာသွားတယ်လို့ သိရပါတယ်။

မြန်မာတိုင်းရင်းသားများ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ၏ ချစ်ကြည်ရေးသံအမတ်ကြီး လည်းဖြစ်သည့် အဖွဲ့ဥက္ကဌ (Yohei Sasakawa) မစ္စတာ ယောဟဲအိ ဆာဆာကာဝါက "နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့နယ်မြေ ၁၁ ခုမှာရှိတဲ့ IDP Camp တွေကို ဆန်နဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး တွေကို လှူဒါန်းမှာဖြစ်ပါတယ်။ ဒီလိုလှူဒါန်းပြီးရင် အမှန်တကယ် ဒုက္ခရောက်နေတဲ့သူတွေဆီကို ရောက်သလား၊ မရောက်ဘူးလား ဒီက တိုင်းရင်းသား ညီကိုမောင်နှမတွေကို စောင့်ကြည့်လေ့ လာစေချင် ပါတယ်။" လို့ ပြောပါတယ်။
လွိုင်ကော်မြို့ ကက်သစ်လစ် ဂရုဏာ ဓမ္မရုံတွင် Mr. Yohei Sasakawa မြင့်တွေ့ရစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
လွိုင်ကော်မြို့ ကက်သစ်လစ် ဂရုဏာ ဓမ္မရုံတွင် Mr. Yohei Sasakawa မြင့်တွေ့ရစဉ် (ဓါတ်ပုံ-ကန္တာရဝတီတိုင်း(မ်))
နိုဝင်ဘာလ ၄ ရက်နေ့၌ ကယားပြည်နယ်အတွင်းရှိ လူထုအခြေပြုလူမှုအဖွဲ့အစည်းတွေနဲ့ လွိုင်ကော်မြို့ ကက်သလစ် ဂရုဏာဓမ္မရုံမှာ တွေ့ဆုံခဲ့စဉ်အချိန်က ပြောဆိုခဲ့တာဖြစ်ပါတယ်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ဖိတ်ခေါ်မှုဖြင့် ကယားပြည်နယ်ကို လာရောက်လေ့လာခဲ့ပြီး လောပိတနှင့် ရှားတောမြို့နယ်အတွင်းရှိ စုစည်းရွာတွေဘက်ကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
KNPP အတွင်းရေးမှူး (၂) ဦးအောင်ဆန်းမြင့်က " နီပွန်ဖောင်ဒေးရှင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို လူသားချင်းစာနာတဲ့ အကူအညီအထောက်အပံ့တွေကို ပေးဖို့ဆိုပြီးတော့မှ MOU ဗမာအစိုးရနဲ့ထိုးလိုက်တယ် ဆိုတော့ ကျနော်တို့ ကယား(ကရင်နီ)ပြည်နယ်ကို ကူညီဖို့ဆုံးဖြတ်ချက်ချပြီးပြီ စာချုပ်စာတမ်း (MOU) လုပ်ထားပြီးတဲ့အတွက် လာတာဖြစ်ပါတယ်။" လို့ ပြောပါတယ်။
အခု လုပ်ငန်းစဉ်ကို နီပွန် ဖောင်ဒေးရှင်း အပါအ၀င် တိုင်းရင်းသား တပ်ပေါင်းစုအဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့နှင့် မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မွန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စတင်ထောက်ပံ့မှာဖြစ်ပြီး အဲဒီနောက် ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ တခြားသော လက်နက်ကိုင် တိုင်းရင်းသားဒေသတွေကို ထောက်ပံ့မယ်လို့ သိရပါတယ်။
ထောက်ပံ့မှု တွေမှာ ရိက္ခာနှင့် ဆေးဝါးတွေကို ဦးစားပေးမှာ ဖြစ်ပြီး ပထမ အဆင့်မှာ အမေရိကန် ဒေါ် လာ (၃) သိန်းခန့် ကူညီ ပေးသွားမှာ ဖြစ်သလို ဒုတိယ အဆင့် ဖြစ်တဲ့ အမေရိကန် ဒေါ်လာ (၂.၇) သန်းကိုမူ လာမည့် ၂၀၁၃ ခုနှစ်မှာ ထောက်ပံ့မယ်လို့ သိရပါတယ်။

ထိုင်းဘက်ခြမ်းနေ ပလောင်ရွာသားအား မြန်မာစစ်တပ်က ပစ်ခတ်





သျှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်၌ လှုပ်ရှားနေသော မြန်မာအစိုးရ၏ စစ်ကြောင်းတကြောင်းက ထိုင်းဘက် ခြမ်းနေ ပလောင်ရွာသားအား ပစ်ခတ်သဖြင့် ထိုင်းနိုင်ငံချင်းမိုင်မြို့ ဆွန်ဒေါက်ဆေးရုံ၌ ဆေးကုသမှုခံ ယူနေရ ကြောင်း လူနာနှင့်နီးစပ်သူများ ပြောပြချက်အရ သိရသည်။
"ထိုင်းဘက်ခြမ်း နောလဲရွာမှာနေတဲ့ စိုင်းအောင်နဲ့အဖွဲ့ လမ်းကူးပြီး သျှမ်းပြည်ဘက်ခြမ်းမှာရှိတဲ့
လွယ်ဟိုနုတ် တောင်မှာ တောင်ယာလုပ်ဖို့သွားတာ။ အဲဒါကို ကင်းလှည့်ဗမာစစ်သားတွေက ပေးမသွားဘူး။ စိုင်းအောင်က သူ့မှာပါလာတဲ့ ရေပုံးကို ယာတဲမှာ သွားထားပြီးပြန်ထွက်အလာမှာ ဗမာစစ်သားက ပစ်လိုက်တာ။ သူ့ဗိုက်ထဲ ကျည်ဆံဝင်သွားတယ်။ အဲဒါကြောင့် ချင်းမိုင်ဆေးရုံကို ပို့လိုက်ရတယ်။ အခုဆွန်ဒေါက်ဆေးရုံမှာ" - ဟု စိုင်းအောင်နှင့် ရင်းနှီးသည့် လုပ်ဖော်ကိုင်ဖက် တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် ဖှန်မြို့နယ် မယ့်ငေါန်းအုပ်စုရှိ လွယ်အန်ခန် ဘုရင့်စိုက်ပျိုးရေးစီမံကိန်း အနီးရှိ နောလဲရွာတွင်နေထိုင်သော ပလောင်အမျိုးသား စိုင်းအောင် ၂၃ နှစ်အား ယခုလ ၂ ရက်နေ့ မနက် ၁၀ နာရီ အချိန်ခန့်က ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
"ဗိုက်ထဲ ကို ကျည်ဆံဝင်သွားတဲ့  စိုင်းအောင်ကို  ရွာသူကြီးနဲ့ ဒေသခံတွေ နယ်စပ်လုံခြုံရေး ထိုင်းစစ်သား တွေနဲ့ ဆွေမျိုးတွေ ကဘဲ ဖှန်ဆေးရုံကိုပို့တယ်။ ဖှန်ဆေးရုံကနေ ချင်းမိုင်ဆေးရုံကို လွှဲပြောင်းပေးလိုက်တယ်။ ထုတ်ရခက်တယ် လို့ဆေးရုံကပြောတယ်။" ဟု လွယ်အန်ခန်တွင် အလုပ်လုပ်နေသည့် သျှမ်းလူမျိုး စိုင်းရွှေက ပြောသည်။
အဆိုပါမြန်မာစစ်တပ်မှာ သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၂၅ လက်အောက်ခံ တပ်ဖြစ်ပြီး နယ်စပ်ရှိ ပါခီးတပ်စခန်းမှ ဖြစ်ကြောင်း သိရသည်။ ဤစခန်းကို ၂၀၀၁ ခုနှစ်က SSA တောင်ပိုင်းက သိမ်းပိုက်ခဲ့ဖူးသည်။
လွယ်အန်ခန်အနီး နောလဲရွာသည် ထိုင်းနယ်အတွင်း ရှိပြီး ထိုင်း-မြန်မာနယ်စပ်မျဉ်းနှင့် ၃ ကီလိုမီတာ ကွာဝေးသည်။ ပုံပါကျင်သို့ ခြေကျင်သွားပါက ၃ နာရီ ခန့်သာ လျှောက်ရကြောင်း စိုင်းရွှေက ပြောသည်။

BNI


အိန္ဒိယ- မြန်မာ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်




အိန္ဒိယအရှေ့မြောက်ပြည်နယ်များနှင့် မြန်မာတို့အကြား နှစ်နိုင်ငံ ကုန်သွယ်ရေး ကိစ္စရပ်များ ဆောင်ရွက်ရန် တရားဝင်ကိုယ်စားလှယ် ရုံးတရုံး ဖွင့်လှစ်သွားမည်ဟု အိန္ဒိယ နိုင်ငံထုတ် The Economic Time သတင်းစာတွင် ရေးသားဖော်ပြထားသည်။
အိန္ဒိယ၏ သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်း ဘဏ်တခု ဖြစ်သည့် Export-Import Bank of India မှ မန်နေဂျင်း ဒါရိုက်တာလည်းဖြစ်၊ ဘဏ်ဥက္ကဋ္ဌ လည်းဖြစ်သူ T.C.A Ranganathan က မြန်မာနှင့် ကုန်သွယ်ရေး
အဆက်အသွယ် များ ဖွင့်လှစ်ချိတ်ဆက်ထားခြင်းနှင့် ဘင်္ဂလာဒေရှ့်တွင် ခရီးတထောက် နားခိုသည့်  ကြားစခန်းများထားရှိခြင်းသည် အိန္ဒိယ အရှေ့မြောက်ဒေသ၏ သဘာဝမြေသြဇာသုံးသည့် စိုက်ပျိုးရေး ထွက်ကုန်များအတွက် အခွင့်အလမ်းသစ် တခုဖြစ်လာနေကြောင်း ဗုဒ္ဓဟူးနေ့က ဘဏ်ဥက္ကဌ က ပြောဆိုသည်ဟု သတင်းစာက ရေးသားသည်။

အဆိုပါ ဘဏ်သည် မြန်မာနှင့် ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံအား ဆိုင်းငံ့အကြွေးပေးချေ စနစ်ဖြင့် ကုန်ပစ္စည်းများ ဝယ်ယူနိုင်ရေး ခွင့်ပြုထားကြောင်း သိရပြီး "ကျနော်တို့ဟာ လာမယ့် လအနည်းငယ်အတွင်း မိမိတို့ရုံးကို စတင်လည်ပါတ်နိုင်မယ်လို့ မျှော်လင့်ထားသလို ခွင့်ပြုမိန့်ကိုလည်း လျှောက်ထားပြီး ဖြစ်တယ်" ဟု ဘဏ်ဥက္ကဌက ဆိုသည်။

အိန္ဒိယနိုင်ငံတွင်း၌ ၎င်းတို့၏ ရုံး ၁ဝ ရုံးနှင့် ပြည်ပနိုင်ငံများတွင် ရုံး (၇) ရုံး ဖွင့်လှစ် ထားကြောင်း သိရပြီး အရှေ့မြောက်ဒေသ အတွက် အိန္ဒိယ၏ နိုင်ငံခြားတင်ပို့ကုန် ရူပီးငွေ ကုဋေ ၁ ထောင် (အမေရိကန်ဒေါ် လာသန်းပေါင်း ၁၂,ဝဝဝ ခန့်) ထဲမှ ငွေပမာဏ၏ ၅ ရာခိုင်နှုန်းကို ဒေသစိုက်ပျိုးရေး ထွက်ကုန်များ တင်ပို့ခြင်း အတွက် လျာထားသုံးစွဲကြောင်း သိရသည်။

အဆိုပါဘဏ်သည် လက်ဖက်ခြောက် ထွက်ကုန်များ၊ ကျောက်မီးသွေးနှင့် ထုံးကျောက် တင်ပို့ခြင်းလုပ်ငန်းများ ကို အလုံးအရင်းဖြင့် လုပ်ကိုင်လျက်ရှိသည်။ အိန္ဒိယတနိုင်ငံလုံး နိုင်ငံခြားတင်ပို့ကုန် ပမာဏ၏ ၁ ရာခိုင်နှုန်း ထက် နည်းပါးသည့် ပမာဏအား  အရှေ့မြောက်ဒေသတွင်း ဖြတ်ကျော်ကာ ပုံမှန်ကုန်သွယ်မှု ပြုလုပ်ကြောင်း အိန္ဒိယနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အဆိုရ သိရှိရကြောင်း The Economic Time က ရေးသားဖော်ပြသည်။ယ- မြန်မာ ကုန်သွယ်ရေးရုံး ဖွင့်လှစ်မည်

ရုပ်ရှင် အစည်းအရုံးမှ ဘုန်းတော်ကြီးကျောင်းများ အတွက် လှူဒါန်း ပစ္စည်းများ ရခိုင်သို့ ရောက်ရှိ





မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးမှ မောင်တောမြို့နယ် အတွင်း မီးရှို့ခံခဲ့ရသည့် ဘုန်းတော်ကြီး ကျောင်း (၈) ကျောင်းအတွက် လှူဒါန်းသည့် ပစ္စည်းများမှာ ရခိုင်တို့၏ မြို့တော် စစ်တွေသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သတင်း  ရရှိသည်။
လှူဒါန်းသည့် ပစ္စည်းများထဲတွင် GSM တယ်လီဖုံးများ၊ မီးစက်များ၊ ဘုရားဆင်းထုတော်များ၊ ပလ္လင်များ၊
သင်္ကန်း- သင်းပိုင်များနှင့် စောင်များလည်း ပါဝင်ကြောင်း  သိရသည်။
အဆိုပါ ပစ္စည်းများကို ရန်ကုန်မှ စစ်တွေသို့ သယ်ယူလာပြီး ဒီဇင်္ဘာလ ၅ ရက်နေ့က အလိုတော်ပြည့် ဆရာတော်ကြီးကိုယ်တိုင် သက်ဆိုင်ရာ ဘုန်းတော်ကြီး ကျောင်းများသို့ အခမ်းအနား ပြုလုပ်ပြီး လွှဲပြောင်း ပေးအပ်လိုက်သည်ဟု စစ်တွေ အလိုတော်ပြည့်ကျောင်းမှ ဆရာတော် တစ်ပါး မိန့်ကြားသည်။
"ရန်ကုန်မှာ ရှိတဲ့ ရုပ်ရုပ် အစည်းအရုံးက လူတွေက မလာနိုင်တဲ့ အတွက် အလိုတော်ပြည့် ဆရာတော်ကြီးကို ကထိန်ပွဲမှာ ဆက်ကပ် လွှဲအပ်လိုက်တာကြောင့် ဆရာတော်ကြီးက အဲဒီ ပစ္စည်းတွေကို ဘုန်း ကြီးကျောင်း (၈)ကျောင်းက ဘုန်းကြီးတွေကို မနေ့က လွဲပေးလိုက် တာ ဖြစ်ပါတယ်" ဟု ပြောသည်။
ရုပ်ရှင် အစည်းအရုံး၏ အလှူပစ္စည်းများ လွဲပြောင်းပွဲ အခမ်းအနားကို အဆိုပါနေ့ နေ့လည်းပိုင်းက စစ်တွေမြို့ အလိုတော်ပြည့်ကျောင်းတွင် ကျင်းပရာ အနောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ ရခိုင် ပြည်နယ် စီးပွားရေးနှင့် ကူသန်းရေးဝန်ကြီး  ဦးမြအောင် အပါအ၀င် ပြည်နယ် ၀န်ကြီး တချို့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။
လှူဒါန်း ပစ္စည်းများကို မောင်တောသို့ စစ်တွေမှ တဆင့် သင်္ဘောဖြင့် ပို့ဆောင်သွားမည်ဟု ဆိုသည်။
မောင်တောမြို့နယ်တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဘင်္ဂလီ မူစလင်များ၏ ဆူပူ အကြမ်းဖက်မှု အတွင်း မောရ၀တီ ကျောင်း၊ သရီကုန်ဘောင်ကျောင်း၊ ကိုင်းကြီးကျောင်း၊ ခရေမြိုင်ကျောင်း၊ ရွှေရင်အေး ကျောင်းနှင့် ဗောဓိကုန်းကျောင်း အပါအ၀င် စုစုပေါင်း ၈ ကျောင်း မီးရှို့ခံရပြီး ပြာပုံဖြစ်ခဲ့ရသည်။
ဘုန်းတော်ကြီးကျောင်းများကို ရုပ်ရှင် အစည်းအရုံး ကူညီ လှူဒါန်းငွေဖြင့် ပြန်လည် တည်ဆောက်ထားပြီ ဖြစ်သော်လည်း ဘာသာရေးနှင့် သက်ဆိုင်သည့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသေးသဖြင့် ယခုလို ပေးပို့ လှူဒါန်းခြင်း  ဖြစ်ကြောင်း သိရသည်။
ယခု အလှူပစ္စည်းများ စုစုပေါင်းတန်ဖိုးမှာ ကျပ်သိန်း ၁၀၀ ကျော်ဖိုးရှိကြောင်း သိရသည်။ မြန်မာ ရုပ်ရှင် အစည်းအရုံးသည် ရခိုင်နှင့် ကချင်အရေးတွင် ကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ခန့်လှူဒါန်း ကူညီ ခဲ့သည်ဟု ဆိုသည်။
အလားတူ အဆိုပါ အခမ်းအနားတွင် ဘုန်းတော်ကြီးကျောင်း (၈)ကျောင်းအတွက်  အမေရိကန်ရောက် စေတနာ ရှင်များမှ လှူဒါန်း ထားသည့် အမေရိကန်ဒေါ်လာ ၃၀၀၀ နှင့် ညီမျှသည့် မြန်မာ ကျပ်ငွေ ၂၅ သိန်းခန့်ကိုလည်း အလို တော်ပြည့်ဆရာတော်ကြီးမှ သက်ဆိုင်ရာသို့ လွဲအပ်ပေးခဲ့သည်ဟု သိရသည်။

BNI


-