Wednesday, September 5, 2012

့ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီကိုယ်စားလှယ်များ ညစာ အတူစား

 

တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။

ရခိုင်ဒေသ တည်ငြိမ်အေးချမ်းရေး လူထု စည်းဝေးပွဲ ကျင်းပမည်


ရခိုင်ဒေသတွင်း ရေရှည်တည်ငြိမ် အေးချမ်းရေးအတွက် ရခိုင်ပြည်သူများ၏ ဆန္ဒသဘောထားကို သိရှိရန် ရခိုင်ပြည်နယ်တခု လုံး ကိုယ်စား ပြုမည့် လူထုစည်းဝေးပွဲကို ရသေ့တောင်မြို့၌ ကျင်းပမည်ဟု သိရသည်။
ထိုအစည်းအဝေးအား ရသေ့တောင်မြို့တော် ခန်းမ၌ စက်တင်ဘာ ၂၅ ရက်၊ ၂၆ ရက်တို့တွင် ကျင်းပရန် ဒေသဆိုင်ရာ အာ ဏာ ပိုင်များထံ တင်ပြထားကြောင်း၊ အစည်းအဝေးသို့ ရခိုင်ပြည်နယ် မြို့နယ် ၁၇ ခုမှ မြို့နယ် တခုလျှင် အနည်းဆုံး ကိုယ်စား လှယ် ၅ ဦးစီ နှင့် စိတ်ပါဝင်စားသူများဟု ဖိတ်ကြားထားကြောင်း အစည်းအဝေး ဖြစ်မြောက်ရေး အဖွဲ့ က ပြောဆိုသည်။

ပြည်ထောင်စုဝန်ကြီးဌာန ၃၆ ခု လွှတ်တော်တွင် အတည်ပြု


သမ္မတ ဦးသိန်းစိန် အဆိုပြုထားသည့် ပြည်ထောင်စုအဆင့် ၀န်ကြီးဌာန ၃၆ ခုထားရှိရေးကို ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ အတည်ပြုလိုက်သည်။
လွှတ်တော်ကိုယ်စားလှယ် ၉ ဦးက ဆွေးနွေးကြပြီး ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၉မဲ၊ ကြားနေမဲ ၄၀ ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရခိုင်သွားမည်

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချဲလ်နှင့် သံအရာရှိအဖွဲ့ဟာ  ဒီလ (၉)ရက်နေ့မှာ  ရန်ကုန်ကနေ  စစ်တွေကို သွားမယ်လို့ သတင်း ရရှိပါတယ်။

နိုင်ငံပိုင် သတင်းစာ များတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်


နိုင်ငံပိုင် သတင်းစာ များတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်
နိုင်ငံပိုင် မြန်မာ့ အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံလင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။

ဦးခေါင်း တစ်ခု စာ အသားပို ပါလာသော ကလေးအား အောင်မြင်စွာ ခွဲစိတ်နိုင်

ဦးခေါင်း တစ်ခု စာ အသားပို ပါလာသော ကလေးအား အောင်မြင်စွာ ခွဲစိတ်နိုင်

မွေးရာပါ ဦးနှောက်ကျွံရော ဂါဖြင့် ဦးခေါင်းတစ်ခုစာ အသား ပိုပါလာသော ကလေး ငယ်အား ယနေ့ စက်တင်ဘာလ ၃ တွင် အောင်မြင်စွာ ခွဲစိတ် ကုသနိုင်ခဲ့ ကြောင်း သိရသည်။

အတက်မြန်ပြီး အကျနှေးနေဆဲ မြန်မာ့ရွှေဈေးကွက်


ယခု တစ်ပတ်တွင် မြန်မာ့ရွှေဈေး ကွက်သည် အကျဘက်သို့ ဦးတည် နေသော်လည်း အကျနှေးနေသည်ကို တွေ့ ရှိ ရသည်။ သြဂုတ် ၂၇ ရက်တွင် မြန်မာ့ရွှေ ဈေးသည် အခေါက်ရွှေ တစ်ကျပ်သား လျင် ကျပ် ၇၆၀၀၀၀ အထိ မြင့်တက် လာခဲ့သော်လည်း ယနေ့နောက်ပိုင်း တွင် နေ့စဉ် ကျဆင်းလျက်ရှိသည်ကို တွေ့ရသည်။

ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းတွင် ၂၄ နာရီ ဝယ်ယူနိုင်တော့မည်


မိုဘိုင်းဖုန်း များအတွက် ကြိုတင် ငွေဖြည့်ကဒ် များကို အွန်လိုင်းတွင် အချိန်ပြည့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း Myanmar Soft Gate Technology မှ ကိုရန်နောင်စိုး၏ ပြောကြားချက်အရ သိရသည်။ ကြိုတင်ငွေဖြည့်ကဒ်များကို အွန်လိုင်းမှ ဝယ်ယူလိုသူများသည် http://www.Prepaidcard.com.mm မှတစ်ဆင့် လိုအပ်သော ငွေ ဖြည့်ကဒ်များအား ဝယ်ယူနိုင် မည်ဖြစ်သည်။

၁၅သိန်းတန် ဂျီအက်စ်အမ်ဆင်းမ်ကဒ်များ နိုင်ငံတော်သို့ပြန်လည် အပ်နှံခွင့် မရှိဟုဆို


ကျပ်(၁၅) သိန်းဖြင့် ဝယ်ယူ ထားသည့် ဂျီအက်စ်အမ် ဝ၉၊ ၅၀၊၅၁၊ ၅၂၊ ၅၃၊ ၅၄၊ ၅၅ စသည့် မိုဘိုင်းဆင်းမ်ကဒ် များကို ကိုင်ဆောင်အသုံး ပြုသည့် အများ ပြည်သူများ အနေဖြင့် နိုင်ငံတော်သို့ ပြန်လည်အပ်နှံ ခွင့်မရှိကြောင်း မြန်မာ့ ဆက်သွယ်ရေး ကြေးနန်း ဆက်သွယ်ရေးနှင့် စာတိုက် သင်တန်းကျောင်းမှ ကျောင်းအုပ် ဦးကျော်စိုးက ပြောသည်။

အဓမ္မသိမ်းယူခဲ့သော စပါးများအတွက် ပြန်လည်ပေးဆပ်သွားမည်ဟု တစည ကတိပြု


တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးပါတီသည် တောင်သူလယ်သမားများ၏ အရေးကိစ္စများဆောင်ရွက် ပေးခြင်းဖြင့်   မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်က သိမ်းယူခဲ့သောစပါးများအတွက် ပြန်လည် ပေးဆပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်း အပြင်အခြားသော လယ်ယာလုပ်ငန်းအများဆုံးလုပ်ကိုင်သောဒေသများမှ တစ်ဧကအထွက်နူန်းလျှင် စပါး(၃)တင်းနူန်း မဖြစ်မနေပေးဆောင် ရမည်ဟု ကောက်ခံခဲ့ကြောင်း၊ ထိုသို့ ကောက်ခံရခြင်းမှာ အထက်မှအစိုးရ၏ ခိုင်းစေချက်ဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် စစ်တပ်ရိက္ခာအတွက် သိမ်းယူခဲ့သည့် အပေါ်တွင် တစညပါတီက ပြောကြားလိုက်ခြင်းဖြစ်သည်။

ရှမ်းမြောက်တွင် ထုတ်လုပ်မှုလျော့နည်း၍ ကျွန်းသစ်ဈေးမြင့်တက်


ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တောတွင်းသစ်ကုန်ကြမ်းထုတ်လုပ်မူလျော့နည်းလာခြင်းကြောင့် ဈေးကွက်တွင်း သစ်ဈေးနူန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

''ဈေးတက်လာတာကတော့ ဒီ(၂ဝ၁၂) ဇွန်လထဲကနေ စတက်လာတာပဲ၊ တစ်ရှိန်ထိုးတကတာမဟုတ်ပေမယ့် တဖြည်းဖြည်းနဲ့ဈေး ကမြင့်လာတာ၊ တောထဲမှာလဲ သစ်ထုတ်လုပ်တဲ့အပိုင်းမှာ အခက်အခဲတွေရှိတော့ သစ်ကုန်ကြမ်းက လိုသလောက်မရဘူး'' ဟု   ကျောက်မဲမြို့ခံ သစ်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။

SEA Game မတိုင်မီအသုံးပြုနိုင်မည့် အဆင့်မြင့်မိုဘိုင်းကွန်ယက် 4G


အဆင့်မြင့် မိုဘိုင်းကွန်ယက်တစ်ခုဖြစ်သည့်  4G စနစ် (Long Term Evolution)ကို ရန်ကုန်မြို့တွင် စတင်စမ်းသပ် အကောင်အထည်ဖော်လျှက်ရှိကြောင်း ရတနာပုံတယ်လီပို့က  သိရှိရသည်။

လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင် 4G စနစ် ပေါ်ထွန်းနေပြီးဖြစ်သော်လည်း သုံးစွဲ၍ မရရှိသေးကြောင်း စမ်းသပ်အောင်မြင်ပါက ရန်ကုန်မြို့အပြင် နေပြည်တော်၊ မန္တလေးနှင့်အခြားမြို့ကြီးများတွင်ပါ တိုးချဲ့သွားရန် ရည်ရွယ်ထားကြောင်း ရတနာပုံတယ်လီပို့ဝန်ဆောင်မှုလုပ်ငန်းများအရ သိရသည်။

ရင်းနှီးမြုပ်နှံလိုသူများကြောင့် ညောင်ဦးမြေဈေး ကျပ်သိန်းသောင်းချီရောက်ရှိ


ညောင်ဦးမြို့ အိမ်ခြံမြေဈေးမှာ ခရီးသွားလုပ်ငန်းတွင် ရင်းနှီးမြှပ်နှံလိုသူများပြားလာခြင်းကြောင့်  ယမန်နှစ် ကထက် (၅)ဆကျော် မြင့်တက်လာကြောင်း ဒေသခံအကျိုးဆောင်များထံက သိရသည်။

ညောင်ဦးမြို့လယ်လမ်းမကြီးဘေးတစ်ဘက်တစ်ချက်ရှိ အချက်အချာကြသောနေရာများတွင် အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၇၀၀၀)မှ ကျပ်သိန်း(၁၀၀၀၀)၀န်းကျင်အထိ ရောက်ရှိနေခြင်းဖြစ်သည်။ ယမန်နှစ်က အဆိုပါ နေရာများရှိ အိမ်ခြံမြေဈေးမှာ ကျပ်သိန်း(၁၀၀၀ )၀န်း ကျင် မှ သိန်း(၅၀၀၀)၀န်းကျင်ရှိနေခဲ့ခြင်းဖြစ်သည်။

မြန်မာ SEA Game တွင် ဗီယက်နမ်ရိုးရာဗိုဗီနမ်သိုင်းအား ထည့်သွင်းယှဉ်ပြိုင်မည်


မြန်မာ့နိုင်ငံတွင်ကျင်းပပြုလုပ်မည့် (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်  နိုင်ငံကိုယ်စားပြုအနေဖြင့် ယခင်က တစ်ကြိမ်တစ်ခါမျှ ယှဉ်ပြိုင်ခဲ့ဖူးခြင်းမရှိသည့် ဗီယက်နမ်ရိုးရာ သိုင်းအားကစားနည်းတစ်ခုကို မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်မှ အားကစား သမားများက  ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဈေးကောင်းမရတော့၍ ကုလားတန်မြစ်ဖျားမှ ဂမုန်းစိုက်တောင်သူများ လုပ်ငန်းပြောင်းလဲလုပ်ကိုင်လာ


 ပြည်ပဈေးကွက်မှ ၀ယ်လိုအားကျဆင်းလာမှုနှင့်အတူ ကုလားတန်မြစ်ဖျားတွင်  ဂမုန်းစိုက်တောင် သူများမှာလည်း လုပ်ငန်းပြောင်းရွှေ့လုပ်ကိုင်မှုများလာကြောင်း ဒေသခံများထံက သိရှိရသည်။

ဂမုန်းမှာ ကွမ်းစားဂမုန်းနှင့် ပင်စိမ်းဂမုန်းဟူ၍ (၂)မျိုးရှိရာ တရုတ်ဈေးကွက်မှ ပဋိဇီဝ ဆေးဝါးများနှင့် တိုင်းရင်းဆေးဝါးများဖေါ်စပ် ထုတ်လုပ်ရန်အတွက် အဆိုပါ(၂)မျိုး စလုံးကို အဓိကထား ဝယ်ယူလေ့ရှိကြောင်းကိုလည်း သိရသည်။

ဆင်ဆာမဲ့အခွေရောင်းချသူများ၏ တရားဝင်ဆန္ဒထုတ်ဖော်ခွင့်ကို ဗဟန်းရဲစခန်းက ပယ်ချ


ဆင်ဆာမဲ့အခွေရောင်းသူများအနေဖြင့် တရားဝင်ဆန္ဒထုတ်ဖော်ထုတ်ခွင့်ရရန် ဗဟန်းမြို့နယ် ရဲစခန်းသို့  လျှောက်ထားခဲ့သော်လည်းပယ်ချခံခဲ့ရကြောင်း အခွေရောင်းသူများအသိုင်းအဝိုင်းက သိရသည်။

ဆင်ဆာမဲ့လမ်းဘေးအခွေရောင်းချသူများအား ဇူလိုင်လ(၁၉) ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည့်အတွက် ယခုအချိန်တွင် အခွေရောင်းသူများအနေဖြင့် စားဝတ်နေရေးအခက်အခဲကြောင့် ယခုကဲ့သို့ တရားဝင်ဆန္ဒထုတ်ဖော် ခွင့်အတွက် လျောက်ထားခြင်းဖြစ်သည်ဟု သိရသည်။

ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

မြန်မာ့တပ်မတော်တွင် ကလေးစစ်သား ကုန်သလောက်ရှိပြီဟု ဗိုလ်မှူးကြီးမောင်မောင်ရှင်ပြောကြား


မြန်မာ့တပ်မတော်တွင် ကလေးစစ်သား မရှိတော့သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ကလေးစစ်သား အရေးနှင့်ပတ်သက်၍ လာမည့်တစ်နှစ်ခွဲအတွင်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)မှ ဗိုလ်မှူးကြီး မောင်မောင်ရှင်က အတည်ပြုပြောကြားသည်။

နှစ်ဘက် တပ်ကျင့်ဝတ် KNU နှင့် အစိုးရသဘောတူ

ချင်းမိုင် (မဇ္ဈိမ) ။        ။ နှစ်ဖက်တပ်များ လိုက်နာသင့်သော ကျင့်ဝတ်များအပေါ် အစိုးရနှင့် ကရင်အမျိုးသား အစည်းအရုံးတို့ အင်္ဂါနေ့က သဘောတူလက်မှတ် ရေးထိုးလိုက်နိုင်သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက
ပြောသည်။

မြန်မာနိုင်ငံမှာ ဈေးအကြီးဆုံးဖြစ်သွားတဲ့ ၈၈ ၏ ဂီတာ

ရန်ကုန် (မဇ္ဈိမ) ။         ။ ၈၈ ကျောင်းသားခေါင်းဆောင် သုံးဦးပေါင်း ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင်
သော ဂီတာတလုံးကို ကျပ်သိန်းပေါင်း ၅၈၈ သိန်းနှင့် စက်တင်ဘာ ၁ ရက်နေ့က MCC ခန်းမမှာ ကျင်းပခဲ့သည့် ၈၈ မျိုးဆက် ရန်ပုံငွေ စေတနာ ဝသာန်ဂီတ ဖျော်ဖြေပွဲမှာ ရောင်းချနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် ဈေးအကြီးဆုံး ဂီတာ
ဖြစ်သွားခဲ့သည်။

မြောက်ပိုင်းလူသတ်မှု အမှုမှန်ပေါ်ရေး ဥက္ကဋ္ဌဟောင်းကမ်းလှမ်း

ရန်ကုန် (မဇ္ဈိမ) ။          ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တွင်း လွန်ခဲ့သော အနှစ် ၂၀ က ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် ကိုယ်တိုင် ဦးဆောင် လုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောဆိုခဲ့သည်။

မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော

ရန်ကုန် (မဇ္ဈိမ) ။          ။ ယခင်စစ်အစိုးရအဆက်ဆက် ချမှတ်ထားသော ပြည်ဝင်ခွင့် ပိတ်ပင်ထားသူများစာရင်းBlack List မှ ပယ်ဖျက်မှုအပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်သော  မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်လည်း ပြန်ရောက်လာခဲ့သည်။

ပါတီအချင်းချင်း တိုက်ခိုက်မှု အဆုံးသတ်ဖို့ NDF ခေါင်းဆောင်ပြော

ရန်ကုန် (မဇ္ဈိမ) ။        ။ လူပုဂ္ဂိုလ်အချင်းချင်း၊ နိုင်ငံရေးပါတီအချင်းချင်း တိုက်ခိုက်ဝေဖန်မှုများကို အဆုံးသတ်ကာ အနာဂတ်တွင် နိုင်ငံဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးတို့ကို ဦးစားပေး လုပ်ဆောင်ကြရန် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ရပ်ကွက်တွင် အင်္ဂါနေ့က ပြုလုပ်သော NDF ရုံးချုပ်သစ်ဖွင့်ပွဲတွင် ပြောကြားသွားသည်။

လယ်မြေများ ရေလွှမ်းခံရသော်လည်း ဆန်ဈေးနှုန်းမတက်

ရန်ကုန် (မဇ္ဈိမ) ။        ။ သြဂုတ်လအတွင်းက မြစ်ရေကြီးခြင်းကြောင့် လယ်ယာမြေများ ရေလွှမ်းခံရပြီး လယ်မြေများ ပျက်စီးသော်လည်း ဆန်စပါးဈေးနှုန်း မတက်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်း တာဝန်ရှိသူက အာမခံ ပြောကြားလိုက်သည်။ 

ရခိုင် အများပိုင်ကုမ္ပဏီ မတည်ငွေ သန်း ၅၀၀ ဖြင့် စတင်မည်

မဇ္ဈိမသတင်းဌာန ။        ။ ရခိုင် အများပိုင် ကုမ္ပဏီကို အစုရှယ်ယာဝင် ၅ဝ ဦးတို့၏ မတည်ငွေ သန်း ၅ဝဝ ဖြင့် စတင် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အစုရှယ်ယာရှင် တဦးဖြစ်သူ ဦးသန်းမောင်က စက်တင်ဘာ ၂ ရက်နေ့ ရွှေတိဂုံ အရှေ့ဘက်မုဒ် အာဇာနည်ဗိမာန်လမ်းရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ကျင်းပသော ကုမ္ပဏီ ဖွဲ့စည်းရန်အတွက် ပမဏ အကြံပြု ဆွေးနွေးပွဲတွင် ပြောကြားသည်။

အရက်ကြောင့် စိတ်ဖောက်ပြန်ကာ မိမိကိုယ်ကို ဆွဲကြိုးချသေဆုံးမှု သာကေတမြို့နယ်၌ ဖြစ်ပွား

အရက်ကြောင့် စိတ်ဖောက်ပြန်ကာ အသက်(၂၉)နှစ် အရွယ် အမျိုးသားတစ်ဦး မိမိကိုယ်ကိုဆွဲကြိုးချ သေဆုံးမှုတစ်ခု သာကေတမြို့နယ်၊ စက်မှုလက်မှု ရပ်ကွက်၊ သာကေတစက်မှုဇုန်၊ စည်သွပ်ဝင်းလိုင်းခန်း အတွင်းရှိနေ အိမ်တစ်ခုတွင် စက်တင်ဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုး

“မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်း”အား JICA(Japan Internation Coopera tion Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။

လေကြောင်း ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

လေကြောင်းပို့ဆောင်ရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၂ခုနှစ်၊ စက်တင်ဘာလ၄ရက် နေ့၊ နံနက် ၁၀နာရီက နေပြည်တော် ရှိ ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ကျင်းပလျက်ရှိသည်။

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER190 လေယာဉ်များ နိုဝင်ဘာတွင် ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာ ပထမပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည်

မြန်မာ့လေကြောင်းမှ ၀ယ်ယူသည့် ဘရာဇီးနိုင်ငံလုပ် EMBRAER 190 လေယာဉ်များ နိုဝင်ဘာလ ပထမအပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကာ ဒီဇင်ဘာလ ပထမအပတ်အတွင်း ခရီးစဉ်များ စတင်ပြေးဆွဲမည် ဖြစ်သည်ဟု မြန်မာ့လေကြောင်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်း၏ ပြောကြားချက်အရ သိရသည်။
မြန်မာ့လေကြောင်းမှ လက်ရှိ အသုံးပြုနေသည့် နှစ်၃၀ကျော် သက်တမ်းရှိ F-28 လေယာဉ်များ နေရာတွင် EMBRAER 190 လေယာဉ်များဖြင့် ခရီးစဉ်များအား အစားထိုးပြေးဆွဲသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေ ကျပ်ငါးဘီလျံအထိ ထုတ်ချေးမည်


ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား (Small and Medium Enterprises-SMEs) လုပ်ငန်းများ အား အတိုးနှုန်း ၈.၅ ကျပ်နှုန်းဖြင့် ချေးငွေကျပ် ငါးဘီလျံအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း စက်မှု ၀န်ကြီးဌာနမှ သတင်းရရှိပါသည်။
ချေးငွေထုတ်ချေးခြင်းကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်ပတင်ပို့နိုင်သည် အထိ လုပ်ကိုင်နိုင်သော အလားအလာရှိ အသေးစားနှင့် အလတ်စား SMEs လုပ်ငန်းများအား ဦးစားပေး ထုတ်ချေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဈေးပြိုင်စနစ်(Open Tender) ကို နိုင်ငံတကာ အဆင့်မီအောင် လုပ်ဆောင်နေသည်ဟု အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဝန်ကြီးဌာန ဒုတိယ၀န်ကြီး ပြောကြား

ဈေးပြိုင်စနစ် (Open Tender) ကို နိုင်ငံတကာ အဆင့်အတန်း အထိဖြစ်အောင် လေ့လာနေပြီး လုပ်လည်း လုပ်ဆောင်နေကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့သည်။

အိုင်စီတီကဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယင်းနယ်ပယ်မှ ပညာရှင်၊လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင် ကုမ္ပဏီတစ်ခု ထူထောင်သွားမည်


အိုင်စီတီဏ္ဍနှင့် ပတ်သတ်သည့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်အတွက် ယင်းနယ်ပယ်မှပညာရှင်၊ လုပ်ငန်းရှင်များ ဦးဆောင်၍ အများပိုင်ကုမ္ပဏီတစ်ခုအား မကြာမီကာလအတွင်း ထူထောင်သွားရန်ရှိသည်ဟု ၄င်းအ များပိုင် ကုမ္ပဏီထူထောင်ရာတွင် ဦးစီးဆောင်ရွက်မည့် အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

မန္တလေးမြို့မှာ သံဃာတော်များ ဆက်လက်ဆန္ဒပြ



2012-09-04
မန္တလေးမြို့မှာ ခွင့်ပြုချက် ရယူထားတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူရဲ့ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေ ပိတ်ပင်လိုက်ပေမယ့် သံဃာတော်တွေဟာ တတိယမြောက်နေ့ ဆန္ဒပြပွဲကို ဒီကနေ့ ဆက်လက် ဆင်နွှဲခဲ့ပါတယ်။

အစိုးရနှင့် KNU တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေး



2012-09-04
ဒီကနေ့ ဖားအံမြို့မှာ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက်ကို သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း တပ်များဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။
နှစ်ဖက်သဘောတူညီချက် ရရှိတဲ့အချက်များဟာ မနေ့က ဆွေးနွေးခဲ့တဲ့ ယာယီ အပစ်အခတ် ရပ်စဲရေးမှာ နှစ်ဖက်လိုက်နာရမဲ့ စည်းကမ်းများ ဖြစ်ပါတယ်။

လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား



2012-09-03
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။

မြစ်ကြီးနားတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောပွဲ ကျင်းပမည်



2012-09-03
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာဝ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။
ဒီဟောပြောပွဲကို မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ရပ်မိ ရပ်ဖတွေနဲ့ ကချင်အမျိုးသမီးအဖွဲ့ (Kachin Women Union) က ဦးစီးပြီး မြစ်ကြီးနားမြို့၊ စီတာပူ မနောကွင်း၊ မဂျွယ်ခန်းမဆောင်မှာ ကျင်းပမှာ ဖြစ်ပြီး သဘာဝ သယံဇာတတွေ ထုတ်ယူသုံးစွဲမှုများတဲ့ ကချင်ပြည်နယ်အတွက် အင်မတန် အကျိုးများမယ့် ဟောပြောပွဲ ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေး စီစဉ်သူ ဒေါ်ဂျာဆိုင်းခေါန် က RFA ကို ပြောပါတယ်။