Sunday, August 26, 2012

စစ်ဘေးသင့် ကချင်ပြည်နယ်တွင် လူကုန်ကူးမှု မြင့်တက်


စစ်ဘေးသင့်ဒေသဖြစ်သည့် ကချင်ပြည်နယ်သည် လူကုန်ကူးမှုဖြစ်စဉ် အများဆုံးဖြစ်ပွားသည့် ဒေသများစာရင်းတွင် အဆင့် (၄) နေရာ၌ ရှိကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ် စစ်ပြေးဒုက္ခသည် စခန်းတချို့သည် တရုတ်နိုင်ငံဘက်တွင်ရှိနေပြီး စာနပ်ရိက္ခာ မလုံလောက်ခြင်း၊ လုံခြုံစိတ်ချရမှု မရှိခြင်းစသည့် အခြေအနေများကြောင့် လူကုန်ကူးခံရမှု များနေခြင်းဖြစ်ကြောင်း အဆိုပါဒေသသို့ သွားရောက်ခဲ့သည့် အဖွဲ့အစည်းများထံမှ သိရသည်။

ရသေ့တောင်တွင် ညကင်းကြောင့် လယ်ယာစိုက်ပျိုးရေး ထိခိုက်


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ ကျေးရွာများတွင် ရပ်ရွာလုံခြုံရေးအတွက် ပြည်သူများကိုယ်တိုင် ကင်းစောင့်နေကြရသောကြောင့် လယ်ယာစိုက်ပျိုးရေးတွင် အားမထုတ်နိုင်ဘဲ လစ်ဟင်းဆုံးရှုံးမှုများ ဖြစ်နေရကြောင်း သတင်းရရှိသည်။

မြန်မာ မိန်းကလေးငယ်များ ယမကာ သောက်သုံးမှုများလာ


ဆယ်ကျော်သက် အရွယ် မြန်မာ အမျိုးသမီးငယ်များ ၏ မူးယစ်စေတတ်သော အဖျော်ယမကာ သောက်သုံးမှုနှုန်းမှာ ယခုနှစ် အနည်းငယ် အတွင်း တဖြည်းဖြည်းမြင့်တက်လာနေကြောင်း ပြည်တွင်း လူမှုရေးအဖွဲ့တဖွဲ့မှပြုလုပ်သည့် စစ်တမ်းတခုက ဆို သည်။
ယင်းစစ်တမ်းသည် မြို့နယ်ပေါင်း၂၀ ပါဝင်ပြီး ရန်ကုန်မြို့ အစိုးရကျောင်းများ၊ တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူများနှင့် ဆယ်ကျော်သက် အရွယ် လူငယ်များ၊ အုပ်ထိန်းသူမိဘများ စသည့် လူဦးရေ ၅၀၀ ကို မေးမြန်း ကောက်ယူထားခြင်း ဖြစ်ကြောင်း သိရသည်။

UNHCR ၀န်ထမ်း မောင်တောတွင် ထောင် ၆ နှစ် ချမှတ်ခံရ


ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုကြောင့် ဖမ်းဆီးခံထားရသည့် ယူအန်အိပ်စီအာရ် ၀န်ထမ်းတဦးဖြစ်သူ ဒေါ်ချိုလေးမာခါတုန်နှင့် တခြား ၂ ဦးတို့ကို မောင်တောခရိုင် တရားရုံးမှ ယနေ့တွင်  စီရင်ချက် ချမှတ်လိုက်ကြောင်း သိရှိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး



ကမ်းပါးတွေ ပြိုကျနေတဲ့ ဒလမြို့နယ်


ပလက်ဖောင်းပေါ်မှ မြန်မာမလေးများ


အရင်တုန်း ကဆိုရင် ဒီအကြောင်းဟာ ရေးလို့မရတဲ့ အတွက် မျိုချ ပစ်လိုက်ရမှာပါ။ ခုတော့ရေးလို့ ရပြီထင်ပါတယ်။ ရေးပါရစေ နော်။ ကျွန်မဟာ ပလက်ဖောင်းပေါ်မှာ မတ် တတ်ရပ်ပြီး ဖောက်သည် စောင့်နေတဲ့ ကောင်မလေးတွေကို မြင်ဖူးတာ မကြာလှသေးပါဘူး။ အရင်တုန်းကလည်း ဒီလို မိန်းကလေးတွေ ရှိ တယ်လို့ ကြားဖူးပါတယ်။ မျက်ဝါးထင်ထင် မမြင်ဖူးပါဘူး။ မသဲကွဲတဲ့ အတွက် မထင်ရက် တာလည်း ပါပါတယ်။ မထင်ချင်တာလည်း ပါပါတယ်။ ကျွန်မကျောင်းသွားတဲ့ အချိန်စောရင် တော့ သူတို့ကို မတွေ့ရတတ်ပါဘူး။ မနက် ၁၁ နာရီလောက် အဲဒီနားကို ဖြတ်ရင် တွေ့ ရတတ် ပါတယ်။ ပြည်လမ်းခြောက်မိုင်ခွဲ မှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းမှာ မတ်တတ် ရပ်နေတတ်ပါတယ်။ ဟိုဘက် ပလက်ဖောင်းမှာရော ဒီ ဘက် ပလက်ဖောင်းမှာပါ သူတို့ရဲ့ ပုံစံက သိပ်ကို သိသာလွန်းပါတယ်။

အိန္ဒိယမှ နာမည်ကြီး ဟိုတယ် လုပ်ငန်းစု တစ်ခု မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ


အိန္ဒိယနိုင်ငံမှ နာမည်ကြီး ဟိုတယ် လုပ်ငန်းစု တစ်ခုဖြစ်သော Oberoi Hotel & Resort က မြန်မာနိုင်ငံတွင် ဟို တယ် လုပ်ငန်းများ လုပ်ကိုင်ရန် အစီအစဉ် ရှိနေကြောင်း သိရပြီး လာရောက်ဖွင့်လှစ် ဖြစ်ပါက မြန်မာနိုင်ငံတွင် အိန္ဒိယမှ ဟိုတယ်တစ်ခု ပထမဆုံးအကြိမ် လာရောက် ဖွင့်လှစ် ခြင်းဖြစ် မည်ဟု ၁၅-၈-၂၀၁၂ ရက်က သိရသည်။

ဗြိတိန် အကြီးဆုံး အာမခံ လုပ်ငန်းစုက မြန်မာတွင် ရင်းနှီးမြှုပ်နှံရန် အစီအစဉ်ရှိ


ဗြိတိန်နိုင်ငံ၏ အကြီးဆုံး အာမခံ လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းစု တစ်ခု ဖြစ်သော Prudential ကမြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုများပြု လုပ်သွား လိုကြောင်း နိုင်ငံတကာ ၁၅-၈-၂၀၁၂ ရက်က မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားလိုက် သည်။ Prudential အနေဖြင့် အရှေ့ တောင်အာရှ၏ စီးပွားရေး ဖွံ့ဖြိုးမှုအလား လာကို မျက်စိကျနေပြီး ကမ္ဘောဒီးယား၌လည်း ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ၄င်းတို့အနေဖြင့် အာဆီယံ ၏ နောက် ဆုံးသော ဈေးကွက်သစ်တစ်ခုဖြစ် လာသည့် မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့ ဈေးကွက်လိုအပ်ချက်အတိုင်း ရင်းနှီး မြှုပ်နှံ မှု ပြုလုပ်သွား မည်ဟုလည်း သိရ သည်။

မည်သူ့ကို မဆို နိုင်ငံခြားငွေ ရောင်းဝယ် ခွင့် လိုင်စင် ချပေးမည်


ဗဟိုဘဏ် နည်းဥပဒေ ထွက်ပေါ်လာပါက မည်သူ မဆိုနိုင်ငံခြား သုံးငွေ ရောင်း ဝယ်ဖောက် ကားခွင့် လိုင်စင် ရရှိမည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်၊ ဘဏ်များနှင့် ငွေ ကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီမှ သိရသည်။

ဒလ၌ ကမ်းပါးပြို၍ နေအိမ် ၁၆လုံး ရွှေ့ပြောင်း ခဲ့ရ


ဒလမြို့နယ် ကျောင်းစုကျေးရွာ ကမ်းပါးထိမ်း အကာအရံမှာ တည်ဆောက်ပြီး တစ်လကျော် အကြာ တွင် ပြိုကျ ပျက်စီးသွားခဲ့၍ နေအိမ် ၁၆ လုံးရွှေ့ပြောင်း ခဲ့ရသည်။ တွံတေး တူးမြောင်းတွင်း ရေယာဉ်များ အချိန်မရွေး သွားလာနိုင်စေရေး အတွက် တူးမြောင်းဝအား ချဲ့လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ကမ်းပါးပြိုကျမှုအား ကာကွယ်ရန် အတွက် ဒလမြို့နယ် ကျောင်းစု ကျေးရွာ ကမ်းပါးတွင် ကမ်းပါးထိမ်း အကာအရံအား ရွှေမြိုင်ဦး ကုမ္ပဏီမှ ကန်ထရိုက် ယူရ၍ ဆောက်လုပ်ခဲ့ရာ ဇူလိုင်လ (၁၀)ရက်တွင် ပြီးစီးသွားခဲ့သည်။

AA အက္ခရာ Taxi များအား CNG ပြောင်းလဲပေးရန် အစီအစဉ်မရှိသေး


တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုချက်ဖြင့် တင်သွင်း လာသော AA အက္ခရာ Taxi များအား လက်တလော အချိန်တွင် CNG ချထားပေးရန် အစီအစဉ် မရှိသေးကြောင်း စွမ်းအင် ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်ကို ကုလသမဂ္ဂ အထူးအကြံပေး ချီးကျူး


မြန်မာ အစိုးရက အစ္စလာမ် ဘာသာ ဝင်နိုင်ငံများ အဖွဲ့ကို လာရောက် လေ့လာရန် ဖိတ်ခေါ်ခဲ့ခြင်း၊ တူရကီနိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့ကို တွေ့ဆုံဆွေးနွေးပေး ခြင်းနှင့် ရခိုင်ပြည်နယ် အရေးကို တည် ငြိမ်စွာကိုင်တွယ်ဖြေရှင်းနေမှုတို့ကို ဝမ်း မြောက်စွာကြိုဆိုမိပါကြောင်း၊ ကုလသမဂ္ဂ ၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာ ဗီဂျေး နမ်မီးယားက ၁၅-၈-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။

ပူးပေါင်းလိုသည့်နိုင်ငံများစွာအတွက် အကောင်းဆုံးနည်းလမ်း ရှာဖွေနေသည့် ရေကြောင်းတက္ကသိုလ်


အာရှနှင့်ဥရောပနိုင်ငံများက ကူညီပံ့ပိုးမည့်အစီအစဉ်များအပေါ်တွင်ပူးပေါင်းဆောင်ရွက်နိုင်မည့်အကောင်းဆုံးနည်းလမ်းအား ရှာဖွေရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ်က ဆိုသည်။

ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။

၂ဝ၁၅ခုနှစ်အမှီ သီလဝါစက်မှုမြို့အား အကောင်အထည်ဖော်မည်


သီလဝါစက်မှုဇုန်ဆိပ်ကမ်းအား ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သော စက်မှုမြို့အဖြစ် ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံသဘောတူထားကြောင်း JICA ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr. Hajime Matsuoka က ဆိုသည်။

စက်တင်ဘာလဆန်းတွင် အသုံးပြုနိုင်တော့မည့် MPU Debit Card များ


စက်တင်ဘာ (၁)ရက်နေ့မှ စတင်၍ ပြည်တွင်းဘဏ် (၁၇)ခုမှ ပူးပေါင်းတည်ထောင်ထားသည့် MPU (Myanmar Payment Union)၏ Debit Card များကို စတင်သုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

ကားဈေးကွက်ကစားလို၍ ထွက်ပေါ်ခဲ့သည့် သတင်းမှားကြောင့် ကားအရောင်းအဝယ်ယာယီမြင့်တက်


မော်တော်ယာဉ်ပါမစ်ထုတ်ပေးမှု ရပ်ဆိုင်းလိုက်သည်ဆိုသောကောလဟာလသတင်းအမှားများကြောင့် တစ်ပတ်အတွင်း ကားအရောင်း ပြခန်းများနှင့်ပြင်ပကားပွဲစားတန်းများတွင် ကားဝယ်ယူမှု သိသိသာသာမြင့်တက်ခဲ့ကြောင်းသိရသည်။

တရုတ်ကုမ္ပဏီတစ်ခုမှ ဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းခံခဲ့ရသည့် လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများ၏ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစပြီး နေ့စဉ်ဖြစ်ပေါ်နေ



မုံရွာခရိုင် ဆားလင်းကြီးမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုမှဆောင်ရွက်လျက်ရှိသည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင်သိမ်းခံရသော လယ်ယာဧကပေါင်း ၇၈၀၀ ကျော်အတွက် ဒေသခံများမှ ဆန္ဒဖော်ထုတ်မှုများ သြဂုတ်လ တတိယပတ်မှစတင်ပြီး နေ့စဉ် ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

 ရေမြောင်းပိတ်ဆို့မှု ကိစ္စနှင့်ပတ်သက်၍ အေးရှားဝေါလ် ကုမ္ပဏီရှေ့တွင် ရပ်ကွက်နေပြည်သူများမှ ဆန္ဒထုတ်ဖော်မှုပြုလုပ်



asia-2
ဆန္ဒ ထုတ်ဖော်ထုတ်မှုမြင်ကွင်းအား တွေ့ရစဉ်
သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက အလုံမြို့နယ်နှင့် ကြည့်မြင်တိုင် မြို့နယ်အကြား သီရိမင်္ဂလာဈေးဟောင်းဘေးရှိ ရေမြောင်းကြီးတွင် ရေပိတ်ဆို့မှုကိစ္စနှင့် ပတ်သက်၍ အနီးနားတွင် နေထိုင်သော ရပ်ကွက်နေပြည်သူများ မှ အေးရှားဝေါလ်ကုမ္ပဏီရှေ့တွင် ဆန္ဒထုတ်ဖော်ထုတ်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး အတည်ပြုပြောကြား


လွှတ်တော်၏ အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတက ခန့်အပ်ထားသော နိုင်ငံတော် တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များအားလုံး ၎င်းတို့၏ တစ်စီးပွားတည်းဖြစ်သော စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

 မိုးတစ်ကြိမ် ရွာသွန်းသည်နှင့် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများ ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခကို ဆိုးရွားစွာခံစားခဲ့ရ



ygnflood1
ရန်ကုန်မြို့ ဦးချစ်မောင်လမ်းမတွင် ယာဉ်ကြောများ ဆိုးရွားစွာ ပိတ်ဆို့နေမှုကို  သြဂုတ်လ ၂၄ ရက် ညနေပိုင်းက တွ့ရစဉ်
ရန်ကုန်မြို့တွင် သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးတစ်ကြိမ် ရွာသွန်းသည်နှင့် ရန်ကုန်တစ်မြို့လုံးရှိ ပြည်သူများမှာ ရေကြီးရေလျှံမှုနှင့် ယာဉ်ကြောပိတ်ဆို့မှု ဒုက္ခတို့ကို ဆိုးရွားစွာ ခံစားခဲ့ကြ ရသည်။  

ရေလွှမ်းမိုးမှုဒဏ်ခံ လယ်သမားများကို နိုင်ငံတော်မှ စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးထုတ်ပေး



2012-08-24
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ဟာ ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရတဲ့ လယ်သမားများကို တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
Photo: Myanmar President Office
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က ဧရာဝတီတိုင်း ဒေသကြီးအတွင်း ရေကြီး နှစ်မြှုပ်သွားသည့် ဒေသများရှိ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်နှင့် အရင်းအနှီးငွေကို သမ္မတ ဦးသိန်းစိန်က ပေးအပ်နေစဉ်။

အရပ်ဘက် လူ့အဖွဲ့အစည်း လိုအပ်ချက် ကိုမင်းကိုနိုင် ဆွေးနွေး



2012-08-25
အသင်းအဖွဲ့များရဲ့ ပြုပြင်ပြောင်းလဲမှုနဲ့ အနာဂတ် မြန်မာပြည် ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခုကို ရန်ကုန်မြို့ ရွှေဂုံတိုင်မြို့နယ်က တော်ဝင် နှင်းဆီခန်းမမှာ ဒီကနေ့ ကျင်းပခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က ဘာကြောင့် လူ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားကောင်းဖို့ လိုသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးခဲ့ပါတယ်။
RFA
ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ကျင်းပသော အသင်းအဖွဲ့များ၏ ပြုပြင်ပြောင်းလဲမှုနဲ့ အနာဂတ် မြန်မာပြည်ဟောပြောဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ဦးဆောင်ဆွေးနွေးနေစဉ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးပြည်သူတွေကို သွားရောက်တွေ့ဆုံ



2012-08-25
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်က ကော့မှူးမြို့နယ် မဆယ်ဆိပ်ကျေးရွာကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
RFA
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကော့မှုးမြို့နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ နေ့လယ်က ရောက်ရှိလာစဉ်။

KNU နဲ့ တတိယအကြိမ် ဆွေးနွေးပွဲကို အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ ရက်ရွှေ့ဆိုင်း



2012-08-25
KNU ကရင်အမျိုးသား အစည်းအရုံးနဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့တို့ ကရင်ပြည်နယ် ဖားအံမြို့မှာ သြဂုတ်လ (၂၇) ရက်ကနေ (၂၉) ရက်နေ့ထိ (၃) ရက်ကြာ တွေ့ဆုံ ဆွေးနွေးမယ့် ကိစ္စကို အစိုးရဘက်က အကြောင်းပြချက် တစုံတရာ ပေးခြင်းမရှိဘဲ မနေ့က ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
RFA
မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးရန် ဖားအံမြို့သို့ မထွက်ခွာမီ KNU ကိုယ်စားလှယ်အဖွဲ့ကို မဲဆောက်မြို့တွင် တွေ့ရစဉ်။

PNLO နဲ့ ရှမ်းပြည်နယ်အစိုးရ အပစ်အခတ် ရပ်စဲ



2012-08-25
PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်နဲ့ ရှမ်းပြည်နယ် အစိုးရ ကိုယ်စားလှယ်တွေ တောင်ကြီးမြို့မှာ ဒီကနေ့တွေ့ဆုံကာ အပစ်အခတ် ရပ်စဲရေးအတွက် ပြည်ထောင်စု ဝန်ကြီးတွေနဲ့ လွှတ်တော်အမတ်တွေ ရှေ့မှောက် သဘောတူ လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ထိုင်းလူမျိုး ၈ ဦး တရားမဝင် လက်နက် ကိုင်ဆောင်မှုနှင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်



2012-08-24
နိုင်ငံဖြတ်ကျော် ဝင်ရောက်မှုနဲ့ ထောင်ဒဏ် အပြစ်ပေး ခံထားရတဲ့ ထိုင်းလူမျိုး ၉၂ ဦးအထဲက ၈ ဦးကို တရားမဝင် လက်နက် ကိုင်ဆောင်မှုနဲ့ပါ မနေ့က ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။
တရားမဝင် လက်နက်ကိုင်ဆောင်မှု ပုဒ်မ ၁၉(က) နဲ့ တရားစွဲဆိုထားတဲ့ ဒီအမှုကို တနင်္သာရီတိုင်း ဒေသကြီး၊ ကော့သောင်းမြို့နယ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။

ပိတ်ဆို့ကာရံထားတဲ့ ရေမြောင်းအဖုံး အမြန်ဖယ်ရှားဖို့ ရေဘေးသင့် ပြည်သူတွေတောင်းဆို



2012-08-24
ရန်ကုန်မြို့ ကြည်မြင်တိုင်နဲ့ အလုံမြို့နယ် အတွင်းက ရေဘေးသင့် ပြည်သူ ၅၀၀ ကျော်လောက်ဟာ မနေ့ ညနေ ၄ နာရီကနေ ည ၉ နာရီအထိ Asia World ကုမ္ပဏီရှေ့မှာ စုရုံးပြီး အဲဒီကုမ္ပဏီက ကွန်ကရစ်ထုနဲ့ ပိတ်ဆို့ ကာရံထားတဲ့ ရေမြောင်းအဖုံးတွေကို အမြန် ဖယ်ရှားပေးဖို့ တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၄ ရက်က အေးရှားဝေါလ် ကုမ္ပဏီက ပိတ်ဆို့ထားသော ကွန်ကရစ် ရေမြောင်းဖုံးများအား ညတွင်းချင်း ဖယ်ရှားနေသည်ကို ရပ်ကွက်နေ ပြည်သူတချို့ စောင့်ကြည့်နေစဉ်။