Sunday, August 26, 2012

မြန်မာနိုင်ငံ၏ နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်လိုစိတ်ကို ကုလသမဂ္ဂ အထူးအကြံပေး ချီးကျူး


မြန်မာ အစိုးရက အစ္စလာမ် ဘာသာ ဝင်နိုင်ငံများ အဖွဲ့ကို လာရောက် လေ့လာရန် ဖိတ်ခေါ်ခဲ့ခြင်း၊ တူရကီနိုင်ငံခြားရေး ဝန်ကြီးနှင့် အဖွဲ့ကို တွေ့ဆုံဆွေးနွေးပေး ခြင်းနှင့် ရခိုင်ပြည်နယ် အရေးကို တည် ငြိမ်စွာကိုင်တွယ်ဖြေရှင်းနေမှုတို့ကို ဝမ်း မြောက်စွာကြိုဆိုမိပါကြောင်း၊ ကုလသမဂ္ဂ ၏ အထူးအကြံပေးပုဂ္ဂိုလ်မစ္စတာ ဗီဂျေး နမ်မီးယားက ၁၅-၈-၂၀၁၂ ရက်တွင် ပြောကြားလိုက်သည်။

မစ္စတာနမ်ဘီယား၏ ပြောကြား ချက်မှာ ဥှုဃ ညီလာခံ၏ ဒုတိယမြောက် နေ့တွင်ဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စ တွင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက် လိုသော သဘောသက်ရောက်နေပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ခိုင်မာမှု ပြယုဂ်များပင် ဖြစ်သည်ဟုဆိုသည်။
“ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး မူဝါဒအတွက် မြန်မာနိုင်ငံက အပေါင်းလက္ခဏာ ဆန်တဲ့ အနေနဲ့ သွားနေတာကို ဆက်လက်ထောက်ခံကြိုဆိုရမှာပဲ ” ဟု မစ္စတာနမ်ဘီးယား က ပြောကြားခြဲ့ပီး မြန်မာနိုင်ငံအနေဖြင့် ပွင့်လင်းမြင်သာမှုရှိလာနေပြီဖြစ်ကြောင်း နိုင်ငံတကာသို့ သုံးသပ်ပြောကြားလိုက် သည်။ မြန်မာအစိုးရအနေဖြင့် တူရကီ နိုင်ငံခြားရေးဝန်ကြီးနှင့် OIC မှ ကိုယ်စား လှယ်အချို့ပါဝင်သော အဖွဲ့ကို ရခိုင်ပြည် နယ်အထိ သွားခွင့်ပြုစေခဲ့ကာ ၄င်းတို့၏ ပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေး ဦးစားပေးလုပ်ဆောင်နေမှုကို ရည်ညွှန်း နေသည်ဟု ထောက်ခံပြောဆိုခဲ့သည်။
“ဆန္ဒပြမှုတွေနဲ့ ဆူပူမှုတွေကိုငြိမ်းချမ်းစွာနဲ့ ကိုင်တွယ်ဖြေရှင်းနေတာကို ကြည့်ခြင်းအားဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ဒီအခြေအနေကို နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ချင်တဲ့ သဘောပါပဲ” ဟု မစ္စတာနမ်ဘီးယားက ပြောကြား သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဝီလျံ ဟိတ်က မြန်မာအရေးကို စိုးရိမ်နေသည့် အချိန်တွင် မစ္စတာနမ်ဘီးယားက ယင်း ကဲ့သို့ပြောဆိုလိုက်သည့်ကာလနှင့် တိုက် ဆိုင်နေသဖြင့် နိုင်ငံတကာ၏ အမြင်တွင် လည်း မြန်မာနိုင်ငံအပေါ် ဆိုးရွားစွာတွေးမြင် ယူဆကြဖွယ်မရှိနိုင်တော့ကြောင်း ပြည်ပ မီဒီယာအချို့က သုံးသပ်ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။