Sunday, August 26, 2012

၂ဝ၁၅ခုနှစ်အမှီ သီလဝါစက်မှုမြို့အား အကောင်အထည်ဖော်မည်


သီလဝါစက်မှုဇုန်ဆိပ်ကမ်းအား ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်သော စက်မှုမြို့အဖြစ် ၂ဝ၁၅ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံသဘောတူထားကြောင်း JICA ကုမ္ပဏီ၏ မြန်မာနိုင်ငံ ကိုယ်စားလှယ် Mr. Hajime Matsuoka က ဆိုသည်။


သြဂုတ်လ(၂ဝ)ရက်နေ့တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဟံစိန်အပါအဝင် ညွှန်ချုပ်ကြီးများနှင့် သဘောတူ စာချုပ်ချုပ်ဆိုခဲ့ပြီး စာချုပ်အရ သယ်ယူပို့ဆောင်ရေးကဏ္ဍကိုလည်း ထည့်သွင်းချုပ်ဆိုထားကြောင်း သိရသည်။

“ စာချုပ်အရ ပြည်တွင်းရေကြောင်းပိုင်းဆိုင်ရာမှာတော့ ရန်ကုန် ဒလ ဆိပ်ကမ်းတွေကို သင်္ဘောဖယ်ရီ ထည့်သွင်းပြေးဆွဲဖို့ စီစဉ် ထားပါတယ်ု JICA ကုမ္ပဏီ၏မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Hajime Matsuoka ကပြောသည်။

မြန်မာနိုင်ငံ လေကြောင်းကဏ္ဍတွင်လည်း တစ်နိုင်ငံလုံးရှိ လေကြောင်းလိုင်းများတွင် လေကြောင်းထိန်းသိမ်းရေး လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားရှိကြောင်း သိရှိရသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် မြို့တွင်းလမ်းပိုင်းနှင့် ပတ်သက် သော နည်းပညာအစိတ်အပိုင်းများကိုလည်း ပူးပေါင်းဆောင်ရွက် မည်ဖြစ်ပြီး ရထားလမ်းအစိတ်အပိုင်းများကိုလည်း ပူးပေါင်းမည် ဖြစ်ကြောင်း JICA ကုမ္ပဏီ၏မြန်မာနိုင်ငံကိုယ်စားလှယ် Mr. Hajime Matsuoka က ပြောသည်။

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ရှေ့လာမယ့်အနာဂတ်တွင် ပူးပေါင်း ဆောင်ရွက်မည့် နယ်စပ်ဒေသပူးပေါင်းဆက်သွယ်ရေး ပို့ဆောင် ဆက်သွယ်ရေး ကုန်သွယ်ရေး ရင်းနှီးမြှပ်နှံမှုများအတွက် ကြိုဆို ပါကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးးဥာဏ်ထွန်းအောင်က ပြောသည်။

ယခုလို ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူး တွေရမလဲဆိုရင် လုံခြုံမှုလည်း ရှိလာမယ်၊ ရေရှည်တည်တံ့ခိုင်မြဲ မယ်ပိုမိုကောင်းမွန်လွယ်ကူလာစေမယ်လို့ မျှော်လင့်ပါတယ် "ဟု ပို့ဆောင်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင် က သဘောတူညီထားသည်များနှင့်ပတ်သက်၍ သုံးသပ်ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံတွင် ပို့ဆောင်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသော ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊   ဆောက်လုပ်ရေး ဝန်ကြီးဌာန အဆိုပါ ဝန်ကြီးဌာန သုံးခုနှင့်ပူပေါင်း၍ ဦးစားပေးသင့်သော လုပ်ငန်းများအား (၁)နှစ်အတွင်း အကောင်အထည်ဖော်သွား မည်ဖြစ်ကြောင်း ကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။