Tuesday, August 27, 2013

ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင် တိမ်းမှောက်

ဩဂုတ် ၂၅ ရက် မွန်းလွဲ ၁၂ နာရီခွဲ ပဲခူးမြို့နယ် ဘုရားကြီးမြို့အဝင် ရန်ကုန်- မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၅၉/၇-၆၀/၀ အကြား၌ မော်တော်ယာဉ်တစ်စီး တိမ်းမှောက် ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ဘုရားကြီးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ် ထင်အောင်၊ ဘုရားကြီး ရဲစခန်းမှ နယ်ထိန်းတာဝန်ခံ ဒုရဲအုပ်ကျော်နိုင်ဦး တို့ သွားရောက်စစ်ဆေးရာ ပဲခူးဘက်မှ ညောင်လေး ပင်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင် လာသော ရန်ကုန် -ညောင်လေး ပ င် အမှတ်(၅)လိုင်းမှ ယာဉ်အမှတ် ၈က/.....ဟိုင်းလပ်အပြာရောင် ခရီးသည်တင် ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်နေသည်ကို တွေ့ရသည်။

ယာဉ် တိမ်းမှောက်မှုကြောင့် ယာဉ် ပေါ် ပါခရီးသည် ငါးဦးအနက် မခိုင် (၂၀)နှစ် ဝမ်းဘဲ အင်းကျေးရွာ ပဲခူးမြို့နယ်နေသူတစ်ဦးတည်းသာ ဦးခေါင်းညာဘက်ပေါက်ပြဲ၊ ပွန်းပဲ့ ဒဏ်ရာ ရရှိကာ ပဲခူးဆေးရုံကြီးသို့ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ ခဲ့ရသည်။

အဆိုပါဖြစ် စဉ်နှင့် ပတ်သက်၍ ယာဉ်ကို မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအား အရေး ယူပေး ပါ ရန် ယာဉ်ထိန်းရဲအုပ်ထင်အောင်က တရားလိုပြုလုပ်တိုင်ကြားခဲ့ရာ ဘုရား ကြီးမြို့ရဲစခန်း က ဆက်လက်စစ်ဆေး အရေးယူ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။

(ဘုရားကြီးသား)

သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

မြို့ကြီးတချို့မှာ နိုင်ငံတော်ဘာသာနေ့ကျင်းပ

မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အဖြစ် မြို့ကြီးတချို့မှာ နိုင်ငံတော်ဘာသာနေ့ ဆိုတဲ့ အခမ်းအနားတွေ မနေ့က ကျင်းပခဲ့ကြပါတယ်။

၁၉၆၁ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့မှာ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ဗိုလိချုပ်ကြီးနေ၀င်း က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် အဲဒီဥပဒေကို ဖျက်သိမ်းခဲ့ပါတယ်။

မနေ့ကတော့ နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့အဖြစ် မြို့အတော်များများမှာ ဆွမ်းလောင်းပွဲတွေ၊ ချီတက်ပွဲတွေကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

၁၉၆၁ ခုနှစ်မှာ ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့တာကို အကြောင်းပြုပြီး ကချင်ပြည်နယ် မှာ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

ဘာသာတရားတစ်ခုခုကို နိုင်ငံတော် ဘာသာအဖြစ် ဥပေးနဲ့ သတ်မှတ်ပြဌာန်းသင့်မသင့် အယူအဆ ကွဲပြားမှုတွေလည်းပေါ်ပေါက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေး အသွင်ဆောင်တဲ့ အကြမ်းဖက် ပဋိပက္ခတွေ နေရာအနှံ့အပြား ပေါ်ပေါက်လာနေချိန် အတွင်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ဥပဒေပြု ပြဌာန်းခဲ့ဖူးတဲ့ (၅၂) နှစ်မြောက် နှစ်ပတ်လည်အဖြစ် နိုင်ငံတော်ဘာသာနေ့ ဆိုတဲ့ အထိမ်းအမှတ်ပွဲတွေ စတင်ကျင်းပခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese

အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူနှစ်ဦးက အမျိုးသမီး တစ်ဦး၏မျက်နှာကို ဓားဖြင့်လှီးရာ ၁၆ ချက်ချုပ်ရ

ရန်ကုန် ၊ ၂၇-၈-၂၀၁၃

ရန်ကုန်တိုင်း ဒေသကြီး ၊ တောင်ဥက္ကလာပ မြို့နယ် ၊ (၁ဝ)ရပ်ကွက် ၊ အာဿက(၂၂)လမ်း နှင့် (၂၅)လမ်းအနီးတွင် ယနေ့မွန်းလွဲ (၂)နာရီခွဲခန့်က ဆိုက်ကား စီးလာသူ အမျိုးသမီး တစ်ဦးအား အမည်မသိ အသားမည်းမည်း လူမျိုးခြားဟု ထင်ရသူ နှစ်ဦးမှ မျက်နှာပြင် အား ဓားဖြင့်လှီးရာ (၁၆)ချက် ချုပ်လိုက် ရကြောင်း သိရသည်။

ယင်းနှင့် ပတ်သက်၍ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာအဖြစ် ဆေးကုသမှု ခံယူနေသော ဓားဖြင့် လှီးခံရသူ တောင်ဥက္ကလာပ မြို့နယ်၊ (၁ဝ)ရပ်ကွက် နေ သူ ဒေါ်ချိုချိုဝင်း ၊ အသက်(၄၆) နှစ်က ''ကျွန်မက ကလေး ကျောင်းကြိုဖို့ အာဿက(၂၂) လမ်းအအတိုင်း ဆိုက်ကားစီး လာခဲ့ရာ (၂၅)လမ်းဖြတ် အရောက်မှာ အသင့်ရပ်စောင့် နေတဲ့ အသားမည်းမည်း လူမျိုးခြားလို့ ထင်ရသူ အမည်မသိ အမျိုးသား (၂)ယောက်ကို အမှတ်မထင် တွေ့လိုက် ရပြီး အိက်ႌအျဖဴ ဝတ္ထားတဲ့ လူက ဆုိက္ကားကုိ တားၿပီး က်န္အိက်ႌ အျပာ ဝတ္ထားသူက အသင့် ယူဆောင်လာတဲ့ ခေါက်ဓားလို့ ထင်ရတဲ့ ချွန်ထက်သော အရာနှင့် ကျွန်မ ဝဲဘက်ပါးကို ဆွဲခြစ် လိုက်ပါတယ် ၊ ကျွန်မလည်း ပူကနဲ ဖြစ်သွားပြီး လက်နဲ့ပါးကို ကိုင်လိုက်မှ သွေးတွေ ရွှဲနေတာကို တွေ့ရပါတယ် ၊ အဲဒီအချိန်မှာ ကျွန်မနဲ့အတူလာတဲ့ အသက်(၆ဝ) အရွယ် ဆိုက်ကားသမား အဘိုးကြီးမှာ ကြောင်အမ်းအမ်း ဖြစ်နေပြီး ကျွန်မလည်း ဓားနဲ့လှီးတယ် . ဓားနဲ့လှီးတယ် ... ဟုအော်လိုက်ရာ အဲဒီ လူနှစ်ယောက် အတူတူ ထွက်ပြေးသွား ပါတော့တယ် ... '' ဟု ပြောကြားသည်။

ယင်းဖြစ်ပွားမှု နှင့်ပတ်သက်ပြီး တောင်ဥက္ကလာပ (၁ဝ)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်က '' ကျွန်တော်တို့ လည်း ယခုအချိန် ထိတော့ အတိအကျ မသိရသေးပါဘူး ၊ အသားမည်းမည်း လူမျိုးခြားလို့ ယူဆရသူ အမျိုးသား နှစ်ဦးက ဓားနဲ့ မျက်နှာလှီးပြီး ထွက်ပြေး သွားတယ်လို့ပဲ သိရသေးတယ် ၊ ဖြစ်စဉ်အမှန်ကို စုံစမ်းဆဲပါ ... ''ဟု ပြောကြားသည်။

ယင်းနှင့် ပတ်သက်၍ ဓားဖြင့်လှီးခံရသူ မချိုချိုဝင်းမှာ သင်္ဃန်းကျွန်း စံပြဆေးရုံ အရေးပေါ် ဌာနတွင် ပြင်ပလူနာ အဖြစ် ဆေးကုသမှု ခံယူခဲ့ရာ ဝဲဘက်ပါးပြင်တွင် (၁၆)ချက်ချုပ်လိုက် ရကြောင်း သိရသည်။ ထိုဖြစ်ပွားမှုကို တောင်ဥက္ကလာပ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဒေသအာဏာပိုင် များက ထွက်ပြေး တိမ်းရှောင် နေသူ အမျိုးသား နှစ်ဦးအား စုံစမ်း စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။

Pyi Chit Thar

ပန်းတနော်တွင် ပဋိပက္ခဖြစ် အချိန်မီတားဆီးနိုင်

ရန်ကုန် ၊ သြဂုတ် ၂၆ ။      ။ ပန်းတ နော်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အသွင်ဆောင်သော ဖြစ်ရပ်တစ်ခုကို သက်ဆိုင်ရာတာဝန်ရှိသူ များက အချိန်မီထိန်းထားနိုင် ပြီဖြစ်ကြောင်း နေပြည်တော်ရဲ တပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။  နေပြည်တော်ရဲတပ်ဖွဲ့ဌာ နချုပ်မှ တာဝန်ရှိသူက ''အခု လောလောဆယ်တော့ အခြေအ နေအရပ်ရပ်ကို ထိန်းထားနိုင် ပြီးပါပြီ။ လိုအပ်တဲ့လုံခြုံရေးကို လဲလုပ်ဆောင်နေပါတယ်။ ဒီ ထက်ပိုပြီး ပြောလို့မရဘူး''ဟု ပြောသည်။

ယနေ့တွင်ဖြစ်ပွားခဲ့သော  ပန်းတနော်မြို့နယ် အနောက်ပိုင်း ရပ်ကွက် ဘောလုံးကွင်းအနီး ဖြစ်ပွားခဲ့သော ပဋိပက္ခအသွင် ဆောင်သည့်ဖြစ်ရပ်သည် နိုင်ငံ တော်ဘာသာနေ့တွင် ဗုဒ္ဒဘာ သာလူငယ်များမှ မြို့တွင်းကို နိုင်ငံတော်ဘာသာနေ့အခမ်း အနား လှည့်လည် ကျင်းပနေစဉ် ဘာသာခြား လူငယ်တစ်ဦးနှင့် ပြဿနာဖြစ်ပွားရာမှစတင်ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မအူပင် ခရိုင်ရဲတပ်ဖွဲ့ရုံးမှ သိရသည်။  ''ကျွန်တော်တို့ကတော့  ပြဿနာထပ်မံမဖြစ်ပွားအောင် ထိန်းထားလိုက်ပါပြီ''ဟု ခရိုင်ရဲ မှူးအေး သောင်းကပြောသည်။  ''ပျက်သွားတဲ့အိမ်က ဗလီ ဆရာဦးဆောင်ပြီး ဖျက်လိုက်တာ ပါ။ ပဋိပက္ခဖြစ်ပြီးအဖျက်ခံရ တာမဟုတ်ပါဘူး''ဟု ရန်ကုန် တိုင်းမ်နေ့စဉ်သတင်းစာသို့ ရဲမှူး အေးသောင်းက ပြောသည်။ 

''ဖြစ်တာက မနက်ကတည်း ကပြဿနာဖြစ်တာ။ အဲဒီပြဿ နာဖြစ်တဲ့ဘာသာခြားက နာရီ ရောင်းတဲ့သူ။  ပန်းတနော်မြို့သား မဟုတ်ဘူး။  တခြားကလာတာ လို့ပြောတယ်။ သူနဲ့ဖြစ်တဲ့အတွက် ပန်းတနော်မှာရှိတဲ့ အစ္စလာမ် ဘာသာရေးအဖွဲ့ အစည်းက ဗလီ ဆရာဦးဆောင်ပြီး မွန်းလွဲ ၁၂ နာရီနဲ့ ၁နာရီကြားလောက်မှာ သူ့အိမ်ကို ဖြိုလိုက်တာဖြစ်တယ်'' ဟု ပန်းတနော်မြို့ခံတစ်ဦးက ပြောသည်။

ကျော်ဇေယျ ၊ ကျော်မြတ်ဇံ

Yangon Media Group

မြန်မာ့ကမ်းလွန်တွင် မိုးသက်လေပြင်း ကျမည်

ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေအားကောင်းရာကနေ အားအလွန်ကောင်းနေတယ်လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီမနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက် လှိုင်းကြီးမယ့်အကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်/မြေပြင်လေဟာ ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ မိုးကြီးနိုင်တယ်၊ ရွာရန်ရာနှုန်းပြည့်ဖြစ်တယ်၊ ကျန်တိုင်းနဲ့ပြည်နယ် အသီးသီးမှာလည်း မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

နောက် ၂ ရက်အတွက် ခန့်မှန်းချက်အရ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ မိုးဆက်လက်ပိုနေမယ်လို့ ဆိုပါတယ်။

by ဒီဗွီဘီ

Hmuu Aein Zaw Zaw's invitation is awaiting your response

 
 
 
 
 
Hmuu Aein Zaw Zaw would like to connect on LinkedIn. How would you like to respond?
 
 
 
Hmuu Aein Zaw Zaw
Journalist at Myit Makha News Agency
 
 
 
 
You are receiving Reminder emails for pending invitations. Unsubscribe.
© 2013 LinkedIn Corporation. 2029 Stierlin Ct, Mountain View, CA 94043, USA.
 
 

ထိုင်းနိုင်ငံထုတ် တန်ဖိုးနည်းဖုန်းဟန်းဆက်များ ဈေးကွက်ဝင်ရောက်

ထိုင်းနိုင်ငံထုတ် T-Max အမှတ်တံဆိပ် တန်ဖိုးနည်းဖုန်းဟန်းဆက်များ ပြည်တွင်းဈေးကွက်သို့ ၀င်ရောက် လာပြီး SSCL ကုမ္ပဏီက ဈေးကွက်သို့ တရားဝင်ဖြန့်ချိရောင်းချသွားမည်ဖြစ်သည်ဟု ယင်းကုမ္ပဏီမှ သိရသည်။

အဆိုပါ T-Max အမှတ်တံဆိပ် မိုဘိုင်းဖုန်းဟန်းဆက်များသည် ဈေးနှုန်းအားဖြင့် ကျပ် ၃၀၀,၀၀ မှ တစ်သိန်းခွဲ ၀န်းကျင်ရှိမည် ဖြစ်ပြီး ပြည်တွင်းဈေးကွက်သို့ ယခုသြဂုတ်လကုန်ပိုင်းမှ စတင်ဖြန့်ချိခြင်းဖြစ်သည်။ 

ယင်းဖုန်းဟန်းဆက်များအတွက် တစ်နှစ်လက်ခအခမဲ့ဖြင့် ၀န်ဆောင်မှုပေးသွားမည်ဟုလည်း SSCL ကုမ္ပဏီ၏ ဒါရိုက်တာ ဦးမောင်မောင်က ပြောသည်။

အဆိုပါဖုန်းများကို SSCL ကုမ္ပဏီက မြန်မာနိုင်ငံ၏ တစ်ဦးတည်းဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် ရောင်းချ သွားမည်
ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံးသို့ ဖြန့်ဖြူးရောင်းချမည်ဖြစ်သည်။

နောက်ပိုင်းတွင် SSCL ကုမ္ပဏီက T-Max  အမှတ်တံဆိပ် မိုဘိုင်းဖုန်းအရောင်းဆိုင်များ နှင့် ဆားဗစ်စင်တာများကို တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်သည်။

သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် အာဆီယံ နိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့် ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်မည်


8.1.1

နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က လွှတ်တော်၌ ဖြေကြားစဉ် (ဓာတ်ပုံ - ဝေယံဖြိုးဦး)

သာမန်နိုင်ငံ ကူးလက်မှတ် ကိုင်ဆောင်သူများ အတွက် အာဆီယံနိုင်ငံများနှင့် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်အတွင်း လက်မှတ်ရေးထိုးရန် ဆောင်ရွက်မည်ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က သြဂုတ် ၂၆ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ၁၄ ရက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို ၂၀၀၆ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း၊ ဆက်လက်၍ ကျန်အာဆီယံ နိုင်ငံများနှင့်လည်း သာမန်နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ အတွက် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူညီချက်ကို လာမည့်ဘဏ္ဍာရေး နှစ်တွင် လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ဒုတိယ၀န်ကြီးက ရေဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး၏ ဗီဇာနှင့် ပတ်သက်၍ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားသည်။

၂၀၁၁ ခုနှစ် ဧပြီမှ ၂၀၁၃ ခုနှစ် မေအထိ နိုင်ငံတကာရှိ မြန်မာသံရုံးများ၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ ရုံးများနှင့် မြန်မာကောင်စစ်ဝန်ချုပ် ရုံးများအားလုံး၏ ဗီဇာထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ သိန်းပေါင်း ၂၉၀ ကျော် ရရှိခဲ့ကြောင်း သိရသည်။

ဗီဇာထုတ်ပေးခြင်းမှ ကောက်ခံရရှိ ငွေများမှာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၇၀၀၀၅၇၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ် လာ ၁၄၅၀၄၀၇၀၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ ရေးနှစ်တွင် ဧပြီမှ မေအထိ အမေရိကန်ဒေါ် လာ ၃၀၁၇၆၇၇ ဖြစ်သောကြောင့် ၂၀၁၁ ခုနှစ် ဧပြီမှ ၂၀၁၃ ခုနှစ် မေအထိ အမေရိကန် ဒေါ်လာ ၂၉၂၂၁၈၀၄ (ယူရို-၂၄၂၂၃၄၉၄) ရရှိခဲ့ကြောင်း သိရသည်။

ယင်းသို့ ဗီဇာထုတ်ပေးခြင်းမှ ရရှိသည့် နိုင်ငံခြားငွေ မျိုးစုံအား သက်ဆိုင်ရာ ရုံးများမှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (MFTB) သို့ သုံးလတစ်ကြိမ် ယူရိုငွေကြေးဖြင့် လွှဲပြောင်းကာ ထိုမှတစ်ဆင့် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ငွေစာရင်းသို့ ယင်းပမာဏနှင့် ညီမျှသော ကျပ်ငွေဖြင့် ထပ်မံလွှဲပြောင်းရကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

''ဗီဇာထုတ်ပေးခြင်းမှ ကောက်ခံရရှိသည့် ငွေများကဲ့သို့ပင် ကောက်ခံရရှိသော ငွေအားလုံးအား သက်ဆိုင်ရာ ရုံးများမှ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်သို့ သုံးလတစ်ကြိမ် ယူရိုငွေကြေးဖြင့် ပုံမှန်လွှဲပြောင်း ပေးပို့ပြီး မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် အနေဖြင့် လက်ခံရရှိပါက ညီမျှသည့် ကျပ်ငွေအား ၀င်ငွေခွန်မှ ကောက်ခံရရှိငွေ အတွက် ဘဏ္ဍာရေး ၀န်ကြီးဌာန ငွေစာရင်းသို့ လည်းကောင်း၊ ထောက်ခံစာ ထုတ်ပေးခြင်းမှ ကောက်ခံရရှိငွေ အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာန ငွေစာရင်းသို့ လည်းကောင်း၊ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးခြင်းနှင့် အသစ်ထုတ်ပေးခြင်းမှ ကောက်ခံရရှိငွေအတွက် ပြည်ထဲရေး ၀န်ကြီးဌာန ငွေစာရင်းသို့ လည်းကောင်း ဆက်လက်လွှဲပြောင်း ပေးလျက်ရှိပါတယ်'' ဟု ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။

နိုင်ငံသားမဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် အာဏာရပြည်ခိုင်ဖြိုး လွှတ်တော်ကိုယ်စားလှယ် အများစု မထောက်ခံသော်လည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်အားလုံး ထောက်ခံ၍ လွှတ်တော်၌ဆွေးနွေးမည်


8.1.1

သြဂုတ် ၂၆ ရက်က ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် နိုင်ငံသား မဟုတ်သူများအား နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မဲခွဲဆုံးဖြတ်ရာတွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များနှင့် ကျန်လွှတ်တော် ကိုယ်စားလှယ် အချို့က ထောက်ခံကြောင်း မတ်တတ်ရပ် ဆန္ဒပြုကြစဉ်

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ နိုင်ငံသား သတ်မှတ်ချက်ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ လက်ခံဆွေးနွေးရန် သြဂုတ် ၂၆ ရက်က ကျင်းပသော လွှတ်တော် အစည်းအဝေး၌ မဲခွဲဆုံးဖြတ်ရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လွှတ်တော် ကိုယ်စားလှယ် အများစု ထောက်ခံခြင်း မပြုဘဲ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အားလုံးက ထောက်ခံခဲ့ပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် လွှတ်တော်၌ ဆုံးဖြတ်ခဲ့သည်။

သြဂုတ် ၂၃ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်၌ ယင်းဥပဒေကြမ်းအား ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် တစ်ဦးမှ ထောက်ခံခဲ့သဖြင့် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အနေဖြင့် လက်ခံဆွေးနွေးရန် သင့်မသင့် သဘောထား တောင်းခံရာတွင် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မကွေးတိုင်း ဒေသကြီး မဲဆန္ဒနယ် (၁၂) မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက ကန့်ကွက်သဖြင့် မဲခွဲဆုံးဖြတ်ရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့သည်။

သို့ရာတွင် လွှတ်တော်၌ ကိုယ်စားလှယ် မစုံလင်သည့်အတွက် မဲခွဲမည့်ရက်အား ရွှေ့ဆိုင်းခဲ့ပြီး သြဂုတ် ၂၆ ရက်၌ ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မဲခွဲခြင်း အစီအစဉ်အား မတ်တတ်ရပ် အစီအစဉ်ဖြင့် ပြုလုပ်ခဲ့ရာ တပ်မတော်သား ကိုယ်စားလှယ် အားလုံး၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်များ၊ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် အနည်းစုကသာ ထောက်ခံခဲ့ကြပြီး ထောက်ခံမဲ ၁၀၇ မဲ ရရှိကာ သတ်မှတ်ချက်ထက် ကျော်လွန်သဖြင့် ဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သဘောတူခဲ့သည်။

''စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့'' ဟု တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က The Daily Eleven သို့ ပြောကြားသည်။


စဉ်းစားဆွေးနွေး သင့်တယ်လို့ ယူဆတဲ့ ဥပဒေတစ်ရပ်ဖြစ်လို့ ထောက်ခံခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ထောက်ခံကန့်ကွက်ရာမှာ လူပုဂ္ဂိုလ်၊ ပါတီအဖွဲ့အစည်း မကြည့်ဘဲ နိုင်ငံတော်အတွက် အကျိုးပြုမယ်လို့ ယူဆတဲ့ အမျိုးသား နိုင်ငံရေး အမြင်နဲ့ပဲ အမြဲကြည့်ပါတယ်။ အခုဆုံးဖြတ် တာကလည်း ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အတည်ပြုတာ မဟုတ်သေးပါဘူး။ ဆွေးနွေးစဉ်းစားဖို့ ဆုံးဖြတ်တာပါ။ ဆွေးနွေးတဲ့ လွှတ်တော် ကိုယ်စားလှယ်များရဲ့ တင်ပြချက်တွေကို နားထောင်ရပါဦးမယ်။ လိုအပ်ရင်လည်း ပါဝင်ဆွေးနွေးသင့်ရင် ဆွေးနွေးရမှာပေါ့...


 

''အဲဒီဥပဒေကြမ်းက အခုတင်လာတာက တစ်ဦးချင်း (Individual Bill) ခေါ်တာပေါ့။ တစ်ဦးချင်းတင်တဲ့ Bill ခေါ်တာပေါ့။ နိုင်ငံရေးပါတီ ဥပဒေကြမ်း ဆိုတာက ကော်မရှင်ရဲ့ သဘောထားတို့ ဘာတို့ညာတို့ ရှိသေးတယ်လေ။ အဲဒီလိုဆိုတဲ့ အခါကြတော့ ရုတ်တစ်ရက် ချက်ချင်းကြီးကို ပုဂ္ဂလိက တစ်ဦးချင်း အနေနဲ့ တင်တာကို ချက်ချင်းသဘောတူလို့ မှန်တယ် မှားတယ်ဆိုတာ ဆုံးဖြတ်ဖို့ တော်တော်ခက်တယ်လေ။ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးလို့ သူကဆိုထား လို့ရှိရင်လည်း အခြေခံ ဥပဒေနဲ့ ကိုက်ညီတယ်။ မကိုက်ညီဘူး ဆိုတာကလဲ အခြေခံဥပဒေ ခုံရုံးကသာလျှင် အဆုံးအဖြတ် ပြုနိုင်မှာ ဖြစ်တယ်။ အဲဒါကြောင့် အချိန်ယူပြီးတော့ စဉ်းစားသင့်တဲ့ ပြဿနာလို့ မြင်ပြီးတော့ ထောက်ခံတုန်းက မထောက်ခံခဲ့တာ။ ဒါအချိန်ယူသင့်တယ်။ အချိန်ယူသင့်တယ် ဆိုတာက သေချာဆွေးနွေးပြီး ညှိနှိုင်းသင့်တယ်လို့ မြင်တယ်။ အဲဒီတော့ လွှတ်တော် ဥက္ကဋ္ဌကလည်း ဒါကို ဥပဒေကြမ်း လေ့လာစိစစ် တင်ပြဖို့ ပြောလိုက်တဲ့ အခါကျတော့ ဒါသေသေချာချာ ပြန်စိစစ်သွားနိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ တစ်ဖက်က ကြည့်လို့ရှိရင် နိုင်ငံရေးပါတီ ဥပဒေဆိုတာ အရေးကြီးတယ်။ အရေးကြီးတဲ့ အတွက် ဒါကိုအလောသုံးဆယ် ပြင်ဖို့လည်း ချက်ချင်းကြီး မြန်မြန်ဆန်ဆန်ကြီး သွားပြင်ဆင်လိုက်လို့ ရှိရင်လည်း မှားသွားရင် ဒုက္ခရောက်သွား နိုင်တယ်။ အဲဒါကြောင့်မို့ ပြင်ဆင်ဖို့ တင်တဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်။ သို့သော်လည်း သူ့ရဲ့ တင်ပြချက်ကိုတော့ ကျွန်တော်တို့က သေချာစဉ်းစားပြီးမှ ထောက်ခံသင့်ရင် ထောက်ခံမယ်။ ကန့်ကွက်သင့်ရင် ကန့်ကွက်သွားမယ်'' ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မြင့်ဖေက ပြောကြားသည်။

''ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ သဘောတူ နိုင်ခဲ့တဲ့အတွက် ၀မ်းသာပါတယ်။ ဘာလို့လဲဆိုတော့ ဒီဥပဒေကြမ်းက အရေးကြီးလို့ပါ။ နိုင်ငံသား တရားဝင် မဖြစ်သေးဘဲ ပါတီတည်ထောင်ခွင့်တို့၊ မဲပေးခွင့်တွေ ရှိတယ်ဆိုတာ တွေကို ပြင်ရမှာပါ။ နိုင်ငံသား မဟုတ်သေးဘဲ ဒို့တာဝန် အရေးသုံးပါး လိုက်နာမယ်လို့ ဘယ်လောက်ပြောပြော ယုံကြည်လို့ မရနိုင်ဘူး'' ဟု ဥပဒေကြမ်းအား တင်သွင်းခဲ့သူ ဒေါက်တာအေးမောင်က ပြောကြားသည်။

''နိုင်ငံသား မဖြစ်သေးသူများဟာ မွေးရာပါ နိုင်ငံသား၊ တိုင်းရင်းသားများကဲ့သို့ ဒို့တာဝန် အရေးသုံးပါးဖြစ်တဲ့ တိုင်းရင်းသားစည်း လုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ ဦးတည်ချက်၊ နိုင်ငံ့သစ္စာကို စောင့်သိ ရိုသေခြင်းဆိုတဲ့ အချက်တွေကို စဉ်းစားချင့်ချိန် ကြည့်ရုံနဲ့ ဘယ်လောက်ထိ အာမခံချက် ရှိနိုင်မလဲ။ နိုင်ငံသား မဖြစ်သေးတဲ့ သူတွေက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ကျေးဇူးသစ္စာကို စောင့်သိရိုသေ မလဲဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။ အဲဒါကြောင့် နိုင်ငံရေး ပါတီများ၏ အမျိုးသားမူဝါဒ ရည်မှန်းချက်များဟာ အင်မတန် အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် ကျွန်တော်တို့ အမျိုးသား စီးပွားအကျိုးနဲ့ ပတ်သက်လို့ဖြစ်ဖြစ် အင်မတန်ကို ဦးတည်ချက် ခိုင်ခိုင်မာမာရှိဖို့ လိုအပ်တယ် ဆိုတာကို ထပ်လောင်းတင်ပြ ချင်ပါတယ်။ ပါတီတည်ထောင် လိုသူများ၊ တည်ထောင်သူများ၊ ပါတီဝင်များဟာ ပြည်ထောင်စု အမျိုးသား သစ္စာရှိမှု အမြင့်ဆုံး အဆင့်မှာရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မွေးရာပါ နိုင်ငံသား မဟုတ်ရင်တောင်မှ ဥပဒေအရ နိုင်ငံသား ဖြစ်ပြီးသူ အနိမ့်ဆုံးဖြစ်ရန် လိုအပ်ပါတယ်'' ဟု ဥပဒေကြမ်း တင်သွင်းစဉ် ဒေါက်တာအေးမောင်က ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူ ဖြစ်ခြင်း'' ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

8.1.1

ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်၌ လက်ခံဆွေးနွေးရန် မတ်တတ်ရပ် မဲခွဲဆုံးဖြတ်နေစဉ်

ထို့အပြင် ပုဒ်မ ၅ ပုဒ်မခွဲ (ဃ) တွင် ပါရှိသော ''ပုဒ်မ ၄ ပါ အချက်များနှင့် ညီညွတ်သောပါတီ တည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့ သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်၊ အမျိုးသား မှတ်ပုံတင်အမှတ်၊ ဧည့်နိုင်ငံသား လက်မှတ် အမှတ်၊ နိုင်ငံသားပြုခွင့် လက်မှတ်အမှတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်အမှတ်'' ဆိုသည့် စကားရပ်အစား ''ပုဒ်မ ၄ ပါအချက်များနှင့် ညီညွတ်သော ပါတီတည်ထောင် လိုသူများ၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးနေ့သက္ကရာဇ်နှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားအမှတ်'' ဟု ပြင်ဆင်သင့်ကြောင်းနှင့် ပုဒ်မ ၁၀ ပုဒ်မ ခွဲ (က) တွင် ပါရှိသော ''နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူ သို့မဟုတ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူဖြစ်ခြင်း''ဆိုသည့် စကားရပ်အစား ''နိုင်ငံသားဖြစ်ခြင်း'' ဟု ပြင်ဆင်သင့်ကြောင်း တင်သွင်းခဲ့ခြင်း ဖြစ်သည်။

''ရွေးကောက်ပွဲတွေမှာ မဲပေးနိုင်တဲ့ သူတွေနဲ့ အရွေးခံနိုင်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၆၉ (က) အရ နိုင်ငံသားများသာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် မ ၃၄၅ (က)၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၂(ခ)၊ ပုဒ်မ ၃၊ ပုဒ်မ ၅ တို့တွင် မည်သူတို့သည် နိုင်ငံသား ဖြစ်ကြောင်းကို ပြဋ္ဌာန်းထားပါတယ်။ နိုင်ငံရေး ပါတီများ ထူထောင်ခြင်းဟာ နိုင်ငံသားများနဲ့သာ သက်ဆိုင်တာကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြစ်စေ၊ အခြားတည်ဆဲဥပဒေများနဲ့ဖြစ်စေ ညီညွတ်စေရန် ပြင်ဆင်ခြင်း ဖြစ်ပါတယ်'' ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

မည်သည့် နိုင်ငံတွင်မှ မရှိသည့် ယာယီ သက်သေခံလက်မှတ် (၀ှိုက်ကတ်) ကိုင်ဆောင် ထားသူများကို မဲပေးခွင့်၊ ပါတီတည်ထောင်ခွင့် ပြုခြင်းဆိုသည်မှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးနိုင်သည်အထိ ဖြစ်စေနိုင်သည်ဟု နယ်ပယ်အသီးသီးမှ ဝေဖန်ထားသည်။

အဆိုပါ ၀ှိုက်ကတ်များကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ လူမျိုးများအား ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံမဲပေးနိုင်ရန် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး ရခိုင်ပြည်နယ်တွင် ၀ှိုက်ကတ် ကိုင်ဆောင်ထားသူဦးရေ ငါးသိန်းကျော် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ၀ှိုက်ကတ်ကိုင်ဆောင် ထားသူများကို မဲပေးခွင့်ပြုခဲ့ပြီး ယင်းဒေသများ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမတ်များ အနိုင်ရရှိခဲ့ရာ လက်ရှိတွင် ၎င်းတို့အား နိုင်ငံသား ဖြစ်မှုနှင့် ပတ်သက်၍ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ စစ်ဆေးမှုများ ရှိနေကြောင်း သိရသည်။

ကန့်ဘလူ ပဋိပက္ခ အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ခု မီးလောင်

သံသယရှိသူ ၁၂ ဦးကို အာဏာပိုင်တို့ ဖမ်းဆီးထား

အမျိုးသမီးတစ်ဦး ကာယိနြေ္ဒပျက်ပြား အောင်ပြုလုပ်ခံရမှုမှအစပြု၍ စတင်ဖြစ်ပွားခဲ့သော ကန့်ဘလူမြို့နယ်မှ လူအုပ်စုဖြင့် အကြမ်းဖက်သည့် ပဋိပက္ခများကြောင့်အိမ် ၄၄ လုံးနှင့် ဈေးဆိုင် ၁၂ ဆိုင် မီးလောင်ပျက်စီးခဲ့ကြောင်း သြဂုတ် ၂၅ ရက်ည ၈ နာရီကျော်တွင် အစိုးရကသတင်း ထုတ်ပြန်သည်။

ကနဦးသတင်းထုတ်ပြန်ချက်များတွင် မီးလောင်ကျွမ်းခြင်းမရှိသော်လည်း ဖျက်ဆီးခံရသည့် အိမ်သုံးလုံးနှင့် ဆိုင်သုံးဆိုင်ရှိကြောင်း ပါရှိခဲ့သည်။

ထိုပဋိပက်္ခများနှင့်စပ်လျဉ်း၍ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ တစ်ဦးနှင့် မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်သည်ဟု ယူဆရသူ ၁၁ဦးကို ဖမ်းဆီးထားပြီဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်လူအုပ်စုများကြောင့် မီးသတ်သမားတစ်ဦးနှင့် အခြားသူတစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်ဟု အစိုးရက ထုတ်ပြန်ထားသော်လည်း သူတို့၏ဒဏ်ရာအခြေအနေ စိုးရိမ်ဖွယ်ရှိ၊ မရှိကိုမူ ထုတ်ပြန်ချက်တွင် ထည့်သွင်း မဖော်ပြခဲ့ပေ။

အကြမ်းဖက်သူများကြောင့် လက်ဖက်ရည်ဆိုင်၊ ဆန်ပွဲရုံနှင့် ကွမ်းယာဆိုင်အချို့လည်း မီးရှို့ခံခဲ့ရသေးကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။

ပဋိပက္ခများဖြစ်နေသည်ကို တားဆီးရန် လာရောက်သည့် စစ်ကိုင်းတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါအ၀င် လုံခြုံရေးအဖွဲ့များကိုပင် အကြမ်းဖက်လူအုပ်စုများက လေးခွဖြင့်ပစ်ခတ်သဖြင့် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည်ဟု အစိုးရ၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ပြင် အကြမ်းဖက်သူများရှို့သဖြင့် နေအိမ်များမီးလောင်နေသည်ကို ငြှိမ်းသတ်သည့် မီးသတ်ကားများ ရေမဖြည့်သာ
အောင် လူအုပ်စုကြီးက တားမြစ်ခဲ့သေးသဖြင့် ထပ်မံ၍ သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့ရသေးသည်ဟုလည်း ဆိုထားသည်။

ယင်းဖြစ်ရပ်များဖြစ်ပွားသည်နှင့် တိုင်းအစိုးရအဖွဲ့မှ ၀န်ကြီးချုပ်အပါအ၀င် တိုင်းဝန်ကြီးအချို့၊ လွှတ်တော်အမတ်အချို့၊ သာသနာရေးဦးစီးမှူးစသည့်ပုဂ်္ဂိုလ်များက အခင်းဖြစ်ပွားရာထန်းကုန်းရွာသို့သွားရောက်ကြပြီး အကြမ်းဖက်မှု ဆက်မဖြစ်စေရန် တိုင်းအဆင့်၊ ခရိုင်အဆင့် ရဲများ၊ ခရိုင်နှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများကို အဖွဲ့ငယ်များခွဲကာ ကွင်းဆင်းဆောင်ရွက်ရန် ညွှန်ကြားထားသည်ဟု အစိုးရက ဆိုသည်။

အဆိုပါပဋိပက္ခများသည် သြဂုတ် ၂၄ ရက် ညနေ ၆ နာရီတွင် အလုပ်မှပြန်လာသော အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို ထန်းကုန်းနှင့် ဇီးပင်သာ ရွာနှစ်ရွာကြားရှိလမ်းတွင် ကိုဆန်းမင်းဦးဆိုသည့် အမျိုးသားက ကာယိနြေ္ဒပျက်စီးရန် နှောင့်ယှက်သည်မှ အစပြုခဲ့ခြင်းဖြစ်သည်ဟု အစိုးရက ပြန်ကြားရေးဝန်ကြီးဌာနက တရားဝင် အင်တာနက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန် ထားသည်။

ကိုဆန်းမင်းဦးသည် ၎င်းက အမျိုးသမီးကို နှောင့်ယှက်နေသည်ကို အမျိုးသားတစ်ဦးတွေ့ရှိသွားသဖြင့် ထွက်ပြေးသွား ခဲ့ရာ ရွာသားများက၀ိုင်းဝန်းဖမ်းဆီးပြီးနောက် ထန်းကုန်းရဲစခန်းသို့ ပို့ဆောင်ခဲ့သည်ဟု အစိုးရ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သူ့ကို ထန်းကုန်းရဲစခန်းမှ ကန့်ဘလူရဲစခန်းသို့ ပြောင်းရွှေ့ခဲ့ပြီး ထိုမှတစ်ဆင့် ရွှေဘိုထောင်သို့ ပို့ဆောင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ထိုည ၇ နာရီကျော်တွင် ထန်းကုန်းနှင့် ဇီးတောမှ ရွာသား ၁၅၀ ခန့်က ထန်းကုန်းရဲစခန်းသို့ ရောက်ရှိလာပြီး ကိုဆန်းမင်းဦးကို ထုတ်ပေးရန်တောင်းဆိုခဲ့ရာ ရဲစခန်းကထုတ် မပေးသဖြင့် အိမ်နှင့် ဆိုင်ခန်းအချို့ကို မီးရှို့ ဖျက်ဆီးမှုများ စတင်ပြုလုပ်ခဲ့ကြသည်။

လက်ရှိအချိန်တွင် ပဋိပက္ခများကို ထိန်းချုပ်လိုက်နိုင်ပြီဖြစ်ပြီး ရဲတပ်ရင်းများလည်း လုံခြုံရေးချထားသည်ဟု အစိုးရက လည်း ထုတ်ပြန်သလို စစ်ကိုင်းတိုင်းအစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်ကလည်း မဇ္ဈိမကို အတည်ပြုသည်။

သို့သော် လုံခြုံရေးအစီအမံများ မည်သို့ပြုလုပ်ထားသည်နှင့် ရဲအင်အားမည်မျှ တာဝန်ချထားသည်ကို မဇ္ဈိမကမေးမြန်းရာ တိုင်းအစိုးရအတွင်းရေးမှူးက ပြန်လည် မဖြေကြားပေ။

လက်ရှိတွင် အိမ်ထောင်စု ၅၀ အတွက် ကယ်ဆယ်ရေးပစ်္စည်းများ ရောက်ရှိနေပြီဖြစ်ပြီး၊ ယာယီကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ဆောင်ရွက်ရန် အာဏာပိုင်တို့က စီမံနေပြီဟုအစိုး၏ ထုတ်ပြန်ချက်တွင် ပါရှိသေးသည်။

ထိုင်းရောက် မြန်မာအလုပ်သမားတို့အတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးများ ထပ်မံ တိုးချဲ့မည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး ၁၁ ခုရှိနေရာ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်လျက်ရှိနေပြီး စက်တင်ဘာ ၅ ရက်တွင် ထိုင်းနှင့် မြန်မာအစိုးရတို့ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံ ဗန်ကောက်မြို့ မြန်မာသံရုံးမှ သံမှူးကြီး ဦးမျိုးတင့်က ပြောသည်။

လတ်တလောတွင် ပိတ်ထားလျက်ရှိသည့် စမုပရာကန်၊ စမုစခွန် (မဟာချိုင်)၊ စူရတ်ဌာနီ၊ ချင်းမိုင်၊ လရောင်၊ ပထုံဌာနီ၊ ကန်ချနဘူရီ စသောဒေသများရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၁ ခုကိုလည်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် ပြန်လည်ဖွင့်လှစ်ကာ ရုံးအသစ်များကိုလည်း ထပ်မံ တိုးချဲ့ဖွင့်လှစ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ယင်းအပြင် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့် သက်တမ်း လေးနှစ်ပြည့်ပြီးသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကိုလည်း တရားဝင် ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိရန် ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းကို ယခုလ
နောက်ဆုံးပတ်မှ စတင်လုပ်ဆောင်ပေးမည်ဟု ထိုင်းနိုင်ငံ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၅ ရက် သံရုံး၏ ထုတ်ပြန်ချက်တွင် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် မှတ်ပုံတင် ထားသည့် ကုမ္ပဏီများသည် ထိုင်းအလုပ်သမားဝန်ကြီးဌာနသို့ သြဂုတ်လ ၃၀ ရက် နောက်ဆုံးထား ဆက်သွယ်ရန် လည်း ပါရှိသည်။

"မကြာခင်မှာ လေးနှစ်ပြည့်သွားမယ့် သူတို့က အထောက်အထားမဲ့ ဖြစ်သွားမယ်။ အထောက်အထားမဲ့ ဖြစ်သွားရင် မလိုအပ်တဲ့ ပြဿနာတွေ ဖြစ်လာမယ်။ သူတို့လည်း ဟိုသွားဒီသွား ဖမ်းမိတာတို့ ဖြစ်မှာဆိုး လို့၊ နောက်တစ်ခုက ထိုင်းဘက်က မဖမ်းရအောင်၊ ဒီလိုလုပ်ငန်းတွေ ရှိပါတယ်။ ထိုင်းဘက်ကလည်း သိအောင်၊ မြန်မာဘက်ကလည်း ဒီလိုလုပ်ငန်းတွေရှိတယ်ဆိုတာ ချပြနိုင်အောင်ပါဘဲ"ဟု ယာယီနိုင်ငံ ကူးလက်မှတ်များ ပြုလုပ်နိုင်မှုနှင့် ပတ်သက်၍ သံမှူးကြီးဦးမျိုးတင့်က ပြောသည်။

ထိုင်းရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်သည် လေးနှစ်သက်တမ်း ကုန်ဆုံးသွားသူများအတွက် အဓိက ရည်ရွယ် ထုတ်ပြန်
ခြင်းမရှိသော်လည်း ကောင်းမွန်သည့် လက္ခဏာတစ်ရပ်ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကို အကူအညီ
ပေးနေသူ ဦးအောင်ကျော်က ပြောသည်။

"လေးနှစ်ပြည့်သွားတဲ့ သူတွေအတွက် ရည်ရွယ်တဲ့ လက္ခဏာမပြဘူး။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ လုပ်သားတွေ အတွက် အစပျိုးလာတဲ့ တုံ့ပြန်ချက်တစ်ခုလို့တော့ မြင်တယ်"ဟု ပြောသည်။ ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား သုံးသန်းခန့်ရှိပြီး ထိုင်း-မြန်မာ သဘောတူညီချက်အရ တစ်သန်းခွဲကျော်ကို တရားဝင် ယာယီနိုင်ငံကူးလက်မှတ်များ ထုတ်ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

အနှိပ်ခန်းတွင် ရဲနှစ်ဦး ၀ိုင်းရိုက်ခံရ

အနှိပ်ခန်းသို့ သွားရောက်ခဲ့သော ရဲနှစ်ဦးရိုက်နှက်ခံရသည့် အမှုတစ်ခု သြဂုတ် ၂၃ ရက်ညက မရမ်းကုန်း မြို့နယ်တွင် ဖြစ်ပွားခဲ့ရာ ဘုရင့်နောင်နယ်မြေရဲစခန်းက နောက်တစ်နေ့တွင် အမှုဖွင့်ပြီးဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

ကနဦးတွင် ထိုအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ၎င်းကို စားသောက်ဆိုင်တစ်ခုအနီးတွင် အမည်မသိ လူများက ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှက်ခဲ့သည်ဟု ထွက်ဆိုထားသည်။

ထိုသို့ထိုးကြိတ်သဖြင့် သူ၏ ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ယာလက်ခုံတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ နဖူးစုတ်ပြဲ ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးရှိ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသခံခဲ့ရကြောင်း ရဲဌာနတွင် ပြန်လည်တိုင်တန်းထွက်ဆိုခဲ့သည်။

သို့သော် ဘုရင့်နောင်နယ်မြေရဲစခန်းမှ ရဲအရာရှိများက ထိုသို့တိုင်တန်းထွက်ဆိုမှုကို သေချာစေရန် အသေးစိတ် ထပ်မံ၍ စစ်ဆေးသောအခါ၌မူ တရားလိုဖြစ်သော အချုပ်ယာဉ်မောင်း ဒု-တပ်ကြပ်မျိုးမြင့် သည် သြဂုတ် ၂၃ ရက် ညက သူ့သူငယ်ချင်း ဒု-တပ်ကြပ် အောင်ဖုန်းမြင့်နှင့်အတူ စားသောက်ဆိုင်တစ်ခုတွင် စားသောက်ခဲ့ကြောင်း၊ ထို့နောက် ည ၁၁ နာရီခန့်တွင် ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အနှိပ်ခန်း တစ်ခုသို့ ထပ်မံသွားရောက်စဉ် ၀ိုင်းဝန်း ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း ပြင်ဆင်ထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။

သူတို့နှစ်ဦးသည် အနှိပ်ခန်းသို့ သွားရောက်ပြီး အနှိပ်ခန်းဖွင့်၊ မဖွင့် မေးမြန်းရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လူတစ်ဦးနှင့် စတင်စကားများသည်နှင့် လူငါးဦးခန့်က တုတ်ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက် ထိုးခုတ်ခဲ့သည်ဟု ယင်းအမှု၏ တရားလိုဖြစ်သည့် ဒု-တပ်ကြပ် မျိုးမြင့်က ဆက်လက်ထွက်ဆိုထားသေးသည်။

ထိုသို့ ၀ိုင်းဝန်းရိုက်နှက်ခံရသဖြင့် ဒု- တပ်ကြပ် မျိုးမြင့်သည် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသခဲ့ရသလို၊ သူ့သူငယ်ချင်း ဒု- တပ်ကြပ် အောင်ဖုန်းမြင့်သည်လည်း ၎င်းရရှိထားသည့် ဒဏ်ရာများကို သင်္ဃန်းကျွန်း ဆေးရုံတွင် ဆေးကုသခဲ့ရသည်ဟု ရဲဌာန၏ မှတ်တမ်းတွင် တွေ့ရသည်။

ဒု-တပ်ကြပ် မျိုးမြင့်၏ တိုင်တန်းမှုကို ဘုရင့်နောင် နယ်မြေရဲစခန်းက အမှုအမှတ် (ပ)၃၁၁/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ရိုက်မှုကျူးလွန်သူဟု သံသယရှိသည့် အနှိပ်ခန်း မန်နေဂျာနှင့် စားပွဲထိုးလေးဦးတို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေသည်။

အလားတူပင် ဘုရင့်နောင် ရဲစခန်း၏ စစ်ဆေးပေါ်ပေါက်မှုအရ ဒု-တပ်ကြပ်နှစ်ဦးကိုလည်း ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူဆောင်ရွက်ရမည်ဖြစ်သဖြင့် သက်ဆိုင်ရာ ရဲဌာနများသို့ အသီးသီး တင်ပြဆောင်ရွက်နေပြီဖြစ်ကြောင်း တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

ဇော်ဇော်ထွေး 
Mizzima - News in Burmese

ရေအိုင်ထဲကျနေသော ဓာတ်ကြိုးကိုင်မိရာမှ ကလေးနှစ်ဦးသေ

မော်လမြိုင်၊ သြဂုတ် ၂၄

မွန်ပြည်နယ် မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက် အောင်သပြေ (၄) လမ်းတွင် လမ်းမီးတိုင်မှ လျှပ်စစ်ဓာတ်ကြိုး ရေအိုင်ထဲသို့ ပြုတ်ကျနေသည်ကို ကိုင်မိ၍ သြဂုတ် လ ၂၃ ရက်နေ့တွင် ကလေးနှစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း ဇေယျာသီရိ ရပ်ကွက်မှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဘဌေးက The Voice သို့ ပြောကြားသည်။

အဆိုပါ ကလေးနှစ်ဦးသည် ဇေယျာသီရိ ရပ်ကွက်အတွင်း စွန့်ပစ်ပစ္စည်းများ လိုက်ကောက်ရာမှ လမ်းမီးတိုင်မှ ပြတ်ကျနေသည့် ဝါယာကြိုးကို ကြေးနန်းကြိုးနှင့် မှားပြီးကောက်ယူရာမှ ယင်းသို့ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

"ကလေးတွေက ဒီနှစ်မှ World Vision ကျောင်းထားပေးလို့ ကျောင်း စတက်ရတာ၊ ရေကြီးလို့ စွန့်ပစ်ပစ္စည်း ထွက်ကောက်မယ်ဆိုပြီး အိမ်ကထွက်သွားတာ" ဟု အဆိုပါ သေဆုံးခဲ့သည့် ခုနစ်နှစ်နှင့် ခြောက်နှစ်ခန့်အရွယ် ကလေးနှစ်ဦး၏မိခင် ဒေါ်တင်မိုးက ဆိုသည်။

မွန်ပြည်နယ်အတွင်းရှိ ရပ်ကွက်အချို့တွင် ဆွေးမြည့် ဓာတ်ကြိုးများကို အချိန်မီ ပြန်မလဲခြင်းကြောင့် မိုးရေချိန် မြင့်မားစွာ ရွာသွန်းသည့် အချိန်တွင် ဝါယာကြိုး ပြတ်ကျမှု မကြာခဏ ဖြစ်ပေါ်ပြီး လူသေဆုံးမှုများ ရှိကြောင်း ဒေသခံများက ဆိုသည်။

The Voice Weekly

အမျိုးသမီးတစ်ဦး ရေတွင်းထဲသို့ခုန်ချသေဆုံး

ပဲခူးမြို့၊အမှတ်(၃)စခန်း အပိုင်၊ ဥသာမြို့သစ်(၅) ရပ်ကွက်တွင် အမျိုးသမီး(၁)ဦး ရေတွင်းထဲတွင်ခုန်ချသေဆုံး နေကြောင်း သတင်းအရ စခန်းမှူးရဲအုပ် ဇော်လင်းနှင့် အဖွဲ့သည် အခင်းဖြစ်ပွားရာ နေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ဥသာမြို့သစ်(၅)ရပ်ကွက်၊ စစ်မှုထမ်းဟောင်းအိမ်ရာ၊ အမှတ်(၄၄)နေ ၊ဦး……….၏ဇနီးဖြစ်သူ မရွှေစင်ဌေး၊ အသက်(၂၆)နှစ်၊(ဘ)ဦးစိန်မြင့်၊မှီခို(အတူနေ)မှာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ သေဆုံးနေကြောင်း သိရှိရသည်။

သေဆုံးသူမရွှေစင်ဌေးသည် စစ်မှုထမ်းဟောင်းအိမ်ရာရှိ မိသားစုဝင်များ အသုံးပြုသော အကျယ်
(၃)ပေ၊အနက်(၁၅)ပေခန့်ရှိ ရေပြည့်နေသော ရေတွင်းထဲသို့(၂၆.၈.၂၀၁၃)နေ့ နေ့လည် (၁၂း၀၀)အချိန်ခန့်က ခုန်ချသည်ကို ကို……..မှတွေ့ရှိ၍ အော်ဟစ်အကူ အညီတောင်းခံရာ ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာပြီး မရွှေစင်ဌေးအား ရေတွင်းထဲမှ ဆယ်ယူသော်လည်း ၄င်းမှာသေဆုံးနေပြီ ဖြစ်ကြောင်းသိရှိရသည်။ ထိုအမှုအား အမှတ်(၃)စခန်းမှ သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၃)
အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

Ko Thant Zin
by Myanmar News Now