Wednesday, April 25, 2012

နှစ်သိန်းဖုန်းအား ရန်ကုန်တွင် ၀ယ်ယူသူ ပိုများ

နှစ်သိန်းဖုန်းအား ရန်ကုန်တွင် ၀ယ်ယူသူ ပိုများ



အသစ်ချထားပေးသော နှစ်သိန်းဖုန်းများအား  နယ်မြို့များထက် ရန်ကုန်မြို့တွင် ပိုမိုဝယ်ယူအာပေးသူများပြား လျက်ရှိပြီးကြောင်း သိရှိရသည်။


ဖုန်းစတင်ချပေးသည့်နေ့မှစ၍ လက်ရှိအချိန်ထိ တန်းစီစောင့်ဆိုင်းကာ သတ်မှတ်ဈေးနှုန်းထက် ပိုပေး၍၀ယ်ယူနေကြောင်း တွေ့ရှိ
ရသည်။ ရန်ကုန်မြို့တွင် သတ်မှတ်ဈေးနှုန်းထက် ငွေကျပ်သောင်းဂဏန်း ပိုပေးကာ ၀ယ်ယူနေကြခြင်း ဖြစ်သည်။

နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများ ရောင်းချဆောင်ရွက်ခွင့်ရှိသည့် ကုမ္ပဏီနှင့် ဖုန်းအရောင်းဆိုင်များတွင် သတ်မှတ် တန်ဖိုးထက် ငွေကျပ်လေးသောင်းအထိ ပိုပေးကာ ၀ယ်ယူနေကြကြောင်း သိရှိရသည်။

“နှစ်သိန်းဖုန်း တွေ လာတော့မယ်၊ လာတော့မယ်နဲ့ စောင့်နေတာ။ ငါးသိန်းတန်ဖုန်းတွေကို မ၀ယ်ဘဲနဲ့လေ ဈေးသက်သာသာနဲ့ရလေ ပိုအဆင်ပြေလေပါပဲ။ ဟမ်းဆက်နဲ့ရလေ ပိုအဆင်ပြေလေပါပဲ။ ဒါကြောင့် နှစ်သိန်းဖုန်းစပေးတာနဲ့ သွားဝယ်တာ။ ကြိတ်ကြိတ်တိုးပဲ။” ဟု စီးပွားရေးလုပ်ငန်ရှင်တစ်ဦးကပြောသည်။

၎င်းဖုန်းများအား ရန်ကုန်မြို့တစ်ခုတည်းတွင်သာ ဈေးနှုန်းပိုမိုပေးဝယ်ယူနေကြရသော်လည်း နယ်မြို့များတွင်မူ ကျပ်နှစ်သိန်းဖြင့် ၀ယ်ယူနိုင်ကြောင်း သိရသည်။ ငွေကျပ်နှစ်သိန်းထက် ထပ်မံလျော့ကျမည့်ဈေးနှုန်းဖြင့် အသုံးပြုနိုင်ရေးကိုလည်း ပြည်သူများက   မျှော်လင့်လျက်ရှိနေကြသည်။

ယမန်နေ့ စတင်နေသည့် တတိယပုံမှန် လွှတ်တော် အစည်းအဝေးတွင်လည်း ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒအမှတ် (၄)မှ ဒေါက်တာမြတ်ဉာဏစိုးမှ ကျပ် ၅ထောင်တန် မိုဘိုင်းဖုန်း SIM ကဒ်များနှင့် ပတ်သက်ပြီး နိုင်ငံတော်အစိုးရမှ  စီစဉ်ဆောင်ရွက်ပေးနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ အဆိုပြုခဲ့သည်။

မကြာမီကာလတွင် ကျပ် (၅)ထောင်တန်ဖုန်းများ အသုံးပြုလာနိုင်ရန် ဆက်လက်စောင့်ဆိုင်းနေကြောင်း ပြည်သူများထံက သိရှိရသည်။

တယ်လီဖုန်းလိုင်းများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက တယ်လီဖုန်းလိုင်းအင်အား သန်း(၃၀) စီမံချထားပေးပြီး ပထမနှစ် စီမံကိန်းအရ နှစ်သိန်းတန်ဖုန်းများ ချထားပေးခြင်းဖြစ်သည်။



 ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup on 25 Apr, 2012

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။