Wednesday, April 25, 2012

နံပါတ်မြင့်အပေါ်ကား ဈေးကျ၊ အောက်ကားများ ဈေးမြင့်နေ

နံပါတ်မြင့်အပေါ်ကား ဈေးကျ၊ အောက်ကားများ ဈေးမြင့်နေ




ရန်ကုန်ကားအရောင်းအ၀ယ်ဈေးကွက်တွင်နံပါတ်မြင့်အပေါ်ကားများ ဈေးကျသော်လည်း အောက်ကားများ ဈေးမြင့်တက်လျှက်ကြောင်း ဟံသာဝတီကားပွဲစားတန်းက သိရှိရသည်။
“သင်္ကြန်ပြီးရင် ကားအစီး (၃၀၀၀) ၀င်မယ်လို့ပြောတယ်လေ အခုထိတော့ မ၀င်သေးဘူး။   နောက်ကားတွေက   ရောက်လာပေမယ့်  ရှေ့ကားတွေက ကျန်သေးတယ်။ အဲတော့ ဈေးတွေကျတယ်။”ဟု ဟံသာဝတီကားဝင်းအတွင်း ရှိ ကားပွဲစားတစ်ဦးဖြစ်သူ ကိုကျော်မင်းက ပြောသည်။
 
သင်္ကြန်မတိုင်မီက သိန်း ၃၄၀(သိန်းသုံးရာ့လေးဆယ်) တန်ကားများ ယခု သိန်းသုံးရာခန့်နှင့် CARINA (စက်ရုပ် ကားများ)သိန်းသုံးရာစွန်းစွန်းလောက်သာ အရောင်းအ၀ယ်ဖြစ်နေကြောင်း ကားပွဲစားတန်းကသိရှိရသည်။
 
မြန်မာနိုင်ငံသို့ အပေါ်စီးနံကားသစ်များ ဧပြီလ ၂၇ ရက်နှင့် ၂၈ရက်နေ့များတွင် ကားအစီးရေ တစ်ထောင်ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

အပေါ်နံပါတ်မြင့်ကားများ ဈေးကျသော်လည်း အောက်ကားများဈေးမြင့်တက်လျှက်ရှိကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ကားပွဲစားဖြစ်သူ ကိုဖြိုးဝေကပြောသည်။
“အရောင်းစင်တာတွေကလည်း ဖွင့်တယ်။ ပြီးတော့ ကားသစ်တွေလဲထပ်ရောက်မယ်ဆိုတော့ ဒီမှာကျန်နေတဲ့ အပေါ်ကားတွေဈေးကျတာပေါ့။”ဟု ၄င်းကပြောသည်။ 


ရှုမ၀အောင်(မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။