Wednesday, April 25, 2012

တ.စ.ည ပါတီက အခမဲ့ ဖွင့်လှစ်မည့် အသုံးချနိုင်ငံရေးသိပ္ပံသင်တန်း

တ.စ.ည ပါတီက အခမဲ့ ဖွင့်လှစ်မည့် အသုံးချနိုင်ငံရေးသိပ္ပံသင်တန်း



တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ၏ တိုင်းရုံးတွင် ‘အသုံးချနိုင်ငံရေး သိပ္ပံ’ သင်တန်းအား ၂၀၁၂ခုနှစ် မေလဆန်းပိုင်းမှ စတင်တာ အခမဲ့ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
“သင်တန်းသားတွေကို ၁၀ တန်းအောင် သင်တန်းစိတ်ဝင်စားသူတွေ တက်ရောက်နိုင်ပါတယ်။ သင်တန်းဆရာ အနေနဲ့ ကျွန်တော်လည်း  သင်ကြားပေးမှာပါ။ ဒေါက်တာ မျိုးမြင့်၊ ဒေါက်တာလှမောင်တို့အားတဲ့အချိန်နဲ့ညှိနိုင်း ပြီး သင်ကြားမယ့်ရက် သတ်မှတ်ပြီး သင်ကြားမှာဖြစ်တယ်” ဟု တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီမှ ဦးဝင်းမြင့် ကပြောသည်။
အဆိုပါသင်တန်းအား Unity Education Committee မှ ဦးစီး၍ ဦးဝိစာရလမ်းနှင့် ယောမင်းကြီးလမ်းထောင့်ရှိ (ဆောက်လုပ်ရေး မှတ်တိုင်အနီး) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တိုင်းရုံးတွင် အခမဲ့သင်ကြား ပေးသွား မည်ဖြစ်ကြောင်းသိရသည်။
“ဘယ်လိုသင်တန်းပဲဖြစ်ဖြစ်ပေါ့ ပါတီတွေက အခမဲ့သင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးလာတာ ကျွန်တော် အမြင်တော့ကောင်းပါတယ် ။  နောက်ပြီး အခုခေတ်လူငယ်တွေစိတ်ဝင်စားတဲ့ နိုင်ငံတိုးတက်ဖို့အတွက် တစ်ထောင့် တစ်နေရာကအကျိုးပြုနိုင်တဲ့ သင်တန်းမျိုးတွေကို ဖွင့်လှစ်ပေးလာနိုင်တယ်ဆိုရင် ပိုကောင်းမယ်”ဟု ဒဂုံမြို့သစ် မြောက်ပိုင်းက အခမဲ့သင်တန်းများအား စိတ်ပါဝင်စားသူ ကိုလှမင်း ကပြောသည်။
အဆိုပါသတင်တန်း အပတ်စဉ်တစ်ခုလျှင် သင်တန်းသားဦးရေ (၄၀) ဦးသတ်မှတ်ထားပြီး တက်ရောက်လိုသည့် သင်တန်းသားများအနေဖြင့် လိုင်စင်ဓာတ်ပုံ (ပတ်(စ်)ပို့ပုံ) နှစ်ပုံနှင့် ကိုယ်ရေးမှတ်တမ်း အကျဉ်းဖြင့် လျှောက် ထားနိုင်ပြီး လျှောက်လွှာတွင် သင်တန်းတက်ရောက်လိုသည့် ရည်ရွယ်ချက်အပြည့်စုံကို ရေးသားဖော်ပြရမည် ဖြစ်သည်။
သင်တန်းကာလအား နှစ်လ (မေ၊ဇွန်)ဟု သတ်မှတ်ထားပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁၂နာရီမှ ညနေ ၅နာရီတွင်း သင်ကြားပေးမည်ဖြစ်ပြီး  သင်တန်းဆင်းလက်မှတ်များအား ပေးအပ်သွားမည်ဖြစ်သည်။
သြဂုတ်လပိုင်းတွင်လည်း စီမံ့ခွဲမှုသင်တန်းများ၊ လူမူဝန်ထမ်းလုပ်ငန်းသင်တန်းများ၊ ကိုယ်ကျင့်တရားသင်တန်း များ၊ မီဒီယာ နှင့် လူထုဆက်နွယ်မှု သင်တန်းများစသော သင်တန်းများကို တ.စ.ညပါတီက ဆက်လက်ဖွင့်လှစ် သင်ကြားပေးရန် စီစဉ်ထားကြောင်း သိရှိရသည်။


 အောင်ကိုကိုလတ် (မြစ်မခ)
by Myit Makha Mediagroup 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။