Tuesday, July 24, 2012

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအထိမ်းအမှတ်နှင့် စာကြည့်တိုက်များ အမြဲရှင်သန်စေဖို့ မေသင်္ကြန်ဟိန်(မြစ်မခ)

 





ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ ဇာတိမြေမှာ စာကြည့်တိုက်ဖွင့်မယ်လို့ ကြားကြားခြင်း ကျမအနေနဲ့ ၀မ်းသာမိခဲ့ပါတယ်။ ပြီးတော့ စိတ်မကောင်းလည်း ဖြစ်သွားခဲ့မိတယ်။
 
 သခင်ကိုယ်တော်မှိုင်းလို နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနဲ့ ငြိမ်းချမ်းရေးရှေ့ဆောင်ကြီး၊စာပေပညာရှင်ကြီးရဲ့ ဇာတိမြေမှာ အထင်ကရ စာကြည့်တိုက် တောင် မရှိပါလားဆိုပြီး တကယ်ကိုစိတ်မကောင်းဖြစ်ခဲ့ရတယ်။
 

မလေးရှား MAO မှ ရခိုင်ဒုက္ခသည်များ အတွက် ကျပ်သိန်း ၁၃၀ လှူဒါန်း


ခိုင်မောင်ဦး (မလေး)
မလေးရှားနိုင်ငံမှ  ရခိုင်အဖွဲ့  အစည်း တစ်ခု ဖြစ်သည့် (Malaysia Arakan Organization – MAO) မှ ရခိုင် ဒုက္ခသည်များ အတွက် မြန်မာကျပ်ငွေ သိန်း ၁၃၀ လှူဒါန်းလိုက်သည်။

ရခိုင်ပြည်နယ် အစိုးရမှ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ အစီရင်ခံစာကို ပယ်ချ


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့  Amnesty International (AI) က ဇူလိုင်လ ၂၀ နေ့စွဲ ဖြင့် ထုတ်ပြန်သော အစီရင်ခံစာကို  ရခိုင်ပြည်နယ် အစိုးရက ပယ်ချ လိုက်ကြောင်း ဘီဘီစီ မြန်မာပိုင်းမှ ၎င်းနေ့ ညနေပိုင်း အစီအစဉ်တွင် ထုတ်လွှင့်သွားခဲ့သည်။

မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည်တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထားကွာခြားချက်ရှိနေ



DSC02027


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လွန်ခဲ့သည့် ဇွန်လက ဘင်္ဂလီမူဆလင်များအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသားများ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရာ မီးဘေးသင့်ပြည်သူများအတွက် နေအိမ်များပြန်လည် တည်ဆောက်ရာတွင် နေအိမ်ပုံစံအညွန်းနှင့် လက်တွေ့ဆောက်လုပ်ပုံအနေထား ကွာခြားချက်ရှိနေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ရှိဘင်္ဂလီမူဆလင်များသို့ ကုန်စည်စီးဆင်းမှု ၂ လ ရပ်တန့်ရန်သဘောတူညီချက်ရ

Trade




ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီမူဆလင်များသို့ကုန်စည်စီးဆင်းမှုနှင့်ပတ်သက်၍ စစ်တွေမြို့ရှိ သံဃာတော်များ၊ ကုန်သည်ကြီးများနှင့် မြို့မိ၊ မြို့ဖများ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ရာ ရေတိုကာလအတွက် ၂ လရပ်ဆိုင်းရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသတင်းရရှိသည်။

ရန်ကုန်ရောက် ရခိုင် ကျောင်းသားတွေက ထုတ်ပြန်တဲ့ ကြေငြာချက်



ရန်ကုန်ရောက် ရခိုင် ကျောင်းသားများ စုပေါင်းဆွေးနွေး ညှိုနှိုင်းပွဲ
ရန်ကုန်မြို့စမ်းချောင်းမြို့နယ် အမှတ် ၈၆ မင်းလမ်း မှာရှိတဲ့ ရခိုင် အမျိုးသား ကွန်ယက်မှာ ကိုရဲမင်းဦးနဲ့ ရခိုင် ကျောင်းသား လူငယ်တွေ ရခိုင်စာပေနှင့် ယဉ်ကျေးမှု

တဆင့်ခံဝယ်ယူမှုများကြောင့် အဆမတန်ဈေးထိုးတက်လာသော ပြင်ဦးလွင်အိမ်ခြံမြေဈေး

ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေဈေးကွက်များမှာတဆင့်ခံဝယ်ယူမှုများကြောင့် ယခုလအပါအ၀င် သုံးလနီးပါးခန့်အရောင်းအ၀ယ်ပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

မြန်မာ့ရေပိုင်နက်တွင် ဖမ်းမိသော ဘင်္ဂလီများအား လဝကပုဒ်မဖြင့် အရေးယူမည်

ရခိုင်ပြည်နယ် မေယုမြစ်အနောက်တောင်ဘက် မြန်မာ့ရေပိုင်နက်သို့ဖြတ်သန်းလာသည့် စက်လှေတစ်စီးအား ယခုလ ၂၀ရက်နေ့က ရေတပ်မှဖမ်းဆီးရမိခဲ့ရာ စက်လှေတွင်ပါဝင်သူများကို လဝက ပုဒ်မဖြင့် အရေးယူမည်ဟု သိရှိရသည်။
 

စစ်ကိုင်းဆင်များရှင်ကျောက်မျက်ဈေးက ဈေးသူဈေးသားများ ဆန္ဒထုတ်ဖော်

စစ်ကိုင်းမြို့ (၅)ထပ်ကြီးဘုရားအနီး ဘော်ဂါရပ်ကွက်များရှိ ဆင်များရှင်ကျောက်မျက်ဈေးမှ ဈေးသူဈေးသား (၁၀၀)၀န်းကျင်က အချက်(၃)ချက်အား 23နေ့နံနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
 

ရာသီဥတုကြောင့် မြမင်းအောင်ရှပ်ပြေးဆယ်ယူရေးလုပ်ငန်းတွင် အခက်အခဲများရှိနေ

လူဦးရေ (၁၂၅) ဦးပါဝင်တိမ်းမှောက်သွားခဲ့သည့်  မြမင်းအောင်ရှပ်ပြေးယာဉ်အားရာသီဥတုအခြေအနေဆိုးဝါးနေခြင်းကြောင့် ယာဉ်နှင့်သေဆုံးသူများအား ပြန်လည်ဆယ်ယူရာတွင်အခက်အခဲများရှိနေကြောင်း သိရှိရသည်။

မိုင်ဂျာယန်စခန်းမှာ လိုအပ်ချက်အများဆုံးဟု နှောင်ကြိုးမဲ့များဆို

ကချင်ပြည်နယ်တွင် ကြုံတွေ့နေသော စစ်ဘေးဒုက္ခသည်များ နေထိုင်သည့် ဒုက္ခသည်စခန်းများ အနက် မိုင်ဂျာယန်စခန်းသည် လိုအပ်ချက်အများဆုံးဖြစ်ကြောင်း နှောင်ကြိုးမဲ့ကွန်ယက်အဖွဲ့က ဆိုသည်။
 

သမ္မတနှင့် နိုင်ငံရေးပါတီများ ဒုတိယအကြိမ်တွေ့ဆုံမှုတွင်လည်း ဒီချုပ်ပါဝင်ဖွယ်မရှိ

နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ သီးသန့်တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် သီးသန့်တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း အဆိုပါပါတီ နာ.ယ.က ဦးတင်ဦးက ဆိုသည်။
 

ရန်ကုန်မြို့ရှိ (၆)လမ်းသွားလမ်းမကြီး (၅)လမ်းအား ထပ်ပိုးကတ္တရာခင်းမည်

ရန်ကုန်မြို့တွင်းရှိ (၆)လမ်းသွား လမ်းမကြီး (၅)လမ်းအား ယခုနှစ် စက်တင်ဘာလအတွင်း ထပ်ပိုးကတ္တရာခင်းသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက  သိရှိရသည်။

ဆီးဂိမ်းတွင် မြန်မာ ရွှေတံဆိပ် ၁၀၀ ကျော် ရရန် အားကစားဝန်ကြီး မျှော်မှန်း

နေပြည်တော်(မဇ္ဈိမ) ။       ။၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (SEA Games)ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် မြန်မာနိုင်ငံသည် ဘောလုံး အားကစားပြိုင်ပွဲ အပါအဝင် ရွှေဆုတံဆိပ်ပေါင်း ၁၀၀ ကျော် ရရှိနိုင်ရန်
မျှော်မှန်းထားသည်ဟု အားကစားဝန်ကြီး ဦးတင့်ဆန်းက တနင်္လာနေ့က နေပြည်တော် Mount Pleasant ဟိုတယ်တွင်
ပြုလုပ်သည့် ‘၂၇ ကြိမ်မြောက် ဆီးဂိမ်းအောင်နိုင်ရေး စည်းဝေးပွဲ’ အပြီး မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

ဦးဘရန်ရှောင် အမှု တရားလိုပြသက်သေ စစ်ဆေး

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖောက်ခွဲရေးဆိုင်ရာပုဒ်မ ၃ ဖြင့် ကချင်ဒုက္ခသည် စခန်းအတွင်းမှ ဦးလထော် ဘရန်ရှောင်အား ဖမ်းဆီးခဲ့သူ ခရိုင် ဒုစရိုက် နှိမ်နင်းရေးအဖွဲ့ ဒု-ရဲအုပ် ကျော်မျိုးနိုင်အား တနင်္လာနေ့ တတိယ အကြိမ်မြောက် ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် စစ်ဆေး မေးမြန်းခဲ့သည်ဟု သိရသည်။

ကိုယ်ပိုင်ကျောင်းများ စစ်ဆေးမှု ဇူလိုင်တွင် ပြီးစီးမည်

ဇူလိုင် (မဇ္ဈိမ)။   ။ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ဆရာလျှောက်ထားမှုများအား ဇူလိုင်လကုန်ပိုင်း
အတွင်း အပြီးစစ်ဆေးကာ ဖွင့်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန ၀န်ကြီး
ဒေါက်တာမြင့်သိန်း က ပြောသည်။

ဂွဈေး ဆိုင်ခန်းများ ပိုင်ရှင်လက်သို့ သြဂုတ်လ ရောက်မည်

ရန်ကုန် (မဇ္ဈိမ) ။      ။ မေလ ၁၈ ရက်က မီးသင့်ခဲ့၍ အသစ် ပြန်လည် ဆောက်လုပ်နေသည့် စမ်းချောင်းမြို့နယ် ဗဟိုလမ်းနှင့် မကြီးကြီးလမ်းထောင့်ရှိ ရှမ်းလမ်းဈေး (ဂွဈေး)မှ ဈေးဆိုင်ခန်းများအား သြဂုတ်လအတွင်း ဆိုင်ခန်းပိုင်ရှင် များသို့ ပြန်လည်အပ်နှံရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (ဈေးများဌာန)မှ တာဝန်ရှိသူတဦးက ပြောသည်။

သန်လျင်ရဲစခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေး

ရန်ကုန် (မဇ္ဈိမ) ။       ။ ရန်ကုန်တိုင်း၊ သန်လျင်ရဲစခန်းတွင် မသင်္ကာမှုဖြင့် ချုပ်နှောင်ထားသည့် အချုပ်သား နှစ်ဦး အချုပ်ခန်း အမိုးဖောက်ကာ ထွက်ပြေးမှု ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ မှုခင်းစာရင်း ပြုစုရေးဌာနမှ ရဲအုပ် ဒေါ်သီသီမြင့်က ပြောသည်။

ရနောင်းစက်ရုံ ဂက်စ်ပိုက်ပေါက် မြန်မာအလုပ်သမား ၂၇ ဦး ဒဏ်ရာရ

စံခလပူရီ (မဇ္ဈိမ) ။         ။ မြန်မာနိုင်ငံ တောင်ဘက်အစွန်း ကော့သောင်းမြို့ တဖက်ကမ်း ထိုင်းနိုင်ငံ၊ ရနောင်းမြို့ရှိ ပင်လယ်စာ ထုတ်လုပ်သည့် Andaman Seafood စက်ရုံမှ အအေးခန်း ဂက်စ်ပိုက် တနင်္ဂနွေနေ့က ပေါက်ကွဲမှုကြောင့်
မြန်မာနိုင်ငံသူ ၂၇ ဦး ဒဏ်ရာ ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသမှု ခံယူခဲ့ရကြောင်း စက်ရုံ အလုပ်သမားများက ပြော သည်။

ခွာနာလျှာနာ မကင်း၍ တရုတ်သို့ အမဲသား တင်ပို့မှု ရပ်ဆိုင်းထား

ရန်ကုန် (မဇ္ဈိမ) ။       ။  မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့ပေးနေသည့် အမဲသားတွင် ခွာနာလျှာနာ မကင်းကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အမဲသား တင်ပို့ပေးနေမှုကို ဇူလိုင် လလယ်ပိုင်းမှ စတင်ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ
မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။

MOU စာချုပ်ဖြင့် လာခဲ့သည့် မြန်မာအလုပ်သမားများ ပွဲစားအလိမ်ခံရ

စံခလပူရီ (မဇ္ဈိမ) ။       ။ မြန်မာ အလုပ်သမား ၅၀ ဦးတို့အား ထိုင်းနိုင်ငံ၌ တကယ် မရှိသည့် ဆောက်လုပ်ရေး ကုမ္ပဏီတခုတွင် အလုပ်သွင်းပေးမည်ဟု ပွဲစားမှ ပြောဆိုပြီး ခေါ်ဆောင်ခဲ့ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် Grass Roots Human Rights Education & Development (GRHRED) အဖွဲ့မှ ဒါရိုက်တာ ဦးထူးချစ် က မဇ္ဈိမကို ပြောသည်။

အစားထိုး ခရီးသည်တင် ယာဉ်သစ်များ ပြေးဆွဲရန် မရေရာသေး

ရန်ကုန် (မဇ္ဈိမ) ။         ။ သစ်တင်သွင်းလာသော ခရီးသည်တင် ယာဉ်များအား အထူးယာဉ်လိုင်းအဖြစ် ရန်ကုန်မြို့ တွင်း ပြေးဆွဲခွင့် ပြုရန် မသေချာသေးကြောင်း မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီ (မထသ)က ဆိုသည်။

မုံရွာ ကြေးနီစီမံကိန်း ဒေသတွင်း ညမထွက်ရအမိန့် ရုပ်သိမ်းရေး ဆန္ဒပြမည်

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်းဒေသတွင် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်၍ ညမထွက်ရ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် နယ်မြေတွင် ယမန်နေ့ညက သေနတ် ပစ်ဖောက်မှု ဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။
“မနေ့ညက ၈ နာရီ ၃၀ မှာ သေနတ် ၃ ချက် ပစ်တယ်ဗျာ။ ကျနော်တို့ ရွာနဲ့ ဂိုက် ၅၀ ပဲ ဝေးတယ်။ ၉ နာရီ မတ်တင်း ( ည ၈း ၄၅ နာရီ) မှာ နောက်ထပ် ၂ ချက်ပစ်တယ်ဗျာ” ဟု ဒေသခံ ကျော်ရွာသား တဦးဖြစ်သည့် ဦးပြုံးချိုက ဧရာဝတီသို့ ပြောသည်။

မုံရွာကြေးနီ စီမံကိန်းကို တွေ့မြင်ရစဉ် (ဓာတ်ပုံ – Canadian Friends of Burma)

ဗန်းမော် ရှပ်ပြေး နစ်မြုပ်မှု ၈ လောင်း ဆယ်ယူရရှိ

ဗန်းမော်-ကသာ ပြေးဆွဲနေသော ခရီးသည်တင် ရေယာဉ်တစီး(ဓာတ်ပုံ – hlaoo1980.blogspot.com)
ကချင်ပြည်နယ် ဗန်းမော်-ကသာ ပြေးဆွဲသော မြမင်းအောင် အမည်ရှိ ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုကြောင့် ပျောက်ဆုံးခဲ့သူများထဲမှ ရုပ်အလောင်း ၈ လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဗန်းမော်မြို့နယ် ရဲစခန်း က ပြောသည်။

လယ်သမားအကျိုးဆောင်ကို တရားစွဲဖို့ ဇေကမ္ဘာ ပြင်ဆင်


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်အတွင်းရှိ မြနန္ဒာပန်းခြံ၌ မြေအသိမ်းခံရသည့် လယ်သမားများ ဇူလိုင်လ ၁၅ ရက်နေ့က လာရောက် ဆန္ဒပြနေစဉ်
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာမှ လယ်သိမ်းခံ လယ်သမားများအရေး ကူညီပေးနေသူ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေကို ဇေကမ္ဘာကုမ္ပဏီက အသရေဖျက်မှုဖြင့် တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

မြန်မာ့ဆန် တင်ပို့မှု တရုတ် ရပ်ဆိုင်း

ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့် မြန်မာ့ဆန်အကြောင်း ရှင်းလင်းစဉ် (ဓာတ်ပုံ – ဂျူးအယ်/ ဧရာဝတီ)
ဆန်အရည်အသွေး မပြည့်မီသောကြောင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက မြန်မာ့ဆန် တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။

ကလေး အလုပ်သမားများ ဆန္ဒပြမှု အောင်မြင်

မန္တလေး Ve Ve အချိုရည် စက်ရုံမှ ဆန္ဒပြ ကလေးအလုပ်သမားများ (ဓာတ်ပုံ – မန်းသားလေး/ ဧရာဝတီ)
မန္တလေးစက်မှုဇုန်ရှိVe Ve အချိုရည် စက်ရုံတွင်အလုပ်လုပ်နေသောကလေးအလုပ်သမားများ အပါအဝင် အလုပ်သမား ၁၀၀ ကျော်သည် လုပ်ခ လစာနှင့် အခွင့်အရေးများ အပြည့်အ၀ မရရှိသည့်အတွက်ယမန်နေ့က ထိုင် သပိတ်မှောက်ပြီး ဆန္ဒပြ တောင်းဆိုမှုများပြုလုပ်ခဲ့ရာ အောင်မြင်ခဲ့ကြောင်းသိရသည်။

လွှတ်တော်ပြင်ပ၌ ဒုတိယ ပင်လုံညီလာခံ ကျင်းပရေး စီစဉ်နေ


အစိုးရသစ် လက်ထက် ကျင်းပနေတဲ့ လွှတ်တော် မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ပင်လုံစိတ်ဓာတ် အခြေခံပြီး တိုင်းရင်းသားလူမျိုးပေါင်းစုံ ကိုယ်စားပြုထားသည့် ပင်လုံကဲ့သို့သော ညီလာခံကြီးတခုကို လွှတ်တော် ပြင်ပ၌ အမြန်ဆုံး ကျင်းပနိုင်ရန် ဆောင်ရွက်နေကြောင်း တိုင်းရင်းသားခေါင်းဆောင်များ က ပြောသည်။

မြန်မာပြည်တွင် ဒိုင်ဝါ ဒေါ်လာသန်း ၃၈၀ မြှုပ်နှံမည်


ယနေ့ မြန်မာစတော့ဈေးကွက် မြင်ကွင်း (ဓာတ်ပုံ- Reuters)
ဂျပန်နိုင်ငံတွင် ဒုတိယအကြီးဆုံး ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှု ကော်ပိုရေးရှင်းဖြစ်သည့် Daiwa Securities Group (DSG) က တခြား ဂျပန်နည်းပညာကုမ္ပဏီများနှင့် တွဲဖက်၍ မြန်မာအစိုးရအတွက် သတင်း အချက်အလက်ဆိုင်ရာ နည်းပညာ ကျောရိုးစနစ်တခု တည်ဆောက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၈၀ ရင်းနှီးမြှပ်နှံသွားမည်ဟု ရိုက်တာသတင်းတရပ်၌ ဖော်ပြထားသည်။

မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျ၊ ကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာရမှု ဖြစ်ပွား

နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်းပြိုကျမှု ဖြစ်ပွားခဲ့သာ မုံရွာမြို့  အ.ထ.က (၂) ရှေ့ မြင်ကွင်း
ယနေ့ ဇူလိုင်၂၃ ရက်နေ့ တွင်မုံရွာမြို့  အ.ထ.က (၂) နှစ်ထပ်ကျောင်းဆောင် ဝရန်တာ ကြမ်းခင်း ပြိုကျကာကျောင်းသူ ၃ဝ ခန့်  ဒဏ်ရာ ရမှုဖြစ်ပွားခဲ့ ကြောင်း သတင်း ရရှိသည်။
"နံပါတ်ခြောက်အချိန် မှာ ဖြစ်သွားတာပါ။ နေ့  ၂ နာရီခွဲကျော်ကျော်မှာပေါ့ ။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈နှစ်မြောက် အထိမ်းအမှတ် နှစ်လည် အခမ်းအနားကျင်းပ

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၈နှစ်မြောက်နှစ်လည် အခမ်းအနားကို ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင် နှင်းဆီခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ယင်းအခမ်းအနားကို ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့မှ ဦးဆောင် ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တာဝန်ရှိ သူများ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးပါ တီအသီးသီးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးသမားဟောင်းကြီးများ၊ ဆရာကြီး၏ တပည့်များနှင့် မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။

 ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် နိုင်ငံတော်အလံများ လွှင့်ထူ

ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် စစ်တွေမြို့ရှိ နေအိမ်များတွင် နိုင်ငံတော်အလံလွှင့်ထူထားသည်ကို တွေ့ရစဉ်
ရိုဟင်ဂျာများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ ပြောဆိုချက်ကို ထောက်ခံသည့်အနေဖြင့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့ရှိ နေအိမ်များ၊ ဈေးဆိုင်များ၊ ဆိုင်ကယ်များ၊ ဆိုက္ကားများနှင့် ကားများတွင် နိုင်ငံတော်အလံကို ဇူလိုင်လ ၂၂ ရက်နေ့မှ ကိုးရက်တိုင်တိုင် လွှင့်ထူမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ရင်လတ်တို့ တွေ့ဆုံမှု၌ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့

231871-01-02


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့အား အစိုးရအိမ်တော်တွင် ဇူလိုင်လ ၂၃ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ် ရှင်နာဝပ်တို့သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ အစိုးရ အိမ်တော်၌ တွေ့ဆုံခဲ့ကြပြီး အဆိုပါ တွေ့ဆုံမှုတွင် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ပူးတွဲဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် Weekly Eleven News ဂျာနယ်၏ အယ်ဒီတာချုပ် ကိုဝေဖြိုးက သတင်းပေးပို့ခဲ့ပါသည်။

 တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ဇူလိုင်လ၂၄ရက်နေ့မှစ၍ တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတန်းများ ထုတ်ယူနိုင်မည်

၂၀၁၂ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများကို ဇူလိုင်လ ၂၄ရက်နေ့မှစ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး မြန်မာနဲ့ ထိုင်းခေါင်းဆောင်တွေ ကတိပြု

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ထိုင်းနိုင်ငံနဲ့ တည်ဆောက်နေတဲ့ မြန်မာနိုင်ငံက ထားဝယ် ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်ရေးအတွက် ဆက်လက်အကောင်အထည်ဖော်ဖို့နဲ့ နယ်စပ်ဂိတ်အသစ်တွေ ဖွင့်လှစ်ဖို့ နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဒီကနေ့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇုလိုင်လ ၂၃ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်၌ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Ms. Yingluck Shinawatra တို့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

မြန်မာနိုင်ငံသားတွေ ဝင်ငွေပိုရမယ့် အလားအလာရှိကြောင်း စက်မှုဝန်ကြီးပြောကြား

လာမယ့် ၃ နှစ်အတွင်း မြန်မာနိုင်ငံသား တစ်ဦးချင်းရဲ့ ဝင်ငွေဟာ ကမ္ဘောဒီးယား၊ လာအိုစတဲ့ နိုင်ငံတွေထက် ပိုမိုမြင့်မားလာမယ်လို့ မျှော်မှန်းကြောင်း စက်မှုဝန်ကြီး ဦးစိုးသိမ်းက ပြောဆိုလိုက်ပါတယ်။

သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံ

ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ စတုတ္ထပတ် လွှတ်တော် အစည်းအဝေးကို တက်ရောက်နေတဲ့ ကော့မှူးမြို့နယ် လွှတ်တော် ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နောက်တကြိမ် ထပ်မံတွေ့ဆုံခဲ့ပါတယ်။