Monday, April 15, 2013

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ...်ဝန်း ကျင်ရှိ အခြားဆဲလ်များကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ်ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များက ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည်ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင်များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုးသမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက်တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ်ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့်တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက်ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်သော နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

 

ထိုင်း-မြန်မာ ချစ်ကြည်ရေး မဟာသင်္ကြန်ပွဲတော်အား နယ်စပ် မဲဆောက်မြို့တွင် ကျင်းပ

ထိုင်း-မြန်မာ ချစ်ကြည်ရေး မဟာသင်္ကြန်ပွဲတော်ကို မဲဆောက် မြောက်ပိုင်း မြို့သစ် ယော့ခေါက်လမ်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တာ့ခရိုင် ဒုခရိုင် အုပ်ချုပ်ရေးမှူး ၊မဲဆောက်မြို့တော် မြူနီစပယ်ဥက္ကဌနှင့်  မြ၀တီမြို့သာယာလှပရေး ဥက္ကဌနှင့်အဖွဲ့ တို့ က တက်ရောက် ဖွင့်လှစ်ခဲ့ကြသည်။

"တာ့ခရိုင် အုပ်ချုပ်ရေးမှူးနှင့် မဲဆောက် မြို့တော် မြူနီစပယ် ဥက္ကဌတို့ ရဲ့ ရင်းနှီးပျူငှာ ဖိတ်ကြားချက်ကြောင့် လာရောက်ခဲ့ရသော်လည်း နှစ်နိုင်ငံချစ်ကြည်ရေး၊နယ်စပ်မြို့ နှစ်မြို့၏ ချစ်ကြည် ရင်းနှီးမှုကို ပိုမိုဖြစ်စေပြီး အခမ်းအနားတွင် စကားပြောခွင့်ရသည့်အတွက်လည်း ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မြ၀တီမြို့ သာယာလှပရေးဥက္ကဌ ဦးသန်းရွှေက ပြောကြားခဲ့သည်။

လမ်းထိပ်နှစ်ဘက်ရှိ  ဖျော်ဖြေရေးမဏ္ဍပ်နှစ်ခုတွင် မြ၀တီမြို့ မှ လူငယ်မောင်မယ်များက မြန်မာ့ အနုပညာအကအလှတို့ ဖြင့် ဖျော်ဖြေကြသလို ထိုင်းယဉ်ကျေးမှု အကတို့ဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။

ဧပြီလ ၁၃ရက်နေ့က ပုသိမ်သင်္ကြန်ဖွင့်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


w1-14-4-3

နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပပြုလုပ်လျှက်ရှိသည့် သင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားအား ဧပြီလ ၁၃ရက်နေ့ ညနေပိုင်းက ပုသိမ်မြို့ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာဖြင့်
ကျင်းပပြလုပ်ခဲ့သည်။

အဆိုပါဖွင့်ပွဲအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသိန်းအောင်၊တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦတင်စိုးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ လွှတ်တော်ဒုဥက္ကဋ္ဌ
ဒေါက်တာထိန်ဝင်းနှင့် တိုင်းခရိုင်မြို့နယ်မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ယိမ်းအကအဖွဲ့များ၊ အလှပြယာဉ် အဖွဲ့များ၊ နိုင်ငံကျော် အဆိုတော်များ ၊သရုပ်ဆောင်များ၊နှင့် မော်ဒယ်များ၊Dencer အဖွဲ့များနှင့် ရာပေါင်း များစွာသော ပြည်သူများတက်ရောက်ခဲ့သည်။

"သင်္ကြန်က မြန်မာ့ရိုးရာ ယဉ်ကျေးမှုပွဲဖြစ်တော့ ငယ်ငယ်တုံးကလည်း ပျော်တယ်၊အခုလည်း ပျော်တာဘဲ၊ ဒါပေမဲ့ ကောလဟာလ သတင်းတွေက ထွက်နေတော့ လွပ်လွပ်လပ်လပ် မပျော်ရသလိုတော့ ခံစားရတယ်၊ မြန်မာပြည်ရဲ့ပွဲတော်တွေ အားလုံးထဲမှာ လူထုလူတန်းစားအားလုံး ပါဝင်ဆင်နွဲလို့ ရတာက ဒီပွဲတော်တစ်ခုဘဲရှိတာ၊ အားလုံး အတာရေနဲ့အတူ အေးအေးချမ်းချမ်းပဲ ဆင်နွဲစေချင်တယ်" လို့ ပုသိမ်မြို့မှ အသက်
ငါးဆယ်ဝန်းကျင်ရှိ ဦးဟန်ညွန့်မှ ပြောပြသည်။

ယခုနှစ်ကျင်းပသည့် ပုသိမ်မြို့၏ သင်္ကြန်ပွဲတော်တွင် ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်အပါအ၀င် တစ်မြို့လုံး၌ မဏ္ဍပ်ပေါင်း ၂၀ကျော်ရှိပြီး သင်္ကြန်အလှပြယာဉ် အဖွဲ့ ၅ဖွဲ့နှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များ၊ မြို့ပေါ်ရှိ ကျောင်းအသီးသီးမှ ကျောင်းသူလေးများ၏ ယိမ်းအဖွဲ့များနှင့် ပြိုင်ပွဲများလည်း ပါဝင်ခဲ့ပြီး နိုင်ငံကျော်အဆိုတော်များ၊ Dancer အကအဖွဲ့များလည်း ပါဝင်ကြောင်း သိရသည်။

"သင်္ကြန်ကမြန်မာလူမျိုးတို့ရဲ့ရှေး အစဉ်အလာပွဲတော်ပါ၊ ရိုးရိုးလေးနဲ့ ယဉ်ယဉ်ကျေးကျေး လေးပါ၊ ဒါကိုသရုပ်ပျက်အောင် မဖန်တီးသင့်ပါဘူး၊မြန်မာတို့က ကိုယ်ရဲ့ရိုးရာနဲ့ ၀တ်စားဆင်ယင်မှုတွေကို
ပျောက်ကွယ်လောက်တဲ့အထိ အတင့်မရဲသင့်ဘူး၊ အလွန်အကျွံ သောက်စားမူးရစ်ပြီးတော့ ဆင်ချင်တုံးတရားမဲ့တဲ့ အခြေအနေမျိုးလည်း မဖြစ်သင့်ဘူး" လို့ အမျိုးသားဒီမိုကရေစီ ကွန်ယက် (NDN)မှ  ဆရာဦးသန်းဝင်းမှ ပြောပြသည်။

သင်္ကြန်ကာလအတွင်းတွင် ပုသိမ်မြို့၌ မလိုလားအပ်သော ပြဿနာများ အပေါ်ပေါက်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဘာသာရေးအဖွဲ့အချို့မှ တာဝန်ရှိသူများ၊ လူ့အခွင့်အရေး အဖွဲ့များမှ တာဝန်ရှိသူများ ပူးပေါင်း၍ မြို့အနှံ့နေရာများတွင် လုံခြုံရေးများထားရှိကာ ရေကစားသူများအား စောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။.

ပုသိမ်မှ ချောင်းသာသို့ သွားသော လိုက်ထရပ်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲထိုးကျ၊ ကျား/မ ၁၈ ဦး ဒဏ်ရာရရှိ


w1-14-4-6

ဧပြီလ ၁၃ရက်နေ့ သင်္ကြန်အကြိုနေ့က ပုသိမ်မှ ချောင်းသာသို့သွားသော လိုက်ထရပ်စ်ယာဉ်တစ်စီး မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင်  ပုသိမ်မှချောင်းသာသို့အသွား ဘရိတ်ပေါက်ပြီး ၂၅မိုင်အကွာ ဆိပ်ကြီးကျေးရွာအနီး၊ ပေ ၅၀ ခန့်အနက်ရှိ ချောက်ထဲထိုးကျသွားရာ ခရီးသည် ကျား/မ ၁၈ဦး ဒဏ်ရာရရှိသွားကြောင်း၊ ချောင်းသာသို့ သွားရောက်အပန်းဖြေလိုသူများ စုပေါင်းငှားရမ်းလာသော ကားဖြစ်နိုင်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

" အုန်း"ကနဲအသံကြားလို့ အပြေးအလွှား သွားကြည့်ပါတယ်၊ ကားကတော့ ချောက်ထဲမှ၊ လူတွေကတော့ ထိုးကျလာတုန်းသစ်ပင်နဲ့တိုက်မိတဲ့ အရှိန်နဲ့ အကုန်လုံးတစ်ယောက်တစ်နေရာစီ လွင့်စင် ကုန်တယ်၊ ကားကအမိုးမပါတာတောသေးတယ်၊ အမိုးပါရင်တော့ ဒီထက်အခြေနေ ပိုဆိုးနိုင်တယ်" လို့ ဒေသခံတစ်ဦးဖြစ်သူ ကိုအသေးလေးမှ ပြောပြသည်။

"ချောင်းသာကလမ်းက တစ်ခြားကားလမ်းတွေထက်စာရင် နဲနဲကျဉ်းတယ်၊ တစ်ခြားအချိန်မှာ သိပ်မသိသာပေမဲ့ ဒီလိုသင်္ကြန်ချိန်ဆို ယာဉ်အသွားအလာကများတော့ လမ်းကြပ်တယ်၊ အကွေ့အကောက်နဲ့
တောင်တက်တောင်ဆင်းကလည်းများတော့ မောင်းတဲ့အချိန်မှာ သတိရှိဘို့လိုသလို၊ ယာဉ်ကလည်း ကြံ့ခိုင်ဘို့လိုတယ်"လို့ ချောင်းသာရဲစခန်းမှူး ရဲအုပ်မျိုးဆွေမှ ပြောပြသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင် ပါလာသည့် လူ၁၈ဦး အနက် ၁၁ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး ပုသိမ်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးဝါးကုသမှုခံယူလျက်ရှိသည်။ ထိုလူနာများအနက် ၃ ဦးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းတင်ပို့ရန် စီစဉ်လျှက်ရှိကြောင်းလည်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့် ပါတ်သက်၍ ယာဉ်မဆင်မချင်မောင်းနှင်သူ ယာဉ်မောင်း ဦးအောင်ကျော်နိုင်အား ချောင်းသာရဲစခန်းမှ (ပ)ယာဉ် ၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၃၇-၃၃၈ ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း
သိရသည်။

ကျောက်ကပ်ကို ဓါတ်ခွဲခန်းမှာ ဖန်တီးနိုင်ပြီ