Tuesday, May 8, 2012
လုပ်ကိုင်ခွင့်မှတ်ပုံတင်ရရှိပြီးသူများအား အကာအကွယ်ပေးနိုင်ရန် ဧည့်လမ်းညွှန်အသင်းအား ပြန်လည်ဖွဲ့စည်း
မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းက ဧည့်လမ်းညွှန်လုပ်ကိုင်ခွင့်မှတ်ပုံတင်ရရှိထားသူများအား
ပိုမိုအကာ အကွယ်ပေးနိုင်ရန် အတွက် မေလ(၅)ရက်နေ့တွင်
ဗဟိုအမှုဆောင်ကော်မတီအသစ်တရပ် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။
“လိုင်စင်မရှိဘဲနဲ့ နိုင်ငံခြားသားတွေနောက်ကိုအတင်းလိုက်ကပ်နေတာ ကြည့်ရတာဆိုးပါတယ်၊မြင်းလှည်း သမားတို့ဘာတို့ပေါ့ သူတို့အဲ့လိုလိုက်ကပ်နေတော့ လိုင်စင်ရထားတဲ့လူတွေ ကနစ်နာတယ်”ဟု မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း(Myanmar Tourist Guide Assoration) ၏ ဒု-ဥက္ကဌ(၁)ဦးဇော်ဝင်းချိုက ပြောသည်။
ကျပ်သိန်း(၁၀၀)အောက်ထက် ကားဈေးဆက်လက်ကျဆင်းရန်မဖြစ်နိုင်ဟု ၀ါရင့်ပွဲစားများသုံးသပ်
ကားဈေးကျဆင်းနေသော်လည်း
ကျပ်သိန်းတစ်ရာအောက်ထက် ဆက်လက်ကျဆင်းနိုင်ရန်မဖြစ်နိုင် သေးကြောင်း
ဝါရင့်ကား အကျိုးဆောင်များက သုံးသပ်ပြောဆိုကြသည်။
“ကားဈေးက
ဒေါ်လာဈေးပေါ်မှာလည်း မူတည်ပါတယ်၊ ဒေါ်လာဈေးက တစ်ဒေါ်လာကို တစ်ရာ လောက်
ဆိုရင်တော့ ဖြစ်နိုင်ပါတယ် ကားတစ်စီးကို သိန်းငါးဆယ်လောက်ဖြစ်နိုင်တယ်”ဟု
SAKURA ကား အရောင်းစင်တာမှ အထွေထွေမန်နေဂျာ ဦးမြင့်စိုးကပြောသည်။
အင်တာနက်အလွန်အကျွံသုံးစွဲခြင်းက ကြွက်သားဖွံ့ဖြိုးမှု၊ မျက်လုံးနှင့် ဦးနှောက်ကို ထိခိုက်နိုင်
လူငယ်များ
အင်တာနက်အလွန်အကျွံသုံးစွဲလာခြင်းက ကြွက်သားဖွံ့ဖြိုးမှုအားနည်းခြင်း၊
မျက်လုံးထိခိုက်ခြင်းနှင့် ဦးနှောက် ထိခိုက်ခြင်းတို့
ဖြစ်ပေါ်နိုင်လာကြောင်း အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ဆိုသည်။
“အင်တာနက်ကို
အကြာကြီးသုံးရင်တော့ အဓိကက မျက်လုံးနဲ့ ဦးနှောက်ကိုထိတာပေါ့၊
မျက်ရည်ခန်းခြောက်တာတို့ ၊ ခေါင်းခဏခဏ မူတာတို့ဖြစ်တာပေါ့” ဟု
အထွေထွေရောဂါကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ၀ဏ္ဏက ပြောသည်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ဖို့ ဒေါ်စုတိုက်တွန်း

ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ
ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။
ကျွန်ဖြစ်နေတဲ့ မြန်မာတွေကို နွံနစ်အောင်လုပ်ရက်သလား
ဘန်ကောက် မြန်မာသံရုံးမှာ စာအုပ်သက်တမ်းတိုးမပေးတော့ဘူး……….
ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်
သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင်
ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့်
လုပ်နေကြရတာဖြစ်တယ်။
ထိုင်းနိုင်ငံအတွင်းမှာ နေထိုင်အလုပ်လုပ်နေကြတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်
သမားတွေ ယာယီပါတ်စပို့ကိစ္စ၊ အလုပ်လုပ်ခွင့် လက်မှတ်(work permit) ကိစ္စနဲ့ အလူးအလိမ့်ခံနေကြရတာကို လူသိ နတ်သိဖြစ်တယ်။ အဲဒါတွေမလုပ်ရင်
ထိုင်းမှာ နေထိုင် အလုပ်လုပ်ကိုင်လို့ မရတာကြောင့် မလုပ်ချင်ပေမယ့်
လုပ်နေကြရတာဖြစ်တယ်။
၈၈ မျိုးဆက်ကျောင်းသားများ(ရှမ်ပြည်နယ်တောင်ပိုင်း) ခရီးစဉ် အောင်မြင်စွာ ပြီးဆုံး
ဟိုပုံး၊ ရွှေညောင်၊ ညောင်ရွှေ(အင်းလေးရိုးရာ)၊ဟဲဟိုး၊ အောင်ပန်း၊ ရွာငံ၊ ပင်းတယ၊
ပွေးလှကျေးရွာ(ဓနု/တောင်ရိုး ရိုးရာဒေသ) များသို့ (၁.၅.၂၀၁၂)ရက်နေ့မှ တစ်ဆက်တည်း
(၇.၅.၂၀၁၂)ရက်နေ့အထိ..အစီအစဉ်အတိုင်း သွားရောက်ခဲ့သည့် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့အဖွဲ့အစည်း ဆွေးနွေးပွဲ ခရီးစဉ်ကို အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်ပါသည်။
နယ်ထိန်းရဲတပ်သား က အမျိုးသမီးတစ်ဦးကို အဓမ္မပြုမှုဖြစ်ပွား
ရန်ကုန်၊ မေ ၃
ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။
ရန်ကုန်တိုင်း ဒေသကြီး ကြည့်မြင်တိုင်မြို့နယ် အောက်ရုံ ရပ်ကွက်တွင် ဧပြီလ ၃၀ ရက် ည ရ နာရီ၌ နယ်ထိန်းဖြစ်သူ ရဲတပ်သားတစ်ဦးက ၄င်း တာဝန်ကျသော ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်ဦးကို အဓမ္မပြုခဲ့သည်ဟု ဆိုကာ အမှုဖွင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းနှင့် ရပ်ကွက်နေ ပြည်သူများ၏ ပြောကြားချက်အရသိရသည်။
ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး
![]() |
စာရေးဆရာ သွန်းနေစိုး (ဓါတ်ပုံ-သွန်းနေစိုး - ဖေ့စ်ဘုတ်) |
'သုသာန်စောင့် မဖဲဝါ' ဂမ္ဘီရ စာအုပ်ဖြင့် လူငယ် စာဖတ်ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (ကာမလိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။
DKBA နဲ့ အစိုးရကြား တင်းမာမှု KNU ကြားဝင် စေ့စပ်ဖို့ ကမ်းလှမ်း

ဓာတ်ပုံ aye mar
ဗိုလ်ချုပ် စောလားပွယ် သတင်းစာရှင်းလင်းပွဲ လုပ်ပုံ။
နာရေးကူညီမှုအသင်းကို အမေရိကန်ရောက် မြန်မာတွေ ဒေါ်လာငွေ ခြောက်သောင်း လှူဒါန်း
ပြည်သူ့ဂုဏ်ရည်အသင်းရဲ့ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုကို
ရောက်နေတဲ့ နာရေးကူညီမှုအသင်း ဦးဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ
အကယ်ဒမီ ကျော်သူနဲ့ဇနီး ဒေါ်ရွှေဇီးကွက်တို့ကို ကယ်လီဖိုးနီးယား
ပြည်နယ်ရောက် မြန်မာနိုင်ငံသားတွေက ပြည်တွင်း လူမှုရေးလုပ်ငန်းတွေအတွက်
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဒေါ်လာငွေ ၆ သောင်းခန့် လှူဒါန်းခဲ့ကြပါတယ်။
Photo: demowaiyen
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ ဦးဆောင်သည့်
နာရေးကူညီမှုအသင်း ဆယ်နှစ်ပြည့် အခမ်းအနားကို ၂ဝ၁၁ ခုနှစ် ဧပြီလ ၂၃
ရက်နေ့တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်
ဖွင့်လှစ်ပေးခဲ့ပြီး၊ အသင်း၏ လူမှုရေးလုပ်ငန်းများအတွက် အမေရိကန် ဒေါ်လာ
တသောင်း ငါးထောင် လှူဒါန်းခဲ့ပါသည်။ (Photo: demowaiyen)
အာဖဂန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို နှိပ်စက်သူများအား ထောင်ဒဏ် ၁၀ နှစ်စီချမှတ်
အာဖဂန်ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို နှိပ်စက်ညှဉ်းပန်းခဲ့သော
ယောက်ျားဖြစ်သူ၏ မိသားစုဝင်သုံးဦးကို ထောင်ဒဏ် ၁၀ နှစ် စီချမှတ်ခဲ့ကြောင်း
တာဝန်ရှိသူတစ်ဦးက မေလ ၅ ရက်တွင် ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးအတွက် ‘ပန်းရဲ့လမ်း’ ဂီတလှုပ်ရှားမှု
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဂီတပညာရှင်တဦးဖြစ်သည့် ကိုရဲလွင်
(မဇ္ဈိမလှိုင်း) ဦးဆောင်၍ ‘ပန်းရဲ့လမ်း’ အမည်ရှိ အဖွဲ့တခုကို တနင်္ဂနွေနေ့တွင်
ဖွဲ့စည်းခဲ့ပြီး မြန်မာပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကချင်ပြည်နယ်ရှိ
ဒုက္ခသည်များအတွက် ရန်ပုံငွေရှာကာ ကူညီသွားမည်ဟု ကိုရဲလွင်က မဇ္ဈိမကို
ပြောသည်။
ထိုင်းအရှေ့ပိုင်းရှိ ဓာတုစက်ရုံတစ်ရုံ ပေါက်ကွဲမှုကြောင့် လူ ၁၂ ဦးသေဆုံး
ထိုင်းနိုင်ငံအရှေ့ပိုင်း၊ Rayong ပြည်နယ်ရှိ Map Ta Phut
စက်မှုဇုန်တွင်ရှိသော ဓာတုစက်ရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး
မီးလောင်မှုများကြောင့် လူ ၁၂ ဦးသေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု
ကျန်းမာရေး ၀န်ကြီးဌာနက မေလ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်နှင့် ရေပိုင်နက် အငြင်းပွားမှုများ မြင့်တက်ချိန်တွင် စစ်တပ်အတွက် ရေဒါ၊ ကင်းလှည့်သင်္ဘောနှင့် လေယာဉ်များ ထောက်ပံပေးရန် အမေရိကန်ကို ဖိလစ်ပိုင် တောင်းဆို

အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်နေစဉ် ငါးဖမ်းနေသည့် ဖိလစ်ပိုင် ငါးဖမ်းသမားတစ်ဦး
မြစ်ဆုံဆည် ပြန်ဆောက်ရေး CPI စည်းရုံးရေး ဗီဒီယို မြန်မာပြန်ထွက်ရှိ
ချင်းမိုင်(မဇ္စျိမ) ။ ။ မြန်မာ ပြည်သူအများက ကန့်ကွက်ခြင်းခံရသည့် မြစ်ဆုံရေကာတာ စီမံကိန်းနှင့် ပတ်သက်၍
ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။
ဒေသခံများအား တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်ပိုရေးရှင်း CPI မှ စည်းရုံးပြောကြားချက် ဗီဒီယို မှတ်တမ်းတခုကို ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ KDNG က မြန်မာဘာသာသို့ ပြန်ဆိုကာ တနင်္လာနေ့က ဖြန့်ချိလိုက်သည်။
ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ယနေ့ကျင်းပ ၂၀၀၇ မော်ဒယ်အထက်ကားများ လွတ်လပ်စွာ တင်သွင်းခွင့်ပြု
ကားတင်သွင်းခွင့်နှင့် ပတ်သက်သည့် မူဝါဒဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို
နေပြည်တော်ရှိ စီးပွားကူးသန်းဝန်ကြီးဌာနတွင် မေလ ၇ရက်နေ့က
ကျင်းပခဲ့ကြောင်းသိရှိရပါသည်။
လေကြောင်းပို့ဆောင်ရေး ကဏ္ဍတွင် အရေးပါသည့် ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင်နိုင်ရန် မြန်မာ့လေကြောင်းမှ စီစဉ်နေ

မြန်မာ့ကမ်းလွန်နှင့် ရေနံသဘာဝဓာတ်ငွေ့ လုပ်ငန်းတွင် လာရောက် လုပ်ကိုင်လျက်ရှိသည့် ရဟတ်ယာဉ်တစ်စီးအား
ရန်ကုန်လေဆိပ်တွင် တွေ့ရစဉ်
လေကြောင်း ပို့ဆောင်ရေးကဏ္ဍတွင် အရေးပါသည့် ရဟတ်ယာဉ်လုပ်ငန်းအား နိုင်ငံသားပိုင်အဖြစ် လုပ်ကိုင်နိုင်ရန် မြန်မာ့လေကြောင်း မှ စီစဉ်နေကြောင်း သတင်းရရှိပါသည်။
UNFPA မှ မြန်မာနိုင်ငံသို့ တတိယအကြိမ်မြောက် အကူအညီပေးရေး လုပ်ငန်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ၂၈ ဒသမ ၆ သန်း သဘောတူထား
ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေ အဖွဲ့(UNFPA) မှ မြန်မာနိုင်ငံသို့
တတိယအကြိမ်မြောက် အကူအညီ ပေးရေး လုပ်ငန်းစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၈
ဒသမ ၆ သန်း သဘောတူထားပြီးဖြစ်ကြောင်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ
အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ချင်းအမျိုးသားတပ်ဦး သဘောတူညီချက်ရ
RFA
ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့်
ပြည်ထောင်စုအဆင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့်
ချင်းအမျိုးသားတပ်ဦး ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်တွင် တွေ့ဆုံစဉ်။
မွန်ပြည်နယ်မှာ ပထမဆုံးပုဂ္ဂလိက သတင်းဂျာနယ် စတင်ဖြန့်ချိ
မွန်ပြည်နယ်မှာ ပထမဆုံးပုဂ္ဂလိက သတင်းဂျာနယ် စတင်ဖြန့်ချိ
ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု တေးဂီတ ဖျော်ဖြေပွဲပြုလုပ်
ပြည်တွင်းစစ် ရပ်စဲရေး လှုံ့ဆော်မှု တေးဂီတ ဖျော်ဖြေပွဲပြုလုပ်
Photo courtesy of WPN
တရုတ် မြန်မာနယ်စပ်ရှိ ကချင်ဒုက္ခသည် စခန်းတစ်ခုအား ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် တွေ့ရစဉ်
ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်
ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ထောက်ပံ့ငွေ ပေးအပ်
AFP
Subscribe to:
Posts (Atom)