Tuesday, May 8, 2012

ဖားကန့် ဒေသမှာ KIA ဆက်ကြေးကောက်နေ

ကချင်ပြည်နယ် ဖားကန့် ဒေသရှိ ကျောက်မျက်ကုမ္ပဏီများကို KIA တပ်ရင်း(၆)ကနေ
မေလ(၁)ရက်နေ့ ၂၀၁၂ မှစပြီ ဆက်ကြေးတောင်းခံတဲ့ စာများပေးပို့ ထားကြောင်းသိရပါတယ်။

KIA မှ တောင်းခံထားတဲ့ ဆက်ကြေးနှုန်းထားများမှာ --
၁။ ၆ ဘီး  - ငါးရံခေါင်း(ဒမ်ထရပ်)         = 1,500,000
၂။ ၁၀ ဘီးကား                                =    800,000
၃။ ၁၂ ဘီးကား                                =  1,000,000
၎။ Back Hole အား ၂၀၀ နှင့် ၃၀၀ ကြား =  1,000,000
၅။ Back Hole အား ၃၀၀ နှင့် ၅၀၀ ကြား =  1,000,000
၆။  Back Hole အား ၅၀၀ အထက်        =  2,000,000
၇။ ကျင်းသား   (တစ်ယောက်)             =         2000
၈။ ကျောက်စိမ်းလုပ်ကွက် အခွန်           = 5,000,000
၉။ ယူဒါ+Dozer                                =   200,000
၁၀။ ပါဂျဲရို+ဖိုးဝှီး+ထပ်ကား                  =   300,000
၁၁။ လုပ်ပိုင်ခွင့်                                 = 3,000,000

စတဲ့ နှုန်းထားများသတ်တောင်းခံထားတာဖြစ်ပါတယ်။

အစိုးရနဲ့ KIA ငြိမ်းချမ်းရေးမလုပ်ခင်တုန်းကလည်း ဖားကန့် ဒေသရှိ စီးပွါးရေးလုပ်ငန်း
အားလုံးကနေ KIA က ဆက်ကြေးကောက်ခံခဲ့ဖူးပါတယ်။ အခုအစိုးရနဲ့ ငြိမ်းရေးပျက်ပျယ်
သွားပြီး တိုက်ပွဲပြန်ဖြစ်ပွါးလာချိန်မှာ KIA က ဆက်ကြေးပြန်ကောက်လာတာဖြစ်ပါတယ်။
ကျောက်မျက်လုပ်ငန်းတွေအပြင် လောင်းကစားဝိုင်းများနဲ့ တခြားစီးပွါးရေးလုပ်ငန်း
များကိုလည်း ဆက်ကြေးတောင်ခံစာပို့ ထားကြောင်း ဖားကန့် ဒေသခံတွေဆီကနေ
Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။

ကျောက်မျက်ကုမ္ပဏီတွေကို KIA မှာ ပေးပို့ ထားတဲ့ ဆက်ကြေးနှုန်းထားများဖြစ်ပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။