မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖင်လန်အစိုးရ ကူညီမည်
Wednesday, April 18, 2012
မြိတ်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သက်ကြီးပူဇော်ပွဲသတင်း
17.4.2012 မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မြိတ်မြို့နယ်အမျိုးသားဒီမိုကေ
ရစီအဖွဲ့ချုပ်
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို
ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ့ပါသည်။
လူငယ်များမှကြီးမှုးကျင်းပသောပထမအကြိမ်မြောက်သက်ကြီးပူဇော်ပွဲအခမ်းအနားကို
ယင်းနေ့ညနေ (၃)နာရီအချိန်တွင်စတင်ပြုလုပ်ခဲ
ဦးခင်ညွန့်၊ ဒီပဲယင်းလူသတ်ပွဲ၊ ကိုမြင့်ရွှေနဲ့ ဘန်ကောက် ပို့စ်

ဒ်ါအောင်ဆန်းစုကြည် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ လှူဒါန်း

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နှစ်သစ်ကူး အခမ်းအနားကို ဒီကနေ့ တက်ရောက်ပြီး သက်ကြီးရွယ်အိုတွေကို ဂါရ၀ပြုခဲ့သလို ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေတွေ ပေးအပ် လှူဒါန်းခဲ့ပါတယ်။
RFA
ကူညီရေး လုပ်ငန်းတွေအတွက် ဘဏ္ဍာရေး ပိတ်ဆို့မှုတချို့ အမေရိကန် လျှော့ပေါ့

အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေအနက် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့မှုတချို့ကို အင်္ဂါနေ့က လျှော့ချပေးလိုက်ပါတယ်။
Photo courtesy of State Department
မြန်မာအပေါ်ပိတ်ဆို့မှု အီးယူ ပိုမိုလျှော့ပေါ့မည်

ဥရောပသမဂ္ဂ အီးယူ အနေနဲ့ မြန်မာအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကို အရင်ကထက် ပိုပြီး လျှော့ပေါ့သွားမယ်လို့ အီးယူ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ မစ္စ ကက်သရင်း အက်ရှတန်က အင်္ဂါနေ့က ပြောလိုက်ပါတယ်။
European Commission web site
အရှေ့အာရှဒေသ လုံခြုံရေးရာဆိုင်ရာ ဆွေးနွေးပွဲ မြန်မာ့နိုင်ငံရေး ကိစ္စဆွေးနွေးမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း
တက္ကသိုလ်မှာ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကျင်းပတဲ့ အမေရိကန်
နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ ဟောပြောပွဲမှာ မြန်မာနိုင်ငံက
ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ ဆိုင်ရာ
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Kurt Campbell က ပြောကြားနေစဉ်။
(ဓါတ်ပုံ - RFA)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှနဲ့ ပစ္စဖိတ်ဒေသဆိုင်ရာ လက်ထောက်
နိုင်ငံခြားရေးဝန်ကြီး Kurt Campbell နဲ့ အိန္ဒိယအစိုးရ အရှေ့အာရှဒေသဆိုင်ရာ
အကြီးအကဲ Gautam Bambawale တို့ဟာ ဒီကနေ့ နယူးဒေလီမြို့မှာ
တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနိုင်ရပြီး လွှတ်တော်ထဲ ၀င်ရောက်တော့မယ့် နိုင်ငံရေး အခြေအနေနဲ့ အိန္ဒိယနိုင်ငံရဲ့ အရှေ့မျှော်မူဝါဒ ဆက်စပ်မှု၊ သက်ရောက်မှုနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး အခြေအနေကိုလည်း ထည့်သွင်းဆွေးနွေးမယ်လို့ ဆိုပါတယ်။
အရှေ့အာရှနဲ့ အရှေ့တောင်အာရှဒေသဟာ အမေရိကန်နဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းက ပါဝင်လာမှာ ဖြစ်တဲ့အတွက် အိန္ဒိယနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးဟာ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ညှိနှိုင်း ဆွေးနွေးကြမှာလို့ ဆိုပါတယ်။

ဝပြည်နယ် ငြိမ်းချမ်းရေး တည်ဆောက်မှု ၂၃ နှစ်ပြည့် အခမ်းအနားကျင်းပ

Photo Courtesy of UWSA
ဝပြည်နယ် ငြိမ်းချမ်းရေးနေ့ နှစ်၂ဝပြည့်
အခမ်းအနား ဧပြီ ၁၇ရက်နေ့က ပန်ဆန်းတွင် ကျင်းပစဉ် စစ်ရေးပြနေသော ဝပြည်
သွေးစည်းညီညွတ်ရေး (UWSA) တပ်ဖွဲ့များ ဖြစ်ပါသည်။ (Photo Courtesy of UWSA)
အခမ်းအနားကို တပ်မဟာ ၆၄၈ က ကြီးမှူးကျင်းပတာဖြစ်ပြီး ၀တပ်ဖွဲ့တွေ ၁၉၈၉
ခုနှစ်က ဗကပက ခွဲထွက်ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ အထိမ်းအမှတ်
အခမ်းအနား ဖြစ်ပါတယ်။
တပ်မဟာ ၆၄၈ ရဲ့ စစ်သည် ၃၀၀၀ ခန့်က UWSA ဥက္ကဋ္ဌ ပေါက်ယူခြမ်းကို ချီတက်အလေးပြုပါတယ်။ အခမ်းအနားနဲ့ ပတ်သက်ပြီး UWSA ပြင်ပဆက်ဆံရေးဌာန ဒုတိယအကြီးအကဲ ဦစံကွန်းက-
" ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီးကိုယ်စား ဒုတိယ စစ်သေနာပတိချုပ် ကျောက်ကျုံးသန်းက အမှာစကား မိန့်ခွန်းပြောပါတယ်။ ကျွန်တော်တို့ ဒေသမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ ကိုယ်စားလှယ်က စကားပြောတယ်။ ရပ်ဝေး အထူးဧည့်သည်တော် ကိုယ်စားလှယ် ကိုယ်စား မိုင်းလားက ဒုဥက္ကဋ္ဌက စကားပြောတယ်။ ၁၅ မမ တွေ၊ စက်အမြောက်တွေ၊ မြင်းလားတွေနဲ့ ဒီလက်နက်ငယ်တွေ တင်တဲ့ အခမ်းအနားတွေ၊ ကားပေါ်မှာ စက်အမြောက်တွေ တင်တာတော့ နည်းနည်းပါးပါးတော့ ပြတာပေါ့ဗျာ" လို့ပြောပြပါတယ်။
အခမ်းအနားမှာ မိုင်းပေါက်မြို့နယ်မှာ နေထိုင်တဲ့ တိုင်းရင်းသား ၁၆ မျိုးကလည်း တပ်ဖွဲ့ဝင်တွေနဲ့အတူ စစ်ရေးပြ အခမ်းအနားမှာ ပါဝင်ပါတယ်။
တရုတ်ပြည်က ကိုယ်စားလှယ်တွေ၊ ၀ပြည်နယ်အတွင်းက ကိုယ်စားလှယ်တွေအပြင် မိုင်းလားအဖွဲ့လည်း အခမ်းအနားကို တက်ရောက်ပါတယ်။ ဒါပေမဲ့ အစိုးရဘက်က ကိုယ်စားလှယ်တွေ တက်ရောက်လာတာ မတွေ့ရဘူးလို့ ဦးစံကွန်းက ပြောပါတယ်။
အစိုးရနဲ့ UWSA အပစ်အခတ်ရပ်စဲရေး ပြည်နယ်အဆင့် ဒုတိယအကြိမ် ပြုလုပ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဆက်လက်ပြီး ဆွေးနွေးဖို့ အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းက ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က UWSA ဥက္ကဋ္ဌထံ စာပေးပို့ထားတယ်လို့ သိရပါတယ်။
ဒါပေမဲ့ UWSA ဘက်က ဆွေးနွေးမဲ့နေ့ကို အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.
၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှု

၂၀၁၂ခုနှစ် ဧပြီလ ၁၇ ရက်က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုပြုလုပ်နေစဉ်။
ဒီလှုပ်ရှားမှုဟာ နှစ်သစ်မှာ မြန်မာပြည်သူတွေ ငြိမ်းချမ်းသာယာရေးနဲ့
ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်
ရည်ရွယ်တာဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက
ပြောပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ အဖွဲ့နဲ့အတူ ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းအဖွဲ့လည်းဒီကနေ့ လှုပ်ရှားမှုမှာ ပါဝင်တယ်လို့ သိရပါတယ်။
Copyright © 1998-2011 Radio Free Asia. All rights reserved.
Subscribe to:
Posts (Atom)