Saturday, August 18, 2012
ရိုဟင်ဂျာအရေး အာဆီယံ ဆွေးနွေးပွဲမလိုဟု မြန်မာပယ်ချ
လတ်တလော မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂအပါအဝင် အစ္စလာမ်မစ်နိုင်ငံများနှင့်ပါ ပူးပေါင်းဆောင်ရွက်လျက်ရှိသောကြောင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများအရေး အရေးပေါ်ဆွေးနွေးရန် လက်ရှိ အာဆီယံ ဥက္ကဌရာထူးရယူထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ အဆိုပြုချက်ကို မြန်မာဘက်က လက်မခံ ပယ်ချခဲ့သည်။
ပြုပြင်ပြောင်းလဲရေး နှေးကွေးသူများ ချန်ခဲ့မည်ဟု သမ္မတပြော
နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေးများကို မြန်ဆန်စွာ ဆောင်ရွက်လျက်ရှိရာ နှေးကွေးနေသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန်က ထပ်မံ ပြောဆိုလိုက်သည်။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နှေးကွေးစွာ ဆောင်ရွက်နေသူများ အစိုးရအဖွဲ့အတွင်းနှင့် လွှတ်တော်ထဲတွင် ရှိကြောင်း၊ ယင်းသို့ ပြောင်းလဲရေး ခရီးမတွင်သူများကို ချန်ထားခဲ့မည်ဖြစ်ကြောင်း ဦးသိန်းစိန် က ပြည်ပအခြေစိုက် VOA သတင်းဌာန မြန်မာ ပိုင်း နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခြင်း ဖြစ်သည်။
မြောင်းမြ၌ NLD ပါတီတွင်းကိစ္စရပ်များ အတွက် ယင်းပါတီဝင်များ ဆန္ဒ ထုတ်ဖော်

ရွှေဂုံတိုင် မီးပွိုင့် ခုံးကျော် တံတား စတင် တည်ဆောက်ပြီ
ရန်ကုန်မြို့တွင် ကမာရွတ်၊ လှည်းတန်း ခုံးကျော် တံတားကို ဆောက်လုပ် လျက် ရှိသကဲ့သို့ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် မီးပွိုင့်၌ ရွှေဂုံတိုင် ခုံးကျော်တံတားကို ကမ္ဘာအေး ဘုရားလမ်းအတိုင်း ၉-၈-၂၀၁၂ ရက်ခန့်က လုပ်ငန်းစတင်ခဲ့ရာ ယင်းကို ၁၁-၈-၂၀၁၂ ရက်က မြင်တွေ့ခဲ့ရပုံများဖြစ်ပါသည်။
ကြိုးမဲ့ နည်းပညာဖြင့် ပေးဝေသွားမည့် လျှပ်စစ်ဓာတ်အား
တရုတ် သုတေသီ တွေက ကွမ်တမ် နည်းပညာ သုံးပြီး၊ ကီလိုမီတာ ၁၀၀ (မိုင်ခြောက်ဆယ်) အကွာကနေ လျှပ်စစ်ဓာတ်အားကို ကြိုးမဲ့ ပို့ဆောင်နိုင်ပြီလို့ သြဂုတ် ၁၀ ရက်က ကြေညာလိုက်ကြပါတယ်။ အဲဒီသုတေသနအဖွဲ့က လေဆာရောင်ခြည်ကို သုံးပြီး၊ သတ်မှတ်နေရာဆီ လျှပ်စစ်ဓာတ်အားကို အရောက် ပို့ဆောင်ပြနိုင်ခဲ့ကြပါတယ်။

ကုန်ကြမ်းရှားပါးမှုကြောင့် မွေးမြူရေးအစာဈေးနှုန်းများ သိသိသာသာမြင့်မားနေ
မွေးမြူရေးလုပ်ငန်းသုံးအစာဈေးကွက်တွင် ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ပဲဖတ်နှမ်းဖတ် ဈေးနှုန်း များမှာ မြင့်တက်လျှက် ရှိသည့်အတွက် မွေးမြူရေးအစာရှာပါးမှုအခက်အခဲကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က သိရသည်။
ရန်ကုန်-ပုသိမ် ကားလမ်းပိုင်းတခု ရေလွှမ်း၍ ညအချိန် ပိတ်
ရန်ကုန် (မဇ္ဈိမ) ။ ။ ရန်ကုန်-ပုသိမ် အဝေးပြေး လမ်းပိုင်းတခုပေါ် ရေလွှမ်းနေ၍ ညအချိန် မော်တော်ယာဉ်
ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
ဒါးကနှင့် ကြိုးကြာကွင်းရွာအကြား လမ်းပိုင်း ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ညဘက်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုသည်ဟု ဆိုသည်။
ဖြတ်သန်းခွင့် ခေတ္တပိတ်ထားကြောင်း ဒဂုံဧရာ အဝေးပြေးကား ဂိတ်မှ တာဝန်ရှိသူများက ပြောသည်။
ဒါးကနှင့် ကြိုးကြာကွင်းရွာအကြား လမ်းပိုင်း ကားလမ်းရေကျော်မှု ဖြစ်ပွားနေ၍ သြဂုတ်လ ၁၅ ရက်နေ့မှ စတင်ကာ ညဘက်တွင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုဘဲ မနက် ၅ နာရီမှ ည ၈ နာရီအတွင်းသာ ဖြတ်သန်း သွားလာခွင့် ပြုသည်ဟု ဆိုသည်။
လိုင်စင် အသိမ်းခံ ရှေ့နေအချို့ အမှုလိုက်ခွင့် ပြန်လည်ရရှိ
ချင်းမိုင်(မဇ္စျိမ) ။ ။ နိုင်ငံရေး လှုပ်ရှားသူများအတွက် အကျိုးဆောင်ပေးခဲ့၍ လည်းကောင်း၊ ကိုယ်တိုင် တက်ကြွစွာ
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။
နိုင်ငံရေးလှုပ်ရှား၍ လည်းကောင်း လိုင်စင်ရုပ်သိမ်းခံထားရသော ရှေ့နေများအနက် ရှေ့နေ ငါးဦးကို နေပြည်တော် တရားလွှတ်တော်ချုပ်မှ လိုင်စင် ပြန်လည် ထုတ်ပေးလိုက်သည်ဟု လိုင်စင်ပြန်လည် ရရှိသွားသူ ရှေ့နေ ဦးအေးမြင့် က ပြောသည်။
ပဏာမ မြန်မာ့ လက်ရွေးစင်တို့ ဂိုးပြတ်ဖြင့် ရှုံးနိမ့်
ရန်ကုန် (မဇ္ဈိမ) ။ ။ ဂိုးသမားမှအပ နိုင်ငံခြားသား ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် MNL ALL STAR အသင်းနှင့် မဏာမ မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းတို့ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင် ခြေစမ်း ကစားကြရာ မြန်မာ့ လက်ရွေးစင်အသင်း ၄ ဂိုး- ၁ ဂိုးဖြင့် ရှုံးနိမ့်သွားခဲ့သည်။
သတင်းလွတ်လပ်ခွင့်ကော်မတီမှ အချက် ၆ ချက်ပါ အထူးထုတ်ပြန် ကြေညာချက် ထုတ်ပြန်
သတင်းလွတ်လပ်ခွင့် ကော်မတီမှ အချက် ၆ ချက်ပါဝင်သော အထူးထုတ်ပြန် ကြေညာချက်တစ်ရပ်ကို သြဂုတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါသည်။
ယင်းထုတ်ပြန်ချက်ကို သြဂုတ်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းလွတ်လပ်ခွင့်ကော်မတီ၏ လုပ်ငန်းဖြစ်မြောက်ရေး ဆပ်ကော်မတီအစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်အရေး စုံစမ်းရေးကော်မရှင် ဖွဲ့စည်း
2012-08-17
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ခု ဖွဲ့စည်းလိုက်ကြောင်း ဒီကနေ့ နိုင်ငံတော် သမ္မတရုံးက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အဲဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှာ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ သတင်း စာနယ်ဇင်း အပါအ၀င် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေ ၂၅ ဦး ပါဝင်ပါတယ်။
မိုးထိ မိုးမိရွှေလုပ်သားအရေး ILO ကိုတိုင်ကြား
2012-08-17
ရမည်းသင်းခရိုင်၊ မိုးထိ မိုးမိတောင် ရွှေတူးဖော်ရေးလုပ်ငန်းမှာ အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီနဲ့ ရွှေလုပ်သားတွေအကြား သဘောတူထားတဲ့ စာချုပ်ပါ အချက်တွေကို ကုမ္ပဏီဘက်က ဖောက်ဖျက်တဲ့အတွက် ရွှေလုပ်သား ကိုယ်စားလှယ်အဖွဲ့ ဟာ ရန်ကုန်မြို့က အိုင်အယ်လ်အို နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကို ဒီကနေ့ လာရောက်တိုင်ကြားခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လအတွင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ တူးကုန်းကျေးရွာ အုပ်စုရှိ မိုးထိ မိုးမိတောင် ရွှေတူးလုပ်သားများ တောင်းဆိုဆန္ဒပြမှု ပြုလုပ်နေကြစဉ်။
ပဲခူးတိုင်းအတွင်း လယ်-ဆည်ဝန်ကြီးဌာနမှ မျိုးစပါး အခမဲ့ဖြန့်ဖြူးမည်
2012-08-17
ပဲခူးတိုင်းဒေသကြီးအစိုးရ လယ်ယာနဲ့ဆည်မြောင်း ၀န်ကြီး ဦးတင်စိုးဟာ ဒီကနေ့ နေ့လည်မှာ သနပ်ပင်၊ ဝေါ၊ က၀ မြို့နယ်တွေ အတွင်းက လယ်သမားတွေနဲ့ သွားရောက် တွေ့ဆုံပြီး ရေမြှုပ်သွားတဲ့ လယ်တွေအတွက် လိုအပ်တဲ့ မျိုးစပါးအားလုံးကို လယ်-ဆည်ဝန်ကြီးဌာနက အခမဲ့ ဖြန့်ဖြူးသွားမယ်လို့ ပြောခဲ့ပါတယ်။
မျိုးစပါး ဖြန့်ဖြူးဖို့အတွက် ပျက်စီးသွားတဲ့ လယ်ဧကစာရင်းကို အရင်ကောက်ယူမှာ ဖြစ်တယ်လို့ ပဲခူးတိုင်းက အလုပ်သမားနဲ့လယ်သမား ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင်သန်းက RFA ကိုပြောပါတယ်။
ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ ရွာပေါင်း ၆၆ ရွာ၊ ဝေါမြို့နယ်မှာရွာပေါင်း ၅၂ ရွာနဲ့ က၀မြို့နယ်က ရွာပေါင်း ၉၆ ရွာ ရှိပါတယ်။ အဲဒီ ရွာတွေက လယ်ယာမြေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းဖြစ်တဲ့ လယ်ဧက သုံးသောင်းကျော် ရေနစ်မြှုပ်ခဲ့တာဖြစ်ပါတယ်။ မနေ့ကစပြီး ရေစကျနေပြီဖြစ်ပေမယ့် လယ်မြေ အများအပြားကတော့ ရေနစ်မြှုပ်နေဆဲပဲလို့ သိရပါတယ်။
FMI City ဆောက်လုပ်ရေး လုပ်သားဟောင်းတွေ ဆန္ဒပြ
2012-08-17
လှိုင်သာယာမြို့နယ် FMI City ပဒေသာပင်မြို့တော် အလုပ်သမား စံပြနေအိမ်စုက ဆောက်လုပ်ရေး လုပ်သားဟောင်းတွေဟာ သူတို့ နေထိုင်မှုဘဝ မြှင့်တင်ပေးဖို့နဲ့ အခက်အခဲတွေ ဖြေရှင်းပေးဖို့ ရန်ကုန်မြို့ ဘုရင့်နောင်တံတားအနီးမှာ ဒီနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ အလုပ်သမား အယောက် (၇၀) ကျော်ပါဝင်ပြီး အချက် ၅ ချက် တောင်းဆိုတယ်လို့ အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ မစုစုနွေးက RFA ကိုပြောပါတယ်။
သတင်းလွတ်လပ်ခွင့်အတွက် ဆန္ဒပြတောင်းဆိုမည်
2012-08-17
မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်နဲ့ လျော်ညီတဲ့ သတင်းလွတ်လပ်ခွင့် ရရှိအောင် ဆန္ဒပြတောင်းဆိုဖို့အတွက် သတင်းမီဒီယာသမားတွေ စုပေါင်းပြီး လာမယ့် အင်္ဂါနေ့မှာ ခွင့်ပြုချက် လျှောက်ထားမယ်လို့ သတင်းလွတ်လပ်ခွင့် ကော်မတီက မနေ့ကရက်စွဲနဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၁၆ ရက်က သတင်းလွတ်လပ်ခွင့် ကော်မတီ ပြန်ကြားရေးတာဝန်ခံ ဦးဇော်သက်ထွေးအား RFA မှတွေ့ဆုံမေးမြန်းနေစဉ်
Subscribe to:
Posts (Atom)